← Chapters

အိမ်ထိန်း ကလိန်း

Vol. 5 Ch. 42

အိမ်ထိန်း ကလိန်း

Vol. 5 Ch. 42

‘မစ်ရှင်လာအပ်တာလား... မင်းလာတာ နေရာ မှားသွားပြီ... ဒီကုမ္ပဏီရဲ့ ဆိုင်းဘုတ်က တကယ်ကို ဆိုင်းဘုတ်သက်သက်ပဲ’

ကလိုင်းဟာ ဧည့်သည်ဆီက စကားကို ကြားလိုက်ရတဲ့အခါ လှောင်ပြောင်ချင်စိတ်ကို မနည်း ထိန်းသိမ်းလိုက်ရပါတယ်။ ဒီအချိန်မှာ သူဟာ လိုင်းပေါ်တက်ပြီး သူ့အတွေးကို မျှဝေဖို့ မျှော်လင့်မိလိုက်ပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ကလိုင်းဟာ သူလည်း ဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးတာကို သတိရသွားပါတယ်။ အဲဒီတုန်းက အားရင် အလုပ်လက်ခံလို့ ရတယ်လို့ ကပ္ပတိန်က အဖြေပြန်ပေးခဲ့ပါတယ်။ ဒီကရလာတဲ့ ဝင်ငွေက အဖွဲ့ရဲ့ အသေးစား အသုံးစရိတ်နဲ့ အလုပ်လက်ခံတဲ့ လူတွေအတွက် အပိုဆုကြေးပါ။

ရိုဇန်းဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး တစ်ခဏ တွေးတောကာ “ကျွန်မတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ အကုန်လုံး အပြင်မှာ တာဝန် ထမ်းဆောင်နေတယ်... ကုမ္ပဏီကို ပြန်ရောက်လာဖို့က အမြန်ဆုံးတောင် တစ်နာရီလောက် ကြာလိမ့်မယ်... လူကြီးမင်းရဲ့ ကိစ္စက အလျင်မလိုဘူးဆိုရင် ကျွန်မတို့ရဲ့ ဝန်ဆောင်မှုကို စဉ်းစားလို့ရပါတယ်”

ပုံမှန် ညသိမ်းငှက် အဖွဲ့ဝင် ခြောက်ယောက်မှာ ကပ္ပတိန်ဒန်းစမစ်က ဘုရားရှိခိုးကျောင်း ဂိုဏ်းအုပ် ကိစ္စတစ်ခု ဆွေးနွေးဖို့ ခေါ်လို့ သွားပါတယ်။ လန်နာ့ဒ်မစ်ချယ်က ချန်စီဂိတ်ကို စောင့်ကြပ်နေပါတယ်။

အလောင်းစုသမား ဖရိုင်းနဲ့ အအိပ်မဲ့ ရိုင်ရွယ်ရီဒင်က မိစ္ဆာဂိုဏ်းနဲ့ ဆက်စပ်နိုင်တဲ့ ဖောက်ထွင်းမှုကို ကူညီထောက်လှမ်းဖို့ ရွှေရောင်စက်မှုဇုန်ဆီ သွားပါတယ်။ အအိပ်မဲ့ ကင်လီဝိုက်က ခွင့်ယူထားပြီး သန်းခေါင်ယံ က‌ဗျာဆရာ စီကာထရွန်ကလည်း မြောက်ပိုင်း ဆင်ခြေဖုံးမှာရှိတဲ့ ရာဖယ်သုသာန်ကို ကင်းလှည့်ဖို့ သွားပါတယ်။

ဒီတော့ လူအိုကြီးနီးလ်နဲ့ ကလိုင်းပဲ ကျန်ပါတယ်။ လူအိုကြီးနီးလ်က အသက်ကြီးပြီး ထိခိုက်ဖို့ လွယ်ကူတော့ မစ်ရှင်တွေ မလုပ်တာ အတော်ကြာခဲ့ပါပြီ။ ကလိုင်းကလည်း အခုမှ ဂမ္ဘီရနယ်ပယ်ထဲ ရောက်တာဆိုတော့ နေရာတော်တော်များများမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။

“အကုန်လုံး အပြင်ရောက်နေတာလား...” လက်တစ်ဖက်နဲ့ ထီးကိုင်ထားတဲ့ ပိန်ပိန်ရှည်ရှည် အမျိုးသားဟာ ဦးထုပ်ချွတ်ရင်း မျက်နှာ မည်းမှောင်သွားပါတယ်။ ပိန်ပိန်ရှည်ရှည် အမျိုးသားဟာ ဦးညွှတ်ပြီး “နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... သွားလိုက်ပါဦးမယ်”

ပိန်ပိန်ရှည်ရှည် အမျိုးသားဟာ တစ်ဖက်လှည့်ပြီး အပြင်ကို ထွက်သွားပါတယ်။ အဲဒီနောက် လှေကားကနေ အောက်ဆင်းပြီး မိုးလေတွေကြားထဲမှာ ဇိုးတလန်လမ်းကနေ ထွက်ခွာသွားပါတယ်။

“နှမြောဖို့ ကောင်းလိုက်တာ...” ရိုဇန်းဟာ ထွက်ခွာသွားတဲ့ ပိန်ပိန်ရှည်ရှည် အမျိုးသားကို ကြည့်ရင်း နောင်တနဲ့ သက်ပြင်းချလိုက်ပါတယ်။ သူ ကော်မရှင်ခ တစ်ပြားမှရမှာ မဟုတ်ပေမဲ့ အစားကောင်းတော့ သေချာပေါက် စားရမှာပါ။

“ဘာတတ်နိုင်မှာလဲ... ချန်စီဂိတ်ကို စောင့်ကြည့်ဖို့ အမြဲတမ်း လူတစ်ယောက် လိုတယ်လေ” ကလိုင်းဟာ ဇွန်းခက်ရင်းကို အောက်ချရင်း ပြောလိုက်ပါတယ်။ ကလိုင်းဟာ ဟင်းသီးဟင်းရွက်နဲ့ ချက်ထားတဲ့ ဟင်းချိုကို မကြိုက်ပေမဲ့လည်း ကုန်အောင် သောက်ပါတယ်။

“မင်းက ဘရက်ကို အလုပ်လက်ခံစေချင်လို့လား... ဒါမှ မင်းကိုယ်တိုင် လက်ခံမှာလား”

ရိုဇန်းဟာ ကလိုင်းရဲ့ မေးခွန်းကို ကြားတဲ့အခါ မျက်လုံးပင့်တင်ပြီး “ခစ်..ခစ်... ဘရက်က အလုပ်လက်ခံလို့ မရဘူး... ဒါပေမဲ့ ရှင် လက်ခံလို့ရတယ်... ရှင်က ကျွန်မတို့ရဲ့ အမြင်ဆရာကြီးလေ...”

ရိုဇန်းဟာ စကားဆုံးတယ်ဆိုရင်ပဲ စကားမှားသွားတယ်ဆိုတာကို ချက်ချင်း သဘောပေါက်လိုက်ပါတယ်။ ရိုဇန်းဟာ ချက်ချင်းပဲ သူ့ပါးစပ်ကို လက်နဲ့ ပိတ်လိုက်ပါတယ်။ ကုမ္ပဏီ တံခါးက နှစ်ချပ်စလုံး ပိတ်ထားတာ မဟုတ်ပါဘူး။ အပြင်မှာ လျှောက်သွားတဲ့ လူတစ်ယောက်က သာလွန်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တစ်စွန်းတစ်စ ကြားသွားရင်တောင် ဒါက သတင်းပေါက်ကြားမှုလို့ ယူဆလို့ ရပါတယ်။

“ကပ္ပတိန် ရှိမနေတာ ကျေးဇူးတင်ရမယ်...” ရိုဇန်းဟာ တံခါးအပြင်ကို လှမ်းကြည့်ပြီး လျှာတစ်လစ် လုပ်လိုက်ပါတယ် “မဟုတ်ရင် ထပ်ပြီးတော့ ဖြောင့်ချက် ပေးရဦးမယ်”

ဘရက်နဲ့ ကလိုင်းဟာ ဇွန်းနဲ့ခက်ရင်းကို သိမ်းရင်း တညီတညာတည်း ရယ်မောလိုက်ပါတယ်။

အကုန်လုံး ပြီးစီးသွားတဲ့အခါမှာတော့ ထီးမယူလာတဲ့ ကလိုင်းဟာ မိုးရွာနေတာကြောင့် ဆူးနက်လုံခြုံရေး ကုမ္ပဏီမှာ ဆက်နေပါတယ်။ ကလိုင်းဟာ နူးညံ့အိစက်တဲ့ ဆိုဖာပေါ်မှာ ထိုင်ရင်း သတင်းစာဖတ်ကာ နေ့လယ်ခင်း အနားယူချိန်ကို စတင်ပါတယ်။

“ဘက်ကလင်ကနေ ဒေစီပင်လယ်အော်ကို လေကြောင်းလမ်းကနေ သွားလို့ရပြီ...”

“စုံထောက်ကြီး မန်ဆင်ရဲ့ စာစုပေါင်းချုပ်ကို မကြာခင် ထုတ်ဝေတော့မယ်...”

“လဂိုလက် လက်နက် ကြော်ငြာ... ကျည်ဆံခြောက်တောင့်ပါတဲ့ ခေတ်ပေါ် ခြောက်လုံးပြူး... သုံးပေါင်နဲ့ ဆယ်ဆိုလီ... ပြောင်းနှစ်ပြောင်းဆိုရင် နောက်ထပ် နှစ်ပေါင် ထပ်ပေးရမယ်...”

.....

ထင်းဂန် သတင်းမှန် သတင်းစာကို လှန်လှောဖတ်ရှူရင်း သတင်းတစ်ခုကို ကလိုင်းရဲ့အာရုံကို ရုတ်တရက် ဆွဲဆောင်လိုက်ပါတယ်။

“... မစ္စတာဝဲလ်နဲ့ မစ္စနာယာကို သတ်တဲ့ သံသယ တရားခံကို ဖမ်းမိထားပြီ... မြောက်ပိုင်းမြို့နယ်၊ ရွှေရောင်စက်မှုဇုန်နဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာ ကြောက်ရွံ့ချောက်ချားမှုတွေ ကင်းဝေးသွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်... ဝဲလ်ရဲ့ဖခင် ဘဏ်ပိုင်ရှင် မစ္စတာ မက်ဂါဗန်က သူ့အငယ်ဆုံးသားရဲ့ ရုပ်အလောင်းကို ကွန်စတင့်မြို့ဆီ ပြန်သယ်ပြီး ခမ်းခမ်းနားနား သင်္ဂြိုဟ်မယ်လို့ သိရပါတယ်...”

သုံးလေးခါ ဖတ်ကြည့်ပြီးနောက် ကလိုင်းဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ်။

‘ကြည့်ရတာ ဝဲလ်ရဲ့အဖေက ရဲဌာနရဲ့ ဖြေရှင်းချက်ကို လက်ခံပြီး ဒီကိစ္စကို စုံစမ်းဖို့ အလွတ်တမ်းစုံထောက် မငှားဘူးပဲ... သူ့အငယ်ဆုံးသားကို ဆုံးရှုံးလိုက်ရတာက တစ်ဦးတည်းသားကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေလို ဝမ်းနည်းကြေကွဲရမှာပဲ’

စိတ်ထိုင်းမှိုင်းသွားတာမလို့ ကလိုင်းဟာ ကျောက်ရုပ်လို အတန်ကြာတဲ့အထိ ထိုင်နေပါတယ်။ ကလိုင်းဟာ ဝဲလ်နဲ့ နာယာရဲ့ နာရေးကို ဖိတ်ကြားမခံရလို့ မူမမှန်ဘူးလို့ မခံစားရသလို စိတ်လည်း မပျက်ပါဘူး။

‘အကုန်လုံးပြီးသွားရင် ငါ သူတို့ရဲ့ အုတ်ဂူဆီသွားပြီး ပန်းတစ်စည်းတော့ ချပေးရမယ်’

ကလိုင်းဟာ နားနေခန်းမှာ တစ်ရေးမှေးဖို့ ထိုင်ရာက ထဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ဧည့်ခန်းတံခါးကနေ တံခါးခေါက်သံ ထပ်မံ ထွက်ပေါ်လာပါတယ်။

“ဝင်လာခဲ့ပါ” စားပွဲနဲ့ ခေါင်း ထိခါနီးနေတဲ့ ရိုဇန်းဟာ ရုတ်တရက် လန့်နိုးသွားပါတယ်။

တစ်ဝက်ပိတ်တံခါးဟာ ထပ်ပွင့်သွားပြီး ‌စောစောက ပိန်ပိန်ပါးပါးနဲ့လူဟာ အခန်းထဲကို ထပ်ပြီးတော့ ဝင်လာပါတယ်။

“ကျွန်တော် ဒီမှာ စောင့်လို့ရမလား... ခင်ဗျားတို့ရဲ့ ကြေးစား... မှားလို့... လုံခြုံရေးဝန်ထမ်းတွေ ပြန်ရောက်လာတော့မှာမလား” သူဟာ အလောတကြီး ဖြစ်နေတဲ့ မျက်နှာကို အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း ရိုးရိုးသားသား မေးပါတယ်။

“ရပါတယ်... ထိုင်ပါ” ရိုဇန်းဟာ အနီးအနားမှာရှိတဲ့ ဆိုဖာတစ်လုံးမှာ နေရာပေးပါတယ်။

ကလိုင်းဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “ခင်ဗျား ကျွန်‌တော်တို့ရဲ့ လုံခြုံရေးကုမ္ပဏီကို ဘယ်ကနေ ကြားလာတာလဲ... ဘယ်သူ မိတ်ဆက်ပေးတာလဲ”

ပိန်ပိန်ပါးပါးနဲ့လူဟာ မိုးသည်းနေတဲ့ကြားမှာ နှစ်ခေါက်လာပြီး စောင့်ဖို့ဆန္ဒရှိနေတယ် မဟုတ်ပါလား။ ဟုတ်တော့ ဟုတ်ပါတယ်။ တခြားလူတွေအတွက် ခက်ခဲတယ်လို့ ထင်ရတဲ့ ကိစ္စတွေက ညသိမ်းငှက်တွေအတွက်တော့ အသာလေး ဖြေရှင်းနိုင်တဲ့ ကိစ္စတွေပါ။ အဲဒီတော့ ဆူးနက်လုံခြုံရေးကုမ္ပဏီက ဂုဏ်သတင်းတစ်ခုခုတော့ ရှိနေမှာပါ။

ပိန်ပိန်ပါးပါးနဲ့လူဟာ ထီးကို အပြင်ဘက်မှာ ထားခဲ့ပြီး ဆိုဖာဆီ လျှောက်လာရင်း မချိပြုံးနဲ့ ပြန်ဖြေပါတယ်။

“ကျွန်တော် အနားကလမ်းတွေကို လျှောက်ကြည့်ပြီး ကြေးစားစစ်သားတွေ အကုန်လုံးကို စုံစမ်းကြည့်ပြီးပြီ... လုံခြုံရေးကုမ္ပဏီတွေနဲ့ အလွတ်တမ်း စုံထောက်တွေလည်း ပါတယ်... ကျွန်တော်ရဲ့ မျှော်လင့်ချက်က ခင်ဗျားတို့ပဲ ရှိတယ်... သူတို့အကုန်လုံးက အလုပ်ထပ်လက်ခံဖို့ လူအင်အား မရှိတော့ဘူး... ရိုးရိုးသားသား ပြောရရင် ထမင်းလာပို့တဲ့ စားပွဲထိုးကြောင့်သာ မဟုတ်ရင် ဒီနေရာမှာ နောက်ထပ် လုံခြုံရေးကုမ္ပဏီတစ်ခု ရှိတယ်ဆိုတာကို ကျွန်တော် သိမှာ မဟုတ်ဘူး”

‘ငါ ထင်ထားတာနဲ့ တခြားစီပဲ’ ကလိုင်းဟာ မှင်တက်သွားပါတယ်။

ရိုဇန်းဟာ မေးခွန်းတစ်ခု ဝင်မေးပါတယ် “သူတို့တွေက တော်တော် အလုပ်ရှုပ်နေတယ်... အလုပ်တွေက အဲဒီလောက် အများကြီး ရှိနေတာလား”

ပိန်ပိန်ပါးပါးနဲ့လူဟာ ဆိုဖာပေါ်ထိုင်ရင်း သက်ပြင်းချလိုက်ပါတယ်။

“ခင်ဗျားတို့က ကြေးစားအဖွဲ့... အယ်... မှားလို့... လုံခြုံရေးကုမ္ပဏီဆိုတော့ ဟောက်စ်လမ်းက လက်နက်ကိုင် ဖောက်ထွင်းသမားတွေရဲ့ လူသတ်မှုကို သိတယ်မလား”

‘သိတာပေါ့... ကံဆိုးချင်တော့ ငါက အဲဒီ လက်နက်ကိုင် ဖောက်ထွင်းသမား လူသတ်မှုလို့ပြောတဲ့ အမှုမျိုးထဲမှာ ပါဝင်ပတ်သတ်နေတဲ့ လူတစ်ယောက်ပဲလေ’ ကလိုင်းဟာ စိတ်လေးသွားပြီး ‌ခေါင်းညိတ်လိုက်ပါတယ်။

“သိတယ်”

“အဲဒီ ရက်စက်ကြမ်းတမ်းတဲ့ လူဆိုးတွေကြောင့် အဲဒီလမ်းနားမှာနေတဲ့ သူ‌ဌေးတွေ... ကုန်ကုန် ပြောရရင် ထင်းဂန်တစ်မြို့လုံး တုန်လှုပ် ချောက်ချားကုန်တယ်... အဲဒီတော့ သူတို့ရဲ့ လုံခြုံရေးကို ပိုတင်းကြပ်လာတဲ့အပြင် လုံခြုံရေးဝန်ထမ်းတွေ အလွတ်တမ်း စုံထောက်တွေကိုလည်း ပိုငှားလာတယ်... အဲဒီတော့ ဒီနယ်ပယ်မှာ အားတဲ့လူ မရှိသလောက်ပဲ”

ပိန်ပိန်ပါးပါးနဲ့လူဟာ သေသေချာချာ ရှင်းပြပါတယ်။

‘ဖြစ်နေကျ ကွင်းဆက်တုံ့ပြန်မှုပဲ...’ ကလိုင်းနဲ့ ရိုဇန်းဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တဲ့အခါ တစ်ယောက်မျက်နှာမှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ သရော်ပြုံးကို တွေ့လိုက်ရပါတယ်။

လုံခြုံရေးနယ်ပယ်က ရွှေခေတ် ရောက်နေပေမဲ့ ဆူးနက် လုံခြုံရေးကုမ္ပဏီကတော့ လုံခြုံရေး ကုမ္ပဏီ မဟုတ်တဲ့ အတိုင်းပါပဲ။ ကုမ္ပဏီက ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာ ဒီအခြေအနေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဒီလိုဆိုပေမဲ့ ဒီအခြေအနေက ညသိမ်းငှက်တွေ ပုန်းလျှိုးကွယ်လျှိုးနေတာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

နောက်ထပ် မိနှစ် ၂၀ ကျော်လောက် ကြာတဲ့အခါမှာတော့ မိုးရွာတာ ရပ်သွားတဲ့အတွက် ကလိုင်းဟာ ထွက်သွားဖို့ ပြင်ဆင်ပါတယ်။ ကလိုင်းဟာ သေနတ်ပစ်ကွင်းမှာ သေနတ်ပစ်ကျင့်ဖို့ စီစဉ်ထားပါတယ်။

အဲဒီအချိန်မှာပဲ အနက်ရောင်ဆံပင် အစိမ်းရောင် မျက်လုံးနဲ့ လန်နာ့ဒ်မစ်ချယ်ဟာ အခန်းခွဲထားတဲ့ အပိုင်းကနေ ထွက်လာပါတယ်။ လန်နာ့ဒ်ဟာ ဆိုဖာပေါ်ကို လှမ်းကြည့်ပြီး...

“ဒါက...”

“အလုပ်လာအပ်တဲ့လူ... ကပ္ပတိန် ပြန်လာပြီလား” ရိုဇန်းဟာ ဝမ်းသာတဲ့မျက်နှာနဲ့ မေးလိုက်ပါတယ်။

“ပြန်လာပြီလား...” ပိန်ပိန်ပါးပါးနဲ့လူဟာ ရိုဇန်းရဲ့ မေးခွန်းကို ကြားပြီး တအံ့တဩ ဖြစ်သွားပါတယ်။ သူ ဒီမှာထိုင်ပြီး တံခါးကို စိုက်ကြည့်နေတာ လူတစ်ယောက်မှ ပြန်လာတာကို မတွေ့ရဘူး မဟုတ်ပါလား။

ရိုဇန်းရဲ့ မျက်နှာဟာ ချက်ချင်းခဲသွားပြီး တစ်ချက် ရယ်လိုက်ပါတယ် “ကျွန်မတို့က လုံခြုံရေးကုမ္ပဏီလေ... ရှေ့တံခါးတစ်ခုပဲ ဘယ်သုံးပါ့မလဲ”

“ဟုတ်သားပဲ” ပိန်ပိန်ပါးပါးနဲ့လူဟာ နားလည် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။

သူဟာ ကပ္ပတိန်ဆိုတဲ့ အသုံးအနှုန်းကို အံ့အားသင့်ခြင်း မရှိပါဘူး။ လုံခြုံရေးကုမ္ပဏီတွေက ကြေးစားအဖွဲ့ မဟုတ်ရင် အသေးစား ကြေးစားအစည်အရုံးတွေပါ။ အဲဒီတော့ ကပ္ပတိန်လို့ သုံးနှုန်းတာ သာမန်ပါပဲ။

လန်နာ့ဒ်ဟာ ရှပ်အင်္ကျီဖြူနဲ့ စွပ်ကျယ်နက်ကို လျော့လျော့ရဲရဲ ဝတ်ဆင်ထားပါတယ်။ သူဟာ ပိန်ပိန်ပါးပါးနဲ့လူကို တစ်ချက်ကြည့်ပြီး ရုတ်တရက် လက်ဖျစ် တောက်လိုက်ပါတယ် “ကျွန်တော်က ဆူးနက်ကုမ္ပဏီရဲ့ လုံခြုံရေးအဖွဲ့ဝင် တစ်ယောက်ပါ... ကျွန်တော် လူကြီးမင်းကို ဘယ်လိုခေါ်ရမလဲ... ဘာအကူအညီ ပေးရမလဲ”

ကလိန်းဟာ ကြေးစားတွေရဲ့ လွတ်လွတ်လပ်လပ်နေတဲ့ စရိုက်ကို ကြားဖူးထားလို့ တူပါတယ်။ လန်နာ့ဒ်ရဲ့ အပြုအမူကို ဒေါသလည်း မထွက်သလို အစော်ကားခံရတယ်လို့လည်း မခံစားရပါဘူး။ အဲဒီအစား သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

ကလိန်းဟာ လန်နာ့ဒ် ဆိုဖာပေါ်မှာ ထိုင်တာကို ကြည့်ရင်း ပြောမဲ့ စကားလုံးတွေကို စီလိုက်ပါတယ်။

“ကျွန်တော့်နာမည်က ကလိန်းပါ... ဆေးလိပ်ကုန်သည် မစ္စတာ ဗစ်ခရွိင်ရဲ့ အိမ်ထိန်းပါ... မစ္စတာ ဗစ်ခရွိင်ရဲ့သား အဲလိယက်လေး ဒီမနက်ကပဲ ပြန်ပေးဆွဲခံလိုက်ရတယ်... ကျွန်တော်တို့တွေ ရဲဌာနကိုလည်း အကြောင်းကြားပြီးပြီ... ရဲဌာနကလည်း အပူတပြင်း ရှာဖွေနေတယ်... ဒါပေမဲ့ မစ္စတာဗစ်ခရွိင်က သူ့သားကို စိတ်မချနိုင်လို့ ကြေးစားငှား... အဲ... လုံခြုံရေးဝန်ထမ်း ငှားချင်တယ်... ခင်ဗျားတို့က ထင်းဂန်မြို့ကို တခြားရှုထောင့်ကနေ ထောက်လှမ်းနိုင်တော့ အဲလိယက်လေးကို ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်လောက်တယ်”

“ခင်ဗျားတို့တွေ ပြန်ပေးဆွဲသမားတွေရဲ့ နေရာကို ရှာနိုင်မယ်ဆိုရင် မစ္စတာဗစ်ခရွိင်က ပေါင် ၁၀၀ ပေးဖို့ ဆန္ဒရှိတယ်... သခင်လေး အဲလိယက်ကို အောင်မြင်စွာ ကယ်တယ်နိုင်ခဲ့မယ်ဆိုရင်တော့ ပေါင် ၂၀၀ ပေးပါလိမ့်မယ်”

လန်နာ့ဒ်မစ်ချယ်ဟာ အေးအေးလူလူ ပြုံးလိုက်ပါတယ်။

“မစ္စတာဗစ်ခရွိင်က ကျွန်တော်တို့ကို ပြန်ပေးဆွဲသမားတွေ ပုန်းတဲ့နေရာပဲ ရှာစေချင်ပုံ ရတယ်... မဟုတ်ရင် သူ့သားက ပေါင် ၁၀၀ ပဲ တန်တယ်လို့ တွေးပါ့မလား... တောင်ပိုင်းစိုက်ပျိုးရေးနဲ့ အဆက်အသွယ်ရှိတဲ့ ဆေးလိပ်ကုန်သည် တစ်ယောက်က ပေါင် ၂၀၀ ပဲ ပေးမှာ မဟုတ်ဘူး”

“မဟုတ်ပါဘူး... မစ္စတာဗစ်ခရွိင်က သာမန်ကုန်သည် တစ်ယောက်ပါ... ချမ်းသာတယ်လို့ ပြောလို့ရရုံပဲ... နောက်ပြီး ရဲဌာနက ဒီလိုနေရာမျိုးမှာ ပိုကျွမ်းကျင်တယ်လေ” ကလိန်းဟာ ခပ်ယဲ့ယဲ့ ပြန်ဖြေပါတယ်။

“ကောင်းပြီလေ... ကိစ္စမရှိပါဘူး” လန်နာ့ဒ်ဟာ လက်ဖျစ်တောက်ပြီး ရိုဇန်းကို ကြည့်လိုက်ပါတယ် “မိန်းမလှလေး... စာချုပ်ရေးပေးပါဦး”

“အမြဲတမ်း ကဗျာဆရာလို လုပ်မနေနဲ့... ရှင် ဘယ်တုန်းက ကိုယ့်ဘာသာ ကဗျာစပ်ဖူးလို့လဲ... သူများဟာတွေ လျှောက်ရွတ်နေပြီးတော့...”

အလုပ်လာအပ်တဲ့လူကို မေ့သွားတဲ့ ရိုဇန်းဟာ အရွှန်းဖောက်လိုက်ပါတယ်။ ရိုဇန်းဟာ လန်နာ့ဒ်နဲ့ စကားနိုင်လုရတာကို အကျင့်ဖြစ်နေပါပြီ။

တကယ်တော့ ဆူးနက်လုံခြုံရေး ကုမ္ပဏီက အလုပ်လာအပ်တဲ့လူတွေကို ဂရုမစိုက်ပါဘူး။ အလုပ်လာအပ်တဲ့လူ ရှိရင် ကောင်းပေမဲ့ မရှိရင်လည်း ကိစ္စမရှိပါဘူး။

ရိုဇန်းဟာ ဧည့်ကြိုကောင်တာက ထွက်ပြီး ဝန်ထမ်းရုံးခန်းထဲ ဝင်သွားပါတယ်။ မကြာခင်မှာပဲ ရုံးခန်းထဲကနေ စာရိုက်သံတွေ ထွက်ပေါ်လာပါတယ်။

ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ နည်းနည်း တွန့်တက်သွားပါတယ်။ သူတို့ကုမ္ပဏီက ပရော်ဖက်ရှင်နယ် မဆန်လွန်းလို့ပါ။ စာချုပ်ပုံစံတောင် မရှိရှာဘူး မဟုတ်ပါလား။ တကယ်တော့ ကြေကွဲဖို့ ကောင်းပါတယ်။ ပိုပြီး ဝမ်းနည်းကြေကွဲဖို့ ကောင်းတာက ဒီလို ပရော်ဖက်ရှင်နယ် မဆန်တဲ့ ကုမ္ပဏီမှာ သူ အလုပ်လုပ်နေရတာပါ။

ကလိုင်း တွေးတောနေတုန်းမှာပဲ ရိုဇန်းဟာ လေးငါးပိုဒ်ပါတဲ့ စာချုပ်ကို ရိုက်လို့ ပြီးသွားပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိန်းနဲ့ လန်နာ့ဒ်မစ်ချယ်ဟာ စာချုပ်မှာ တံဆိပ်နှိပ်ပါတယ်။

ကလိန်း တံဆိပ်နှိပ်ပြီးတဲ့အခါ ရိုဇန်းဟာ စာချုပ်ကိုယူပြီး စာရင်းကိုင်ရုံးခန်းဆီသွားကာ မစ္စအော်ရီယာနာကို ဆူးနက်လုံခြုံရေးကုမ္ပဏီတံဆိပ် နှိပ်ခိုင်းပါတယ်။ ကတယ်တော့ ဒီတံဆိပ်က သုံးစားရတာ မဟုတ်ပါဘူး။ ဒန်းစမစ်ဟာ ဒီတံဆိပ်ကို မစ္စအော်ရီယာနာလက်ထဲ အပ်ထားပါတယ်။ တနင်္ဂနွေနေ့ကျမှပဲ ရိုဇန်းနဲ့ ကုမ္ပဏီလက်ထဲ ပြန်ရောက်ပါတယ်။

“ကျွန်တော် သတင်းကောင်းကို စောင့်နေမယ်” စာချုပ် မိတ္တူတစ်ရွက်ကို ယူပြီးနောက် ကလိန်းဟာ မတ်တတ်ရပ်ကာ ဦးထုပ်ချွတ် ဦးညွှတ်ပါတယ်။

လန်နာ့ဒ်ဟာ ဘာမှ မတုံ့ပြန်ပါဘူး။ တစ်စုံတစ်ခုကို တွေးတော စဉ်းစားနေပါတယ်။

လန်နာ့ဒ်ဟာ ရုတ်တရက် ကလိုင်းဘက် လှည့်ပြီး ပြုံးလိုက်ပါတယ်။

“ငါ မင်း အကူအညီကို လိုတယ်”

“ဟင်...” ကလိုင်းဟာ အံ့ဩသွားပါတယ်။

“ငါ ပြောချင်တာက ငါတို့နှစ်ယောက် ဒီအလုပ်ကို အတူလုပ်လို့ရတယ်” လန်နာ့ဒ်ရဲ့ ပါးစပ်ထောင့်ဟာ မသိမသာ တွန့်တက်သွားပြီး အကြောင်းရင်းကို ရှင်းပြပါတယ် “ငါက အနီးကပ် တိုက်ခိုက်တာ သေနတ်ပစ်တာ ခုန်ပျံကျော်လွှားတာ အာရုံခံတာနဲ့ တချို့ အကူအညီပေးတဲ့ နေရာတွေမှာ ကျွမ်းကျင်တယ်... ဒါပေမဲ့ အဲဒီထဲမှာ လူလိုက်ရှာတာ မပါဘူး... မင်း ဒီလိုရာသီဥတုမျိုးမှာ လူအိုကြီးနီးလ် အပြင်ထွက်ဖို့ကိုတော့ မမျှော်လင့်ဘူးမလား”

အာရုံခံတယ်ဆိုတဲ့ စကားကိုတော့ လန်နာ့ဒ်ဟာ နှစ်ကိုယ်ကြားရုံပဲ ပြောပါတယ်။

“ကောင်းပြီလေ” ကလိုင်းဟာ သူ့ရဲ့ အစွမ်းအစကို စမ်းသပ်ချင်နေတာ ကြာပြီဖြစ်သလို လန်နာ့ဒ်မစ်ချယ်ကိုလည်း သိပ်ပြီး မယုံပါဘူး။

‘ဖူး... အောင်အောင်မြင်မြင် ပြီးသွားဖို့ မျှော်လင့်ရတာပဲ... ငါ့ရဲ့ အမြင်ဆရာ အရည်အချင်းက ဘယ်လောက် အသုံးဝင်မလဲ မသိဘူး’ ကလိုင်းဟာ သူ့အစွမ်းအစကို နည်းနည်းတော့ မျှော်လင့်မိပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters