← Chapters

ဒီ့ထက်ပို မျှော်လင့်ထားခြင်း

Vol. 87 Ch. 1131

ဒီ့ထက်ပို မျှော်လင့်ထားခြင်း

Vol. 87 Ch. 1131

တောင်နတ်ဘုရားလီက နှုတ်သီးကြီးကို ဟ၍ အဘိုးအိုကို သုတ်ချီလိုက်ပြီးနောက် ခေါင်းမော့ကာ မြိုချလိုက်သည်။ ထို့နောက် တောင်ပံ တဖျတ်ဖျတ် ခတ်လျက် အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

ချင်မူမှာ ကြောင်နေမိသည်။ နတ်ဘုရားနှင့် အဘိုးအို စကားပြောနေသည်ကို ကြည့်နေခဲ့စဉ်တုန်းက အသက်အိုမင်းလာလျှင် တောင်နတ်ဘုရားကို အလုပ်အကျွေးပြုရမည့် စည်းမျဉ်းတစ်ခု ရှိကြောင်း သူ အမှန်တကယ် ယုံကြည်ခဲ့လေသည်။ ထို့ကြောင့် အချိန်မီ မကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။

သူက တောင်နတ်ဘုရားလီအနောက်သို့ လိုက်သွားသည်။ တောင်နတ်ဘုရားလီသည် မိုင်ထောင်ပေါင်များစွာအထိ ပျံသန်းသွားပြီးနောက် တောင်ပံများကို ရုတ်ကာ နတ်တောင်တစ်လုံးပေါ်သို့ ဆင်းသက်လိုက်၏။ ထို့နောက် ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ကာ ချင်မူ့ကို သတိထားမိသွားလေသည်။ သူက အလျင်အမြန် နှုတ်ဆက်သည်။ “နောင်တော့်ကို အရိုအသေပြုပါတယ်”

ချင်မူက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ “‌တောင်နတ်ဘုရားလီ၊ မင်း အခုလေးတင် လူတစ်ယောက်ကို စားခဲ့တာ တွေ့ခဲ့ရတယ်…ဒါပေမဲ့ သူက မင်းနဲ့ စကားပြောရတာကို သဘောကျခဲ့တဲ့ပုံပဲ…. ဒီနောက်ကွယ်က အကြောင်းပြချက်က ဘာများလဲ”

တောင်နတ်ဘုရားလီသည် ရယ်လိုက်၏။ “နောင်တော်က တိုင်းတစ်ပါးသား ထင်ပါရဲ့… ဒီနေရာက စည်းမျဉ်းတွေကိုမသိတာ အံ့ဩစရာမရှိပါဘူး….. ကျုပ်တို့ တောင်ကောင်းကင်က ယဉ်‌ကျေးမှုရှိပြီး သင့်သင့်မြတ်မြတ် နေထိုင်ကြတဲ့ နေရာပါ… သေမျိုးတွေက ရာသီဥတုကောင်းမွန်ဖို့ နဲ့ ကောက်ပဲသီးနှံတွေ အထွက်တိုးဖို့ ကျုပ်တို့ဆီမှာ တောင်းဆိုတယ်…. ဒါပေမဲ့ ကျုပ်တို့လည်း အစာစားဖို့ လိုတယ်လေ…. ဒါကြောင့် ဒီလိုစည်းမျဉ်းတစ်ခုကို ချမှတ်လိုက်တာ….. အသက် ၆၀ ပြည့်တဲ့ ဘယ်သေမျိုးမဆို လူသေအနေနဲ့ ဘုရားကျောင်းဆီ လာပြီးတော့ နတ်ဘုရားတွေအတွက် အစာဖြစ်လာရမယ်”

ချင်မူ မေးလိုက်မိသည်။ “အဲ့ဒါကို ကောင်းကင်နတ်အရှင်ဟွေ့က ချမှတ်ခဲ့တာလား”

တောင်နတ်ဘုရားလီက ရယ်သည်။ “ဟုတ်တယ်… တောင်ကောင်းကင်က သင့်မြတ်သာယာတဲ့ နေရာတစ်ခုပါ…. အနောက်ကောင်းကင်နဲ့ မြောက်ကောင်းကင်လို မဟုတ်ဘူး…. သူတို့က ရိုင်းစိုင်းလွန်းတယ်… ကျုပ်တို့က အရှေ့ကောင်းကင်ထက်လည်း သာတယ်”

ချင်မူ ထပ်မေးလိုက်သည်။ “တခြား ကောင်းကင်နတ်သိုင်းပညာရှင်တွေကရော… လူသားကောင်းကင်နတ်သိုင်းပညာရှင်တွေက နှစ် ၈၀၀ အထိ နေနိုင်ကြတယ်လေ”

“လူသား ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အနေနဲ့ နှစ် ၇၀၀ ကြာလို့မှ နတ်ဘုရား မဖြစ်လာနိုင်ရင် နတ်ဘုရားတွေကို အလုပ်အကျွေးပြုဖို့ ဘုရားကျောင်းဆီ လာရတယ်”

တောင်နတ်ဘုရားလီက ‌ပြုံး၍ ပြောသည်။ “လူတစ်ယောက်သာ နတ်ဘုရားဖြစ်လာရင် ကျုပ်တို့နဲ့ တန်းတူဖြစ်ပြီးတော့ ညီနောင်တွေ ဖြစ်လာနိုင်တယ်… ကျုပ်ပိုင်နက်ထဲမှာက ကောင်းကင်နတ်သိုင်းပညာရှင်နည်းနည်းပဲ ရှိတယ်…. ဒါကြောင့် နှစ်တစ်၀က်လုံးနေမှ တစ်ယောက်ပဲ စားနိုင်တာ….. နောင်တော်၊ နောင်တော်လာတဲ့အချိန်က ကံမကောင်းတာပဲ…. နှစ် ၇၀၀ အသက်ရှိတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်မှ မရှိဘူးဗျာ… မဟုတ်ရင် ကျုပ်တို့အတူတူ ပွဲတော်တည်လို့ရတယ်”

ချင်မူ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “တောင်ကောင်းကင်တစ်ခုလုံး အဲ့ဒီစည်းမျဉ်းကို လိုက်နာကြတာလား”

တောင်နတ်ဘုရားလီက ဖြေသည်။ “ဟုတ်တယ်၊ ဒီနေရာကို ကြည့်လေ….သာယာ၀ပြောနေတာပဲ…. လူသားတွေနဲ့ နတ်ဘုရားတွေက ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ကြတယ်…. နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကမ္ဘာခေတ်နှောင်းပိုင်းသက်ရှိတွေလည်း မတိုက်ခိုက်ကြဘူး….. မဖြူစင်ကြဘူးလား”

ချင်မူမှာ ခပ်ရေးရေးမျှ ပြုံးလိုက်သည်။ “ဖြူစင်တဲ့နယ်မြေတစ်ခုမှာ ဘာလို့လူသားတွေကို စားနေရတာလဲ…. လူတွေကို သူ့သဘောနဲ့သူ အသေခံစေတဲ့ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ နည်းလမ်းက ရက်စက်လွန်းတယ်”

တောင်နတ်ဘုရားလီသည် တည်ကြည်စွာ ပြော၏။ “နောင်တော့်စကားက မှားနေပြီ… ကျုပ်တို့က သင့်မြတ်တယ်….. မစားခင် အရင်မေးတယ်လေ”

ချင်မူက ပြန်မေးလိုက်သည်။ “အဲ့ဒီလူက မစားပါနဲ့ဆိုရင်ရော…. သူတို့ငြင်းရင် မင်း မစားဘဲနေမှာလား”

တောင်နတ်ဘုရားလီက ပြုံးသည်။ “နောင်တော်က ချစ်စရာကောင်းလောက်အောင် ရိုးအတာပဲ…. ၀တ္တရားအရ မေးတာပဲလေ…. ငြင်းရင်တောင် ကျုပ်တို့က စားမှာပဲ”

နဂါးချီလင်မှာ မမေးဘဲ မနေနိုင်တော့ချေ။ “လူသားနတ်ဘုရားတွေကရော…လူသားတွေက သူတို့လူတွေကို စားနေတာကို သည်းခံနေတာလား”

တောင်နတ်ဘုရားလီက ပြုံး၍ ဖြေ၏။ “နောင်တော်၊ လူသားနတ်ဘုရားတွေက လူသားမဟုတ်တော့ဘူးလေ…. နတ်ဘုရားတွေဆိုတာ ဘယ်လောက်မြင့်မြတ်လိုက်သလဲ…နတ်ဘုရားတစ်ပါး ဖြစ်လာပြီးတာတောင် သူတို့ကိုယ်သူတို့ လူသားတစ်ယောက်လို့ သတ်မှတ်ထားသေးတယ်ဆိုရင် ဝိုင်းလှောင်ပြောင်ခံရမှာပေါ့…. ကောင်းကင်နတ်သိုင်းပညာရှင်တွေက မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် တစ်ဘ၀လုံး ကြိုးစားကြရတာ….. လူသားနတ်ဘုရား‌တွေကိုသာ မင်းတို့က လူသားဖြစ်နေတုန်းပဲလို့ သွားပြောရင် နောင်တော့်ကို ဒေါသတကြီး ဆဲဆိုကြလိမ့်မယ်”

ချင်မူ့အသတ်အဖြတ်စိတ်ဆန္ဒသည် အသက်၀င်လာပြီး ပျောက်ကွယ်သွား၏။

ဤသည်ကား တောင်ကောင်းကင်၏ ကိစ္စတစ်ရပ် ဖြစ်သည်။ တောင်နတ်ဘုရားလီကို သတ်ဖြတ်လိုက်ရုံနှင့် အပြောင်းအလဲ ဖြစ်မည်မဟုတ်ပေ။ တောင်နတ်ဘုရားလီကို သတ်ဖြတ်ခြင်းက သူ စောင့်ရှောက်ပေးထားသော နေရာတွင် ကပ်ဘေးများဖြစ်ပေါ်လာစေပြီး သေကြေပျက်စီးမှုများ ပိုမိုဖြစ်ပေါ်စေလိမ့်မည်။

'ကောင်းကင်နတ်အရှင်ဟွေ့ တည်‌ထောင်းထားတဲ့ ဖြူစင်တဲ့ နယ်မြေတဲ့… အဟက်…’

ချင်မူ နဂါးချီလင်နှင့် ယန်အာကို ခေါ်၍ ထွက်သွားသည်ကို တောင်နတ်ဘုရားလီက ကြည့်နေရင်း တိတ်တဆိတ် ဆဲရေးလိုက်သည်။ “ရိုသေမှုမရှိတဲ့ လူထူးဆန်းပဲ…. အရိုးအစိုင်းတိုင်းတစ်ပါးသား”

ချင်မူ တောင်ကောင်းကင်ကို လှည့်ပတ်သွားလာနေစဉ်အတွင်း ဤနေရာသည် စနစ်တစ်ခုဖြင့် တည်ဆောက်ထားသော ကမ္ဘာဦးလူမှုပတ်၀န်းကျင်တစ်ခုသာ ဖြစ်ကြောင်း သိခဲ့ရ၏။ လူသားများမှာ အစားခံနေရပြီး ကောင်းကင်တ်သိုင်းပညာရှင်များက သာမန်လူများကို မကူညီဘဲ တောင်တန်းများတွင် သီးသန့်နေထိုင်ကြလေသည်။

လူသားနတ်ဘုရားတို့သည် သူတို့ကိုယ်သူတို့ နတ်ဘုရားတစ်ပိုင်းတို့၏ ညီနောင်များဟုပင် သတ်မှတ်ထား၏။ နတ်ဘုရားဖြစ်ပြီးနောက် လူသားတို့နှင့် တန်းတူမဟုတ်တော့ဟု သဘောထားကြ၏။ လူသားများအတွက် အသေခံတိုက်ခိုက်ခြင်းက သူတို့အား လှောင်စရာ ဖြစ်လာစေလိမ့်မည် ဟူသတတ်။

သူတို့က လူသားများကို ဘယ်တော့မှ ကူညီပေးမည်မဟုတ်ပေ။ ထိုအစား တောက်တောက်ပြောင်ပြောင် အ၀တ်အစားများကို ၀တ်ကာ အကောင်းစားရထားလှည်းများ စီး၍ နတ်ဘုရားတစ်ပိုင်းတို့၏ ပွဲတော်များဆီသို့ တက်ရောက်ကြသည်။ သူတို့ ပေါင်းသင်းသူများမှာလည်း နတ်ဘုရားများသာ ဖြစ်ကြကာ တင်းကြပ်လှသော ကျင့်၀တ်များကို လိုက်နာကြ၏။

တောင်ကောင်းကင်ကား စည်းကမ်းဓလေ့များဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခုသာ။

လည်ပတ်စဉ်အတွင်း ဂိုဏ်းပေါင်းများစွာကိုလည်း တွေ့မြင်ခဲ့ရသည်။ ၎င်းတို့က တောင်ကောင်းကင်နတ်ဘုရားတို့ တည်ထောင်ထားသည့် ဂိုဏ်းများ ဖြစ်၏။ အတိတ်တုန်းက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ဂိုဏ်းများနှင့် ထပ်တူနီးပါးပင်။

သို့သော် အတိတ်တုန်းက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဂိုဏ်းများသည် အရေအတွက်များပြား၏။ တိုင်းပြည်၏ စစ်ပွဲများကို လှုံ့ဆော်တတ်သူများလည်း ဖြစ်ကာ သာမန်လူများ၏ ဥစ္စာဓနနှင့် အသက်အိုးအိမ်တို့ကို ရန်ပြုတတ်ကြသည်။ နယ်မြေများလည်း ခိုးယူခဲ့ကြသည်။

သို့သော် ဤနေရာရှိ ဂိုဏ်းများမှာ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ချစ်ခင်လေးစားလွန်းသဖြင့် ဘယ်တော့မှ မတိုက်ခိုက်ကြချေ။

သူတို့၏ တည်ငြိမ်အေး‌ဆေးမှုမှာ ရေသေတစ်ကန်နှင့်ပင် ဆင်တူ၏။ သာမန်လူများသည် ထိုအတိုင်းသာ တစ်သက်လုံး နေထိုင်ခဲ့ကြရလေသည်။ သူတို့၏မျိုးဆက်များလည်း အလားတူပင်။ သူတို့ကိုယ်သူတို့ ကျော်ကြားလာအောင် လုပ်နိုင်မည့် အခွင့်အရေးမရှိခဲ့ချေ။

လူသားများကို အကျိုးရှိစေသည်ဟူသော ရည်မှန်းချက်၊ စံနှုန်း သို့မဟုတ် ကောင်းကင်နတ်သိုင်းပညာရပ်တိုင်းသည် အတုအယောင်များသာ ဖြစ်ကြသည်။

ထို့အပြင် မည်သူမှ ထိုသို့မစဉ်းစားခဲ့ကြချေ။ မည်သူမှ ထိုသို့မလုပ်ခဲ့ကြ။

ငြိမ်းချမ်းလွန်း၍ အသက်ရှူပင် ကြပ်စေသည့် ကမ္ဘာတစ်ကမ္ဘာ ဖြစ်သည်။

ချင်မူသည် တည်ကြည်လေးနက်နေ၏။ ကောင်းကင်နတ်အရှင်ဟွေ့က တောင်ကောင်းကင်၏ လူသားများကို စောင့်‌ရှောက်ထားပုံပေါ်သော်လည်း တကယ်တမ်းတွင် သတ်မှတ်ပြီးသား ကံကြမ္မာအား မည်သည့်လွတ်လမ်းမှ မရှိဘဲ လက်ခံထားစေခြင်းသာ ဖြစ်သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်တုတစ်ခုကို စိုက်ထူထားသော နတ်ဘုရားမြို့တစ်မြို့သို့ သူ ရောက်ရှိလာသည်။ ထိုရုပ်တုသည် မြင့်မားထည်ဝါပြီး ခေါင်းနောက်တွင် ကြေးဖြင့် ထုလုပ်ထားသော မီးတောက်စက်၀န်းတစ်၀န်း ရှိနေ၏။

ရုပ်တုရှိ ကောင်းကင်နတ်အရှင်ဟွေ့၏ အကြည့်မှာ လေးနက်ဝေးကွာနေပုံရသည်။ သူသည် အမျှော်အမြင်ကြီး၍ အားကောင်းပြင်းထန်သော အကြည့်ဖြင့် အဝေးသို့ ငေးကြည့်နေသည်။

ထိုနေရာတွင် ကောင်းကင်နတ်အရှင်ဟွေ့၏ တပည့်များစွာ ရှိလေသည်။ သူတို့သည် တပည့်များကို အသီးသီး သင်ကြားပြသပေးနေပြီး မူလကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်အား မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ စနစ်တကျ လွှဲပြောင်းပေးနေကြ၏။

သို့သော် တပည့်တစ်ဦး သံသယ၀င်မိလျှင် ပြင်းပြင်းထန်ထန် ဆူငေါက်ခံပြီး ရိုက်ပင်ရိုက်ခံရတတ်သည်။ သူ့ပတ်၀န်းကျင်ရှိ လူများကလည်း ဝေဖန်တတ်သည်။

ကောင်ကင်နတ်အရှင်ဟွေ့၏ တပည့်များ၏ ကောင်းကင်နတ်သိုင်းများမှာ ထပ်တူလုနီးပါးပင်။ သူတို့၏ နတ်လက်နက်များမှာလည်း ထပ်တူနီးပါးပင်။ သူတို့၏ အ၀တ်များပင်လျှင် ဆင်တူကြသည်။

သူတို့သည် တူညီသော အ၀တ်များကို ၀တ်ဆင်ထားကြပြီး ဆံပင်နှင့် မှုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတို့မှာလည်း တူညီကြသည်။ လူတို့နှင့် တွေ့လျှင် ပြုံးရွှင်နေကြပြီး ဆင်တူသော ဟန်ပန်အမူအရာများနှင့် ဆင်တူသော နှုတ်ဆက်စကားများကို ပြောဆိုကြလေသည်။

ချင်မူမှာ လက်သီးဆုပ်၍ ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်တုဘေးမှ ဖြတ်သွားလိုက်၏။ သူ၏၀တ်ရုံများက အလံကြီးတစ်ခုကဲ့သို့ လွင့်ခွာသွားပြီး အတော်လေး ကျယ်လောင်စွာ လွင့်ခတ်သွားသည်။

ဝှစ်…

ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်တုမှာ ရုတ်တရက် ပြိုကျကာ အရည်ပျော်သွားလေသည်။ ၎င်းသည် မိစ္ဆာမီးတောက်များ တောက်လောင်နေသည့် ကြေးရည်များ ဖြစ်လာ၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ တပည့်များက အလျင်အမြန် လာရောက်၍ မိစ္ဆာမီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားကြသည်။ အချို့မှာ နတ်ကောင်းကင်ခန်းမအဆင့်နှင့် ကျောက်စိမ်းမြို့တော်အဆင့်သို့ပင် ရောက်ရှိထားသော အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကြ၏။

ကောင်းကင်နတ်အရှင်ဟွေ့က မီးကောင်းကင်နတ်သိုင်းကို အထူးပြုကျင့်ကြံသည်။ သူ လက်ဆင့်ကမ်းပေးသည့် လမ်းစဉ်များ၊ သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများလည်း မီးနှင့်များစွာ ဆက်နွယ်သည်။ သူ့တပည့်များ၏ ထိုလမ်းစဉ်တွင် အောင်မြင်မှုများမှာ ပြောင်မြောက်လွန်းသဖြင့် ကောင်းကင်နတ်ဘုံတွင် လူသိများ ကျော်ကြားခဲ့ကြချေသည်။

သို့ထိတိုင် မည်သူမှ မိစ္ဆာမီးတောက်များကို မည်သို့ ကိုင်တွယ်ရမလဲ မသိကြချေ။ တစ်ယောက်မှ မီးကို မငြိမ်းသတ်နိုင် ဖြစ်နေကြသည်။

“အစ်ကိုကြီးကို သွား‌ခေါ်ချေ”

သူတို့မှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်၍ အော်လိုက်ကြသည်။ “အစ်ကိုကြီးကို သွားခေါ်…. မြန်မြန်”

ရုတ်တရက် ဧကရာဇ်တစ်ဦး၏ ဩဇာအရှိန်အဝါက မြို့တစ်မြို့လုံးတွင် ပြည့်နှက်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ဆင်တူ၀တ်ဆင်ထားသည့် ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ဦး ပျံထွက်လာ၏။ သူက မီးတောက်များ အပေါ်သို့ သွားကာ သူ့ကောင်းကင်နတ်သိုင်းဖြင့် ငြှိမ်းသတ်ရင်း ဟိန်းဟောက်လိုက်သည်။ “ငြိမ်းသေစမ်း”

မိစ္ဆာမီးတောက်က တုန်ရီသွားသော်လည်း ငြိမ်းသေမသွားချေ။

ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်က သူ၏ကောင်းကင်နတ်သိုင်းကို ထပ်မံအသက်သွင်း၍ မီးတောက်များကို ဖိနှိပ်ရန် ပို့လွှတ်လိုက်သည်။

“ငြိမ်းစမ်း….ငြိမ်းစမ်း…. ငြိမ်းသွားစမ်း”

မီးတောက်များက ဆက်လက် လောင်ကျွမ်းနေ၍ ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်၏ မျက်နှာထက်တွင် မီးရိပ်များ ထင်ဟပ်လာသည်။ သူ့မှာ သိသိသာသာ အရှက်ရနေ၏။

ချင်မူက အနီးတွင် ရှိပြီး မြင်ကွင်းအား အေးစက်စွာ စိုက်ကြည့်နေသည်။ ဤတစ်ယောက်သည် ယခုထက် ပို၍တော်သင့်သူ ဖြစ်ကြောင်း ခံစားရသဖြင့် သူ မချင့်မရဲ ဖြစ်မိလေသည်။ “ဒီတစ်ယောက်က အရင်က မသင်ခဲ့ဘူးတော့ ဘယ်လို လိုက်ညှိရမလဲမသိဘူး…. ကောင်းကင်နတ်အရှင်ဟွေ့က အမှိုက်ထုပ်တွေကို ပျိုးထောင်ခဲ့တာပဲ”

All Chapters