ဒုတိယ ဘုရားသခင်စော်ကား ကျောက်ပြား
Vol. 6 Ch. 60
“ရတယ်” ကလိုင်းဟာ လေသံ ပြောင်းမသွားအောင် ကြိုးစားပြီး ထိန်းသိမ်းပါတယ်။
သူဟာ ဘယ်ဘက် တံတောင်ဆစ်ကို ကုလားထိုင်လက်တန်းပေါ် တင်ပြီး နဖူးကို လက်ချောင်းတွေနဲ့ ထောက်ကာ တည်တည်ငြိမ်ငြိမ် နားထောင်ပါတယ်။
“အန်တီဂိုနပ်မိသားစုက ရှေးကျတဲ့မိသားစုပဲ... သူတို့ရဲ့ သမိုင်းကြောင်းက စတုတ္ထယုဂ်မတိုင်ခင် ကမ္ဘာပျက်ကပ်ယုဂ်ထိ လိုက်လို့ရတယ်... ပြီးတော့ သူတို့တွေက ဒုတိယမြောက် ဘုရားသခင်စော်ကား ကျောက်ပြားနဲ့ ပတ်သက်နေတယ်”
‘ဒုတိယမြောက် ဘုရားသခင်စော်ကား ကျောက်ပြား... ဘုရားသခင်စော်ကား ကျောက်ပြားက နောက်တစ်ခု ရှိနေတာလား... ဒီကျောက်ပြားက ဘယ်နှခုတောင် ရှိနေတာလဲ’ ကလိုင်းဟာ မျက်ဆံကျုံ့သွားပြီး ကိုယ်အမူအရာ ပြောင်းလုနီး ဖြစ်သွားပါတယ်။
‘လူဇောက်ထိုးနဲ့ တရားမျှတမှုရဲ့ စကားအရဆိုရင် ဘုရားသခင်စော်ကား ကျောက်ပြားမှာ ဘုရားသခင်လမ်းကြောင်း ၂၂ သွယ် ပါဝင်တယ်ဆိုပဲ’
‘ဒီလိုမျိုး အရေးကြီးတဲ့ပစ္စည်းက နှစ်ခုတောင် ရှိနေတာလား... နောက်ပြီး နှစ်ခုမက ရှိနိုင်တဲ့ ဖြစ်နိုင်ခြေကလည်း ရှိသေးတယ်’
‘ဘုရားသခင် လမ်းကြောင်း ၂၂ သွယ်... ဆုံမှတ်နဲ့ လမ်းကြောင်းတွေ... ဒီနှစ်ခုက အဓိပ္ပာယ် အတူတူပဲလား... ပြီးပြည့်စုံတဲ့ ဆုံမှတ်လမ်းကြောင်းတိုင်းက ဘုရားသခင် ဖြစ်လာနိုင်တာလား...’
ဒုတိယမြောက် ဘုရားသခင်စော်ကား ကျောက်ပြား အကြောင်းကို ကြားလိုက်ရတဲ့ အချိန် ချက်ချင်းမှာပဲ ကလိုင်းဟာ အတွေးအများကြီး တွေးမိသွားပါတယ်။ ဖြူမှိုင်းမှိုင်း မြူခိုးတွေရဲ့ ဖုံးကွယ်မှုကြောင့်သာ မဟုတ်ရင် သူ ခံစားချက် ပြောင်းလဲသွားတာကို ပွဲကြည့်သမား မစ္စတရားမျှတမှုက ရှာတွေ့သွားလောက်ပါပြီ။
သူဟာ သမိုင်းပညာရှင် ဖြစ်တဲ့အတွက် ကမ္ဘာပျက်ကပ်ယုဂ်ကိုတော့ အထူးတဆန်း မရှိလှပါဘူး။ ဒါက တတိယယုဂ်ရဲ့ နာမည်ပါ။
မကြာသေးခင်က လေ့လာမှုတွေအရ တတိယယုဂ်ကို ရွှေခေတ်နဲ့ ကမ္ဘာပျက်ကပ်ခေတ်ဆိုပြီး နှစ်ပိုင်း ခွဲခြားလို့ရတယ်ဆိုတာ သူ သိထားပါတယ်။
“ဒုတိယမြောက် ဘုရားသခင်စော်ကား ကျောက်ပြားလား...” အော်ဒရီဟာ ဒီကိစ္စကို လုံးဝမသိပါဘူး။
သူမရဲ့ ခံစားချက်တွေ မငြိမ်သက်ခင်မှာပဲ အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေထဲ ပြန်ဝင်သွားပါတယ်။
‘မေးခွန်းကောင်းပဲ...’ ကလိုင်းဟာ စိတ်ထဲကနေ မစ္စတရားမျှတမှုကို အားပေးပါတယ်။ ဒီမေးခွန်းက သူ မေးချင်ပေမဲ့ အရူးအနေနဲ့ မေးဖို့ မသင့်တော်တဲ့ မေးခွန်းပါ။
အယ်ဂျာဟာ အရူးကို တစ်ချက် ချောင်းကြည့်လိုက်တဲ့အခါ ကိုယ်အမူအရာ ပြောင်းလဲခြင်း မရှိသလို ဘာမှလည်း မပြောတာကို တွေ့လိုက်ရပါတယ်။
“ပထမ ဘုရားသခင်စော်ကား ကျောက်ပြားက ငါတို့ လူသားတွေ နတ်ဘုရားတွေရဲ့ ကာကွယ်မှုအောက်မှာ ရှင်သန်ဖို့ ကြိုးစားရုန်းကန်ရတဲ့ အမှောင်ယုဂ်လို့ခေါ်တဲ့ ဒုတိယယုဂ်မှာ ပေါ်လာခဲ့တယ်... ဒုတိယ ဘုရားသခင်စော်ကား ကျောက်ပြားက တတိယယုဂ်အဆုံးမှာ ပေါ်လာခဲ့တယ်... သူပေါ်လာတာက ကမ္ဘာပျက်ကပ်ယုဂ် အဆုံးသတ်သွားတာကို ကိုယ်စားပြုတယ်”
“ဘုရားသခင်စော်ကား ကျောက်ပြား နှစ်ပြားမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဘုရားကျောင်းကြီး ၇ ကျောင်းက လျှို့ဝှက်ထားတယ်... ငါတောင် နည်းနည်းလေးပဲ သိတယ်... သူတို့တွေက နတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းတွေနဲ့ ပတ်သက်နေတယ်... ဘယ်လိုတွေ ပတ်သတ်ပြီး ဘယ်လိုတွေ ကွဲပြားခြားနားလဲဆိုတာတော့ ငါ မသိဘူး”
“ဧကရာဇ်ရစ်ဆဲလ် မြင်ခဲ့တဲ့ ဘုရားသခင်စော်ကား ကျောက်ပြားက ပထမ ကျောက်ပြားလား... ဒုတိယ ကျောက်ပြားလား” အော်ဒရီက သိချင်စိတ်နဲ့ မေးပါတယ်။
ဒါကို ကြားလိုက်ရတဲ့ ကလိုင်းဟာ ပထမတွေ့ဆုံပွဲတုန်းက အယ်ဂျာပြောခဲ့တဲ့ ဆေးရည်တွေရဲ့ နာမည် အကြောင်းကို တွေးမိလိုက်ပါတယ်။ ဆုံမှတ်ဆေးရည်တွေရဲ့ နာမည်က ဘုရားသခင်စော်ကား ကျောက်ပြားကနေ ဆင်းသက်လာတာလို့ အဲဒီတုန်းက အယ်ဂျာ ပြောခဲ့ပါတယ်။
‘ကပ္ပတိန်ကလည်း ဆေးရည်စနစ်ပေါ်လာပြီး ပြီးပြည့်စုံသွားတာက ဘုရားသခင်စော်ကား ကျောက်ပြား ပေါ်လာတာကို ကျေးဇူးတင်ရမယ်လို့ ပြောဖူးတယ်... ဒါ ဘုရားသခင်လမ်းကြောင်း ၂၂ သွယ်က ဆုံမှတ် လမ်းကြောင်းတွေဆိုတာကို သွယ်ဝိုက်ပြီး အတည်ပြုလိုက်တာပဲ’ ကလိုင်းဟာ စောစောက သူ့မေးခွန်းကို စိတ်ထဲမှာပဲ တိတ်တဆိတ် ဖြေလိုက်ပါတယ်။
အယ်ဂျာက အော်ဒရီရဲ့ မေးခွန်းကို ပြန်ဖြေပါတယ် “ဒုတိယကျောက်ပြား”
အော်ဒရီရဲ့ မျက်လုံးထဲက ဝင်းလက် တောက်ပမှုဟာ ပျောက်ကွယ်သွားပြီး ပွဲကြည့်သမား အခြေအနေကို ပြန်ရောက်သွားပါတယ်။ သူမဟာ မေးခွန်း ဆက်မမေးတော့ဘဲ လူဇောက်ထိုးကိုသာ စူးစူးစိုက်စိုက် ကြည့်ပါတယ်။
သူမရဲ့ အကြည့်စူးစူးက အယ်ဂျာကို မသက်မသာ ဖြစ်သွားစေပါတယ်။ ဒါပေမဲ့ အယ်ဂျာဟာ သူ့ခံစားချက်တွေကို ရင်ထဲမှာပဲ ဖိနှိပ်ပြီး ဆက်ပြောပါတယ်။
“စတုတ္ထယုဂ် ဆော်လမန် မင်းဆက်မှာ အန်တီဂိုနပ်မိသားစုက နာမည်ကြီး အထက်တန်းလွှာတွေထဲ ပါတယ်... ဒါပေမဲ့ သူတို့တွေက ထူဒါအင်ပါယာ ထူထောင်တာကို မထောက်ပံ့ခင်အထိ လှုပ်ရှားမှု ကြီးကြီးမားမား ဘာမှ မရှိခဲ့ဘူး... အဲဒီနောက်ပိုင်းမှာတော့ သူတို့တွေက မြောက်ပိုင်းတိုက်ရဲ့ အလယ်မှာ မားမားမတ်မတ် ရပ်တည်ခဲ့ကြတယ်”
“အဲဒီအချိန်တုန်းက အန်တီဂိုနပ်၊ အေမင်၊ အေဗရာဟန်နဲ့ ဂျေကပ် နာမည်တွေက လူသားနိုင်ငံတွေထဲမှာ နာမည်ကြီးတယ်... ဒါပေမဲ့ ဘုရင်လေးပါး တိုက်ပွဲအပြီးမှာ ထူဒါအင်ပါယာက သွေးဧကရာဇ် သေသွားတယ်... အဲဒီမှာ သူတို့တွေလည်း ထိုင်ခုံပေါ်က ပြုတ်ကျပြီး ဘုရားကျောင်းကြီး ၇ ကျောင်းရဲ့ အမဲလိုက်တာကို ခံရတော့တာပဲ”
“အသေးစိတ် အကြောင်းအရာကိုတော့ ကျွန်တော်လည်း သေချာမသိဘူး... ဒါပေမဲ့ အန်တီဂိုနပ်မိသားစုက ထာဝရည နတ်ဘုရားမ ဘုရားကျောင်းလက်ထဲမှာ ပျက်စီးသွားတယ် ဆိုတာတော့ သိတယ်... မစ္စတာအရူး... လူကြီးမင်း ဒီထက်ပိုပြီး သိချင်ရင်တော့ ထာဝရည နတ်ဘုရားမ ဘုရားကျောင်း ဒါမှမဟုတ် ရှေးဟောင်း လျှို့ဝှက်အဖွဲ့အစည်း တချို့ဆီကပဲ သိရလိမ့်မယ်... ကျွန်တော် ဘယ်အဖွဲ့အစည်းတွေကို ရည်ညွှန်းလဲဆိုတာ လူကြီးမင်း သိမှာပါ”
‘ငါ မသိဘူး’ ကလိုင်းဟာ ရင်ထဲမှာ ခါးသွားပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။
“အင်း...”
‘လျှို့ဝှက်ဂိုဏ်းကတော့ ဒီထဲမှာ ပါတယ်... ကပ္ပတိန်နဲ့ လူအိုကြီးနီးလ်ပြောတဲ့ မိုးဇက်ဂိုဏ်းရောပဲ... စိတ်ပညာ အဂ္ဂိရတ်ဆရာတွေရော ဒီထဲမှာပါလား မသိဘူး...’
ကလိုင်း စဉ်းစားနေတုန်းမှာ အယ်ဂျာဟာ နောက်ဆုံးကျန်တဲ့ သတင်းအချက်အလက်ကို ဆက်ပြောပါတယ်။
“အန်တီဂိုနပ်မိသားစုက ဘယ်ဆုံမှတ်လမ်းကြောင်းကို ကိုင်ထားလဲ ဆိုတာလည်း ကျွန်တော် မသိဘူး... ဒါပေမဲ့ အန်တီဂိုနပ်မိသားစုအကြောင်း ပြောရင် ထပ်ခါထပ်ခါပေါ်လာတဲ့ စာလုံးနှစ်လုံးတော့ ရှိတယ်... ထူးဆန်းတာနဲ့ ကြောက်စရာကောင်းတာပဲ”
‘ထူးဆန်းတာနဲ့ ကြောက်စရာကောင်းတယ်... မှတ်စုစာအုပ်ကြောင့် အရင်ကလိုင်းနဲ့ သူ့အတန်းဖော်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ရေးဘီဘာ အမေ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးကြည့်ရင် ဒီစာလုံးနှစ်လုံးက လုံးဝကို ကွက်တိပဲ’
ကလိုင်းဟာ ကြေးစားပွဲရှည်ကို လက်ချောင်းတွေနဲ့ လေငါးဆယ်ကြိမ် ဆက်တိုက် တောက်ပြီး တစ်လုံးချင်း စကားစပြောပါတယ်။
“အင်း... မင်းရဲ့ ပေးချေမှုကို ငါ ကျေနပ်တယ်”
သူ စားပွဲကို လက်ချောင်းတွေနဲ့ ဆက်တိုက် တောက်နေတာက ဒီအပြုအမူကို သိသာစေချင်လို့ပါ။ တရားမျှတမှုနဲ့ လူဇောက်ထိုးကို ဒီလိုတောက်တာက သူ့အကျင့်လို့ ထင်စေချင်တာကြောင့်ပါ။ ဒါမှ သူ စိတ်ဝိညာဉ်အာရုံ ဖွင့်တာ ပိတ်တာကို လျှို့ဝှက်ထားနိုင်မယ် မဟုတ်ပါလား။
“ကျေးဇူးပါပဲ” အဲဒီနောက် အယ်ဂျာဟာ ဘာမှ ထပ်မပြောပါဘူး။
အော်ဒရီဟာ လူဇောက်ထိုးကို တစ်ချက်ကြည့်ပြီးနောက် အရူးကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ခပ်ယဲ့ယဲ့ပြုံးပြီး...
“အဲဒါဆိုရင် ကျွန်မ ဒုတိယမေးခွန်း မေးချင်တယ်... ပွဲ့ကြည့်သမား နောက်ပိုင်း ဆေးရည်နာမည်တွေက ဘာတွေလဲ... ကျွန်မ သဲလွန်စတွေကို ဘယ်နေရာကနေ ရှာနိုင်မလဲ”
‘ငါလည်း အဲဒီလို တဲ့တိုးကြီး မေးချင်တယ်... ဒါပေမဲ့ ရွေးချယ်မှု မတူတော့ အခက်အခဲကလည်း မတူဘူး...’ ကလိုင်းဟာ ဘာမှမပြောဘဲ လူဇောက်ထိုးကို ကြည့်လိုက်ပါတယ်။
အယ်ဂျာဟာ သုံးလေးစက္ကန့်လောက် တိတ်ဆိတ်နေပြီးမှ “ကျွန်တော်က ခင်ဗျားကို ဒီလမ်းကြောင်းထဲ ဦးဆောင် ခေါ်ခဲ့တာဆိုတော့ ဒီမေးခွန်းကို အလကား ဖြေပေးပါ့မယ်”
“ပွဲကြည့်သမား နောက်ပိုင်း ဆုံမှတ် ၈ ဆေးရည် နာမည်က မနောဆက်သမား... ဆုံမှတ် ၇ ဆေးရည်ရဲ့ ရှေးနာမည်ကတော့ စိတ်ဝိညာဉ် စိစစ်သမား... အခုတော့ စိတ်ရောဂါ အထူးကု ဆရာဝန်လို့ ခေါ်တယ်... ဒါက ကျွန်တော် စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဝင်တစ်ယောက်ဆီကနေ သိထားတာ... ဒီလမ်းကြောင်းအတွက် ဆေးရည် ဖော်မြူလာက တော်တော် များလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
‘စိတ်ပညာ အဂ္ဂိရတ်သမား... နတ်ဝင်သည်ဒေလီက သူတို့ရဲ့ သီအိုရီကို လက်ခံတယ်... ဒါပေမဲ့ ကပ္ပတိန်က သူတို့ကို မိစ္ဆာတွေ ရူးသွပ်တဲ့လူတွေလို့ မြင်တယ်...’ ကလိုင်းဟာ နားထောင်ရင်း အတွေးနက်သွားပါတယ်။
“စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဝင်တစ်ယောက်ယောက် ဘယ်မှာနေလဲဆိုတာကို ရှင် သိလား” အော်ဒရီဟာ မှိုရတဲ့မျက်နှာနဲ့ မေးပါတယ်။
မနောဆက်သမားပဲဖြစ်ဖြစ် စိတ်ရောဂါ အထူးကု ဆရာဝန်ပဲဖြစ်ဖြစ် နာမည်နှစ်ခုစလုံးကို သူမ စိတ်ဝင်စားပါတယ်။
အယ်ဂျာဟာ ရှားရှားပါးပါး ရယ်မောလိုက်ပါတယ် “ဟားဟား... ကျွန်တော် သိတယ်... သူက ဆိုနီယာကျွန်းနားက ပင်လယ် တစ်ဝိုက်မှာနေတယ်... သူ့ကို ကျွန်တော်ကိုယ်တိုင်ပဲ ပင်လယ်ရေအောက် ပို့ခဲ့တာ”
“ခင်ဗျား စိတ်ပညာ အဂ္ဂိရတ်သမားတွေကို ရှာချင်တယ် ဆိုရင်တော့ သဲလွန်စကို ဖျောက်မိလို့ ကျွန်တော် တောင်းပန်ပါတယ်”
အယ်ဂျာဟာ တရားမျှတမှုက သူ့ကို ဒီကိစ္စကနေ ရှာတွေ့သွားမှာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ဒီလိုလုပ်ခဲ့တာကို တခြားလူတွေ မသိလို့ပါပဲ။
“ပင်လယ်ရေအောက် ပို့လိုက်တယ်...” အော်ဒရီဟာ ကြောင်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။
သူမဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပြီး ရုတ်တရက်ဆိုသလို ပွဲကြည့်သမားလိုမျိုး မနေနိုင်တော့ပါဘူး။ သူမဟာ ရှက်ရှက်နဲ့ပဲ ထပ်မေးပါတယ်။
“တတိယမေးခွန်း... အင်း... တကယ်လို့... ကျွန်မ မေးချင်တာက သာမန်တိရစ္ဆာန်တစ်ကောင် ဆုံမှတ် ၉ ဆေးရည်ကို သောက်လိုက်ရင် ဘာဖြစ်သွားမလဲ”
‘ဒါက ဘယ်လိုမေးခွန်းမျိုးကြီးလဲ’ ကလိုင်းဟာ လက်ချောင်းတွေနဲ့ နဖူးလယ်ကို မသိမသာ တောက်လိုက်ပါတယ်။ ချက်ချင်းဆိုသလို သူဟာ အော်ဒရီရဲ့ ခံစားချက် ရောင်ဝါ ပြောင်းလဲသွားတာကို သတိထားမိလိုက်ပါတယ်။ သူမရဲ့ ခံစားချက်တွေက ထိတ်ထိတ်ပျာပျာနဲ့ ရင်ဖိုပြီး နည်းနည်း ရှက်ရွံ့နေပါတယ်။
‘သူ အဲဒီလောက်ထိ မိုက်မဲတာကို လုပ်ခဲ့တာလား...’ ကလိုင်းဟာ အံ့အားသင့်သွားပေမဲ့ ထူးဆန်းတယ်လို့တော့ မခံစားရပါဘူး။ ပြီးခဲ့တဲ့ တွေ့ဆုံပွဲနှစ်ခုကနေ မစ္စတရားမျှတမှုက နည်းနည်း အ,တယ်ဆိုတာကို သူ သိထားတယ် မဟုတ်ပါလား။
လူဇောက်ထိုး အယ်ဂျာလည်း ကြက်သေသေသွားပြီး တစ်အောင့်ကြာမှ အဖြေပြန်ပေးပါတယ်။
“သာမန်တိရစ္ဆာန်တွေက လူသားဦးနှောက် မရှိတော့ တွေးခေါ်မှုကို အချိန်မီ သင်ယူနိုင်မှာ မဟုတ်ဘူး... အဲဒီတော့ ချက်ချင်းသေရင်သေ မသေရင် မွန်းစတား ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ သူတို့တွေ ဒါကို ကျော်ဖြတ်နိုင်ရင် ထူးခြားသက်ရှိ ဖြစ်သွားလိမ့်မယ်... ဆေးရည်ရဲ့ စွမ်းအားက အသိဉာဏ်ကို တိုးမြှင့်ပေးနိုင်ရင် သူတို့တွေ ပိုပြီးတော့ ဉာဏ်ကောင်းလာလိမ့်မယ်”
“ဟင်း...” အော်ဒရီဟာ တိတ်တဆိတ် သက်ပြင်းချပြီး ခေါင်းညိတ်ကာ လေသံအေးနဲ့ ပြောပါတယ် “ကျွန်မမှာ တခြားမေးခွန်း မရှိတော့ပါဘူး”
အယ်ဂျာဟာ တစ်ခဏ စဉ်းစားပြီးနောက် အော်ရိုရာဂိုဏ်းနဲ့ အကြားဆရာ ကိစ္စကို မပြောတော့ပါဘူး။ သူလည်း ခေါင်းခါပြီး “ကျွန်တော်မှာလည်း မရှိတော့ပါဘူး”
“ငါ့မှာ ပြောစရာ နည်းနည်း ရှိတယ်” ကလိုင်းဟာ ကိုယ်အမူအရာ မပြောင်းဘဲ အပြုံးနဲ့ ပြောပါတယ် “မင်းတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတယ်”
သူဟာ စိတ်ဝိညာဉ်အာရုံကို မပိတ်ရသေးတဲ့အတွက် လူဇောက်ထိုးဆီကနေ ရင်တုန်းပန်းတုန် ဖြစ်သွားတဲ့ အရိပ်အယောင်ကို တွေ့လိုက်ရပါတယ်။ မစ္စတရားမျှတမှုကတော့ ရိုးရှင်းတဲ့အတွက် ကြောက်လည်း မကြောက်သလို သိပ်လည်း ဂရုမစိုက်ပါဘူး။
သူတို့တွေ ဘာမှပြန်မပြောခင်မှာပဲ ကလိုင်းက နှစ်သိမ့်စကား ပြောပါတယ် “မစိုးရိမ်ပါနဲ့... သာမန်ကိစ္စလေးပါ... ဒီကိစ္စအောင်မြင်ရင် မင်းတို့အတွက် အကျိုးများလိမ့်မယ်... ငါလည်း သက်သာလိမ့်မယ်”
“ပြောပါ” အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေထဲ ဝင်လိုက်ပေမဲ့ အရူးကို လွှမ်းမိုးနေတဲ့ ထူထဲတဲ့ မြူခိုးတွေကို ထိုးဖောက် မမြင်နိုင်ပါဘူး။
“လူကြီးမင်းရဲ့ အလိုအတိုင်းပါ” အယ်ဂျာဟာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး ပြန်ဖြေပါတယ်။
ကလိုင်းဟာ လက်ချောင်းတွေ ရွှေ့လျားပြီး အပြုံးနဲ့ ပြောပါတယ် “အရင်တုန်းက မင်းတို့တွေ ခွင့်တိုင်နိုင်အောင် စမ်းသပ်မှုတချို့ လုပ်မယ်လို့ ငါ ပြောခဲ့တယ်... အဲဒီလိုဆိုရင် မင်းတို့တွေ တနင်္လာနေ့လယ်ခင်းမှာ မသင့်လျော်တဲ့ အခြေအနေမှာ ရှိနေမှာ စိုးရိမ်စရာ မလိုတော့ဘူး”
“ဟုတ်တယ်... အဲဒါက ကျွန်မတို့ လိုချင်တဲ့အရာပဲ”
“ကျွန်တော်တို့တွေ ဘာလုပ်ဖို့ လိုလဲ” အယ်ဂျာက တွေးပြီး မေးပါတယ်။
“မင်းတို့တွေ အားလပ်ချိန်မှာ အစီအရင်တစ်ခုကို စမ်းလုပ်ကြည့်ချည်... သိပ်ပြီး ခမ်းနားစရာ မလိုပါဘူး... မင်းတို့တွေ နှောင့်ယှက်မခံရတဲ့ ပတ်ဝန်းကျင်မှာ ရှိနေရင် ရပြီ... ဖယောင်းတိုင်အသစ် လေးတိုင်ကို ယဇ်ခုံပေါ်တင်... ထောင့်လေးထောင့်မှာထား... စန္ဒကူးအနံ့ရှိတဲ့ ဖယောင်းတိုင်ဆိုရင် ပိုကောင်းတယ်...”
“ပေါင်မုန့်ဖြူတစ်လုံးကို ဘယ်ဘက် အပေါ်ထောင့်က ဖယောင်းတိုင်နားမှာထား... ဖေးနာပေါ်တာ ခေါက်ဆွဲတစ်ပန်းကန်ကိုတော့ ညာဘက် အပေါ်ထောင့်က ဖယောင်းတိုင်နားမှာထား... စပိန်ထမင်းကြော်ကို ဘယ်ဘက်အောက်ထောင့်က ဖယောင်းတိုင်နားနဲ့ ဒေစီမုန့်ချပ်ကို ညာဘက်အောက်ထောင့်က ဖယောင်းတိုင်နားမှာထား... ပြီးရင် ငွေဓားသုံးပြီး စိတ်ဝိညာဉ် သန့်ရှင်းအောင် ပတ်ဝန်းကျင်ကို ချိပ်ပိတ်ချည်...”
ကလိုင်းဟာ သူ ပြုပြင်ထားတဲ့ ကံကောင်းစေတဲ့ အစီအရင်ကို ပြောပြပြီး မစ္စတရားမျှတမှုကို စိတ်ဝိညာဉ် သန့်စင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လို ဖန်တီးရမလဲဆိုတာ အလကား သင်ပေးပါတယ်။
အမှန်အတိုင်း ပြောရရင် ဒီအစီအရင်က သူ့ကို ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် တည်ရှိမှု စိတ်ဝင်စားအောင်လုပ်တဲ့ အပိုင်းကို လုံးဝ ချန်ထားခဲ့လို့ရပါတယ်။ ဒါပေမဲ့ သူဟာ ဒီအပိုင်းကို အရေးကြီးတဲ့ အပိုင်းအနေနဲ့ ပြောပါသေးတယ်။ သူ့အစီအရင်က လူအိုကြီးနီးလ် သင်ပေးထားတဲ့ ဒုတိယ နတ်ဘုရား တတိယ ကိုယ်တိုင် ဆိုတာနဲ့တော့ မကိုက်ညီပါဘူး။
“လပန်း၊ ရွှေရောင်ပင်စိမ်း၊ ညအိပ်ပန်း၊ နတ်ဘုရားလက်နဲ့ ကျောက်နှင်းဆီကို အတူရောပြီး အဆီထုတ်ချည်... အဲဒီကရလာတဲ့ အဆီကို ဖယောင်းတိုင် လေးတိုင်ပေါ် တစ်စက်ဆီချ...”
အော်ဒရီဟာ စိတ်ဝင်တစား နားထောင်ပြီး အကုန်လုံး လိုက်မှတ်ပါတယ်။ ကလိုင်းပြောလို့ ပြီးသွားတဲ့အခါမှာတော့ သူမက မေးခွန်းထုတ်ပါတယ် “မန္တန်ရော... မစ္စတာအရူး... ဒီအစီအရင်အတွက် ရွတ်ရမဲ့ မန္တန်ကရော...”
အယ်ဂျာလည်း ဖောင်တိန်နဲ့ စာရေးနေတာကို ရပ်ပြီး အရူးကို လှမ်းကြည့်ပါတယ်။
မီးခိုးရောင် မြူခိုးနောက်က ကလိုင်းဟာ စားပွဲစွန်းကို လက်နဲ့ အသာတောက်ပြီး ဟာမီးဘာသာနဲ့ အသံ အနိမ့်အမြင့်မရှိဘဲ...
“ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး... သင်ဟာ မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူပါ... သင်ဟာ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။