← Chapters

သောမတ်ပေးသော ညလင်းကျောက်စိမ်းခြင်္သေ့နှင့်မျိုးစိတ်ပြောင်းမြက်! ၃

Vol. 33 Ch. 482

သောမတ်ပေးသော ညလင်းကျောက်စိမ်းခြင်္သေ့နှင့်မျိုးစိတ်ပြောင်းမြက်! ၃

Vol. 33 Ch. 482

ခြင်္သေ့လေးကမွေးမြူရေးခြံထဲရောက်ရောက်ချင်း မြူးတူးစွာပြေးနေသည်။

အလွန်ပျော်နေပုံရသည်။

တစ်ပတ်ပြေးပြီးနောက် ချင်လင်နားပြန်လာပြီးသူ့ကိုပတ်ပြေးနေသည်။ ကစားကွင်းတွေ့သောကလေးငယ်လိုပျော်မြူးနေ၏။

ချင်လင်က ခြင်္သေ့လေးနှင့်ခဏကစားပြီး ဂိမ်းထဲမှထွက်လိုက်သည်။ ဂိမ်းဖန်သားပြင်ကိုပြန်ကြည့်လိုက်သောအခါ ခြံအဆင့်တက်ကြောင်းအချက်အလက်ရလိုက်သည်။

အဆင့်တက်ပြီးနောက် ကြက်ခြံ၊ဘဲခြံကဲ့သို့အခြေခံလိုအပ်ချက်များအပြင် နောက်ထပ်ဆောက်နိုင်သောနေရာသုံးခုရှိလာသည်။

တစ်ခုကမြင်းဇောင်းပင်။ စနစ်က'အခမဲ့'ဟုဖော်ပြထား၍ မြင်းလက်ဆောင်ရသောကြောင့် စနစ်ကဆောက်ပေးထားပုံရသည်။ အခမဲ့အထောက်အပံ့ဟုယူဆနိုင်သည်။

ဖိုရမ်အရ ဒီလိုအခမဲ့အထောက်အပံ့မျိုးကို အကောင်ပေါက်ဝယ်မွေးဖို့မသုံးနိုင်ဘဲ ခြင်္သေ့လေးအတွက်သာသုံးနိုင်သည်။

နောက်နှစ်ခုက ငှက်သိုက်နှင့်ဝက်ခြံဆောက်နိုင်သောနေရာဖြစ်သည်။ ထိုနှစ်နေရာမှာအဆင့်ကန့်သတ်ချက်ရှိ၍ အဆင့်မြှင့်ပြီးမှသာဆောက်နိုင်မည်။



ဒီနှစ်နေရာမှာအကောင်ပေါက်ဝယ်မွေးနိုင်တယ်ဆိုပေမဲ့ ငှက်သိုက်နဲ့ဝက်ခြံကိုတစ်တန်းတည်းထားတာ ဂိမ်းစီစဉ်သူရဲ့ဦးနှောက်ကအခန်းပြတ်နေတာလား?

ထို့နောက် ချင်လင်၏အာရုံက ငှက်သိုက်နဲ့ဝက်ခြံမှာမရှိတော့။ စနစ်ကသတိပေးသံထွက်လာသောကြောင့်ပင်။ စနစ်အဆင့်မြှင့်ပြီး အသစ်ဖွံ့ဖြိုးသောမွေးမြူရေးခြံတွင် စားကျက်မြေလုပ်ရန်လိုသည်။ ပြီးရင် တိရစ္ဆာန်များအတွက်အစာလုပ်ရမည်။

နောက်ပြီး စားကျက်မြေမရှိရင် တိရစ္ဆာန်များ၏အခြေအနေကိုသက်ရောက်မှုရှိနိုင်သည်ဟုလည်း စနစ်ကသတိပေးထားသည်။

ချင်လင်သဘောပေါက်သွား၏။

ခြင်္သေ့လေးလိုမြင်းတစ်ကောင်အနေနဲ့ မြက်ခင်းပြင်မရှိရင် လမ်းပျောက်နေလိမ့်မည်။

ထို့ကြောင့်မြင်းမွေးရန် အရင်ဆုံးမြက်ခင်းပြင်ရှိရမည်။

အကောင်ပေါက်လေးတွေမွေးသလို သတ္တုမြို့တော်မှာစားကျက်မြေအတွက်ဝယ်ဖို့ နောက်ထပ်မွေးမြူရေးဆိုင်ကြီးကိုသွားရပေမည်။

သူကဂိမ်းဇာတ်ကောင်ကို NPC မွေးမြူရေးခြံပိုင်ရှင်ဆီသွားစေပြီး အဝယ်စာရင်းကိုနှိပ်လိုက်သည်။ ထင်သည့်အတိုင်း စားကျက်​မြေအတွက်စာရင်းအခွဲပါသည်။

ဘိုးဘွားပိုင်မြက်ခင်းမှာ အမျိုးအစားတစ်ခုသာဖြစ်ပြီး တခြားမျိုးစိတ်များစွာရှိသည်။

ထို့ကြောင့် စာရင်းတွင်ပါသောစားကျက်မြေအမျိုးအစားများမှာ:

မှိုကြီးမြက်၊ မက္ကဆီကိုပြောင်းမြက်၊ ဧကရာဇ်ဝါးမြက်၊ ပဲရိုင်းဖြူ၊ ရှာတဝမ်၊ ခွေးသွားစိတ်မြက် စသည်။

စံအိမ်စိုက်ခင်းထဲတွင် စိုက်ခင်းအတွက်အထူးပျိုးထောင်ထားသောခွေးသွားစိတ်မြက်ကိုသုံးထားသည်။

ချင်လင်ကစားကျက်မြေမျိုးစေ့ကိုကြည့်ပြီး တခဏတော့ ဘာရွေးရမှန်းမသိ။ စံအိမ်စားကျက်မြေလိုခွေးသွားစိတ်မြက်ကိုပဲရွေးရမလား?

သူတွေးတောရင်း စာရင်းကိုဆွဲချကြည့်လိုက်ရာ အထူးမျိုးစေ့တစ်မျိုးတွေ့ရသည်။

(ခွေးသွားစိတ်မြက်မျိုးစေ့: အရည်အသွေး ၂)

(စားကျက်မြေအတွက်အထူးပျိုးထောင်ထားသော ခွေးသွားစိတ်မြက်စပ်မျိုးဖြစ်သည်။ ရေရှည်သုတေသန၊ အထပ်ထပ်စစ်ဆေးခြင်းနှင့် အဆင့်ဆင့်မွမ်းမံပြီး ရွေးချယ်ထားသောမျိုးစိတ်ဖြစ်သည်။ စိုက်ပြီးလျှင် ရှင်သန်နိုင်စွမ်းမြင့်ပြီး သာမန်ခွေးသွားစိတ်မြက်မျိုးထက်အကြီးမြန်သည်။ နွားကျောင်းသားများအကြားအလွန်နာမည်ကြီးပြီး အထူးအာနိသင်ရှိသည်။ မြေအနေအထား၊ပတ်ဝန်းကျင်က ဂိမ်းမျိုးစေ့အပေါ် သက်ရောက်မှုမရှိ။)

နောက်ထပ်ကြယ်ပွင့်နှင့်မျိုးစေ့ဖြစ်ပြီး ခွေးသွားစိတ်မြက်ဖြစ်နေသည်။

ချင်လင်ကမြင်မြင်ချင်း မျိုးစေ့ကိုယူလိုက်၏။

ဘာလို့ရွေးနေဦးမှာလဲ?

ဒါပဲ။

ပြီးတော့ မှတ်ချက်ကနည်းနည်းမယုံနိုင်စရာ။

မြေအနေအထားနဲ့ပတ်ဝန်းကျင်က ဂိမ်းမျိုးစေ့အပေါ် သက်ရောက်မှုမရှိပါတဲ့။ ဒီတော့ လက်တွေ့ဘဝမှာလည်း အရည်အသွေး ၂ စားကျက်မြေမျိုးစေ့က အရည်အသွေး ၂ ပဲဆိုတဲ့သဘောလား?



နည်းနည်းအံ့ဩဖို့ကောင်းပုံရသည်။

အရည်အသွေး ၂ မြက်၏အထူးအာနိသင်ကို သူမျှော်လင့်စောင့်စားမိသည်။

အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့နည်းနည်းဝယ်ပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်ကိုခြံထဲတန်းပြန်စေပြီး အသစ်ဖွင့်ထားသောခြံတွင်စားကျက်မြေချက်ချင်းစိုက်စေသည်။

ခွေးသွားစိတ်မြက်မျိုးစေ့အိတ်က တခြားသီးနှံမျိုးစေ့အိတ်လေးများနှင့်မတူဘဲ အတော်ကြီးသည်။

မနက်စောစောတွင် ချင်လင်အိပ်ရာနိုးလာပြီး ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ခွေးသွားစိတ်မြက်ကြီးနေပြီဖြစ်၍ မွေးမြူရေးခြံမှာစိမ်းစိုနေသည်။

ခြင်္သေ့လေးမှာထိုစိမ်းစိမ်းပေါ်ပြေးပြီး ခေါင်းငုံ့ကာမြက်စားနေ၏။ စားရင်းသူ့ခေါင်းပေါ်တွင် အနီရောင်အသဲပုံလေးပေါ်လာပြီး ဝမ်းသာအားရစားနေကြောင်းဖော်ပြထားသည်။ စားတိုင်းစားတိုင်း အနီရောင်အသဲပုံကပေါ်လာသည်။

ထို့ကြောင့် ခွေးသွားစိတ်မြက်၏အာနိသင်ကို ချင်လင်နည်းနည်းစူးစမ်းကြည့်သည်။

မြင်းကမြက်စားနိုင်တယ်ဆိုပေမဲ့ ဝမ်းသာအားရစားတယ်ဆိုတဲ့သဘောက လုံးဝသာမန်မဟုတ်လို့ပဲ။

ချင်လင်ကဂိမ်းဇာတ်ကောင်ကိုစိုက်ခင်းဆီသွားပြီး မနက်ပိုင်းမှည့်သောသီးနှံများခူးကာ သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် အိပ်ရာထ၊ မနက်စာစားပြီး ဂိုဒေါင်ဘက်ထွက်လာသည်။ ပြီးလျှင် ဂိမ်းထဲဝင်၍ စားကျက်မြေဆီတန်းသွားလိုက်၏။

အရင်ဆုံးဧကရာချီမြင်ခင်းပြင်ကြီးတွေ့လိုက်ရသောကြောင့် အလွန်စိတ်အေးချမ်းသွားသည်။ သူ့စိတ်နဲ့ဝိဉာဉ်ကသက်သာရာရသွားသလို စိတ်ပြေလျော့ပြီးပျော်ရွှင်လာသည်။

လျှောက်ရင်းလျှောက်ရင်း မြက်ခင်းပြင်မှာလို အလွန်ကောင်းပြီးလန်းဆန်းသောမြက်ရနံ့ကိုရလာသည်။

ခံစားချက်က အလွန်အံ့ဩဖို့ကောင်းသည်။

ဒါခွေးသွားစိတ်မြက်ရဲ့အထူးအာနိသင်ကြောင့်ဖြစ်ရမည်။

ဘာရယ်မဟုတ် စံအိမ်ကမွေးမြူရေးခြံကိုသူသတိရသွား၏။ မြင်းပြိုင်ကွင်းသက်သက်က ဧက ၃၀၀၊ မွေးမြူရေးခြံကပိုတောင်ကျယ်သေးသည်။

ဒီလိုစားကျက်မြေမျိုးစိုက်ထားပြီး တစ်ပြင်လုံးအပင်ဖြစ်သွားရင် ဘယ်လောက်ခမ်းနားလိုက်မလဲ?

ခြင်္သေ့လေးကသူ့ကိုမြင်လျှင် အသံပေးပြီးဝမ်းသာအားရပြေးလာသည်။ သူ့ကိုနှစ်ပတ်ပတ်၍ သူ့ခေါင်းနှင့်တောင်ခွေ့နေ၏။

ချင်လင်က ခြင်္သေ့လေး၏အမွေးနုကိုပွတ်သပ်ပြီး ငုတ်တုပ်ထိုင်ချ၍ခွေးသွားစိတ်မြက်ခူးကြည့်လိုက်ရာ မှတ်ချက်ကိုမြင်ပြီး သူ့မျက်လုံးအရောင်တောက်သွားလေသည်။



All Chapters