← Chapters

သောမတ်ပေးသော ညလင်းကျောက်စိမ်းခြင်္သေ့နှင့်မျိုးစိတ်ပြောင်းမြက်! ၂

Vol. 33 Ch. 481

သောမတ်ပေးသော ညလင်းကျောက်စိမ်းခြင်္သေ့နှင့်မျိုးစိတ်ပြောင်းမြက်! ၂

Vol. 33 Ch. 481

ဇာတ်ကွက်တာဝန်ပြီးသည်နှင့် သောမတ်ကဆက်မနေတော့။ ဆက်နေရင် ပိုက်ဆံတောင်းခံမည့်အတိုင်း ကောင်လေးကိုထားပြီး အလောတကြီးထွက်သွားသည်။

(ဂုဏ်ယူပါတယ်... မြင်းပေါက်လေးရပါပြီ... သင်နဲ့ချည်ထားပြီးပါပြီ!)

ဂိမ်းထဲတွင် ချင်လင်ကဂိမ်းဇာတ်ကောင်ကိုမြင်းပေါက်ရှေ့ရပ်စေလိုက်သည်။ မြင်းပေါက်ကလည်း ချက်ချင်းသူ့ရှေ့ခေါင်းထိုးလိုက်ရာ သူ့ခေါင်းပေါ်တွင်အနီရောင်အသဲပုံလေးပေါ်လာသည်။

ဒါကလည်း စိုက်ပျိုးမွေးမြူရေးခြံကိုကစားသူများကြိုက်ရခြင်းအကြောင်းတစ်ချက်ပင်။ အရိုးရှင်းဆုံးနည်းနှင့်ဖော်ပြထားသော်လည်း ကစားသူများကတိရစ္ဆာန်များနှင့်ကစားသောအခါ သူတို့ခေါင်းပေါ်မှအနီရောင်အသဲပုံလေးမြင်ပြီး တိရစ္ဆာန်ကတကယ်ပျော်နေသည်ဟုထင်ကြပေမည်။

ထို့နောက် ချင်လင်ကရုံးခန်းတံခါးလော့ချပြီးဂိမ်းထဲဝင်လိုက်သည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ကောလိပ်တုန်းကမြင်းစီးကလပ်ကိုသူ့အတန်းဖော်များနှင့်သုံးလေးကြိမ်လိုက်ဖူးသည်မှလွဲ၍ တခြားနေရာမှာမြင်းမမြင်ဖူးချေ။

အဲဒီတုန်းက ဒုတိယမျိုးဆက်သူဌေးသားကသူတို့ကိုသူရဲကောင်းလိုအတွေ့အကြုံမျိုးပေးခဲ့သည်။ သူတို့ကမြင်းစီးမကျွမ်းကျင်သော်လည်း သဘောကျသည်။

ထိုဒုတိယမျိုးဆက်သူဌေးသားက မြင်းအပြေးလမ်းကြောင်းထဲခဏလောက်မခေါ်တာတော့ နှမြောစရာ။ တစ်ဆောင်တည်းသားများနှင့်တောင် မကစားဖူးပေ။

ထိုအတောအတွင်း ဒုတိယမျိုးဆက်သူဌေးသား၏တစ်ကိုယ်တည်းလုပ်ရပ်များကို ကျောင်းကသိသွားသောကြောင့် ဒုတိယမျိုးဆက်သူဌေးသားအထုတ်ခံလိုက်ရသည်။ ဆရာမတစ်ဦးကိုကိုယ်ထိလက်ရောက်ပြုခြင်း၊ရိုင်းစိုင်းခြင်းများရှိခဲ့သည်တဲ့။ ကိုယ်ဝန်တောင်ဖျက်ချခဲ့ပုံရ၏။

ကျောင်းထုတ်ခံရပြီးနောက် သူကဆရာမနှင့်အတူထွက်သွားသည်။

နောက်မှအားလုံးသိလိုက်ရသည်မှာ ထိုကိစ္စတွင်ပြည်သူအမြင်မှားအောင် တစ်ဆောင်တည်းသားတစ်ယောက်က ဖိုရမ်တွင်တင်လိုက်ခြင်းကြောင့်ဖြစ်လေသည်။ မဟုတ်ရင် ကျောင်းထုတ်ရလောက်အောင်အထိဖြစ်ခဲ့မည်မဟုတ်ပေ။

သူဒီအကြောင်းသိလိုက်ရတုန်းက မယုံနိုင်ခဲ့။



ထိုဒုတိယမျိုးဆက်သူဌေးသားက သူ့ချမ်းသာမှုကိုကြွားဝါချင်စိတ်ရှိသော်လည်း အားလုံးအပေါ်ကောင်းသည်။ တစ်ဆောင်တည်းသားကဒီလိုလုပ်မယ်လို့ဘယ်သူထင်မလဲ?

ထိုဖြစ်ရပ်ပြီးနောက်ပိုင်း သူလည်းအဆောင်သားများနှင့်ခပ်တန်းတန်းဖြစ်သွားသည်။ ကျောင်းအပြင်တွင်အိမ်ငှားပြီး ကျောက်မိုချင်းနှင့်အတူတူနေခဲ့သည်။

ဘယ်သူကလူ၊ ဘယ်သူကဘီလူးမှန်းမသိမှတော့ အားလုံးနှင့်ခပ်ဝေးဝေးနေတာကောင်းသည်။

ဂိမ်းထဲဝင်ဝင်ချင်း ချင်လင်ကသူ့ပါးတွင်အမွေးအမျှင်ကိုခံစားမိသည်။ မြင်းဖြူလေးကခေါင်းနှင့် သူ့မျက်နှာကိုလာပွတ်နေသည်။

ချင်လင်ကချက်ချင်း မြင်းဖြူလေး၏ခေါင်းကိုဖက်လိုက်သည်။ မြင်းဖြူလေးကနက်မှောင်တောက်ပြောင်သောပုတီးလုံးလိုမျက်လုံးများနှင့် သူ့ကိုကြည့်လာ၏။ သူ့မျက်လုံးမှာ အသိဉာဏ်နှင့်ပျော်ရွှင်မှုကိုတွေ့ရသည်။

အပြင်မှာမြင်းဖြူလေးကပိုလှသည်။ ခေါင်းမှခြေဖျားအထိဖြူဆွတ်နေပြီး နည်းနည်းအရောင်မရော။ အလွန်လှသောကြောင့် တစ်ချက်ကြည့်ရုံနှင့်သဘောကျသွားလိမ့်မည်။

တိရစ္ဆာန်များတွင် ဒီလိုအမွေးဖြူကပိုလှပုံရသည်။ မြေခွေးဖြူရှောင်ရွှယ်နှင့် အခုမြင်းဖြူလေးအတူတူပင်။

တစ်ချိန်တည်းမှာ ချင်လင်လည်းမြင်းဖြူလေး၏မှတ်ချက်ကိုမြင်ရသည်:

(အမည်ပေးနိုင်သည် - မြင်းဖြူလေး: စီးမြင်း!)

(ကျားချန်၏မိုင်ထောင်ချီမြင်းသွေးနှောထားသည်ဟုကောလာဟလရှိသော သွေးနှောမြင်းဖြစ်သည်။ သိမ်မွေ့သည်။ လူယဉ်သည်။ ဉာဏ်ရည်အလွန်မြင့်သည်။ အရွယ်ရောက်လျှင် အလွန်ကောင်းသောစီးမြင်းဖြစ်လာမည်။)

မှတ်ချက်ကိုကြည့်ပြီး ဂိမ်းကထုတ်တဲ့စီးမြင်းကဉာဏ်ရည်မြင့်ပြီးအလွန်ကောင်းကြောင်း ချင်လင်ဝန်ခံရပေမည်။

သို့သော် မြင်းဖြူလေးကသွေးနှောဆိုသောကြောင့် သူအံ့ဩမိသည်။

ကျားချန်မိုင်ထောင်ချီမြင်းမှာပျောက်ကွယ်လုနီးနီးဖြစ်နေပြီ။

ဒီအချက်မြင်မှ မြင်းဖြူလေး၏စီးမြင်းဆိုသောမှတ်ချက်ကိုသူလည်းသဘောပေါက်သည်။

ဒီလိုမြင်းမျိုးကို ဟိုးအရင်ကတည်းကစစ်မြင်းအဖြစ်ဦးစားပေးရွေးချယ်ကြသောကြောင့်ပင်။



နောက်ပြီး ရှေးကတည်းကစစ်မြင်းအဖြူမှာ ဂုဏ်အဆင့်အတန်းမြင့်ပြီး နာမည်ကျော်စစ်သူကြီးအတော်များများ မြင်းဖြူစီးကြသည်။

ရှေးခေတ်တိုက်ပွဲများတွင် မြင်းဖြူနှင့်အဖြူရောင်ဝတ်ရုံစစ်သူကြီးများကိုရှောင်တာအကောင်းဆုံးဖြစ်သည်တဲ့။ အကြောင်းမှာ ထိုစစ်သူကြီးက ကျောက်ယွင် သို့မဟုတ် ရွှယ်ရန်ကွေ့ဖြစ်တတ်သောကြောင့်ပင်။

အထူးသဖြင့် ကျောက်ယွင်၏ညလင်းကျောက်စိမ်းခြင်္သေ့က ကျားချန်မိုင်ထောင်ချီသွေးနှောမြင်းဖြစ်သည်။

ဒီလိုစစ်မြင်းမျိုးက အလွန်ပြင်းထန်ပြီး တော်ရုံလူမထိန်းနိုင်။ ကျောက်ယွင်လိုကျွမ်းကျင်သူသာလျှင် ထိန်းကျောင်းနိုင်သည်။

သို့သော် မြို့တော်ဝန်သောမတ်ပေးသောမြင်းပေါက်လေးက သိမ်မွေ့ပြီးလူယဉ်သည်ဟုမှတ်ချက်ပေးထားသည်။ စစ်မြင်းဖြစ်ဖို့မသင့်တော်။ အရင်ကတည်းက အလှမြင်းအဖြစ်မွေးဖို့များသည်။

ဘာပဲဖြစ်ဖြစ် ဒီလိုနာမည်ကျော်မြင်းမျိုးက စစ်မြင်းမဖြစ်နိုင်ရင်တောင် သတ်ပြီးအသားစားဖို့မသင့်တော်ချေ။

ချင်လင်က မြင်းဖြူလေးကိုကြည့်လိုက်သည်။ ကြည့်လေလေ သဘောကျလေလေနှင့်_

''အခုကစပြီး မင်းကိုခြင်္သေ့လေးလို့ခေါ်မယ်!''

မြင်းဖြူလေးမှာ အလွန်ခန့်ညားသည်။ နောင်မှာသေချာပေါက် ညလင်းခြင်္သေ့ဖြစ်လာလိမ့်မည်။ မွေးမြူရေးခြံအပြေးလမ်းကြောင်းမှာစီးရင် လုံးဝခံ့ညားနေလိမ့်မည်။

အခုမြင်းပေါက်လေးကိုစီးမရသေးတာ နှ​မြောစရာ။

သူ့အသက်နဲ့ဂိမ်းအချိန်စီးဆင်းပုံအရ ဂိမ်းထဲမှာကြီးအောင်ထားပြီးမှစီးနိုင်လိမ့်မည်။

ပြဿနာက သူ့ကိုအပြင်ဘယ်လိုထုတ်မလဲ။

ဒီတစ်ခေါက် လုယုံကိုမြင်းအကောင်ရေ ၅၀ ကျော်ဝယ်ခိုင်းထားတာ၊ ဒါနဲ့အစားထိုးဖို့လုယုံကိုမြင်းဖြူတစ်ကောင်ဝယ်ခိုင်းရမလား?

သို့သော် အပြင်မှာဖြူဆွတ်နေသောမြင်းကအလွန်ရှားပြီး တချို့တလေသာဒီလိုသွေးနှောတတ်သည်။ အသက်ကလည်းမကိုက်။ ရောင်းသူကမှတ်တမ်းတင်ထားတဲ့လက္ခဏာနဲ့သွေးနှောအချက်အလက်က မြင်းကိုသီးသန့်ထားပြီးတခြားစာရွက်စာတမ်းများနှင့်မွေးရင်ပြောင်းလဲသွားမည်မဟုတ်ပေ။

သူ့ရွာမှာမွေးတဲ့မြင်းမဟုတ်ရင် ပြင်ဆင်ချက်တွေလုပ်တာကိစ္စမရှိ။

ဒီတော့ ဒီတစ်ခါအလုပ်မဖြစ်။ လီရှင်း ဒါမှမဟုတ် လီခိုင်ကို မြို့တော်ကူးစက်ရောဂါကာကွယ်ရေးနဲ့မွေးမြူရေးဦးစီးဌာနသွားပြီး လုပ်ငန်းစဉ်တွေတိုက်ရိုက်လုပ်ခိုင်းတာပိုကောင်းမည်။

လီမိသားစုရဲ့အဆင့်အတန်းဩဇာနဲ့ဆိုရင် ဒီကိစ္စကလွယ်ကူရိုးရှင်းတဲ့ကိစ္စဖြစ်သွားပြီ။

နောက်ပြီး ကူးစက်ရောဂါကာကွယ်ရေးနဲ့မွေးမြူရေးကဲ့သို့ဦးစီးဌာနများကိုလည်း အတိုင်းအတာတစ်ခုအထိပထုတ်ထားနိုင်သည်။ သူတို့ကဒီလောကကိစ္စများနှင့်ပိုရင်းနှီးသည်။ ဒီလိုနဲ့ ခြင်္သေ့လေးကိုအပြင်ထုတ်ပြီး အချက်အလက်တင်သွင်းကာ လုပ်ငန်းစဉ်များဖြတ်လိုက်လျှင် သံသယဝင်တော့မည်မဟုတ်ပေ။

ချင်လင်ကခြင်္သေ့လေးကိုမွေးမြူရေးခြံခေါ်လာသည်။ ခြံထဲရောက်သောအခါ အသစ်ဖွံ့ဖြိုးသောနေရာကိုတွေ့ရသည်။ အပြင်မှာနေရာကပိုကျယ်၏။ တစ်ချက်ကြည့်လိုက်ရာ အမှန်ပင်ဧကရာချီရှိနိုင်သည်။



All Chapters