← Chapters

စတုရန်းမီတာ ၇၀၀၀၀၀ မြက်ခင်းပြင်အစီအစဉ်! ၂

Vol. 33 Ch. 484

စတုရန်းမီတာ ၇၀၀၀၀၀ မြက်ခင်းပြင်အစီအစဉ်! ၂

Vol. 33 Ch. 484

အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့အိတ် ၂၅၀ ကမလောက်။ တစ်ခုကောင်းသည်က သီးနှံစိုက်ခြင်း၊သစ်ခုတ်ခြင်းအပြင် ငါးမျှားခြင်း၊သတ္တုတူးခြင်းဖြင့်လည်းရွှေပြားရှာနိုင်သည်။

ထို့နောက် သူကဂိမ်းဇာတ်ကောင်ကိုငါးကန်ဆီသွားစေလိုက်သည်။ ငါးကန်ထဲတွင် ငါးအများကြီးရှိနေသည်။ အလှမွေးငါးရာချီရှိသည့်အပြင် အရည်အသွေး ၁ နှင့် ၂ သဘာဝငါးများကပိုများပြီး အကောင်ရေထောင်ချီသည်။

သူကအရည်အသွေး ၁ နှင့် ၂ သဘာဝငါးများကိုအကုန်နီးပါးတစ်ချီတည်းရောင်းပစ်လိုက်ပြီး အကောင် ၅၀ သာချန်ထားသည်။

သို့သော် ငါးရောင်းပြီးရသောရွှေပြားက အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့ ၃၆ အိတ်သာဝယ်နိုင်သည်။ မြေဧက ၁၀၀၀ စိုက်ဖို့မလောက်သေး။

ထို့ကြောင့် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းသွားပြီး သတ္တုတူးစေလိုက်သည်။ အဆင့်တက်ပြီးနောက် သတ္တုတွင်း ၉ လွှာပွင့်နေမည်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို ၉ လွှာတန်းသွားစေလိုက်သည်။ သေချာသည်။ ၁၀ လွှာထဲဝင်လိုက်သောအခါ မည်သည့်အတားအဆီးမှမရှိဘဲစတူးနိုင်သည်။

(ရွှေသတ္တုရသည့်အတွက် ဂုဏ်ယူပါတယ်!)

......

(ကြေးနီသတ္တုရသည့်အတွက် ဂုဏ်ယူပါတယ်!)



ဒီသတ္တုတွေအားလုံးကို ရွှေပြားအတွက်ရောင်းရမည်။

(ဖြူပြာကျောက်မျက်ရသည့်အတွက် ဂုဏ်ယူပါတယ်!)

...

(အထူးမြေကြီးရသည့်အတွက် ဂုဏ်ယူပါတယ်!)

...

၁၀ လွှာတူးပြီးသောအခါ နေမွန်းတည့်လုပြီ။ ချင်လင်က နောက်ထပ်ကျောက်မျက်သတ္တုသုံးခုနှင့်အထူးမြေကြီးလေးအိတ်ရလိုက်သည်။ ထို့အပြင် မျိုးစေ့ဝယ်ရန်လိုသောရွှေပြားအတွက် ရွှေ၊ငွေ၊ကြေးနီများကိုပိုပြီးစိတ်ရောက်နေသည်။

သူ့အစာအိမ်ကဆန္ဒပြလာသောကြောင့် နေ့လယ်စာထွက်စားပြီး ရုံးခန်းထဲပြန်လာခဲ့သည်။ သူကသူ့ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်း ၁၁ လွှာထဲဝင်ပြီးဆက်တူးစေ၏။

၁၁ လွှာမှစပြီး နေရာကအရင်အလွှာများထက်ပိုကျယ်လာသည်။ ချင်လင် ၁၁ လွှာတူးပြီးသောအခါ ညရောက်သွားပြန်၏။

ကျောက်စိမ်း ၄ တုံးနှင့်အထူးမြေကြီး ၅ အိတ်ရလိုက်သေးသည်။

ဒါပေါ့။ ရွှေ၊ငွေ၊ကြေးနီသတ္တုတွေရောင်းပြီး နောက်ဆုံး ခွေးသွားစိတ်မြက်ဧက ၁၀၀၀ စိုက်ဖို့လိုတဲ့မျိုးစေ့ကိုဝယ်လိုက်နိုင်သည်ပေါ့။

ပြီးတော့ နောက်တစ်ဆင့်က အတုနဲ့အစားထိုးဖို့။

ချင်လင်ကချက်ချင်း အင်တာနက်ပေါ်တွင် မင်မြို့တော်မှမွေးမြူရေးခြံများကိုမျိုးစေ့ရောင်းသောကုမ္ပဏီရှာပြီး ခွေးသွားစိတ်မြက်မျိုးစေ့ကတ်တီ ၃၀၀၀ ကျော်တစ်သုတ်မှာလိုက်သည်။





အသုတ်လိုက်ယူတဲ့ကောင်းကျိုးက အလုံပိတ်ဖို့အထူးအိတ်မရှိ။ အားလုံးလောလောလတ်လတ်ထုတ်ထားသောမျိုးစေ့များဖြစ်သည်။

ဒီတော့ ဂိမ်းမျိုးစေ့နဲ့လဲဖို့ပိုလွယ်သည်။

နောက်ပြီး အန္တရာယ်ကင်းစေရန် သူကိုယ်တိုင်ယူပြီးပစ္စည်းကိုစစ်ဆေးဖို့လည်းမှတ်ထားသည်။ အဓိကက တစ်ဖက်လူဆီမှမျိုးစေ့ဝယ်ခြင်းဖြစ်ကြောင်း ကုန်ပို့လွှာသက်သေထုတ်ပြနိုင်ရန်ပင်။

ဤနည်းဖြင့် ဂိမ်း၏အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကိုစံအိမ်နှင့်မွေးမြူရေးခြံအနှံ့စိုက်ရင် မျိုးစေ့အကြောင်းဘယ်သူမှတွေးတော့မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် တခြားကုမ္ပဏီမျိုးစေ့တွေမှာ ဒီလိုအာနိသင်မျိုးမရှိ။

ထို့ကြောင့် နောက်ဆုံး အထူးမြေကြီးနှင့်အစ်ကိုလီခိုင်သာခုတုံးဖြစ်လိမ့်မည်။

လီခိုင်အတွက်တော့ ဒါကအထူးမြေကြီးကြောင့်။

ပြည်သူတွေအတွက်တော့ ပါမောက္ခလီခိုင်က ချင်းလင်စံအိမ်မှာပဲဖြစ်တဲ့စားကျက်မြေမျိုးကိုပျိုးထောင်လိုက်ပြန်ပြီပေါ့။

လီခိုင်မှာခုတုံးလုပ်နေကျဖြစ်၍ 'သူတစ်ယောက်သာအမှန်တရားကိုသိသူ၊ အပြင်လူတွေက အထူးမြေကြီးအကြောင်းမသိ'ဟုတောင် ထင်နေလိမ့်မည်။

သို့သော် အမှန်တရားသိသူက သူတစ်ယောက်တည်းသာ။

အစီအစဉ်ဆွဲပြီးနောက် ချင်လင်ကညအိမ်ပြန်ရောက်လျှင် ကျောက်မိုချင်းအား နောက်နေ့မင်မြို့တော်သွားပြီးမျိုးစေ့ဝယ်မည်ဖြစ်ကြောင်းပြောလိုက်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ချင်လင်ကဂိမ်းထဲမှသီးနှံများစံအိမ်ပို့ပြီး မင်မြို့တော်သို့ထရပ်ကားနှင့်မသွားခင် ချင်းလင်လက်ဖက်ရည်နှစ်ပုလင်းပြင်ထားလိုက်သည်။

ဒုက္ခများသည်ဆိုသော်လည်း နည်းနည်းအန္တရာယ်ပိုကင်းသည်။ နောက်ပြီး ဘာမှမဖြစ်တတ်။



ထိုကုမ္ပဏီအခွဲမှလူများလည်း နည်းနည်းဇဝေဇဝါဖြစ်သွားကြသည်။

ကုန်ပို့လွှာထုတ်တာနားလည်ပေးနိုင်ပေမဲ့ သူတို့မှာအိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေးတဲ့စနစ်ရှိတယ်လေ။ လာပို့ရင် ပစ္စည်းတွေစစ်ကြည့်။ တကယ်လို့ ပစ္စည်းတွေကစံမမီရင် လက်မှတ်ထိုးပေးဖို့ငြင်းလွှတ်လိုက်ရုံပေါ့။

ဖောက်သည်ကိုယ်တိုင်လာယူပြီးစစ်တာမျိုးက ရှာမှရှားပင်။

သို့သော် ကတ်တီ ၃၀၀၀ ကျော်အော်ဒါက သေးသေးမဟုတ်။ တစ်ဖက်လူကဆန္ဒရှိမှတော့ သူတို့မငြင်းနိုင်ချေ။

တစ်ဖက်လူကပြေစာလက်မှတ်ထိုးပေးပြီးငွေချေရင် အဆင်ပြေပြီ။

ချင်လင်ကပစ္စည်းများစစ်ချင်ယောင်ဆောင်ပြီး စာရွက်တွင်လက်မှတ်ထိုးကာထွက်လာခဲ့သည်။ ထို့နောက်အချိန်ယူပြီး ဂိုဒေါင်ဆီပြန်လာလိုက်သည်။

ကားကိုဂိုဒေါင်ထဲမောင်းဝင်ပြီး ချင်လင်ကမျိုးစေ့အိတ်များကိုဂိမ်းထဲထည့်လိုက်သည်။ ပြီးလျှင် ဂိမ်းထဲမှဝယ်ထားသောအရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့များထုတ်၍ အိတ်ချင်းလဲလိုက်၏။

ထို့နောက် အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့ကို လက်တွေ့လောကထဲပြန်သယ်လာသည်။

တစ်ဖက်တွင် သူလက်တွေ့လောကမှဝယ်လာသောမျိုးစေ့များကို ဂိမ်းထဲမှာရောင်းနိုင်သော်လည်း တန်ဖိုးကအဆမတန်နည်းသည်။

အောင်အောင်မြင်မြင်အစားထိုးပြီးနောက် ချင်လင်ကဂိမ်းမျိုးစေ့များကိုစံအိမ်ပို့ပြီး ယွီရွှေ့အားလူခေါ်ခိုင်းလိုက်သည်။

တစ်ခဏအတွင်း ယွီရွှေ့က လူ ၃၀ ကျော်နှင့်ရောက်လာ၏။

ဖရဲမျိုးစိတ်အသစ်မြေဧက ၁၀၀ စိုက်ခြင်း၊ အလှအပသခွားသီးမြေဧက ၁၀၀ ဖွံ့ဖြိုးအောင်လုပ်ခြင်းတို့ကြောင့် ယွီရွှေ့လက်အောက်တွင်လူအရေအတွက်တိုးလာပြီး စုစုပေါင်းအယောက် ၆၀ ကျော်သွားသည်။

စံအိမ်ဌာနပြည့်စုံရင် ဒီဌာနကိုလည်း စိုက်ပျိုးရေးဌာနအဖြစ်သတ်မှတ်ရမည်။

ယွီရွှေ့ကရောက်လာပြီး သိချင်စိတ်နှင့်မေးလိုက်သည်_ ''သူဌေး... ဘာမျိုးစေ့သယ်ရမှာလဲ?''

''စားကျက်မြေမျိုးစေ့'' ချင်လင်ကရှင်းပြသည်_

''အကုန်ကားနဲ့ပြန်သယ်မယ်... ပြီးရင် ခင်ဗျားရဲ့လူတွေနဲ့ မွေးမြူရေးခြံမှာ ဒီစားကျက်မြေမျိုးစေ့တွေစိုက်မယ်''

''မွေးမြူရေးခြံမှာစိုက်မှာလား?'' ယွီရွှေ့ကခဏကြောင်သွားပြီးမှ သတိနှင့်မေးလိုက်သည်_

''သူဌေး... ကျွန်တော်တို့စားကျက်မြေမျိုးစေ့စိုက်ပြီးပြီမလား?''

ယွီရွှေ့စိတ်ရှုပ်သွားမည်မှန်း ချင်လင်သိသောကြောင့်ရှင်းပြလိုက်သည်_

''အရင်စားကျက်မြေမျိုးစေ့တွေအကုန်လှန်ပြီး ဒါတွေထပ်စိုက်လိုက်ပါ... ကျွန်တော် စားကျက်မြေမျိုးစေ့ပျိုးထောင်တာကို ပါမောက္ခလီခိုင်နဲ့သုတေသနလုပ်ချင်လို့... ပြီးတော့ စားကျက်မြေအပြင်မှာမြေထပ်ချဲ့ပါ... အဲဒါမှစားကျက်မြေဧရိယာက ၁၀၀၀ အပြည့်စိုက်နိုင်မယ်''

''ကောင်းပါပြီ သူဌေး!''

ချင်လင်၏ရှင်းပြချက်ကိုနားထောင်ပြီး ယွီရွှေ့ကနောက်ထပ်ဘာမှဆက်မမေးတော့ချေ။



All Chapters