← Chapters

စတုရန်းမီတာ ၇၀၀၀၀၀ မြက်ခင်းပြင်အစီအစဉ်! ၃

Vol. 33 Ch. 485

စတုရန်းမီတာ ၇၀၀၀၀၀ မြက်ခင်းပြင်အစီအစဉ်! ၃

Vol. 33 Ch. 485

သူဌေးကပြောမှတော့ သူ့လူတွေကိုဦးဆောင်ပြီး အလုပ်ဖြောင့်ဖြောင့်လုပ်ရုံသာ။

မျိုးစေ့များကိုစားကျက်မြေဆီသယ်ဖို့အမိန့်ပေးပြီး မျိုးစေ့အသစ်စိုက်ရန်မူလစားကျက်မြေမျိုးစေ့များကိုချက်ချင်းကိုင်တွယ်လိုက်သည်။

နောက်အပတ်များတွင် ယွီရွှေ့ကလူအင်အားနှင့် ဂိမ်းထဲမှယူလာသောအရည်အသွေး ၂ မျိုးစေ့များကိုကျယ်ကျယ်ပြန့်ပြန့်စိုက်လိုက်သည်။

ထိုအချိန်တွင် ချင်လင်ကဒုတိယအကွက်ရွှေ့တော့မည်။ သူကဂိုဒေါင်သွား၍ ဂိမ်းထဲမှအထူးမြေကြီး ၅ အိတ်ထုတ်လိုက်သည်။

နောက်အဆင့်က အထူးမြေကြီးကိုရေဖျော်ပြီး ခွေးသွားစိတ်မြက်မျိုးစေ့ဧက ၁၀၀၀ ကိုရေသွင်းစိုက်ပျိုးမည်။ ဒီလိုနှင့် လီခိုင်ကအထူးမြေကြီးကိုပုံချနိုင်မည်။

ဤနည်းဖြင့် လီခိုင်ပါလာပြီး သူ့ကိုခုတုံးလုပ်နိုင်မည်။

ဒါတွေအားလုံးက ပါမောက္ခလီခိုင်လုပ်တာဟူ၍။



ထို့ကြောင့် အထူးမြေကြီး ၅ အိတ်ကိုစံအိမ်ပြန်ပို့ပြီးနောက် ချင်လင်ကလီခိုင်အား အထူးမြေကြီးကိုရေဖျော်ပြီး ခွေးသွားစိတ်မြက်မျိုးစေ့ဧက ၁၀၀၀ ကိုရေသွင်းစိုက်ပျိုးမည့်အကြောင်းပြောပြလိုက်သည်။

ဆင်ခြေကတော့ မျိုးစိတ်ပြောင်းတဲ့အရည်အသွေးမြင့်စားကျက်မြေကိုသူဖန်တီးနိုင်လောက်အောင်ကံကောင်းမလား သိချင်လို့ပါပေါ့။

ချင်လင်၏ရောက်တတ်ရာရာအတွေးကို လီခိုင်ကနားထောင်ပြီးလန့်သွားသည်_

''ညီလေးချင်... မင်းကအထူးမြေကြီး ၅ အိတ်ကိုရေဖျော်ပြီး စားကျက်မြေကိုရေသွင်းစိုက်ပျိုးချင်တယ်ဆိုတော့ ကြည့်ရတာ မင်းမှာအထူးမြေကြီးတွေအများကြီးရှိသေးပုံပဲ''

ထိုစကားကြားလျှင် ချင်လင်ကအရင်ရှင်းပြဖို့တွေးထားသောဆင်ခြေကိုသုံးမည်အပြု၊ သူမပြောလိုက်ရဘဲ လီခိုင်ကဂုဏ်ယူသံနှင့်_

''ငါထင်တာမှန်နေပြီ... မင်းမြို့စားနှင်းဆီထုတ်တုန်းက မင်းမှာအကြံရှိတယ်ဆိုတာငါသိတယ်... မင်းကတကယ်ဉာဏ်များတဲ့ယုန်လေးနဲ့တွင်းသုံးတွင်းပဲ''

''အန်!'' ချင်လင်ကြောင်သွားသည်။

ဒါသူဆင်​ခြေပေးဖို့လုပ်ထားတဲ့ဟာမလား? သူကဒီဆင်ခြေကိုသုံးပြီး အစ်ကိုလီကိုအရူးလုပ်မလို့၊ ဒါပေမဲ့ သူ့စိတ်ထဲကဆင်ခြေကိုအစ်ကိုလီကပြောထွက်လာမယ်လို့ဘယ်ထင်မလဲ?

ဒါစိတ်ချင်းဆက်တယ်လို့ပြောရမလား?

လီခိုင်က ချင်လင်ငေးနေပုံကိုကြည့်ရင်း ပြုံးလိုက်ပြီး_

''ညီလေးချင်... ရှင်းပြစရာမလိုပါဘူးကွာ... ငါနားလည်ပါတယ်... ငါ့ဘိုးတော်က ဒါမျိုးပြောဖူးတယ်... ညီလေးချင် မင်းရဲ့ဉာဏ်ရည်နဲ့ဆို ပြင်ဆင်ထားတာမရှိဘူးပြောရင် ထူးဆန်းနေမှာပေါ့''

ကျစ်.. ကျစ်။

ချင်လင်တော့ ဒီအစ်ကိုကိုလေးစားလာပြီ။

သူ့အတွေးကကောင်းလိုက်တာ။

ရှင်းတောင်မရှင်းပြချင်တော့ဘူး။

အစ်ကို၊ ခင်ဗျားတွေးချင်သလောက်သာတွေးတော့။ ခင်ဗျားရဲ့အတွေးအတိုင်းဝန်ခံပြီး ခင်ဗျားကိုတော်တယ်လို့တောင်ချီးကျူးဦးမယ်။

တခြားသူတွေဇဝေဇဝါဖြစ်နေချိန် ခင်ဗျားထွက်လာပြီး ခင်ဗျားပုံစံနဲ့ခင်ဗျားမှန်သလိုတွေးထားတဲ့အတိုင်း ရှင်းပြရင်အကောင်းဆုံးပဲ။

''ညီလေးချင်'' လီခိုင်ကသူ့ကိုသတိပြန်ဝင်စေပြီး_

''ဒီအထူးမြေကြီးကိုရေဖျော်ပြီး စားကျက်မြေကိုရေသွင်းစိုက်ပျိုးချင်တာကိစ္စမရှိဘူးဆိုပေမဲ့ အထူးမြေကြီးကအရမ်းတန်ဖိုးရှိတယ်... ဒီအထူးမြေကြီး ၅ အိတ်ထဲမှာပါတဲ့အထူးဓာတ်တွေက မျိုးစိတ်ပြောင်းသီးနှံတွေအများကြီးပျိုးထောင်လို့ရရင်ရနိုင်တယ်... တန်ရဲ့လား?''

ချင်လင်ကပြုံးလိုက်ကာ_ ''အစ်ကိုလီ... တန်တယ်မတန်ဘူးက မေးခွန်းမဟုတ်ပါဘူး... မျိုးစိတ်ပြောင်းသီးနှံတွေပျိုးထောင်ဖို့ ပိုအကျိုးအမြတ်ရှိတာကိုအသုံးချလိုက်ရုံပါ''

''ထုတ်ကုန်တွေများလာပြီဆိုတာနဲ့ အနည်းအများကပြဿနာမဟုတ်တော့ဘူး... ဒါပေမဲ့ ဒီအထူးမြေကြီးကိုသုံးပြီးတော့ စားကျက်မြေအပေါ်သက်ရောက်မှုရှိပြီး စားကျက်မြေအရည်အသွေးကိုပြောင်းလဲအောင်လုပ်နိုင်ရင် ပြိုင်ဘက်ကင်းအောင်လုပ်နိုင်ရင် ဒါနောက်ထပ်အောင်မြင်မှုပဲ''

''ကျွန်တော်အောင်မြင်သွားရင် ဒီစားကျက်မြေမှာအကြာကြီးစားလာတဲ့တိရစ္ဆာန်တွေကမျိုးစိတ်ပြောင်းနိုင်တယ်... ဒီတော့ အခုအချိန်မှာ အရှုံးအမြတ်ရယ်လို့ပြောဖို့မခက်ဘူးလား?''

ထိုစကားများကြောင့် လီခိုင်ခဏကြောင်သွားပြီးမှ လေးစားသံနှင့်_

''ညီလေးချင်... မင်းရဲ့စိုက်ပျိုးရေးအဆင့်ကမြင့်နေပြီ... ငါတောင်မလေးစားဘဲမနေနိုင်တော့ဘူး''

ချင်လင်ကထိုစကားကြားပြီး သူ့လောကကမရေမရာဟုသာပြောနိုင်တော့သည်။ သို့သော် နွေဦးသတ္တုတွင်းနှင့်ရေကန်သတ္တုတွင်းကအဆင့် ၂၅၅ ရှိသည်။

ဒီအထူးမြေကြီး ၅ အိတ်လောက်ကိုဘယ်အရေးစိုက်နေမလဲ?

ပြီးမှ သူက_ ''အစ်ကိုလီ... ကျွန်တော့်ကိုစီစဉ်ပေးနိုင်မလား? ဒီအထူးမြေကြီး ၅ အိတ်ကိုရေရောဖို့ ရေအချိုးအစားတွက်ပေးပါလား... အလကားတော့မလုပ်စေချင်ပါဘူး... ကျွန်တော့်မှာ ယန်ဓာတ်နဲ့ကျောက်ကပ်အားကောင်းစေတဲ့ချင်းလက်ဆေးဖက်ဝင်ဝိုင်ပုလင်းရှိတယ်... ခင်ဗျားမအားရင် တခြားတစ်ယောက်သွားရှာလိုက်မယ်''

ထိုစကားကြောင့် လီခိုင်ကအလောတကြီးနှင့်_

''မလုပ်နဲ့! ငါမအားဘူးလို့ဘယ်သူပြောလဲ? မင်းညွှန်ကြားရင် ငါလုံးဝအားတယ် ညီလေးချင်''

ဘယ်လိုဟာသလဲ? ဒါယန်ဓာတ်နဲ့ကျောက်ကပ်အားကောင်းစေတဲ့ချင်းလက်ဆေးဖက်ဝင်ဝိုင်လေ။

အရင်က ဒီဝိုင်မရှိဘဲမတတ်နိုင်ရကောင်းလား၊မလုပ်နိုင်ရကောင်းလားဟူ၍ လီရှင်းတို့ကိုလှောင်ခဲ့သည်။

အခုရှိုးဝမ်နဲ့ကျမှ အမျိုးသမီးတွေဟာ အသက် ၃၀ လောက်မှာမြေခွေး၊ ၄၀ လောက်မှာကျားဆိုတဲ့အဓိပ္ပါယ်ကိုသဘောပေါက်တော့သည်။ နောက်ဆုံး ဒီဝိုင်ကဘယ်လောက်အရေးကြီးလဲသူနားလည်လိုက်ပြီ။



All Chapters