← Chapters

ပစ္စည်းအသစ်: ကမ္ဘာ့စမ်းရေ

Vol. 33 Ch. 486

ပစ္စည်းအသစ်: ကမ္ဘာ့စမ်းရေ

Vol. 33 Ch. 486

လီခိုင်ကချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းကြားသည်နှင့် သူ့တစ်ကိုယ်လုံးမှဆဲလ်များအားလုံးနိုးကြွလာသည်။

သူတစ်ကိုယ်တည်းဘဝတုန်းက ဝိုင်အပေါ်ထူးခြားမှုမရှိဘဲ အထင်တောင်သေးခဲ့သည်။ အခုသူပိတ်ကားပေါ်ရောက်လာပြီဆိုတော့ အရင်ကသူအထင်သေးခဲ့သောလူမျိုးဖြစ်လာလေသည်။

အမျိုးသမီးတို့၊ မြည်းဖူးမှဘယ်လောက်ကောင်းမှန်းသိလိမ့်မယ်။

ပြီးတော့ ညီလေးချင်ကလူကောင်းတစ်ယောက်။ သူအရွယ်ရနေပြီမှန်းသိလို့ သူ့ကိုချင်းလက်ဆေးဖက်ဝင်ဝိုင်ပေးဖို့ဆင်ခြေရှာတာဖြစ်မယ်။

မဟုတ်ရင် အထူးမြေကြီးနဲ့ရေရောတဲ့အချိုးအစားဘယ်လိုတွက်ရတယ်ဆိုတာ ဘယ်သူကမသိလို့လဲ? သူ့လိုပါမောက္ခကိုဘာလို့လိုနေဦးမလဲ?

ဒီရည်ရွယ်ချက်မျိုးကို သူလက်ခံပေးရမယ်။

လီခိုင်အတွေးတွေများနေပြီမှန်း ချင်လင်ကလုံးဝမသိ။

''ဟုတ်ပြီလေ'' သူကပြောလိုက်သည်_

''ဒီကိစ္စ ခင်ဗျားကိုပဲပေးလိုက်မယ် အစ်ကိုလီ... ကျွန်တော်ခင်ဗျားအတွက်ဝိုင်ပြင်ထားမယ်''

လီခိုင်ပါလာတာနဲ့ ခွေးသွားစိတ်မြက်ကိုပါမောက္ခလီခိုင်ပျိုးထောင်တာပဲ။ ဒါအမှန်။

လီခိုင်ကအမြဲတာဝန်ယူတတ်သောလူမျိုးပင်။ ရိုးရိုးအထူးမြေကြီးရေရောတဲ့အချိုးအစားတွက်နည်းဆိုရင်တောင် သူကတိပေးထားရင် အလေးအနက်ထားပြီးစေ့စေ့စပ်စပ်လုပ်သည်။

နောက်တစ်နေ့ ချင်လင်ကိုတွေ့သောအခါ အတွက်အချက်ဇယားတောင်ထုတ်ပြသည်။ တွက်ချက်ထားသောရလဒ်တွင် စတုရန်းတစ်မီတာကိုရေသွင်းရမည့်ပမာဏနှင့် ဘယ်လိုသွင်းရမလဲတောင်ပါသည်။



သို့သော် လီခိုင်ဒီလောက်စေ့စေ့စပ်စပ်လုပ်တာ ချင်လင်မစောင့်နိုင်။ ဒါကနောင်မှာခုတုံးလုပ်နိုင်ဖို့သက်သေသာဖြစ်သည်။ သူကချက်ချင်းလီခိုင်ကိုခေါ်သွားပြီး အရည်အသွေး ၂ ခွေးသွားစိတ်မြက်စိုက်ရန်အလုပ်များနေသောယွီရွှေ့ကိုသွားရှာလိုက်သည်။

ယွီရွှေ့ကသူတို့နှစ်ယောက်ကိုမြင်လျှင် စမ်းသပ်မှုအတွက်ပါမောက္ခလီခိုင်ရောက်လာမှန်းသိ၍မေးလိုက်သည်_

''သူဌေး... ကျွန်တော်ဘယ်လိုပူးပေါင်းပေးရမလဲ?''

သုတေသနအကြောင်းသူသိပ်မသိသောကြောင့် အများကြီးမေးမနေဘဲ ပူးပေါင်းဖို့သာပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ပြောသမျှ သူ့လူတွေကိုဦးဆောင်လုပ်ရမှာပဲလေ။

လီခိုင်ကဖြည့်ပြောလိုက်သည်_

''ညီလေးချင်... ဒီအထူးမြေကြီးရေရောတာ ရေသွင်းစိုက်ပျိုးဖို့... အချိုးအစားကဘယ်လောက်များများ မင်းစိုက်ခင်းရဲ့ရေသိုလှောင်မှုစနစ်ကပိတ်နေလိမ့်မယ်... ငါတို့လက်မှုနဲ့ပဲရေလောင်းရမှာစိုးတယ်... ဒါလူအင်အားအများကြီးလိုတယ်''

စိုက်ခင်းမှာ သူ့ကိုယ်ပိုင်ရေသိုလှောင်မှုစနစ်ရှိပြီး ရေသိုလှောင်မှုစနစ်၏ပိုက်များကိုမြေအောက်ထဲမြှုပ်ကာရေလှောင်ကန်ကြီးများနှင့်ဆက်သွယ်ထားသည်။

ရေသိုလှောင်မှုစနစ်စတင်သောအခါ မွေးမြူရေးခြံအနှံ့ပိုက်များမှအလိုအလျောက်ရေပန်းထွက်လာမည်။ ထို့အပြင် နောင်မှာဤရေသိုလှောင်မှုစနစ်ဖြင့် မွေးမြူရေးနေရာတွင်တိရစ္ဆာန်များကိုဆေးကြောနိုင်မည်။

ပန်းပင်လယ်အကျယ်၏ရေသွင်းစနစ်ကိုတောင် ဒီရေလှောင်ကန်များနှင့်ဆက်သွယ်ထားမည်။

ဒါမော်ဒန်ခေတ်နည်းပညာ၏ကောင်းကျိုးပင်။ မဟုတ်ရင် ရေရှည်မှာလူသားအင်အားအများကြီးသုံးနေရလိမ့်မည်။ ရေသိုလှောင်မှုစနစ်ကလည်း မွေးမြူရေးခြံဆောက်လုပ်ရေးမှာ အချိန်အပေးရဆုံးအပိုင်းဖြစ်သည်။

ချင်လင်ကလူအင်အားကိုလုံးဝဂရုမစိုက်။ ဒီလိုဆို လာကူဖို့လူလွှတ်မည်။ အလုပ်မဖြစ်သေးရင် ယာယီအလုပ်သမားများငှားမည်။

လူအင်အားနဲ့ဖြေရှင်းနိုင်တဲ့ပြဿနာတွေက ငွေနဲ့ဖြေရှင်းနိုင်တဲ့ပြဿနာတွေ။

ငွေနဲ့ဖြေရှင်းနိုင်တဲ့ပြဿနာဆိုရင် ဒါပြဿနာမဟုတ်။

ထို့နောက် ဂိမ်းထဲမှအထူးမြေကြီး ၅ အိတ်ထုတ်ပြီး လီခိုင်ကိုပေးကာ ယွီရွှေ့ကိုရေရော၍သွင်းခိုင်းလိုက်သည်။

ရေမသွင်းခင် လီခိုင်လည်းယွီရွှေ့တို့ကို အထူးမြေကြီးနှင့်ရေရောရန် ကန်တစ်ကန်ဆောက်ဖို့ညွှန်ကြားလိုက်သည်။ အထူးမြေကြီးနှင့်သင့်တော်သောရေအချိုးအစားကိုသမအောင်မွှေပြီးနောက် ယွီရွှေ့ကလူအင်အားသုံးကာအပင်ရေလောင်းသည်။





ထို့နောက် ချင်လင်လည်းကျောက်မိုချင်းကိုရှာပြီး အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့များစိုက်ရန်၊ရေသွင်းရန်အတွက် အသစ်ခန့်ထားသောအလုပ်သမားများအားလုံး ယွီရွှေ့ကိုကူဖို့လွှဲခိုင်းလိုက်သည်။

ထိုဝန်ထမ်းများမှာ မွေးမြူရေးခြံနေရာအတွက်အသစ်ခန့်ထားခြင်းဖြစ်သည်။ လက်ရှိတိရစ္ဆာန်များမရောက်သေး၊ မွေးမြူရေးခြံမဖွင့်ရသေးသောကြောင့် ယွီရွှေ့ကိုသာကူခိုင်းရမည်။

သို့သော် နောက်တစ်ရက်တွင် ဒီအလုပ်ကအရှိန်နှေးလွန်းနေကြောင်း ချင်လင်သတိထားမိသည်။ သူကကျောက်မိုချင်းကိုကြေညာချက်တင်ပြီး အချိန်ပိုင်းအလုပ်သမားများထပ်ခေါ်ခိုင်းသည်။

ဘာပဲဖြစ်ဖြစ် လုယုံကတိရစ္ဆာန်အမျိုးအစားအကုန်လိုက်ကြည့်ပြီး အော်ဒါမှာထားပြီးပြီ။ ကျောက်မိုချင်းလည်း စရံငွေချေပြီးပြီ။ ရောင်းသူကသီးသန့်ထားပြီးတာနဲ့ တိရစ္ဆာန်တွေကိုတင်ပေးလိုက်ရင် မကြာခင်မွေးမြူရေးခြံထဲတိရစ္ဆာန်တွေရောက်လာတော့မည်။

နောက်အချိန်များတွင် လီခိုင်ကမွေးမြူရေးခြံထဲနေပြီး ယွီရွှေ့တို့နဲ့အလုပ်ရှုပ်နေသည်။ လဝက်ကြာပြီးနောက် နောက်ဆုံး အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့များကို ဧက ၁၀၀၀ စိုက်ပြီး အထူးမြေကြီးနှင့်ရေသွင်းပြီးသွားသည်။

သို့သော် လွန်ခဲ့သောလဝက်က သူအပြောင်းအလဲတချို့လုပ်ခဲ့သေးသည်။ သူကအရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့ထဲ သာမန်ခွေးသွားစိတ်မြက်မျိုးစေ့များရောခဲ့သည်။

ဘာပဲဖြစ်ဖြစ် ခွေးသွားစိတ်မြက်ဧက ၁၀၀၀ လုံးမျိုးပြောင်းသွားတယ်ဆိုရင် 'ဒါများလွန်းတယ်'ဟု လူတွေထင်ကြလိမ့်မည်။

သာမန်ခွေးသွားစိတ်မြက်မျိုးစေ့တချို့ရောလိုက်ရင် ၃၀% လောက်သာဖြစ်လိမ့်မည်။ ဒီအချိုးအစားက ခြုံကြည့်ရင်သိပ်သက်ရောက်မှုရှိလိမ့်မည်မဟုတ်။ သို့သော် ခွေးသွားစိတ်မြက်မျိုးစေ့၏မျိုးစိတ်ပြောင်းလဲခြင်းဖြစ်နိုင်ချေကိစ္စဖြစ်သည်။

ခွေးသွားစိတ်မြက်မှာမျိုးစိတ်ပြောင်းလဲမှုပိုမြင့်သောမှတ်တမ်းရှိသွားခြင်းသာ။ ဘာပဲဖြစ်ဖြစ် တောမီးအကုန်မလောင်နိုင်၊ နွေဦးလေမတိုက်နိုင်။ ဒီမျိုးစိတ်ပြောင်းလဲနိုင်စွမ်းမြင့်တာ မထူးဆန်းချေ။

မည်သို့ဆိုစေ အထူးမြေကြီး ၅ အိတ်နဲ့ခွေးသွားစိတ်မြက်ကိုဒီလိုစမ်းသပ်ထားသူမှမဟုတ်ရင် ငြင်းနိုင်စွမ်းရှိမည်မဟုတ်။ သို့သော် မဖြစ်နိုင်။

အစီအစဉ်ဒုတိယအဆင့်လည်း အောင်မြင်သွားပြီ။

အခုတော့ အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့ဧက ၁၀၀၀ မှာအပင်ပေါက်ပြီးကြီးနိုင်မကြီးနိုင်သာစောင့်ကြည့်ရတော့မည်။ ပြီးရင် လီခိုင်ကိုပုံချပြီး အားလုံးအံ့ဩအောင်လုပ်မည်။

မွေးမြူရေးခြံထဲ၌_

လီခိုင်ကရွှံ့ပေနေသောသူ့ဘောင်းဘီကိုမတင်ပြီး ချင်လင်အား_

''ညီလေးချင်... နောက်ဆုံးတော့ ဧက ၁၀၀၀ ကိုရေသွင်းပြီးသွားပြီ... အရမ်းပင်ပန်းတယ်... ဒါပေမဲ့ နောက်ဒီလိုကိစ္စကောင်းရှိရင် မင်းငါ့ကိုဆက်ဆက်လာရှာရမယ်နော်''

သိပ်ဦးနှောက်ခြောက်စရာမလိုဘဲ ရိုးရိုးရှင်းရှင်းကိစ္စလေးတွေလုပ်ရုံနဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းအလကားရတာ။ ဒီလိုကိစ္စကောင်းတွေရှိလေ ပိုကောင်းလေပဲ။

''သေချာပေါက်လာရှာမယ်'' ချင်လင်ကပြုံးပြီး ချက်ချင်းဖြေလိုက်သည်။

ဒီအစ်ကိုလီကပုံချခံရတာပျော်နေတယ်။ သူ့ကိုပုံချဖို့လာမရှာရင် စိတ်ပျက်အောင်လုပ်ရာကျမှာပေါ့။

သူ့ဘေးကယွီရွှေ့လည်း ကိစ္စများပြီးသွားသောကြောင့် နည်းနည်းဝမ်းသာနေသည်_

''သူဌေး... ပါမောက္ခလီခိုင်က ဒီအခင်းမှာလဝက်လောက်စမ်းသပ်ထားတာ... ဒီစားကျက်မြေဖြစ်လာရင် စိတ်ပျက်ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ်... ဘာပဲဖြစ်ဖြစ် စမ်းသပ်မှုတွေလုပ်တဲ့သူက ပါမောက္ခလီခိုင်ပဲလေ''



All Chapters