ပစ္စည်းအသစ်: ကမ္ဘာ့စမ်းရေ ၂
Vol. 33 Ch. 487
''ဟုတ်တယ်... ပါမောက္ခလီခိုင်ကိုယ်တိုင်စမ်းသပ်တာ... စားကျက်မြေကလုံးဝစိတ်ပျက်ရမှာမဟုတ်ဘူး''
ချင်လင်က မရေမရာပြုံးပြီးပြောလိုက်သည်။
သူအစ်ကိုလီကိုဖယ်မထားနိုင်။ တစ်ယောက်ယောက်စပ်စုလာရင် ယွီရွှေ့ကိုပွဲထုတ်ပြီး လွန်ခဲ့တဲ့လဝက်က ပါမောက္ခလီခိုင်ဘယ်လိုစမ်းသပ်ထားကြောင်းပြောခိုင်းမည်။
လီခိုင်ကတော့ တစ်ခေါက်ပြီးတစ်ခေါက်အကွက်ထဲဝင်နေမှန်းမသိဘဲ ဒီလိုကိစ္စကောင်းများထပ်ဖြစ်လာပါစေဟူသောအတွေးများ သူ့မျက်နှာမှာပြည့်နေသည်။
ရှိုးဝမ်နဲ့အရသာတွေ့ပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်အများကြီးသူသောက်ထားသည်။
ဒါမျိုးများများရလည်း စိတ်မဆိုး။
...
ညပိုင်း_
ချင်လင်နှင့်ကျောက်မိုချင်းအိမ်ပြန်လာသည်။ ဒီရက်ပိုင်းသူတို့ဖန်တီးထားသောခက်ခက်ခဲခဲအနေအထားများနှင့်အကျွမ်းဝင်အောင်လေ့ကျင့်မည်အပြုတွင် သူမက_
''မလောနဲ့... ဒီစာရင်းကိုအရင်ကြည့်''
ချင်လင်ကဇဝေဇဝါနှင့် အမည်စာရင်းကိုယူလိုက်သည်။ အကြောင်းအရာကိုမြင်သောအခါ သူလည်းအလေးအနက်ဖြစ်သွားသည်။
စံအိမ်ဌာနအတွင်းနေရာများကိုသေချာဖွဲ့စည်းထားသောစာရင်းပင်။
အခုစံအိမ်မှာမွေးမြူရေးခြံကဖွင့်တော့မည်။ စံအိမ်ရဲ့ဌာနဖွဲ့စည်းပုံက ပြည့်ပြည့်စုံစုံဖြစ်ရမည်။ ဌာနတစ်ခုစီရဲ့လုပ်ဆောင်ချက်များလည်း ပြီးပြည့်စုံရမည်။ ဒါမှ စံအိမ်ကပိုပြီးထိထိရောက်ရောက်လည်ပတ်နိုင်မည်။

ဥပမာဆိုရသော် တောင်တန်းစံအိမ်မှာဝန်ထမ်းအသစ်ခန့်ချင်ရင် အရင်ကကျောက်မိုချင်းကိုယ်တိုင်ဝန်ထမ်းခေါ်ယူခြင်းကိုတာဝန်ယူရသည်။ အကြောင်းမှာ ကြီးကြပ်သူကလက်မှတ်ထိုးဖို့၊ ဒီကိစ္စကိုအတည်ပြုဖို့ အရည်အချင်းမပြည့်မီသေးသောကြောင့်ပင်။
ဌာနဖွဲ့စည်းပုံကပြီးသွားပြီဖြစ်၍ နောင်မှာဌာနတိုင်းတွင်မန်နေဂျာရှိလာတော့မည်။ ဝန်ဆောင်မှုဌာနက ဝန်ထမ်းအင်အားနည်း၍အသစ်ခေါ်ချင်ရင် ဝန်ဆောင်မှုဌာနမန်နေဂျာကလျှောက်လွှာရေးပြီး HR ဌာနကိုပို့မည်။ HR မန်နေဂျာကလက်မှတ်ထိုးပြီးရင် လူသစ်ခေါ်ဖို့အင်တာဗျူးစမည်။ တချို့သက်ဆိုင်ရာကိစ္စများလေ့ကျင့်ပေးပြီးလျှင် ထိုလူများကိုစီစဉ်ရန် ဝန်ဆောင်မှုဌာနမန်နေဂျာဆီလွှဲပေးမည်။
ဒီလိုကိစ္စလေးက ကျောက်မိုချင်းလုံးဝဒုက္ခခံစရာမလို။ ကြီးကြပ်သူအဆင့်ဆိုရင်တောင် ဌာနမန်နေဂျာမန်နေဂျာကလည်း သူကိုယ်တိုင်ညွှန်ကြားနိုင်သည်။ နောက်ဆုံး လျှောက်လွှာရေး၊ လုပ်ငန်းစဉ်များဖြတ်ပြီး ကျောက်မိုချင်းကိုလက်မှတ်ထိုးခိုင်းနိုင်သည်။
နောက်မှာ သူနှင့်ကျောက်မိုချင်းက မန်နေဂျာများနှင့်သာတွေ့ပြီး တာဝန်ယူရလိမ့်မည်။ ဒီလိုနှင့် ပိုအရေးကြီးတာတွေလုပ်ဖို့ အင်အားပိုရလာလိမ့်မည်။
ကိုယ်ပိုင်အလုပ်များနှင့်လည်ပတ်နေသောဌာနအသီးသီးကလည်း စွမ်းဆောင်ရည်တက်လာလိမ့်မည်။
ချင်လင်လည်း အလေးအနက်ကြည့်လိုက်သည်။ ဌာနဖွဲ့စည်းပုံပြည့်စုံရင် ပထမအသုတ်လူများမှာ မန်နေဂျာရာထူးတိုးလိမ့်မည်။ သူတို့ကရှေ့လျှောက်စံအိမ်၏အဓိကကျောရိုးဖြစ်လာလိမ့်မည်။
ဒီလူတွေရာထူးတိုးပြီးရင် စာချုပ်အသစ်လက်မှတ်ထိုးရမည်။ လစာပိုမြင့်ပြီး လုပ်ပိုင်ခွင့်ပိုများလာသော်လည်း ကန့်သတ်ချက်များရှိသည်။ သက်ဆိုင်ရာစာချုပ်များကို စီနီယာအစ်ကိုချူနှင့်ပြင်ဆင်ထားသည်။
အရင်ဆုံး သူနှင့်ကျောက်မိုချင်း၊ သူကဥက္ကဌရာထူးနှင့်သူဌေး၊ ကျောက်မိုချင်းက CEO၊ သဘောက သူမကတကယ့်အမျိုးသမီးဥက္ကဌပင်။
ဂိမ်းကအသုံးပြုသူတွေအဆင်ပြေအောင် TV စျေးဝယ်စာရင်းမှာ ပညာရှင်ဆန်ဆန်အမျိုးသမီး CEO အဝတ်အစားမျိုးထည့်သင့်သည်ဟု သူတွေးမိသည်။
ဘာပဲဖြစ်ဖြစ် သံလွင်မြို့တော်က ဒီလိုဆွဲဆောင်မှုရှိတဲ့၊ညှို့နိုင်တဲ့ညအိပ်အဝတ်အစားလုပ်နိုင်ရင် ဒီအပိုင်းမှာ အမျိုးသမီး CEO အတွက်ဝတ်စုံထုတ်ဖို့ပြဿနာမရှိလောက်ဘူးမလား?
ကျောက်မိုချင်းရဲ့ဂုဏ်နဲ့ဆို ပိုပြီးအသားကောင်းသင့်တယ်။
ထိုအကြောင်းတွေးရင်း ချင်လင်၏နှုတ်ခမ်းထောင့်နည်းနည်းကွေးတက်သွားသည်။
ကျောက်မိုချင်းက သူ့မျက်နှာမြင်ပြီး_
''ဘာတွေတွေးပြီး လူယုတ်မာပြုံးပြုံးနေတာလဲ?''
''ဘာတွေးရမှာလဲ? မင်းကိုအင်္ကျီနည်းနည်းဝယ်ပေးပြီး ပျော်စရာလေးတွေဖန်တီးချင်လို့''
ချင်လင်ကအမှန်အတိုင်းပြောလိုက်သည်။
ကျောက်မိုချင်းကစိတ်ရှုပ်ပုံနှင့်မျက်စောင်းထိုးကြည့်ပြီး မကြားချင်ယောင်ဆောင်လိုက်၏။


ချင်လင်ကဖွဲ့စည်းပုံကိုပြန်ကြည့်လိုက်သည်။
ဒီတစ်ခါ စိုက်ပျိုးရေးဌာနကယွီရွှေ့ကို မန်နေဂျာအဖြစ်ရာထူးတိုးပေးမည်။
ဌာနရဲ့နည်းစနစ်စွမ်းရည်က စီမံရေးစွမ်းရည်ထက်ပိုကောင်းသည်။ ယွီရွှေ့ကမန်နေဂျာအဖြစ်ကောင်းကောင်းလုပ်ခဲ့သည်။
ဒီလဝက်တွင် အရည်အသွေး ၂ ခွေးသွားစိတ်မြက်ဧက ၁၀၀၀ စိုက်ပျိုးခြင်းကိုလည်း ကောင်းကောင်းစီမံနိုင်ခဲ့သည်။ သူ့ကိုစိုက်ပျိုးရေးဌာနမန်နေဂျာအဖြစ်တိုးပေးဖို့ပြဿနာမရှိ။
နောက်တစ်ယောက်က ချန်တပေ။
ဒီလူက ဉာဏ်ကောင်းသည်။ တောင်တန်းစံအိမ်လိုရှုမျှော်ခင်းနေရာမှာ လုံခြုံရေးမန်နေဂျာဖြစ်လာဖို့ပြဿနာမရှိပေ။
လင်းလန်ဇီက မာတီမီဒီယာဌာနရဲ့မန်နေဂျာ။
လုယုံကတော့ အဝယ်ဌာနမန်နေဂျာ။ သူက တောင်တန်းစံအိမ်ကို ပင်လယ်ပြာအဖွဲ့အစည်းမှဝင်လာခဲ့သူဖြစ်ပြီး ဒီနေရာကသူ့အတွက်ဖြစ်သည်။
နောက်ဆုံးက ဝန်ဆောင်မှုမန်နေဂျာအလှည့်။ ကောင်းယောင်ယောင်နာမည်ကိုပုံစံထဲရေးထားသော်လည်း ကျောက်မိုချင်းကသူမနာမည်ကိုဝိုင်းထားသည်။
''ယောင်ယောင်ရဲ့နေရာက မသေချာဘူးလား?''
ချင်လင်က ကျောက်မိုချင်းကိုမေးလိုက်သည်။
ကျောက်မိုချင်းကခေါင်းညိမ့်ပြီး_
''ယောင်ယောင်ကတော်ပါတယ်... ဒါပေမဲ့ အရမ်းငယ်လွန်းတော့ သိပ်မရင့်ကျက်သေးဘူး... ပြီးတော့ ပညာရေးကအလယ်တန်းပဲရှိသေးတာ... သူကလေ့လာပြီးတိုးတက်နေတယ်ဆိုပေမဲ့ စံအိမ်မှာဝန်ဆောင်မှုဌာနကအကြီးဆုံး... မွေးမြူရေးခြံဖွင့်ရင် ဝန်ဆောင်မှုဌာနမှာလူတွေထပ်ရောက်လာဦးမယ်... သူမကိုင်တွယ်နိုင်မှာစိုးတယ်... ဒီလိုဆို သူ့အတွက်မကောင်းဘူး''
ကျောက်မိုချင်းစိတ်ပူတာလည်း ချင်လင်နားလည်သည်။ ဝန်ဆောင်မှုမန်နေဂျာက လုံးဝစီမံရေးအားအကောင်းဆုံးနေရာဖြစ်ပြီး ပွဲအမျိုးမျိုးဆောင်ရွက်နိုင်စွမ်းရှိရမည်။
ကောင်းယောင်ယောင်က တော်တဲ့မိန်းကလေးမှန်းအားလုံးအသိ။ ကြိုးကြိုးစားစားလေ့လာပြီး တိုးတက်နေသည်။ သို့သော် စံအိမ်ကအရှိန်အဟုန်နှင့်ဖွံ့ဖြိုးနေသောကြောင့် သူမကိုအချိန်မပေးနိုင်ချေ။
သူမကိုဒီရာထူးယူဖို့တွန်းအားပေးရင် ဒီကောင်မလေးကဖိအားဒဏ်မခံနိုင်မှာစိုးသည်။
သို့သော် တစ်ဖက်ကကြည့်လျှင် ကောင်းယောင်ယောင်ကစံအိမ်မှာအကြာဆုံးရှိခဲ့သူဖြစ်ပြီး သူ့ရဲ့ပထမဆုံးဝန်ထမ်းဟုဆိုနိုင်သည်။ ဘာအမှားမှမလုပ်ခဲ့။ သူများတွေရာထူးတိုးမှတော့ သူမကိုချန်ထားလို့မဖြစ်ပေ။
ချင်လင်ကခဏတွေးကြည့်ပြီး_
''ဒီလိုလုပ်ရင်ရော? ဝန်ဆောင်မှုဌာနကအကြီးဆုံးဆိုမှတော့ စံအိမ်ဝန်ဆောင်မှုဌာနနဲ့ မွေးမြူရေးပိုင်းဝန်ဆောင်မှုဌာနဆိုပြီးခွဲလိုက်မယ်... ယောင်ယောင်ကို စံအိမ်ဝန်ဆောင်မှုဌာနမန်နေဂျာအဖြစ်ထားမယ်... မွေးမြူရေးပိုင်းကတော့ နောက်ထပ်အပြင်မန်နေဂျာဆွဲခန့်ရမှာပေါ့''
''အင်း... ဒါဆိုဒီလိုလုပ်မယ်... ယောင်ယောင်ရဲ့ပုံစံက ဒီအပိုင်းနဲ့အဆင်ပြေတယ်... သူ့ကိုလေ့ကျင့်ပေးရတာတန်တယ်... မနက်ဖြန်လူနည်းနည်းနဲ့စကားပြောကြည့်မယ်''
ကျောက်မိုချင်းက ချင်လင်၏အကြံကိုထောက်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် အစကဒီအကြောင်းဘာမှမသိသော်လည်း လေ့လာရင်းတိုးတက်လာခဲ့သည်။ ထို့နောက် သူမက_
''ဒါပေမဲ့ HR မန်နေဂျာနဲ့ ထောက်ပံ့ပို့ဆောင်ရေးမန်နေဂျာက ပိုအရေးကြီးတယ်... ကျွန်မတို့အပြင်ကဆွဲခေါ်ရမယ်''