ပစ္စည်းအသစ်: ကမ္ဘာ့စမ်းရေ ၃
Vol. 33 Ch. 488
''ချစ်ဇနီးလေး... မင်းဆုံးဖြတ်လိုက်''
ချင်လင်ကပြောပြောဆိုဆို စာရွက်လွှင့်ပစ်ပြီး သူမကိုအုပ်မိုးလိုက်လေသည်။
...
ညပိုင်းကုန်လွန်သွားသည်။
နောက်တစ်နေ့တွင် ချင်လင်ကဂိမ်းထဲမှစံအိမ်သို့ပစ္စည်းပို့ပြီး သူ့ရုံးခန်းထဲပြန်လာသောအချိန် ကောင်းယောင်ယောင်မှာ ကျောက်မိုချင်းရုံးခန်းအပြင်ဘက်ပြုံးပြုံးရွှင်ရွှင်ထွက်လာသည်ကိုတွေ့လိုက်ရသည်။
မနက်စောစောစီးစီး ကျောက်မိုချင်းသူတို့နဲ့စကားစပြောနေပြီပဲ။
လူတချို့ကိုမန်နေဂျာရာထူးတိုးပေးဖို့ဆုံးဖြတ်ထားသည်ဆိုသော်လည်း လိုအပ်သောလုပ်ငန်းစဉ်များလုပ်ရဦးမည်။
ကျောက်မိုချင်းက အမျိုးသမီး CEO ကဲ့သို့ပိုပိုပြီးပြတ်သားလာသည်။ သူမဒီလိုဖြစ်လေလေ ဂိမ်းထဲက TV စျေးဝယ်အစီအစဉ်အဝတ်အစားများကို ပိုပြီးမျှော်လင့်စောင့်စားမိလေလေ။
''သူဌေး!'' ကောင်းယောင်ယောင်က ချင်လင်ကိုရိုရိုသေသေနှုတ်ဆက်ပြီး မြန်မြန်ကတိပေးလိုက်သည်_
''သူဌေးနဲ့အစ်မမိုချင်းယုံကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်... ကျွန်မကိုစိတ်မပျက်စေရပါဘူး''
မနက်အစောကြီး သူမကိုစကားပြောဖို့လှမ်းအခေါ်ခံရသည်။ အစကဘာဖြစ်နေမှန်းမသိသော်လည်း အခုတော့သိသွားပြီ။ အစ်မမိုချင်းကရှင်းရှင်းလင်းလင်းမပြောသော်လည်း အဓိပ္ပါယ်ကရှင်းသည်။ သူမကိုရာထူးတိုးပေးချင်သည်ပေါ့။
ကြီးကြပ်သူဖြစ်နေပြီဆိုတော့ ရာထူးတိုးရင်မန်နေဂျာဖြစ်တော့မည်။ ဒီအတွက်အလွန်ကျေးဇူးတင်မိသည်။ သူမဘယ်လောက်လုပ်နိုင်လဲသူမသိသည်။ သူဌေးနဲ့သာမတွေ့ခဲ့ရင် တစ်နေရာရာမှာစားပွဲထိုးလုပ်နေရဦးမည်။
အခုသူဌေးနဲ့အစ်မမိုချင်းက ဒီနေရာရာထူးတိုးပေးချင်တာ ကျေးဇူးတင်သလို စိုးလည်းစိုးရိမ်မိသည်။ သူမကောင်းကောင်းမလုပ်နိုင်ရင် သူဌေးနဲ့အစ်မမိုချင်းကိုအရှက်ရအောင်လုပ်မိမှာစိုးသည်။
''ကောင်းကောင်းလုပ်ပါ!''
ချင်လင်ကကောင်းယောင်ယောင်ကိုကြည့်ပြီး အားပေးစကားပြောလိုက်သည်။

''အွန်း!'' ကောင်းယောင်ယောင်က လေးလေးလံလံနှင့်ခေါင်းညိမ့်လိုက်သည်။
ရှေ့လျှောက်သူမကိုယ်ကိုယ်တိုးတက်အောင် အစွမ်းကုန်ကြိုးစားရတော့မည်မှန်း သူမသိသည်။ ရာထူးနှင့်အညီနေထိုင်ရမည်။ သူဌေးနှင့်အစ်မမိုချင်းယုံကြည်ထားသလိုနေထိုင်ရမည်။
သည်လိုနှင့် ချင်လင်လည်းသူ့ရုံးခန်းထဲပြန်လာခဲ့သည်။ သူကစံအိမ်နောက်ခံအစီအစဉ်ဖွင့်ပြီး သူလုပ်စရာရှိမရှိကြည့်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကြည့်ပြီး ဒီနေ့ကိစ္စများကိုင်တွယ်လိုက်၏။
ဖြစ်ချင်တော့ ငါးမျှား၊သစ်ပင်ခုတ်ပြီး ဘာမှအပိုမရသလို တောင်တန်းထွက်ကုန်ကအသစ်မထွက်ချေ။
ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းမှာဆက်တူးစေလိုက်သည်။ လက်ရှိဂိမ်းရွှေပြားပြတ်သွားပြီဖြစ်၍ ရွှေပြန်ဖြည့်တာကောင်းသည်။
နွေဦးသတ္တုတွင်း ၁၁ လွှာကိုတူးပြီးလျှင် သူ့ဂိမ်းဇာတ်ကောင်ကို ၁၂ လွှာဆက်သွားပြီးတူးစေသည်။
အရင်အတိုင်း ရွှေ၊ ငွေ၊ ကြေးနီသတ္တုရနိုင်ခြေက အလွန်မြင့်သည်။ နှစ်ကွက်သုံးကွက်တူးပြီးနောက် သုံးခုထဲမှတစ်ခုထွက်လာသည်။
(အထူးမြေကြီးတူးဖော်ရရှိသည့်အတွက်ဂုဏ်ယူပါတယ်!)
......
(အပြာရောင်ကျောက်မျက်တူးဖော်ရရှိသည့်အတွက်ဂုဏ်ယူပါတယ်!)
ပြီးလျှင် အထူးမြေကြီးနှင့်အထူးကျောက်လည်းတူးရလိုက်သည်။ ၆ လွှာနောက်ပိုင်း ဒီနှစ်မျိုးက ပုံမှန်ရနေကျပင်။
''ဒီသတ္တုတွင်းက နောက်ထပ်အံ့ဩစရာရှိဦးမလား သိချင်လိုက်တာ''
ချင်လင်ကတွေးတောနေရင်း သူ့ဂိမ်းဇာတ်ကောင်ကိုနောက်တစ်ကွက်တူးစေလိုက်သည်။ ရုတ်တရက် သူတူးလိုက်သောမြေက အရင်နဲ့မတူဘဲလုံးဝထူးခြားနေကြောင်းတွေ့လိုက်ရသည်။
အရင်တူးလိုက်တဲ့ပစ္စည်းတွေက ဂိမ်းဇာတ်ကောင်လက်ထဲပေါ်လာပြီးရင် သူ့ကျောပိုးအိတ်ထဲရောက်သွားသည်။
ဒီတစ်ခါ ဂိမ်းဇာတ်ကောင်ကတူးပြီးနောက် မြေပေါ်တွင်ရေပန်းထွက်လာကာ ဂိမ်းဇာတ်ကောင်ကိုချက်ချင်းပင့်လိုက်သည်။ ထို့နောက် အသိပေးစာပေါ်လာ၏။
(ရှားပါးမြေအောက်စမ်းရေတူးဖော်ရရှိသည့်အတွက်ဂုဏ်ယူပါတယ်! ကမ္ဘာ့စမ်းရေကိုရလိုက်ပါပြီ x ၂)
''???'' ချင်လင်က သူ့ကျောပိုးအိတ်ထဲမှရေပုံးနှစ်ပုံးကိုအံ့ဩစွာကြည့်လိုက်သည်။
ရေပုံးပုံစံကြောင့် သူအံ့ဩမိသည်။ လက်တွေ့လောကကသတ္တုရေပုလင်းကြီးနှင့်တူနေသည်။
နောက်ပြီး ကမ္ဘာ့စမ်းရေကို ပုံစံအဟောင်းထဲမှာမရနိုင်။
ဂိမ်းပုံစံအသစ်ထဲမှာ သတ္တုတွင်းအောက်ထဲရောက်လေလေ ပစ္စည်းတွေပိုရလေလေ။ ထို့အပြင် စုစုပေါင်းအဆင့် ၂၅၅ ရှိသောကြောင့် သေချာပေါက်ပစ္စည်းတွေအများကြီးထပ်ထည့်ထားလိမ့်မည်။ ကမ္ဘာ့စမ်းရေက ဒီထဲကတစ်ခုပင်။
၁၂ လွှာရောက်နေပြီဆိုတော့ မြေအောက်စမ်းရေတူးရတာ ယုတ္တိတော့ရှိသည်။
အသစ်ရှာဖွေတွေ့ရှိသောကြောင့် ချင်လင်စိတ်လှုပ်ရှားသွားသည်။ သူကသူ့ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေလိုက်၏။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့စမ်းရေရနိုင်ချေမနည်းဘူး။
ဖြစ်ချင်တော့ အထူးမြေကြီးနှစ်အိတ်နှင့်ကျောက်မျက်သုံးခုအပြင် နောက်ထပ်ကမ္ဘာ့စမ်းရေထပ်မရတော့ချေ။
ထိုအချိန်တွင် မြေအောက်စမ်းရေရှားကြောင်းသတိရသွားသည်။ အထူးမြေကြီးလောက်တူးရဖို့မလွယ်နိုင်။
သို့သော် ဒါကလည်း ကမ္ဘာ့စမ်းရေက အထူးမြေကြီးထက်လုံးဝအဆင့်ပိုမြင့်သည်ဟူသောသဘောဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာက ရှားလေလေကောင်းလေလေ။ ဒါကအခြေခံသဘောတရားပင်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို ၁၃ လွှာထဲဝင်စေလိုက်သည်။ သို့သော် ဒီတစ်ခါကန့်သတ်ခံလိုက်ရပြန်သည်။ အဆင့်တစ်ခုအထိမရောက်သေးဘဲမဝင်နိုင်။ သုံးလွှာသာဖွင့်ပေးထားသည်။
ထို့ကြောင့် သူ့ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံပြန်စေပြီး ကမ္ဘာ့စမ်းရေနှစ်ပုံးထုတ်လိုက်သည်။ ရုံးခန်းကိုအတွင်းမှလော့ချ၍ ဂိမ်းထဲချက်ချင်းဝင်ကာ ကမ္ဘာ့စမ်းရေမှတ်ချက်ကိုစစ်ကြည့်လိုက်သည်။
(ရှားပါး - ကမ္ဘာ့စမ်းရေ: ဆန်းကြယ်!)
(အတော်ရှားသောမြေအောက်စမ်းရေဖြစ်သည်။ မြေအောက်စမ်းရေများကိုစုထားသောအနှစ်သာရရှိသည်။ အပင်များကြီးထွားခြင်းအတွက် အလွန်ထိရောက်ပြီးအာနိသင်ကောင်းသည်။
ကန့်သတ်ချက်များ: အပင်တိုင်းက စွမ်းအင်အကန့်အသတ်နှင့်သာစုပ်ယူနိုင်သည်။ အကန့်အသတ်မရှိစုပ်ယူဖို့မဖြစ်နိုင်။ တိတိကျကျအခြေအနေကို မိမိဘာသာလေ့လာပါ။)
ချင်လင်ကမှတ်ချက်ကိုဖတ်ပြီး ကမ္ဘာ့စမ်းရေကိုဘာအတွက်သုံးလဲ ချက်ချင်းသိလိုက်သည်။
အပင်များကြီးထွားရေးအတွက် အလွန်ထိရောက်သောအာနိသင်ရှိပြီး အပင်အဖြစ်မြန်စေသည်။

ဒါဂိမ်းထဲမှာမြေဩဇာအားကောင်းလာသည်နှင့်အတူတူပင်။
ဒီအားကောင်းလာတဲ့အာနိသင်က ဘယ်လောက်ထက်သလဲ သူမသိ။
ချင်လင်ကဂိမ်းအပြင်ထွက်ပြီး ရုံးခန်းအပြင်လျှောက်လာသည်။ ကမ္ဘာ့စမ်းရေရဲ့အာနိသင်ကိုသူကြည့်ချင်သည်။ အပြင်ထုတ်စမ်းကြည့်တာနဲ့ သူသိရလိမ့်မည်။
ချင်လင်ကစံအိမ်မှထွက်ပြီးနောက် ကမ္ဘာ့စမ်းရေပုံးတစ်ပုံးယူလာသည်။ ထို့နောက် စံအိမ်ပြန်လာကာ စားကျက်မြေရေသိုလှောင်မှုစနစ်၏ရေလှောင်ကန်ထဲတန်းလောင်းထည့်မည်။
အပင်တိုင်းစုပ်ယူနိုင်တဲ့ကမ္ဘာ့စမ်းရေပမာဏက အကန့်အသတ်ရှိသည်။ တိတိကျကျပမာဏကိုသူမသိသောကြောင့် ကမ္ဘာ့စမ်းရေပုံးယူပြီး ရေလှောင်ကန်ထည့်လိုက်ရင် အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကိုလောင်းပြီးသားဖြစ်သွားမည်။ ရေရောပြီး ဧက ၁၀၀၀ ကိုလောင်းရင် အာနိသင်ထွက်မထွက်သူမသိချေ။
ပုံမှန်အားဖြင့် ခွေးသွားစိတ်မြက်အပင်ဖြစ်ရန် ၃ ရက်မှ ၅ ရက်ကြာတတ်သော်လည်း ဂိမ်းထဲမှအရည်အသွေး ၂ ခွေးသွားစိတ်မြက်က အပင်ဖြစ်ပိုမြန်သည်။ အပင်စိုက်ပြီးတာ တစ်ရက်ရှိပြီ။ ရေလှောင်ကန်ထဲ ကမ္ဘာ့စမ်းရေထပ်ထည့်ပြီးလောင်းလိုက်ရင် မနက်ဖြန်အာနိသင်ရှိမရှိသိရလိမ့်မည်။
မကြာခင် ချင်လင်ကရေလှောင်ကန်ရောက်လာပြီး ရေလှောင်ကန်ထဲကမ္ဘာ့စမ်းရေပုံးလောင်းထည့်ကာ မွေးမြူရေးခြံနှင့်ဆက်သွယ်လိုက်သည်။ ထို့နောက် စက်ဖွင့်ပြီးမွှေလိုက်၏။
ပိုးသတ်ဆေးတချို့ထည့်ပြီး တခြားပစ္စည်းများပျော်ဝင်အောင်လုပ်ခြင်းပင်။
နောက်ဆုံး အဆို့တိုက်ရိုက်ဖွင့်ပြီး ရေစသွင်းလိုက်သည်။
သူမြက်စိုက်ထားသောနေရာရောက်သောအခါ မြေပေါ်ရေရောက်ပြီးရုတ်တရက်စိုရွှဲသွားသည်။ မြေပေါ်မှမျိုးစေ့များကိုကြည့်လိုက်ရာ အပင်မပေါက်သေး။ မနက်ဖြန်ပြန်လာပြီးစစ်ကြည့်ရမည်။ တချို့တလေပြောင်းလဲမှုရှိနိုင်သည်။
ချင်လင်ကပြီးလျှင် အချိန်ကြည့်လိုက်သည်။ နေမွန်းတည့်ခါနီးပြီဖြစ်၍ ကျောက်မိုချင်းကိုခေါ်ပြီး စားသောက်ခန်းထဲတွင် နေ့လယ်စာသွားစားသည်။
''သူဌေး! သူဌေးကတော်!''
ယွီရွှေ့ကနေ့လယ်စာစားပြီး ချင်လင်နှင့်ကျောက်မိုချင်းကိုတွေ့သောကြောင့် ချက်ချင်းနှုတ်ဆက်လိုက်သည်။ သူ့သဘောထားက အရင်ထက်ပိုပြီးလေးလေးစားစားနှင့်။ သူ့ကိုလည်း ကျောက်မိုချင်းကခေါ်၍စကားပြောပြီးဖြစ်သဖြင့် မန်နေဂျာအဖြစ်ရာထူးတိုးတော့မည်မှန်းသူသိထားသည်။
ထို့ကြောင့်လည်း စံအိမ်နှင့်ပတ်သက်သည်ဟူသောခံစားချက်ပိုမြင့်လာပြီး ချင်လင်နှင့်ကျောက်မိုချင်းကိုလေးစားမှုက သူ့ရင်ထဲမှထွက်လာသည်။ ဒီရာထူးတိုးအခွင့်အရေးကို သူအလွန်တန်ဖိုးထားကြောင်းလည်းပြရာရောက်သည်။
ယွီရွှေ့ကစားသောက်ခန်းမှထွက်ပြီး စိုက်ခင်းထဲတန်းသွားသည်။
ရာထူးတိုးမည်ဟုသိပြီးနောက် အခုအလုပ်လုပ်ရတာအလွန်တက်ကြွနေသည်။
သူဌေးက ပါမောက္ခလီခိုင်ကို ခွေးသွားစိတ်မြက်မျိုးစေ့ဧက ၁၀၀၀ စမ်းသပ်ခိုင်းထားသည်။ ဒါသူဌေးကအလွန်အလေးထား၍ဖြစ်မည်။ ဒီတော့သူက ဘာပြဿနာမှမရှိအောင် သုံးလေးကြိမ်ထပ်ပြီးစစ်ဆေးထားရမည်။
''အာ... ပါမောက္ခလီခိုင်ရဲ့ရေလွှတ်ချိန်မကျသေးဘဲ ဘယ်သူကအဆို့ဖွင့်လိုက်တာလဲ?''
ယွီရွှေ့ကအနားရောက်လာပြီး ရေစိုနေသောမြေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
မဖြစ်နိုင်တာ?
ဒါပါမောက္ခလီခိုင်ရဲ့စမ်းသပ်ချက်ကြောင့်ဆိုရင်ရော?
ယွီရွှေ့ကပြောရင်းဆိုရင်း ရုတ်တရက်ကြောင်သွားသည်။ သူကငုတ်တုပ်ထိုင်ချပြီး အရွက်စိမ်းစိမ်းများကိုငေးကြည့်ကာ အံ့ဩနေသည်။
''ဒါပြီးခဲ့တဲ့နာရီပိုင်းလောက်က မပေါက်သေးဘူးမလား?''
ယွီရွှေ့ကမယုံနိုင်ပုံနှင့် သူ့ကိုယ်သူပြန်မေးလိုက်လေသည်။