← Chapters

၁၅ ရက်အတွင်းဖြစ်လာသောမြက်ခင်းပြင်! ရုတ်တရက်မြင်းပယ်ချခံရခြင်း!

Vol. 33 Ch. 489

၁၅ ရက်အတွင်းဖြစ်လာသောမြက်ခင်းပြင်! ရုတ်တရက်မြင်းပယ်ချခံရခြင်း!

Vol. 33 Ch. 489

ယွီရွှေ့က ခွေးသွားစိတ်မြက်အပင်ပေါက်ကိုမယုံနိုင်ပုံနှင့်ကြည့်နေသည်။ ထို့နောက် ပတ်ဝန်းကျင်ကိုသေချာစစ်ဆေးပြီး အသစ်စိုက်ထားသောခွေးသွားစိတ်မြက်အားလုံးလိုလိုအပင်ပေါက်နေကြောင်းတွေ့လိုက်ရသည်။

ခွေးသွားစိတ်မြက်မျိုးစေ့စိုက်တုန်းက သူသုတေသနတချို့လုပ်ခဲ့သောကြောင့် မွေးမြူရေးခြံအတွက်အထူးစိုက်ထားသော ဤခွေးသွားစိတ်မြက်မျိုး၏ကြီးထွားပုံစက်ဝန်းကိုသူသိသည်။

မွေးမြူရေးခြံအတွက်စိုက်ထားတဲ့ခွေးသွားစိတ်မြက်မျိုးစေ့ကောင်းက အစောဆုံး ၃ ရက်အတွင်းအပင်ပေါက်တတ်သည်။

သူ့လူတွေနဲ့အပင်စိုက်ထားတာ တစ်ရက်နဲ့နေ့တဝက်ပဲရှိသေးတာမလား? အကုန်အပင်ပေါက်နေပြီ။ အချိန်ကထက်ဝက်လျော့သွားတယ်။

''ပါမောက္ခလီခိုင်က အံ့ဩစရာပဲ''

ယွီရွှေ့က ပါမောက္ခလီခိုင်ရေရောလိုက်သောအထူးမြေကြီးကို ချက်ချင်းသတိရသွားသည်။

သူဌေးနဲ့ပါမောက္ခလီခိုင်က အထူးမြေကြီးအကြောင်းမပြောသော်လည်း သာမန်မြေကြီးမဟုတ်မှန်းသူကြည့်ရုံနဲ့သိသည်။ မီးခိုးမဲမဲအရောင်က ရုက္ခမူပြာနဲ့မြေဩဇာရောစပ်ထားသလိုပင်။

မျိုးစေ့ဒီလောက်မြန်မြန်ပေါက်လာတာ အဲဒီပစ္စည်းကြောင့်ပဲဖြစ်ရမယ်။

ပါမောက္ခလီခိုင်ရဲ့စမ်းသပ်ချက်က လုံးဝထိရောက်တာပဲ။

ထိုအကြောင်းတွေးရင်း ယွီရွှေ့ကမွေးမြူရေးခြံအပြင်အလောတကြီးထွက်လာသည်။

ဒီသတင်းကောင်းကို သူဌေးနဲ့ပါမောက္ခလီခိုင်ဆီတင်ပြရမည်။



ဝန်ထမ်းစားသောက်ခန်းထဲ၌_

ချင်လင်နှင့်ကျောက်မိုချင်းက နေ့လယ်စာစားပြီးသွားသည်။ နောက်တစ်ဝိုင်းတွင် လီခိုင်နှင့်ထန်ရှိုးဝမ်ကအချင်းချင်းတီးတီးတိုးတိုးပြောနေကြ၏။

အစ်ကိုလီနဲ့ဒေါက်တာထန်တွဲပြီး အစားအသောက်သိပ်ကုန်းမဆင်းတော့။ အရည်အသွေး ၂ အစားအစာတောင် ဒေါက်ထာထန်လောက်အရသာရှိပုံမပေါ်ချေ။

သူထွက်လာမည်အပြုတွင် ယွီရွှေ့ကအပြေးဝင်လာပြီးအသံကျယ်ကျယ်နှင့်_

''သူဌေး... ပါမောက္ခလီရဲ့ခွေးသွားစိတ်မြက်စမ်းသပ်ချက်ကအောင်မြင်သွားပြီထင်တယ်''

သူ့အသံကနည်းနည်းကျယ်ပြီးအလောတကြီးဖြစ်နေသောကြောင့် စားသောက်ခန်းထဲမှဝန်ထမ်းအားလုံး သူ့ကိုကြည့်လိုက်ကြသည်။

''ဒီတစ်ခါပါမောက္ခလီခိုင်က ဘာသုတေသနလုပ်နေတာလဲ?''

''မွေးမြူရေးခြံမှာထင်တယ်''

''ကြီးကြပ်ယွီက ခွေးသွားစိတ်မြက်လို့ပြောလိုက်တာလား?''

“......”

စံအိမ်ဝန်ထမ်းများက ပါမောက္ခလီခိုင်ကိုအလွန်ရင်းနှီးကြသည်။

ပါမောက္ခလီခိုင်ရဲ့လက်ရှိဂုဏ်သတင်းကအလွန်ကောင်းနေသည်။ နောက်ပြီး သူကအသိပညာကြွယ်ဝသည်။ သူတို့မျက်စိထဲတွင် အလွန်ဩဇာရှိသောလူတစ်ယောက်ပင်။

ထိုပုံစံကြောင့် ချင်လင်၏နှုတ်ခမ်းထောင့်နည်းနည်းကွေးတက်သွားသည်။

ကောင်းတယ်။

သတင်းပြန့်သွားပြီ။





ခွေးသွားစိတ်မြက်က ပါမောက္ခလီခိုင်ရဲ့သုတေသနပဲ။

''စီနီယာအစ်ကိုလီ... ဒီတစ်ခါ ဘာသုတေသနလုပ်လိုက်တာလဲ?''

ထန်ရှိုးဝမ်လည်း နည်းနည်းဂုဏ်ယူသံနှင့်စူးမ်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ကောင်လေးလေ။

လီခိုင်က စားကျက်မြေမှာဘာသုတေသနမှမလုပ်ထား။ သူကအထူးမြေကြီးထပ်ထည့်ခြင်းသာရှိသည်။ ဘာပဲဖြစ်လာဖြစ်လာ ဒါအထူးမြေကြီးကြောင့်သာ။

အထူးမြေကြီးအကြောင်းအသေးစိတ်ကို လူသိရှင်ကြားဖွင့်ချ၍မရ။ သူလည်းခွေးသွားစိတ်မြက်ဘယ်လိုဖြစ်သွားလဲသိချင်သောကြောင့် ယွီရွှေ့ကိုမေးလိုက်သည်_

''ခွေးသွားစိတ်မြက်ဘာဖြစ်လို့လဲ?''

ယွီရွှေ့ကအမြန်ရှင်းပြသည်_

''ပါမောက္ခလီ... မြက်မျိုးစေ့ကအပင်ပေါက်နေပြီ... ပုံမှန်အတိုင်းဆို ခွေးသွားစိတ်မြက်အပင်ပေါက်ဖို့သုံးရက်ကြာမှာ... အခုတစ်ရက်နဲ့နေ့ဝက်ပဲရှိသေးတယ်... အချိန်ကတဝက်လျော့သွားတယ်''

''မြန်လှချည်လား?'' လီခိုင်ကြားလျှင်အံ့ဩသွားပြီး ချင်လင်ကိုချက်ချင်းပြောလိုက်သည်_

''ညီလေးချင်... ငါတို့သွားကြည့်ရအောင်?''

ဒါအထူးမြေကြီးရဲ့အာနိသင်ကြောင့်မှန်း သူ့စိတ်ထဲကသိနေသည်။

“သွားစို့!” ချင်လင်ခေါင်းညိမ့်လိုက်သည်။

သူအံ့ဩနေသည်။

ကမ္ဘာ့စမ်းရေရဲ့အာနိသင်က ဒီလောက်ထက်မည်ဟုမထင်မိ။

အပင်ရေသွင်းပြီးတုန်းကကြည့်ခဲ့တာ ဘယ်မျိုးစေ့မှအပင်မပေါက်သေး။

ဒါပေမဲ့ အခုဘယ်လောက်ကြာသေးလို့လဲ?

သူတို့နှစ်ယောက်က ယွီရွှေ့နှင့်ထွက်သွားရာ ဝန်ထမ်းစားသောက်ခန်းမှာ လှုပ်လှုပ်ရွရွဖြစ်သွားပြန်သည်။

''ပါမောက္ခလီခိုင်ရဲ့ခွေးသွားစိတ်မြက်သုတေသနက ရလဒ်ထွက်လာတာထင်တယ်''

''ပါမောက္ခလီခိုင်တော့ ရေပန်းစားဦးမှာပဲ''



''ဒါနဲ့... ပါမောက္ခလီခိုင်ရဲ့သုတေသနက အံ့ဩစရာကောင်းလိုက်တာ''

“......”

ချင်လင်ကနောက်မှအသံများကြားပြီး မပြုံးမိဘဲမနေနိုင်။

ဝန်ထမ်းများ၏ရင်ထဲတွင် ''ပါမောက္ခလီခိုင်က အံ့ဩစရာပဲ!''ဟုတွေးပြီး ပါမောက္ခလီရဲ့သုတေသနကြောင့်ထင်ကြမည်။

အစ်ကိုလီက အထူးမြေကြီးကြောင့်ဟုထင်မည်။

သူတစ်ယောက်တည်းသာ ကမ္ဘာ့စမ်းရေကြောင့်မှန်းသိထား၏။

အလွန်မြန်မြန်ဆန်ဆန်ပင်။

ချင်လင်နှင့်လီခိုင်က မွေးမြူရေးခြံရောက်သောအခါ ယွီရွှေ့နှင့်စစ်ဆေးကြည့်ရန်ငုတ်တုပ်ထိုင်ချလိုက်သည်။ မျိုးစေ့ကအပင်ပေါက်နေပြီ။

''တကယ်ပေါက်နေပြီပဲ'' လီခိုင်အံ့ဩသွားသည်။ အပင်ပေါက်ချိန်မြန်တယ်ဆိုတော့ အထူးမြေကြီးကဒီစားကျက်မြေမှာသက်ရောက်မှုရှိတယ်ဆိုတဲ့သဘော_

''ညီလေးချင်... စားကျက်မြေကမျိုးစိတ်ပြောင်းနိုင်ချေများတယ်... မင်းတကယ်ကံကောင်းတာပဲ''

''အားလုံးအစ်ကိုလီရဲ့ကျေးဇူးကြောင့်ပါ''

ချင်လင်ကထိုသို့ပြောလိုက်သော်လည်း မြက်ကမျိုးစိတ်ပြောင်းမှန်းသေချာသိသည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းထဲကခွေးသွားစိတ်မြက်မျိုးစေ့က မျိုးပြောင်းပြီးသားပဲ။

နောက်အချိန်များတွင် အပင်ပေါက်ချိန်မြန်ခြင်းငကအံ့ဩစရာအကောင်းဆုံးမဟုတ်တော့။

ချင်လင်ကကမ္ဘာ့စမ်းရေ၏အာနိသင်ကိုကြာကြာခံမည်မထင်မိ။ နောက်ရက်ပိုင်းတွင် ကမ္ဘာ့စမ်းရေလောင်းထားသောမြက်က နေ့တိုင်းပြောင်းလဲနေသည်။

ရက်ပိုင်းအတွင်း ခမ်းခမ်းနားနားစိမ်းစိုနေသောခွေးသွားစိတ်မြက်က နေရာအနှံ့တွင်အံ့ဩစရာအရှိန်နှင့်ပေါက်လာသည်။

မွေးမြူရေးခြံအတွက်ပျိုးထောင်ထားတဲ့ခွေးသွားစိတ်မြက်မျိုးရဲ့အပင်ကြီးထွားချိန်စက်ဝန်းက အနည်းဆုံးတစ်လဟုသိထားကြသည်။

ဒီနှုန်းအတိုင်းဆို ကြီးထွားချိန်စက်ဝန်းကအဆမတန်တိုသွားလိမ့်မည်။

ကမ္ဘာ့စမ်းရေ၏အာနိသင်ကြောင့်မှန်းသိ၍ငြိမ်သက်နေသောချင်လင်မှလွဲပြီး လီခိုင်၊ယွီရွှေ့နှင့်မွေးမြူရေးခြံတွင်လုပ်နေသောဝန်ထမ်းများအားလုံး မယုံနိုင်ကြ။

ယွီရွှေ့နှင့်ဝန်ထမ်းများကအံ့ဩပြီး ပါမောက္ခလီခိုင်ကအံ့ဖွယ်ဟူ၍လည်း ချီးကျူးနေကြသည်။

ထို့ကြောင့် လီခိုင်လန့်လာသည်။

ဒါအထူးမြေကြီးရဲ့အာနိသင်ကြောင့်မှန်းသူသိသည်။ ဒါပေမဲ့ ဒီလိုသာဆက်သွားနေရင် ခွေးသွားစိတ်မြက်အကြောင်းအပြင်လူတွေသိပြီး အုတ်အော်သောင်းတင်းဖြစ်ဦးမည်။

အဲဒီအချိန်ကျရင် သူ့လက်ချက်ဆိုပြီးဖြစ်ဦးမှာလား?



All Chapters