၁၅ ရက်အတွင်းဖြစ်လာသောမြက်ခင်းပြင်! ရုတ်တရက်မြင်းပယ်ချခံရခြင်း! ၂
Vol. 33 Ch. 490
ဘာပဲဖြစ်ဖြစ် အထူးမြေကြီးက အစ်ကိုလီနဲ့ချင်းလင်ဓာတ်ခွဲခန်းရဲ့လျှို့ဝှက်ချက်၊ အများကိုဖွင့်မချနိုင်။
၁၀ ရက်မြောက်နေ့တွင် အခင်းတစ်ခုလုံးမှာ ခမ်းနားစိမ်းစိုနေပြီ။
၁၅ ရက်မြောက်ရောက်သောအခါ အဆုံးမရှိသောမြက်ခင်းပြင်ကြီးလိုဖြစ်လာသည်။ ကျောက်မိုချင်းနှင့်စံအိမ်ထဲကလူများမှာ အခင်းအခြေအနေကိုသိပြီး အားလုံးမယုံနိုင်အောင်ဖြစ်နေကြသည်။
ကျောက်မိုချင်းက လင်းလန်ဇီကိုမွေးမြူရေးခြံကြော်ငြာအစီအစဉ်တောင်စပြင်ဆင်ခိုင်းထားသည်။
စံအိမ်ဝန်ထမ်းများက အခင်းမှာမြက်ခင်းပြင်ကြီးဖြစ်နေပြီဟုသိပြီးနောက်ပိုင်း ပါမောက္ခလီခိုင်နှင့်စားကျက်မြေအကြောင်းနေ့တိုင်းပြောကြသည်။
ယွီရွှေ့လည်း ပါမောက္ခလီခိုင်၏စွမ်းရည်ကိုလက်ဖျားခါသောကြောင့် စမ်းသပ်မှုတွင်သူ့လူများနှင့်သူကိုယ်တိုင်ပါဝင်လုပ်ဆောင်သည်။ ပါမောက္ခလီခိုင်ကဘယ်လိုလေ့ကျင့်ပေးကြောင်း၊ သူကိုယ်တိုင်ဘယ်လိုလုပ်ကြောင်း သူများကိုပြောပြလေ့ရှိသည်။
လီခိုင်နှင့်ချင်လင်က မွေးမြူရေးခြံဘက်လျှောက်လာပြီး ကျယ်ပြောသောမြက်ခင်းပြင်ကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်မှာ စိတ်သက်သာပျော်ရွှင်သလိုခံစားလိုက်ရသည်။
ဘယ်လိုပြောရမလဲ? သူဝင်လာပြီး အကန့်အသတ်မရှိတဲ့မြက်ခင်းပြင်ကိုမြင်လိုက်ရတော့ သူ့စိတ်ဝိဉာဥ်ကနူးညံ့သိမ်မွေ့သွားသလိုလို။
ဒါခွေးသွားစိတ်မြက်ရဲ့အာနိသင်ပဲ။
သူတို့သာခရီးသည်တွေဆိုရင် 'ဒီခရီးမှာဒီလိုရှုခင်းမျိုးမြင်လိုက်ရလို့ အလကားမဖြစ်တော့ဘူး'ဟူ၍ခံစားရမည်။
နောက်ပြီး ပိုဝေးဝေးသွားလိုက်ရင် ခွေးသွားစိတ်မြက်ရဲ့နောက်ထပ်အာနိသင်ကိုလည်းခံစားရမည်။ မြက်စိမ်းမွေးရနံ့ပင်။
အနံ့ကပြောပြ၍မရနိုင်။ သဘာဝဟူသောခံစားချက်နှင့်အလွန်သက်သောင့်သက်သာဖြစ်စေသည်။

''ညီလေးချင်... ငါဒီစားကျက်မြေကိုနမူနာယူပြီးစမ်းသပ်ပြီးသွားပြီ... အားလုံးလိုလိုမျိုးစိတ်ပြောင်းတယ်... ရာခိုင်နှုန်းက ၇၀% အထိရှိတယ်''
''ပြီးတော့ စမ်းသပ်ထားတဲ့အထူးဓာတ်တွေက အာဟာရကြွယ်ဝတယ်... မင်းမွေးတဲ့တိရစ္ဆာန်တွေကဒီမြက်တွေစားရုံနဲ့ သူများတွေအစားအစာမျိုးစုံနဲ့သေချာကျွေးမွေးထားတဲ့တိရစ္ဆာန်တွေထက်ပိုကောင်းနေမှာစိုးရတယ်''
''ဒီအချက်အလက်တွေထွက်လာရင် သုတေသနသမားတွေအကုန်လန့်သွားလိမ့်မယ်... ခွေးသွားစိတ်မြက်အပေါ်မှာ ဒီအထူးမြေကြီးရဲ့အာနိသင်ကအရမ်းကောင်းတာပဲ''
လီခိုင်ကပြောရင်း သက်ပြင်းချလိုက်သည်။
အာနိသင်ကောင်းလွန်းလို့ ဒီခွေးသွားစိတ်မြက်ကြောင့် မြက်ခင်းပြင်ကအုတ်အော်သောင်းတင်းဖြစ်တော့မည်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ အထူးမြေကြီးအကြောင်းပေါ်သွားလို့မဖြစ်၊ ဒီတော့ သူပဲခေါင်းခံရဦးမည်ပေါ့။
ခေါင်းခံရမှာမကြောက်သော်လည်း အပြင်လူတွေအမြင်မှာ သူကစွမ်းအားရှိသည်၊အံ့ဩဖို့ကောင်းသည်၊ ဒါပေမဲ့ သူကဘာမှမသိဖြစ်နေမှာစိုးသည်။
သူအရင်ကကြည့်ဖူးသောရုပ်ရှင်ကားတစ်ကားကိုသတိရသွားသည်။ အမှတ်မထင်ကမ္ဘာ့ချန်ပီယံဖြစ်လာသည်ဟုပြောကြသောတေလေဂျပိုးတစ်ယောက်အကြောင်းပင်။ လူတိုင်းကသူ့ကိုအစွမ်းရှိသည်ဟုသိထားပြီးကြောက်ကြသော်လည်း သူဘယ်လောက်စွမ်းမှန်းသူမသိချေ။
အဲဒီအချိန်က ထိုဇာတ်ကွက်ကိုချာလိုက်တာဟုထင်ခဲ့သည်။
ကမ္ဘာမှာဒီလောက်တုံးတဲ့တူရှိလို့လား?
တေလေဂျပိုးကကမ္ဘာ့နံပါတ်တစ်ဆိုတာ ယုံတဲ့သူရှိကောင်းရှိမည်။
အခုသူကိုယ်တိုင်ကြုံရတော့မှ ဇာတ်ကွက်ကချာတူးလန်တာမဟုတ်၊ ကမ္ဘာကြီးကကိုအံ့ဩဖို့ကောင်းနေတာ။
ချင်လင်ကလီခိုင်ရဲ့စကားကိုထူးဆန်းသည်ဟုမထင်။ ဘာပဲဖြစ်ဖြစ် ခွေးသွားစိတ်မြက်မှာ တိရစ္ဆာန်အကြိုက်အာဟာရ +၂ အရည်အသွေးရှိ၍ အာဟာရကြွယ်ဝတာမထူးဆန်းပေ။
သူကဖုန်းပြန်ထုတ်လိုက်ပြီး အဆုံးမရှိသောမြက်ခင်းပြင်ကိုဗီဒီယိုရိုက်ယူလိုက်သည်။
သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရှုခင်းအတိုင်းပင်။ ဗီဒီယိုထွက်လာရင် အရမ်းလှပြီးဆွဲဆောင်မှုရှိမည်။ ဗီဒီယိုအရည်အသွေးက သူ့ဗီဒီယိုရိုက်စွမ်းရည်ထက်အများကြီးပိုကောင်းသည်။
အဆင့်မြင့်အရည်အသွေးက အရည်အသွေး ၂ သုံးပွင့်ဆိုင်ဇီးပန်းထက်မညံ့ချေ။


ကြည့်ရတာ ဒီခွေးသွားစိတ်မြက်က ပတ်ဝန်းကျင်သက်ရောက်မှုလုံးဝရှိပုံမရ။ လက်တွေ့လောကမှာစိုက်ရင်တောင် အရည်အသွေး ၂ ရှိသေးသည်။
သေချာအောင် ချင်လင်လည်းငုတ်တုပ်ထိုင်ချပြီး ခွေးသွားစိတ်မြက်နည်းနည်းနုတ်လိုက်သည်။ ပြီးရင်ဂိမ်းထဲယူသွားပြီး အရည်အသွေးစစ်ကြည့်မည်။
ရုံးခန်းထဲပြန်ရောက်လျှင် အရင်ဆုံးတံခါးလော့ချလိုက်သည်။ ထို့နောက် ဂိမ်းထဲဝင်ပြီး လက်တွေ့လောကတွင်စိုက်ထားသော ခွေးသွားစိတ်မြက်၏အရည်အသွေးကိုစစ်ကြည့်လိုက်သည်။
(ခွေးသွားစိတ်မြက်: သာမန်)
(သာမန်ခွေးသွားစိတ်မြက်သာဖြစ်သည်။ ထူးထူးခြားခြားဘာမှမရှိ!)
...
(ခွေးသွားစိတ်မြက်: အရည်အသွေး ၂)
(သေချာသုတေသနလုပ်ပြီး မျိုးစိတ်ပြောင်းထားသောစားကျက်မြက်မျိုးဖြစ်သည်။ စိုက်ပျိုးပြီးလျှင် မွေးမြူရေးခြံတွင်ထင်မှတ်မထားသောအာနိသင်များရှိလာမည်:
မြက်စိမ်းမွှေးနံ့ +၂၊ စိတ်ထွက်ပေါက်ရခြင်း +၂၊ အပူအပင်ကင်း၍စိတ်သက်သာခြင်း +၂၊ အဆင်းလှခြင်း +၂၊ ဝင်ရောက်ခြင်း +၂၊ တိရစ္ဆာန်များကြိုက်ခြင်း +၂၊ အာဟာရရှိခြင်း +၂၊ သက်လုံအားကောင်းခြင်း +၂!)
ခွေးသွားစိတ်မြက်ခင်းတွင်သာမန်မျိုးစေ့များပါသော်လည်း သူဂိမ်းထဲမှထုတ်လာသောမျိုးစေ့က စိုက်ပျိုးပြီးနောက် အရည်အသွေး ၂ ရှိသည်။
တိရစ္ဆာန်များကြိုက်သော +၂ အာနိသင်ကလည်း မွေးမြူရေးခြံထဲရောက်လာမည့်တိရစ္ဆာန်များအတွက်ပြဿနာမရှိဘဲ ချက်ချင်းဖြေရှင်းပြီးသားဖြစ်မည်။
တိရစ္ဆာန်များမှာကြာရှည်သီးသန့်ခွဲထားပြီး နယ်ဝေးကိုလည်းပို့ခံရသည်။ ပတ်ဝန်းကျင်အသစ်ရောက်သောအခါ စိုးရိမ်ကြောင့်ကြပြီးမစားမသောက်လျှင် ပြဿနာများဖြစ်နိုင်သည်။
ထို့ကြောင့် လုပ်ငန်းအသစ်ဖွင့်ပြီးအထိန်းထားမည်။ တိရစ္ဆာန်များအမြန်ဆုံးအသားကျအောင်လုပ်ပေးနိုင်လျှင် ရောဂါဖြစ်စေနိုင်သောပူပန်မှုများလျော့ကျပြီး ဆုံးရှုံးမှုနည်းပါးမည်။
သို့သော် တိရစ္ဆာန်များကြိုက်သော +၂ အရည်အသွေးကြောင့် အထိန်းသမားအလုပ်ပြုတ်နိုင်၏။
ကံကောင်းတာတစ်ခုက ဒီအရည်အသွေး ၂ ခွေးသွားစိတ်မြက်မှာလည်း ကန့်သတ်ချက်ရှိသည်။ ဂိမ်းမျိုးစေ့များမှာသာ ဒီလိုအရည်အသွေးမျိုးရှိသည်။ ပျိုးထောင်ထားသော သို့မဟုတ် ရွှေ့စိုက်ထားသောမျိုးစေ့များမှာ မည်သည့်အာနိသင်မှမရှိချေ။
မဟုတ်ရင် မြက်ကိုပျိုးထောင်ဖို့လာခိုးသူတွေအများကြီးရှိနိုင်သည်။ ဒီစတုရန်းမီတာ ၇၀၀၀၀၀ ကိုစောင့်ကြည့်ဖို့လုံးဝမဖြစ်နိုင်။
နောက်နှစ်ရက်ကုန်လွန်သွားသည်။
ချင်လင်ကပစ္စည်းများပို့ပြီး စံအိမ်ရုံးခန်းထဲပြန်လာရုံရှိသေး၊ လုယုံက စောစောစီးစီးသူ့ကိုလာရှာသည်။ လုယုံမှာ အပြာရောင်အောက်ခံတွင်ချင်းလင်စံအိမ်ကော်လာနှင့် စိတ်တိုင်းကျချုပ်ထားသောပညာရှင်ဝတ်စုံမျိုးဝတ်ထားသည်။
ထိုဝတ်စုံကို ကျောက်မိုချင်းကသူ့အတွက်သီးသန့်မှာထားပေးခြင်းဖြစ်သည်။ မန်နေဂျာများအတွက်ဝတ်စုံလည်းဖြစ်ပြီး အရောင်ရွေးယူနိုင်သည်။ ကော်လာတွင်ချင်းလင်စံအိမ်ဟုထိုးထားပြီး ဝန်ထမ်းကတ်လည်းရှိသည်။ လုယုံ၏ဝန်ထမ်းကတ်မှာ အဝယ်မန်နေဂျာဟူ၍။