← Chapters

၁၅ ရက်အတွင်းဖြစ်လာသောမြက်ခင်းပြင်! ရုတ်တရက်မြင်းပယ်ချခံရခြင်း! ၃

Vol. 33 Ch. 491

၁၅ ရက်အတွင်းဖြစ်လာသောမြက်ခင်းပြင်! ရုတ်တရက်မြင်းပယ်ချခံရခြင်း! ၃

Vol. 33 Ch. 491

စံအိမ်နေရာဖွဲ့စည်းပုံကလည်းပြည့်စုံနေပြီ။ မန်နေဂျာအဖြစ်ရာထူးတိုးသူများကိုလည်းကြေညာထားသည်။ ထို့အပြင် ကြေညာပြီးနောက်ပိုင်း စံအိမ်ဝန်ထမ်းများမှာအလွန်တက်ကြွသွားသည်။

အကြောင်းမှာ မန်နေဂျာရာထူးအပြင် ကြီးကြပ်သူများ၊အလုပ်သမားခေါင်းများအတွက်နေရာရှိသောကြောင့်ပင်။

အားလုံးအခွင့်အရေးရှိသည်။

တက်ကြွသူများက ဒါတိုးတက်ဖို့အကောင်းဆုံးအခွင့်အရေးမှန်းသိ၍ ကောင်းကောင်းလုပ်ကြသည်။ ဒီအခွင့်အရေးကိုလွှဲချော်သွားရင် ရှေ့လျှောက်နေရာအားလုံးပြည့်သွားပြီး တိုးတက်ဖို့အများကြီးပိုခက်ခဲသွားလိမ့်မည်။

မှန်သည်။ အခွင့်အရေးကိုယ့်ရှေ့ရောက်နေတုန်း ဘာမှမလုပ်ရင် ကျန်ဘဝတလျှောက်လုံးငါးပိကောင်ပဲဖြစ်လိမ့်မည်။

''ထိုင်ပါဦး... အဆင်ပြေလား?''

ချင်လင်ကပြုံးပြီးမေးနေစဉ် လုယုံကလက်ဖက်ရည်စားပွဲဝင်ထိုင်လိုက်သည်။

''ကျွန်တော့်အဝယ်ဌာနကိုယ်တိုင် သူတို့ကိုဆက်သွယ်ထားတာ... အဆင်မပြေရင် ကိုယ့်ခြေထောက်ကိုယ်ရိုက်ချိုးလိုက်ရမလား?''

လုယုံကပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။ သူ့လက်ရှိအလုပ်ကို သူအရမ်းကျေနပ်နေပုံရ၏။

ချင်းလင်စံအိမ်အဝယ်မန်နေဂျာလစာက ပင်လယ်ပြာအဖွဲ့အစည်းလောက်မမြင့်။ မည်သို့ဆိုစေ ရုံချန်းနှင့်မင်မြို့တော်လစာကိုယှဉ်၍မရနိုင်။ သို့သော် စံအိမ်တွင်ကော်မရှင်ခနှင့်ဆုကြေးများရှိသည်။ အားလုံးပေါင်းလိုက်ရင် လစာကပင်လယ်ပြာအဖွဲ့အစည်းထက်အများကြီးပိုမြင့်လိမ့်မည်။



အခုသူလည်း သူ့မိန်းမနဲ့သမီးကိုရုံချန်းစီရင်စုခေါ်လာပြီး ဒီမှာအိမ်တစ်လုံးဝယ်ကာ ချင်းလင်စံအိမ်တွင်အခြေချရန်စီစဉ်ထားသည်။

ချင်းလင်စံအိမ်မှာ အဝယ်မန်နေဂျာမရှိရုံသာမဟုတ်။ စီမံရေးထိပ်ပိုင်းတွင် သူဌေး၏ဥက္ကဌနေရာ၊ သူဌေးကတော်၏ CEO နေရာမှလွဲ၍ အထွေထွေမန်နေဂျာ၊ ဒါရိုက်တာနှင့် ဒုဥက္ကဌနေရာများလည်းလွတ်နေသည်။

ဒီနေရာတွေက အချိန်တိုအတွင်းနေရာရဦးမည်မဟုတ်မှန်းသူသိသည်။

ဒါကလည်း မန်နေဂျာတွေအတွက်အခွင့်အရေးပင်။ သူတို့လုပ်နိုင်စွမ်းကိုပြပြီးအခွင့်အရေးရှိလာရင် ရပိုင်ခွင့်က ရေရှည်ဖွံ့ဖြိုးလာခဲ့သောကုမ္ပဏီများထက်ပိုကြီးလိမ့်မည်။

ဘယ်သူမှတာဝန်မယူနိုင်ရင် အပြင်လူတွေသာအကျိုးအမြတ်ရသွားလိမ့်မည်။

ဒီတော့ သူ့စိတ် ၁၂၀% ထည့်ပြီး အလုပ်လုပ်ရမည့်အချိန်ကျပြီ။

ဒီအတွက် သူတိုက်ယူရမည်။

လုယုံက မနက်အစောကြီးလာရသည့်သူ့ရည်ရွယ်ချက်ကိုလည်း မမေ့မလျော့တင်ပြလိုက်သည်_

''ဥက္ကဌချင်... တိရစ္ဆာန်ပထမအသုတ်က မနက်ဖြန်ရောက်ပါလိမ့်မယ်... မြင်းကြီး မြင်းပေါက် အလှမွေး မြင်း ၅၅ ကောင်ရှိပါတယ်... စံအိမ်မှာလိုအပ်တဲ့အစီအစဉ်တွေလုပ်ထားရပါတယ်''

''အင်း!'' ချင်လင်ကခေါင်းညိမ့်ပြီး ဖုန်းကောက်ကိုင်ကာ ကျန်းကွေ့ကျူကိုဖုန်းဆက်လိုက်သည်။

ခဏအကြာ ကျန်းကွေ့ကျူက သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး၊ မိန်းကလေးတစ်ဦး၊ လူငယ်နှစ်ယောက်နှင့်အတူရောက်လာသည်။

သူတို့လေးယောက်လုံးက ကုတ်အင်္ကျီအဖြူများဝတ်ထားသည်။ သို့သော် လူမကုဘဲတိရစ္ဆာန်ကုသောဆရာဝန်များဖြစ်သည်။

တိရစ္ဆာန်တွေအများကြီးမွေးမြူရေးခြံထဲရောက်လာရင် တိကုဆရာဝန်တွေကမရှိမဖြစ်။ တိရစ္ဆာန်များကိုနေ့စဉ်စစ်ဆေးခြင်း၊ကုသခြင်း၊သားဖောက်ခြင်းနှင့်တခြားပြဿနာများအတွက် တိကုဆရာဝန်များလိုအပ်သည်။





ဒီတစ်ခေါက်ရောင်းချသူတွင် တိရစ္ဆာန်များကိုသီးသန့်ထားသောလက်မှတ်ရှိသော်လည်း အပြည့်အဝယုံ၍မရ။ မွေးမြူရေးခြံ၏ဆရာဝန်နှင့် ပြန်စစ်ကြည့်ရဦးမည်။

ဘာပြဿနာမှမရှိကြောင်းအတည်ပြုပြီးမှ ကျန်ငွေကိုပေးချေပြီးလက်မှတ်ထိုးပေးမည်။

ရှေ့လျှောက် မွေးမြူရေးခြံဆက်ပြီးချဲ့ထွင်ရင် တိကုဆရာဝန်လေးယောက်နှင့်မလုံလောက်။

ဒီတိကုဆရာဝန်လေးယောက်ကို လက်ရှိတိရစ္ဆာန်ကျန်းမာရေးဌာနထဲထည့်ထားပြီး ကျန်းကွေ့ကျူကကြီးကြပ်သူဖြစ်သည်။ အခုတိရစ္ဆာန်မွေးမြူရေးသမားနှစ်ယောက်ထပ်ခေါ်ထားပြီး ကျန်းကွေ့ကျူကသူတို့ကိုလည်းကြည့်ရသည်။

''သူဌေး... အားလုံးရောက်ပါပြီ''

ကျန်းကွေ့ကျူကပြောသည်။

ချင်လင်ကခေါင်းညိမ့်ပြီး_

''ပထမအသုတ်မြင်း ၅၅ ကောင်က မနက်ဖြန်ရောက်မယ်... ဒီအကောင်တွေကိုသေချာစစ်ဆေးကြည့်ရမယ်... ဘာပြဿနာမှမရှိတာသေချာမှ မွေးမြူရေးခြံထဲထည့်မယ်''

ကျန်းကွေ့ကျူကခေါင်းညိမ့်ကာ_

''သူဌေး... ကျွန်မနားလည်ပါပြီ... အားလုံးစစ်ဆေးရေးဂိတ်မှာသေချာစောင့်ကြည့်မှာပါ... ပြဿနာမရှိစေရပါဘူး''

နောက်တစ်နေ့_

မြင်း ၅၅ ကောင်ရောက်ခါနီးအချိန် ကျန်းကွေ့ကျူလည်းမွေးမြူရေးခြံဝင်ပေါက်တွင် လူတချို့နှင့်စောင့်နေသည်။ သူတို့ဘေးတွင်စမ်းသပ်ကိရိယာတချို့လည်းရှိသည်။

မွေးမြူရေးခြံတွင် သီးသန့်ဝင်ပေါက်တစ်ခုလည်းရှိသည်။ ထိုလမ်းကိုနိုင်ငံတော်အမြန်လမ်းတွင်ဖောက်ထားသည်။ ခရီးသည်များကိုဝင်ခွင့်မပေးဘဲ မွေးမြူရေးခြံအတွက်သီးသန့်လမ်းကြောင်းဖြစ်သည်။

ချင်လင်နှင့်ကျောက်မိုချင်းလည်း မွေးမြူရေးခြံဝင်ပေါက်တွင်စောင့်နှင့်သည်။ လင်းဖန်က ဝမ်ချိုင်လက်ကိုဆွဲလျက်သား။



ကျောက်မိုချင်းရောလင်းဖန်ပါ မျှော်လင့်စောင့်စားနေကြ၏။

သူတို့အရင်ကမြင်းအစစ်လုံးဝမမြင်ဖူး၊ တပြိုင်တည်း ၅၅ ကောင်မြင်ရမည်ဆိုမပြောနှင့်တော့။ အားလုံးအတူတူထားရင် အုပ်လိုက်ကြီးဖြစ်လိမ့်မည်။

မွေးမြူရေးခြံဝန်ထမ်းများ အထူးသဖြင့်မွေးမြူရေးတာဝန်ခံများအားလုံးရောက်နေကြသည်။

မကြာမီ မွေးမြူရေးခြံဝင်ပေါက်ဆီမောင်းလာသောကားတန်းကိုတွေ့ရသည်။

ကားရပ်လိုက်သောအခါ အထဲမှမြင်းဟီသံများကြားရသည်။

ဝမ်ချိုုင်ကအသံကြားပြီး အပြေးရောက်လာသည်။ သူကပတတ်ရပ်ပြီး ကားထဲလှမ်းကြည့်လိုက်၏။ ဘဲဖြူကြီးတွေတုန်းကရခဲ့သောသင်ခန်းစာကို သူလုံးဝမေ့သွားပုံရသည်။

ထိုအချိန်တွင် ကျန်းကွေ့ကျူလည်း တိကုလေးယောက်၊မွေးမြူရေးခြံဝန်ထမ်းများနှင့်အတူရှေ့တိုးလာပြီး မြင်းများကိုစစ်ဆေးကြည့်သည်။

သက်လတ်ပိုင်းအမျိုးသားတစ်ဦးဆင်းလာပြီး ချင်လင်တို့ကိုမေးသည်_

''ဘယ်သူက ချင်းလင်စံအိမ်ရဲ့သူဌေးချင်လဲ သိပါရစေ?''

''ကျွန်တော်ပါပဲ!''

ချင်လင်က ထိုလူကိုပြောလိုက်သည်။

သက်လတ်ပိုင်းအမျိုးသားကချက်ချင်းရှေ့တိုးလာပြီး ချင်လင်ကိုလက်ဆွဲနှုတ်ဆက်ကာ_

''သူဌေးချင်... ကျွန်တော်က လင်ကျန်းပါ... တာနာတိရစ္ဆာန်မွေးမြူရေးစင်တာကအထိန်းပါ... ဒီမြင်းတစ်သုတ်နဲ့ ကျွန်တော်ဒီကိုလိုက်လာရတဲ့အကြောင်းရင်းက ဒီမြင်းတွေရဲ့စိတ်အခြေအနေကိုကူထိန်းပေးဖို့ပါ... စိတ်ပူပန်ပြီးမစားမသောက်ဘဲ မလိုလားအပ်တဲ့ရောဂါတွေဖြစ်မလာရအောင်ပါ''

''ဒုက္ခပေးမိပြီ လူကြီးမင်းလင်''

ချင်လင်မှာ မွေးမြူရေးခြံခွေးသွားစိတ်မြက်က တိရစ္ဆာန်များကြိုက်သောအရည်အသွေး ၂ ရှိပြီး ပူပန်စရာ၊မကြိုက်စရာမရှိမှန်းသိသော်လည်း လင်ကျန်းကိုယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။

လင်ကျန်းကပြုံးပြီး_ ''ဒုက္ခမများပါဘူး... ကျွန်တော်လုပ်သင့်တာပါပဲ... သူဌေးချင်ကိုအထိန်းနှစ်ယောက်လည်းကူပေးမယ်... နောက် ဒီမြင်းတစ်သုတ်ကပူပန်စရာရှိရင် သူတို့ဖြေရှင်းနိုင်တာပေါ့''

မကြာမီ ကျန်းကွေ့ကျူတို့က တင်သွင်းသောမြင်းများမှာအဆင်ပြေကြောင်းတွေ့ရသဖြင့် မွေးမြူရေးခြံထဲသို့ မွေးမြူရေးခြံဝန်ထမ်းများနှင့်သွင်းလိုက်သည်။

ထို့ကြောင့် လင်ကျန်းလည်း ချင်လင်ကိုအခင်းထဲခေါ်ပြီး လမ်းလျှောက်ရင်းပြောလာသည်_

''ဥက္ကဌချင်... မွေးမြူရေးခြံမှာ အထိန်းသမားမရှိလို့မရဘူး... ထိန်းတဲ့သူကအရေးအကြီးဆုံးပဲ''

သူကအထဲသွင်းလာသောမြင်းများကိုလက်ညိုးထိုးပြီးတောင်ပြောပြသည်_

''ဥပမာပြောရရင် ဒီမြင်းတွေကိုသီးသန့်ထားဖို့အချိန်ယူရတယ်... ဒီကိုသယ်လာဖို့နောက်ထပ်အချိန်ယူရတယ်... သူတို့အရမ်းစိတ်ပူနေတာပေါ့... မွေးမြူရေးခြံရောက်ခါစဆိုရင် ဘာမှစားမှာမဟုတ်ဘူး... ထိန်းတဲ့သူက သူတို့ကိုကျောင်းပေးရတယ်''

သို့သော် ပြောရင်းပြောရင်း လင်ကျန်းလည်ချောင်းဆို့သွားသည်။ မြင်းများမှာ မွေးမြူရေးခြံထဲသွင်းလိုက်သည်နှင့် ရုတ်တရက်ခုန်ပေါက်မြူးတူးနေကြ၏။ ထို့နောက် လင်ကျန်းမျက်စိရှေ့ပင် ခေါင်းငုံ့ချပြီးလတ်လတ်ဆတ်ဆတ်ခွေးသွားစိတ်မြက်များတမြုံ့မြုံ့စားနေကြသည်။ စနစ်မှထုတ်သောမြက်၏ဆွဲဆောင်မှုကြောင့် အကြိုက်စားနေကြလေသည်။

''ဝိုး.. ဝိုး'' လင်ကျန်းမှာချက်ချင်းကြောင်ပြီး တစ်မျက်နှာလုံးထူပူသွားတော့သည်။



All Chapters