← Chapters

ဒေါင်းဖြူ! ယနေ့မှစ၍သူရဲကောင်း!

Vol. 33 Ch. 492

ဒေါင်းဖြူ! ယနေ့မှစ၍သူရဲကောင်း!

Vol. 33 Ch. 492

အခင်းထဲဝင်လာသည်နှင့် ခေါင်းငုံ့ပြီးမြက်စားနေသောမြင်းတချို့ကိုကြည့်ရင်း လင်ကျန်းမျက်နှာရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

တစ်နေရာရာရောက်ခါစဆိုရင် ပူပန်စိတ်ကြောင့်မစားတတ်ကြောင်းပြောတုန်းရှိသေး၊ ဒီကောင်တွေလုပ်ရပ်ကလွန်လိုက်တာ။

မြင်းတွေက လင်ကျန်းမျက်နှာကိုအဖက်မလုပ်။ အားရပါးရစားပြီး ဟီလာထနေသေးသည်။

မြက်ကိုအတော်အကြိုက်တွေ့နေပုံပင်။

ဝန်ထမ်းကဇာတ်ကြိုးလွှတ်လိုက်သည်နှင့် ကဆုန်ပေါက်ပတ်ပြေးပြီး သူတို့ပျော်ကြောင်းပြနေကြသည်။

အရည်အသွေး ၂ ခွေးသွားစိတ်မြက်၏ တိရစ္ဆာန်များကြိုက်ခြင်း +၂ အာနိသင်ကြောင့်ပင်။

မြင်းပေါက်တစ်ကောင်က ခပ်လှမ်းလှမ်းပြေးသွားပြီးလှဲတောင်ချလိုက်သည်။ သူ့အောက်ကခွေးသွားစိတ်မြက်ခင်းဘယ်လိုဖြစ်ဖြစ် သူ့ခေါင်းနှင့်လိုက်တိုးဝှေ့ပစ်သည်။

စိတ်ပူပန်ခြင်း၊မသက်မသာဖြစ်ခြင်း အလျဉ်းမရှိ။

''ဒီမြင်းတွေက အကောင်းမြင်တတ်ပုံပဲ... လူတွေကြားမှာအကောင်းမြင်သမားတွေရှိသလိုပေါ့ဗျာ''

လင်ကျန်းက အောင့်သက်သက်နှင့်ပြောလိုက်သည်။

ဒီလိုထူးခြားတဲ့မြင်းနဲ့တွေ့နေမှတော့ သူဘာပြောနိုင်ဦးမလဲ? တိုက်ဆိုင်လွန်းတယ်ပဲပြောရမှာပေါ့။



တစ်ချိန်တည်းမှာ စစ်ဆေးပြီးသောမြင်းများကို မွေးမြူရေးခြံဝန်ထမ်းကထပ်သွင်းလာသည်။

လင်ကျန်းက ထိုမြင်းများကိုချက်ချင်းကြည့်လိုက်သည်။

မြင်းတိုင်းတော့အကောင်းမမြင်နိုင်ဘူးမလား?

သူပညာပြရမယ့်အချိန်ရောက်ပြီ။

သို့သော် လင်ကျန်းအံ့ဩရပြန်သည်။ ထိုမြင်းများကဝင်လာပြီး အရင်မြင်းများအတိုင်းပင်။ သူတို့ခေါင်းကိုငုံ့ချ၍ မြက်ကိုတမြုံ့မြုံ့စားသည်။ မြူးတူးပြီးတဟီဟီအော်သည်။

“???” တစ်ခုခုတော့မဟုတ်သလို လင်ကျန်းခံစားရသည်။

နောက်ထပ်ပျော်ပျော်နေတတ်တဲ့မြင်းလား?

အဓိကကျတာက ပျော်ပျော်နေတတ်တယ်လို့အမှတ်တမဲ့ပြောမိတာ၊ အခြေအနေက ပျော်စရာမှမရှိတာ။

လုံးဝယုတ္တိမရှိဘူး။

မြင်းတွေကိုသီးသန့်ထားတဲ့အချိန်ကကြာတယ်။ ဒီလောက်အဝေးကြီးကိုလည်းပို့လိုက်တယ်။ ဘယ်လိုလုပ်ပြီးအပူအပင်မရှိဖြစ်နေတာလဲ? ပတ်ဝန်းကျင်အသစ်ပြောင်းပြီး ပူပန်စိတ်မရှိဘူးလား?

မွေးမြူရေးတိရစ္ဆာန်တွေနေရာအသစ်ရောက်ရင် စိတ်မလုံမခြုံဖြစ်တာ ကြုံရမယ့်အခြေအနေတစ်ခုပဲလေ။

မကြာမီ စစ်ဆေးပြီးသောမြင်းတတိယအသုတ်ဝင်လာသည်။

လင်ကျန်းကမျှော်လင့်မိသေးသော်လည်း ဒီမြင်းတစ်သုတ်ကပါမျက်နှာသာမပေး။ သူ့ရှေ့တွင်မြက်စားပြပြီး စောစောကဝင်လာသောမြင်းများဆီပြေးကာ ဟီလာထနေသည်။

''မဖြစ်နိုင်တာ!'' လင်ကျန်းကရေရွတ်လိုက်သည်။

ဒီမြင်းတွေက သူ့ကိုပိုအရှက်ကွဲအောင်လုပ်နေတာပဲ။

သည်လိုနှင့် စစ်ဆေးပြီးသောမြင်း ၂၀ ကျော်အထဲရောက်လာသည်။ လုံးဝခြွင်းချက်မရှိဘဲ မြင်းတိုင်းက အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကိုကြိုက်သွားကြသည်။

တိရစ္ဆာန်များကြိုက်ခြင်း +၂ အရည်အသွေးကြောင့် မြင်းများကဤအိမ်အသစ်ကိုရောက်ရောက်ချင်းသဘောတွေ့သွား၏။

''ဝါး.. ဝါး'' လင်ကျန်းတဖြည်းဖြည်းအာစေးမိလာသည်။ ဒီနယ်ပယ်ထဲမှာ နှစ်တွေဒီလောက်ကြာပြီးမှ ဒီလိုအခြေအနေမျိုးကြုံရတာ ဒါပထမဆုံး။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပူပန်ပြီးဂဏှာမငြိမ်ဖြစ်တာ တစ်ကောင်တလေတော့ပါသင့်တာပေါ့။

ပုံမှန်တစ်ကောင်တော့ရှိသင့်တယ်မလား?

တစ်ကောင်လောက်ပုံမှန်ဖြစ်ရင်ပဲ သူ့သိက္ခာအဖတ်ဆယ်ရဦးမည်။

သို့သော် အမှန်တရားကသူ့ကိုအလဲထိုးပစ်လိုက်သည်။ မြင်း ၅၅ ကောင်လုံးစစ်ဆေး၍သွင်းပြီးသည့်တိုင် သူမျှော်နေသောပုံမှန်မြင်းပေါ်မလာ။

မြင်း ၅၅ ကောင်ပေါင်းပြီး ဟီလာထလိုထ၊ ခေါင်းခြင်းဝှေ့လိုဝှေ့နှင့် အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကိုခေါင်းငုံ့ပြီးစားနေကြသည်။ ကြည်နူးစရာမြင်ကွင်းလေး။

ဝန်ထမ်းများရောက်လာပြီး သူတို့ကိုမြင်းပြိုင်ကွင်းထဲသွင်းလိုက်သည်။ မြင်းများမှာကြောက်ရွံ့မှုမရှိဘဲ ပေါ့ပေါ့ပါးပါးဝင်သွားကြလေသည်။

မွေးမြူရေးခြံကိုနေရာများခွဲထားပြီး တိရစ္ဆာန်အသီးသီးကို နေရာအမျိုးမျိုးတွင်မွေးမြူမည်။ အားလုံးကိုခြံခတ်ထားသည်။

မြင်းတွေကိုတော့ မြင်းပြိုင်ကွင်းအနီးမှာ ထိန်းသိမ်းထားမည်။



လင်ကျန်းက ပါသွားသောမြင်း ၅၅ ကောင်ကိုငေးကြည့်ရင်းပြောသည်_

''သူဌေးချင်... ဒီရစ်ချက်ရဲ့မြင်းအုပ်က အရမ်းအကောင်းမြင်တတ်ပုံပဲဗျ''

''လူကြီးမင်းလင်... တပည့်လေးငါးယောက်ကိုလေ့ကျင့်ပေးဖို့ ခင်ဗျားကိုအကူအညီလိုသေးတယ်... အထိန်းသမားက မွေးမြူရေးခြံအတွက်အရမ်းအရေးကြီးတယ်လေ''

လင်ကျန်းကိုးရိုးကားယားဖြစ်သွားမှန်း ချင်လင်သိသည်။ သို့သော် မြင်းတွေဒီလိုဖြစ်သွားတာ ခွေးသွားစိတ်မြက်ကြောင့်မှန်းလည်း သူသိသည်လေ။

ထို့ကြောင့် အထိန်းသမားကမွေးမြူရေးခြံအတွက် အလွန်အရေးကြီးကြောင်းသူကအသိအမှတ်ပြုလိုက်ခြင်းပင်။ လိုရမယ်ရ နှစ်ယောက်လောက်ကို အထိန်းအနေနှင့်လေ့ကျင့်ပေးထားဖို့လိုသည်။

''ကျေးဇူးတင်ပါတယ် သူဌေးချင်''

လင်ကျန်းကကျေးဇူးတင်စကားပြောလိုက်သည်။ သူဌေးချင်ကသူ့ကိုလမ်းဖွင့်ပေးလိုက်ပြီ။

သို့သော် ဒီမြင်းတစ်သုတ်ကမဟုတ်သေးမှန်း သူ့စိတ်ထဲမှာသိနေသည်။ ထို့ကြောင့် ဖြစ်နိုင်ချေအားလုံးကို ခေါင်းအ​ခြောက်ခံစဉ်းစားကြည့်သည်။

ဖြစ်နိုင်ချေတစ်ခုကိုသူစဉ်းစားမိသည်။ ဒီမြင်းတစ်သုတ်က တိရစ္ဆာန်မွေးမြူရေးစင်တာမှာ သားဖောက်နည်းအသစ်ကိုသုံးပြီးမွေးမြူထားသော ပထမဆုံးမြင်းအသုတ်ဖြစ်သည်။

ကြည့်ရတာ ဒီနည်းနဲ့မွေးမြူထားတဲ့မြင်းတွေက ကိုယ်ရည်ကိုယ်သွေးပိုကောင်းပြီး ပျော်ပျော်နေတတ်ပုံပဲ။

ဒီလိုမြင်းမျိုးကို မွေးမြူရေးခြံတွေ၊ခြံပိုင်ရှင်တွေကသဘောကျသည်။

ဒီတော့ သူတို့မွေးမြူရေးစင်တာရဲ့မြင်းတွေကတန်ဖိုးရှိတယ်ဆိုတဲ့သဘောပေါ့။ သူတို့စျေးတင်လို့ရပြီ!

ဒီအကြောင်း သူ့သူဌေးကိုချက်ချင်းတင်ပြရမည်။

သို့သော် ချင်းလင်စံအိမ်၏တောင်းဆိုချက်ကိုဖြည့်ဆည်းပေးရဦးမည်။

ထို့နောက် ချင်လင်ကလင်ကျန်းအားမြင်းပြိုင်ကွင်းထဲခေါ်လာခဲ့သည်။

နောက်နှစ်ရက်တွင် လင်ကျန်းလည်း မွေးမြူရေးခြံဝန်ထမ်းတချို့ကို တိုက်ရိုက်လေ့ကျင့်ပေးသည်။

ချင်လင်လည်း လင်ကျန်းလေ့ကျင့်ပေးပုံကိုကြည့်ပြီး အမှန်တကယ်လုပ်ရည်ကိုင်ရည်ရှိသောသူမှန်းသိလိုက်သည်။ တိရစ္ဆာန်များကိုယဉ်ပါးအောင်လုပ်နည်းအကြောင်း ဗဟုသုတအများကြီးရလိုက်သည်။

တိရစ္ဆာန်များကိုနှစ်သိမ့်ပေးခြင်းက တိရစ္ဆာန်များဂဏှာမငြိမ်ခြင်း၊အစာမစားဘဲဆန္ဒပြခြင်းအတွက်အကျိုးရှိရုံသာမက မြင်းများကိုကျေနပ်စေ၊ပျော်ရွှင်စေသည်။

ဂဏှာမငြိမ်သောမြင်းမရှိသောကြောင့် ဝန်ထမ်းများကိုမြင်းကျေနပ်အောင်သာလုပ်ခိုင်းရသည်။

ချင်လင်ကဂိမ်းထဲဝင်ပြီး လင်ကျန်းပြောသမျှအားလုံးကို ခြင်္သေ့လေးနှင့်စမ်းသပ်ကြည့်သည်။ သူလုပ်ကြည့်သောအခါ ခြင်္သေ့လေးကအမှန်ပင်သဘောကျပြီး ခေါင်းနှင့်သူ့ကိုလာဝှေ့နေသည်။

ခြင်္သေ့လေးမှာအတော်ထွားလာပြီး သူ့ထက်ပိုမြင့်နေသည်။ တကယ့်ညလင်းကျောက်စိမ်းခြင်္သေ့ဖြစ်နေပြီ။

ချည်ထားသောတိရစ္ဆာန်များ၏စနစ်က သာမန်စပ်မျိုးတိရစ္ဆာန်များနှင့်မတူသော်လည်း ကြီးထွားနှုန်းအလွန်မြန်နေဆဲပင်။



All Chapters