← Chapters

ဒေါင်းဖြူ! ယနေ့မှစ၍သူရဲကောင်း! ၂

Vol. 33 Ch. 493

ဒေါင်းဖြူ! ယနေ့မှစ၍သူရဲကောင်း! ၂

Vol. 33 Ch. 493

ခြင်္သေ့လေးကသူ့ကိုခေါင်းနှင့်ဝှေ့သောအခါ ခေါင်းငုံ့ထားရသည်။

လင်ကျန်းကချင်းလင်စံအိမ်ဝန်ထမ်းများကိုလေ့ကျင့်ပေးနေစဉ် သူလည်းမြင်းအုပ်ကိုလေ့လာထားသည်။ ထင်သည့်အတိုင်း ပူပန်သည့်လက္ခဏာမျိုးလုံးဝမရှိ။

လုံးဝပြည့်စုံတယ်။

ဒီအကြောင်းတွေးလေလေ သူထင်ထားတဲ့အတိုင်းဖြစ်လေလေ။

အထိန်းသမားတစ်​ယောက်ဖြစ်အောင် နှစ်ရက်အတွင်းလေ့ကျင့်ပေးလို့တော့မရဘူးပေါ့။

မွေးမြူရေးခြံဝန်ထမ်းများကို အစပိုင်းအလုပ်သင်များဟုသာသတ်မှတ်နိုင်ပြီး နောက်ပိုင်းရေရှည်လေ့ကျင့်ရဦးမည်။

သူပြန်သွားလျှင် သူ့ကို Wechat မှာချိတ်ထားလိုက်သည်။ မွေးမြူရေးခြံမှာပြဿနာတစ်စုံတရာရှိခဲ့ရင် သူ့ကိုအကူအညီတောင်းနိုင်မည်။ ပြီးတော့ ကုန်ကျစရိတ်ပိုမည်။

ဒီမြင်းတစ်သုတ်လက်ခံပြီးနောက် ချင်းလင်စံအိမ်မှမှာယူသောတိရစ္ဆာန်များဆက်တိုက်ရောက်လာသည်။

လင်းလန်ဇီက မီဒီယာဌာနကိုဦးဆောင်ပြီး မွေးမြူရေးခြံတွင်အလုပ်စနေပြီ။ ထိုတိရစ္ဆာန်များကိုဗီဒီယိုရိုက်ယူပြီး ကြော်ငြာအဖြစ်အသုံးချသည်။

ပထမအသုတ်တိရစ္ဆာန်များတွင် ဒေါင်းအကောင် ၆၀ ကျော်မွေးမြူရေးခြံထဲရောက်လာ၏။

ဒေါင်းများကို အဖိုတစ်ကောင်နှင့်အမလေးငါးကောင်တွဲပေးသည်။ မိန်းမအများကြီးယူထားသောယောက်ျားလိုပင်။

သို့ဖြစ်၍ အကောင် ၆၀ တွင် ၁၅ ကောင်သာ သူတို့အမြီးကိုဖြန့်နိုင်ကြသည်။

နောက်ပြီး ဒီအသုတ်က နိုင်ငံအတွင်းအဆင့် ၂ ထိန်းသိမ်းရေးတိရစ္ဆာန်ဖြစ်သောဒေါင်းပြာအုပ်စုဖြစ်သည်။ အလှဆုံးဒေါင်းမျိုးကွဲတစ်ခုပင်။ အားလုံးမှာ အမြီး ၁.၇ မီတာနှင့် ၂.၃ မီတာကျော်ရှည်လျားကြသည်။ ခေါင်းထိပ်မှာ မြစိမ်းရောင်ဖြစ်ပြီး စိမ်းပြာရောင်သရဖူလေးကထိုးထိုးထောင်ထောင်နှင့်။



ချင်လင်ထိုဒေါင်းပြာအုပ်ကိုမြင်သောအခါ သူတို့အမွေးတွေကထူးထူးခြားခြားရှည်ပြီး အမြီးကလှလှပပတောက်ပနေသည်ကိုချက်ချင်းသတိထားမိသည်။ အရင်သူမြင်ဖူးသောဒေါင်းပြာများ လုံးဝယှဉ်မရပေ။

''အခုပထမအသုတ်တိရစ္ဆာန်တွေကရောက်လာပြီ... မွေးမြူရေးခြံအတွက်တိတိကျကျလုပ်ငန်းအစီအစဉ်လည်းလာမယ်... အချိန်တန်ရင်ထပ်ဆွေးနွေးကြမယ်''

ကျောက်မိုချင်းနှင့်ချင်လင်က မွေးမြူရေးခြံထဲရောက်လာသောဒေါင်းပြာများကိုကြည့်ရင်းပြောလိုက်သည်။

''အင်း'' ချင်လင်တုံ့ပြန်လိုက်သည်။ မွေးမြူရေးခြံလည်ပတ်ပုံက စံအိမ်နှင့်မတူဘဲ မွေးမြူရေးခြံမဖွင့်ခင် ရှင်းရှင်းလင်းလင်းအစီအစဉ်ဆွဲထားရမည်။

သို့သော် ဒီဒေါင်းအသုတ်ကိုကြည့်ရင်း တစ်ခုခုကိုသတိရသွားသည်။ မွေးမြူရေးခြံအဆင့်မြှင့်ပြီးရင် ငှက်သိုက်နှင့်ဝက်ခြံဆောက်နိုင်ပြီ။

ဝက်ခြံကိုအသာထားလိုက်ဦး။ ဝက်ပြေးတာမမြင်ရရင်တောင် ဝက်သားစားလို့ရတယ်။

အခုမွေးမြူရေးခြံကိုဒေါင်းတွေရောက်လာတော့ ဂိမ်းထဲမှာမွေးတာဘယ်လိုဒေါင်းမျိုးဖြစ်မလဲ သူကြည့်ချင်တယ်။

ထို့ကြောင့် သူ့ရုံးခန်းထဲပြန်ရောက်သောအခါ အရင်ဆုံးသူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အားမွေးမြူရေးခြံထဲသွားပြီး ငှက်သိုက်ဆောက်ရန်ကိုရွေးစေလိုက်၏။

ငှက်သိုက်က ဘဲခြံနှင့်မတူ။ သစ်သားသက်သက်နှင့်ဆောက်ထားခြင်းမဟုတ်ဘဲ အထူးမျက်နှာကျက်၊ အသိုက်၊ ဒေါင်းများအကာအရံအဖြစ်ကြိုက်သောပစ္စည်းများနှင့်ဖြစ်သည်။ တစ်ချိန်တည်း ဒေါင်းအကောင် ၂၀ မွေးနိုင်သည်။

ငှက်သိုက်ဆောက်ပြီးသောအခါ ချင်လင်ကချက်ချင်းသူ့ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးဆိုင်သွားပြီး ဒေါင်းအကောင်ပေါက်များဝယ်စေသည်။

NPC ဆိုင်တွင် ဒေါင်းသုံးမျိုးရှိသည်။

သာမန်ဒေါင်းများကြားတွင်မြင့်မြတ်သည်ဟုယူဆနိုင်သောဒေါင်းစိမ်းမျိုးရှိသည်။ ထိုဒေါင်းမျိုးမှာ နိုင်ငံတော်အဆင့် ၁ ထိန်းသိမ်းရေးတိရစ္ဆာန်ဖြစ်သည်။ အလွန်နည်းသောအုပ်စုဖြစ်ပြီး ကိုယ်ပိုင်မွေးမြူခြင်းကိုခွင့်မပြုထားပေ။

နောက်တစ်မျိုးက ဒေါင်းပြာ၊ စံအိမ်ကဝယ်ယူထားသောဒေါင်းမျိုးနှင့်ဆင်သည်။ နိုင်ငံတော်အဆင့် ၂ ထိန်းသိမ်းရေးတိရစ္ဆာန်ဖြစ်သော်လည်း ဒေါင်းပြာမွေးမြူရေးစနစ်ကပိုစုံပြီး မေထုန်မဲ့သားစပ်နိုင်သည်။ ထောက်ခံချက်စာရွက်စာတမ်းများကလည်း ရိုးရှင်းသည်။

အင်တာနက်ပေါ်တွင် ဒေါင်းသားစားသောဗီဒီယိုအတိုများကို အတော်များများတွေ့ဖူးကြလိမ့်မည်။ တချို့လူတွေက ဒေါင်းများမှာထိန်းသိမ်းရေးသတ္တဝါဖြစ်၍စားလို့မရ၊ ဗီဒီယိုတင်တဲ့သူကညာနေတာ စသည်ဖြင့်ပြောကြသည်။

တကယ်တော့ ထိုဒေါင်းပြာများမှာ လူတို့ဖန်တီးထားခြင်းဖြစ်၍ စားလို့ရပြီးအရသာရှိသည်။

သို့ရာတွင် ချင်လင်ကနောက်ဆုံးဒေါင်းမျိုးကိုမြင်သောအခါ အမှတ်တမဲ့ဝယ်မည်ကိုနှိပ်ပစ်လိုက်သည်။

(ဒေါင်းဖြူပေါက်)

(ဒေါင်းပြာပေါက်ကိုမျိုးစိတ်ပြောင်းထားခြင်းဖြစ်သည်။ တစ်ကိုယ်လုံးဖြူဆွတ်ပြီး အမွေးတွင်မည်သည့်အရောင်မှရောထားခြင်းမရှိ။ အနီရောင်ဖျော့ဖျော့မျက်လုံးနှင့် အလွန်ကြည့်ကောင်းသောဒေါင်းမျိုးစိတ်ဖြစ်သည်။ အရွယ်ရောက်လျှင် အထူးအရည်အသွေးများရှိလာမည်။)

''တကယ်ဒေါင်းဖြူပဲ!'' ချင်လင်အံ့ဩသွားသည်။ တက္ကသိုလ်မှာတုန်းက ကျောက်မိုချင်းနှင့်တိရစ္ဆာန်ရုံသွားပြီး ဒေါင်းဖြူများကြည့်ခဲ့ဖူးသည်။

ဒေါင်းဖြူတွေကအရမ်းရှားတယ်ဆိုပဲ။ တစ်မြို့လုံးမှာ အဲဒီတိရစ္ဆာန်ရုံတစ်ခုပဲ​ဒေါင်းဖြူရှိတာ။

ပြီးတော့ ဒေါင်းဖြူကအရမ်းလှတယ်၊ ဒေါင်းစိမ်းတွေ ဒေါင်းပြာတွေထက်တောင်ပိုလှသေးတယ်။ နှင်းလိုဖြူဆွတ်ပြီး အဖြူရောင်နတ်သမီးလေးလိုပဲ။

ပိုအရေးကြီးတာက ဒေါင်းဖြူက ဒေါင်းပြာကိုမျိုးစိတ်ပြောင်းထားတာဆိုတော့ ဒေါင်းပြာလိုအရည်အသွေးရှိမှာပေါ့။ ရှားတယ်ဆိုပေမဲ့ မြို့တော်အဆင့်သက်ဆိုင်ရာလုပ်ငန်းစဉ်တွေဖြတ်ပြီး တရားဝင်ရောင်းချနိုင်၊မွေးမြူနိုင်မယ်။

ဒီအတွက် အစ်ကိုလီခိုင် ဒါမှမဟုတ် လီရှင်းကိုအကူအညီတောင်းရမယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေကတရားဝင်ထောက်ခံချက်လိုတယ်။ သူကိုယ်တိုင်လျှောက်မယ်ဆိုရင် ပင်ရင်းကပြဿနာဖြစ်နိုင်တယ်။

အဲဒီအချိန်ကျရင် ရောင်းသူရဲ့လုပ်ငန်းမှာပြဿနာရှိလို့၊ ကိုင်တွယ်ဖို့ခက်ခဲလို့ဟုပြောလိုက်ရုံသာ။ လီခိုင်နဲ့လီရှင်းရဲ့အကျင့်အတိုင်းဆို သိပ်စပ်စုလေ့မရှိ။

ဒီလောက်ကိစ္စလေးပဲ ကူညီမှာပေါ့။

တစ်ဖက်တွင် ဂိမ်းထဲကပစ္စည်းအားလုံးမှာ အထူးအရည်အသွေးရှိသည်။

ဒေါင်းဖြူမှာဘယ်လိုအရည်အသွေးမျိုးရှိလာမလဲ သူမသိပေ။

အရည်အသွေးထဲမှာ အရသာနဲ့အသားမထည့်ထားရင်တော့နာပြီ။

ချင်လင်ကတွေးတောရင်း ဒေါင်းဖြူပေါက်အကောင် ၂၀ ဝယ်မည်ကိုတန်းနှိပ်ချလိုက်သည်။ အထီး ၅ ကောင်၊ အမ ၁၅ ကောင်။ ယောက်ျားတစ်ယောက်ကို မိန်းမ ၃ ယောက်ခွဲတမ်းပေါ့။

ဂိမ်း NPC မှထုတ်သော ဒေါင်းဖြူကအရွယ်ရောက်ဖို့သိပ်မကြာ။ နှစ်ရက်သာကြာပြီးနောက် အရွယ်ရောက်ပြီဖြစ်ကြောင်း စနစ်ကအသိပေးလာသည်။

ချင်လင်ကချက်ချင်း စံအိမ်ထဲမှဒေါင်းပြာများထည့်သောသံလှောင်အိမ်ကြီးကိုရှာလိုက်သည်။ ထို့နောက် ဂိုဒေါင်သွားပြီး ဂိမ်းထဲမှမွေးမြူရေးခြံထဲဝင်လိုက်၏။

ဒေါင်းဖြူမှာ မွေးမြူရေးခြံတိရစ္ဆာန်ဖြစ်သောကြောင့် အိမ်မွေးတိရစ္ဆာန်များချည်သောနည်းစနစ်နှင့်မတူ။

ချည်ထားသောအိမ်မွေးတိရစ္ဆာန်များအရွယ်ရောက်လျှင် ဂိမ်းဇာတ်ကောင်များ၊ NPC များလိုအသက်မကြီး၊မသေတော့ချေ။

မွေးမြူရေးတိရစ္ဆာန်ကိုမရောင်းပါက မွေးမြူရေးစနစ်သက်ရောက်မှုရှိပြီး အသက်ကြီးပြီးသေသွားမည်။ ထို့ကြောင့် ဂိမ်းထဲကစောစောထုတ်နိုင်လေလေ၊ ပိုကောင်းလေလေ။ မဟုတ်ရင် ဂိမ်းထဲမှာအချိန်ကြာပြီး အသက်ပိုကြီးသွားမည်ဆိုလျှင် သူတို့အမွေးအပေါ်သက်ရောက်မှုရှိနိုင်သည်။



All Chapters