ဒေါင်းဖြူ! ယနေ့မှစ၍သူရဲကောင်း! ၃
Vol. 33 Ch. 494
အမွေးတွေမကောင်းရင် အကြည့်ခံတဲ့ဒေါင်းရဲ့အလှအပကိုထိခိုက်မှာပေါ့?
''အိုးဝေ!''
''အိုးဝေ!''
ချင်လင်မှာ ဒေါင်းအသိုက်ထဲဝင်ရုံရှိသေး၊ ဒေါင်းဖြူများအော်သံကြားလိုက်ရသည်။
ဒေါင်းအထီးများတစ်ကောင်ပြီးတစ်ကောင် ဝင့်ဝင့်ကြွားကြွားလျှောက်သွားနေကြ၏။ တချို့ကအမြီးဖြန့်ကားပြီး သူတို့အလှကိုကြွားနေကြသည်။
ချင်လင်ကချက်ချင်းရှေ့တိုးပြီး အမြီးဖြန့်ထားသောဒေါင်းအထီးတစ်ကောင်ကိုလှမ်းဖမ်းလိုက်သည်။
ဒေါင်းအထီးမှာ ခုခံရင်း၊ရုန်းကန်ရင်းအော်နေသော်လည်း စွမ်းအားပင်အသီးနှစ်လုံးစားထားသောချင်လင်ကလက်ရဖမ်းလိုက်နိုင်သည်။
ချင်လင်လည်း ဒေါင်း၏မှတ်ချက်ကိုဖတ်လိုက်သည်:
(ဒေါင်းဖြူ - အထီး: အရည်အသွေး ၂)
(ကျက်သရေရှိသောမျိုးစိတ်ပြောင်းဒေါင်းမျိုးဖြစ်သည်။ ဖြူဆွတ်နေသောအမွေးနှင့်အလွန်ရှားသောဒေါင်းမျိုးကွဲဖြစ်သည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ အဆင်းလှခြင်း +၂၊ ကျက်သရေရှိခြင်း +၂၊ ဝင်ရောက်ခြင်း +၂)
ဒေါင်းဖြူမှတ်ချက်မှာတောင် အထီးနှင့်အမတဲ့။

သို့သော် မှတ်ချက်ပါအရည်အသွေးများကြောင့် ချင်လင်ခေါင်းထဲတွင် အကြံဆိုးများပြည့်သွားလေသည်။
အရသာ +၂၊ စားကောင်းခြင်း +၂။ ဒီအရည်အသွေးနှစ်ခုတကယ်ပါလာတယ်။
ကံကောင်းချင်တော့ သူ့မှာအဆင်းလှခြင်း +၂၊ ကျက်သရေရှိခြင်း +၂၊ ဝင်ရောက်ခြင်း +၂ အရည်အသွေးတွေလည်းရှိနေသည်။ မဟုတ်ရင်တော့ နောက်ဆုံးအဆုံးသတ်က ထမင်းစားပွဲပေါ်မှာ။ ဒီအရည်အသွေး ၃ မျိုးနဲ့ဆို အဆင်းလှတဲ့တန်ဖိုးကအရမ်းမြင့်ပြီး ဓာတ်ပုံရိုက်၊ဗီဒီယိုရိုက်ဖို့လည်းကောင်းသည်။ ဒါစံအိမ်ထဲရောက်နေတဲ့ဒေါင်းပြာတွေယှဉ်နိုင်တာမျိုးမဟုတ်။
ချင်လင်ကဒေါင်းအထီးကိုချပြီး ဒေါင်းအမကိုဖမ်းကာစစ်ကြည့်လိုက်သည်။
(ဒေါင်းဖြူ - အမ: အရည်အသွေး ၂)
(ကျက်သရေရှိသောမျိုးစိတ်ပြောင်းဒေါင်းမျိုးဖြစ်သည်။ ဖြူဆွတ်နေသောအမွေးနှင့်အလွန်ရှားသောဒေါင်းမျိုးကွဲဖြစ်သည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ အဆင်းလှခြင်း +၊၁ ကျက်သရေရှိခြင်း +၊၁ ဝင်ရောက်ခြင်း +၁)
နောက်ဆုံးအရည်အသွေး ၃ ခုသာ +၁ မဟုတ်ရင် ဒေါင်းမတော့ အရည်အသွေးအားလုံးစားပွဲပေါ်ရောက်တော့မှာပဲ။
နောက်ပြီး နောက်ဆုံးအရည်အသွေး ၃ ခုက ဒေါင်းထီးရဲ့ +၂ အရည်အသွေးလောက်မကောင်း။ သူ့အမြီးကိုမဖြန့်နိုင်၍ဖြစ်မည်။
သို့ရာတွင် ထို +၁ အရည်အသွေး ၃ ခုက လက်တွေ့ဘဝကသာမန်ဒေါင်းများထက်ပိုသာဦးမည်။
ချင်လင်ကဒေါင်းဖြူများ၏မှတ်ချက်ကိုကြည့်ပြီး ချက်ချင်းဂိမ်းထဲမှထုတ်ကာ လှောင်အိမ်ထဲထည့်လိုက်သည်။
မွေးမြူရေးခြံမှာ ဒေါင်းပြာအကောင် ၆၀ ကျော်နေပြီဖြစ်၍ ဒေါင်းဖြူ ၂၀ ဆိုလောက်ပြီ။ ဘာပဲဖြစ်ဖြစ် မွေးမြူရေးခြံမှာဒေါင်းအတွက်နေရာအကန့်အသတ်ရှိနေသည်။
ချင်လင်က ဒေါင်းအကောင် ၂၀ ကိုမွေးမြူရေးခြံထဲ ထရပ်ကားနှင့်သယ်လာသည်။ ရန်သုံ့ကိုဖုန်းဆက်ပြီး ဒေါင်းကြည့်သူတချို့ခေါ်လာခိုင်းသည်။
ရန်သုံ့မှာ မန်နေဂျာရာထူးမတိုးသေး၊ကြီးကြပ်သူသာဖြစ်သော်လည်း ဘဲခြံအပြင် ယုန်အိမ်၊ကြက်ခြံနှင့်ငှက်သိုက်များကိုပါတာဝန်ယူထားရသည်။
မည်သို့ဆိုစေ သူကနည်းပညာဝန်ထမ်းတစ်ဦး၊ ကျွမ်းကျင်မန်နေဂျာမဟုတ်။
ဒါကလည်း သူ့အတွက်အခွင့်အရေး။ သူသာကောင်းကောင်းလုပ်ရင် နောင်မှာမွေးမြူရေးဌာနမန်နေဂျာဖြစ်လာနိုင်သည်။
ခဏအကြာ ရန်သုံ့ကမင်မြို့တော်မှဒေါင်းမွေးသူများကိုကားရှေ့ခေါ်လာပြီး_
''သူဌေး... ခေါ်လာခဲ့ပါပြီ''
''ကားပေါ်မှာဒေါင်းအကောင် ၂၀ ရှိတယ်... ဒေါင်းမွေးတဲ့နေရာခေါ်သွားလိုက်ပါ''
ချင်လင်ကညွှန်ကြားလိုက်သည်။
''အင်း!'' ရန်သုံ့ကခေါင်းညိမ့်ပြီး ဒေါင်းမွေးသူများကိုအလုပ်စရန်ညွှန်ကြားလိုက်သည်။
မွေးမြူရေးသမားများလည်း ကားဆီလျှောက်လာသည်။ သူတို့က ဒေါင်းကိုသိပ်စူးစမ်းချင်စိတ်ရှိမနေ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အဆင့် ၂ ထိန်းသိမ်းရေးဒေါင်းပြာအကောင် ၆၀ ကျော်က မွေးမြူရေးခြံထဲမှာရှိနေပြီ။ အလွန်ဆုံး နောက်ထပ်အကောင် ၂၀ ထပ်ရောက်လာတာပဲပေါ့။
ဒါနံပါတ်ကြီးလာတာပဲ။ နိုင်ငံတော်အဆင့် ၂ ထိန်းသိမ်းရေးတိရစ္ဆာန်ဆိုရင်တောင် အကောင် ၅၀ နဲ့ ၁၀၀ ကြားသိပ်ကွာခြားမှုမရှိတော့။
သို့သော် မွေးမြူရေးသမားများက ဒေါင်းဖြူအကောင် ၂၀ ကိုမြင်သောအခါ မျက်လုံးများအရောင်တောက်ပြီး စိတ်မထိန်းနိုင်ကြတော့ချေ။
''အလိုလေး... ဒေါင်းဖြူပါလား... အရမ်းလှတာပဲ...''
''သူဌေး... ဒီဒေါင်းဖြူတွေဘယ်ကရတာလဲ? ဒီဒေါင်းမျိုးကအရမ်းရှားတာ''
''သူဌေး... ဒီဒေါင်းတွေကအရမ်းလှတယ်... ဒီကောင်တွေနဲ့ဆို ကျွန်တော်တို့ငှက်သိုက်ကအရမ်းနာမည်ကြီးမှာ''
“......”
ဒေါင်းမွေးသူများအနေနှင့် ဒေါင်းဖြူဘယ်လောက်ရှားလဲသိကြသည်။ နောက်ပြီး ဒီဒေါင်းဖြူတွေက အင်မတန်လှမှန်းလည်းသိသည်။ အရင်သူတို့မြင်ဖူးသောဒေါင်းဖြူများထက်အများကြီးပိုလှသည်။
မွေးမြူရေးသမား၏အသံကြောင့် ရန်သုံ့ပါစိတ်ဝင်စားသွားသည်။ သူကားရှေ့ရောက်လာသောအခါ နှင်းလိုဖြူဆွတ်နေသောဒေါင်းဖြူများကိုမြင်ပြီးအံ့ဩသွားသည်။
ဒီဒေါင်းတွေကအရမ်းလှတာပဲ။
ချင်လင်က ရန်သုံ့နှင့်ဒေါင်းမွေးသူများကို ဒေါင်းဖြူများလွှဲပေးလိုက်သည်။ နောက်တစ်ဆင့်က ဒီဒေါင်းတွေအတွက်မွေးမြူရေးလုပ်ငန်းစဉ်တွေဖြတ်ရမည်။

ထို့ကြောင့် သူကလီခိုင်ဆီတန်းသွားပြီး ဒေါင်းဖြူအကြောင်းပြောပြလိုက်သည်။ ရောင်းသူရဲ့လုပ်ငန်းစဉ်တွေမှာပြဿနာရှိသည်ဟူ၍ဆင်ခြေပေးလိုက်၏။
ထင်ထားသည့်အတိုင်း လီခိုင်ကသိပ်မေးမနေဘဲ ချက်ချင်းပင်_
''ညီလေးချင်... မင်းဒီအတွက် ငါ့မိသားစုအဆက်အသွယ်ကိုအားကိုးနေစရာမလိုပါဘူး... မင်မြို့တော်ကသက်ဆိုင်ရာဌာနတွေငါသိတယ်... ချင်းလင်ဓာတ်ခွဲခန်းနာမည်နဲ့ ငါလျှောက်လွှာပို့လိုက်ရုံပဲ... အထူးမွေးမြူရေးစမ်းသပ်ချက်ဆိုအဆင်ပြေတယ်''
''ချင်းလင်ဓာတ်ခွဲခန်းမှာ အထက်လူတွေထုတ်ပြန်ပေးထားတဲ့ 'တရုတ်သိပ္ပံအဖွဲ့အစည်းအကယ်ဒမီ'လက်မှတ်ရှိတယ်ဆိုတာ မင်းသိရမယ်လေ... အထူးကိစ္စတွေကို သီးခြားကိုင်တွယ်လို့ရတယ်... ဒေါင်းဖြူလေးနည်းနည်းပဲဟာ... မင်မြို့တော်ကလူတွေက မျက်နှာသာပေးမှာ...''
''ဒါဆိုရင် အစ်ကိုလီပြောတဲ့အတိုင်းလုပ်ကြတာပေါ့''
ဝန်ကြီးလုပေးတဲ့လက်မှတ်က ဒီလိုလုပ်နိုင်မည်ဟုချင်လင်မထင်မိ။ လိခိုင်ပြောတဲ့အတိုင်းဆို အဆင်ပြေလိမ့်မည်။
''အင်း... ငါသူတို့ကိုဆက်သွယ်ပြီး လျှောက်လွှာရေးလိုက်မယ်... မှတ်တမ်းတင်ဖို့လူလွှတ်ခိုင်းမယ်... ပြီးရင် သီးသန့်ထားကြတာပေါ့''
လီခိုင်ကပြောရင်းဆိုရင်း ဖုန်းယူပြီးနံပါတ်ရှာလိုက်သည်။
အဲဒီဌာနတာဝန်ခံက သူ့အတန်းဖော်တစ်ယောက်ဆိုတာ သူမှတ်မိသည်။
''အစ်ကိုလီ... ဒီလုပ်ငန်းစဉ်ထဲမြင်းဖြူတစ်ကောင်ပါထပ်ထည့်ပေးပါလား''
ချင်လင်က ရုတ်တရက်ပြောလိုက်သည်။
''အင်း!'' လီခိုင်ကခေါင်းညိမ့်ပြီး ထပ်မမေးတော့။
မြင်းတစ်ကောင်ထပ်ထည့်လိုက်တဲ့လုပ်ငန်းစဉ်ပဲလေ။ ပမွှားလေး။
ပြီးတော့ မွေးမြူရေးခြံထဲမှာ မြင်း ၅၅ ကောင်ရှိနေပြီ။ ဒါကဘာထူးဆန်းလို့?
ပွင့်ပွင့်လင်းလင်းပြောရရင် မင်မြို့တော်မှာတခြားဟာတွေမွေးချင်တဲ့အဖွဲ့အစည်းတွေ၊ရှုမျှော်ခင်းနေရာတွေအများကြီး။ လုပ်ငန်းစဉ်ကကိုင်တွယ်ရမလွယ်ရင် သူတို့လည်းလူအဆက်အသွယ်ကိုသုံးကြလိမ့်မည်။
ချင်လင်ကစကားပြောပြီးနောက် ရုတ်တရက်သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။
သတ္တုမြို့တော်ဝန်သောမတ်ကရုတ်တရက်ပေါ်လာပြီး ဇာတ်ကွက်စကားပြောထွက်လာသည်:
(ကောင်လေးကိုဒီအရွယ်ထိရောက်မွေးမြူထားမယ်လို့မထင်မိဘူး... နောင်မှာမြို့တော်ကမြင်းပြိုင်ပွဲကျင်းပရင် သူ့ကိုစီးပြီးပြိုင်ပွဲဝင်နိုင်တယ်... အဲဒီမတိုင်ခင် တိရစ္ဆာန်ကုန်သည်ဆီခေါ်သွားပြီး မြင်းကုန်းနှီးနှင့်ကြိုးအစုံလိုက်ဝယ်ပေးပါ... သူ့မှာမြင်းစီးစွမ်းရည်လည်းရှိတယ်!)
သောမတ်ကပြောပြီးသည်နှင့် ခါတိုင်းလိုထွက်သွားသည်။ အိမ်မွေးတိရစ္ဆာန်ကုန်သည်၏လုပ်ငန်းအသစ်များနှင့်ကိုက်ညီသောအခြေအနေမျိုးရှိနေ၍ သူ့ကိုတာဝန်အရအသိလာပေးသလိုပင်။
အရင်က အိမ်မွေးတိရစ္ဆာန်ကုန်သည်ဆီသွားပြီး ရှဉ့်အိမ်၊အိမ်မွေးတိရစ္ဆာန်အနာကျက်ဆေးများဝယ်ခဲ့သည်။ အရောင်းစာရင်းမှာ မြင်းကုန်းနှီး ဒါမှမဟုတ် ကိရိယာတန်ဆာပလာများဘာမှမရှိ၊ မြင်းစီးစွမ်းရည်လည်းမရှိပေ။
ဒီတစ်ခါ သူ့ဂိမ်းဇာတ်ကောင်အား အိမ်မွေးတိရစ္ဆာန်ကုန်သည်ဆီ မြင်းဖြူခြင်္သေ့လေးကိုခေါ်သွားခိုင်းလိုက်သည်။ အိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုစကားပြောပြီးနောက် ဝယ်ယူနိုင်သောစာရင်းကိုနှိပ်လိုက်သည်။ မြင်းကုန်းနှီးနှင့်ကြိုးရှိနေပြီ။
နောက်ပြီး စာရင်းပေါ်တွင်သောမတ်ပြောသောမြင်းစီးစွမ်းရည်ကိုလည်းတွေ့ရသည်!
(မြင်းစီးစွမ်းရည်၊ မြင်းစီးသူအတွေ့အကြုံစာအုပ်။ ဝယ်ယူမည်လား?)