← Chapters

ချင်လင်မွေးမြူရေးခြံ၏စီမံရေးလုပ်ငန်း!

Vol. 33 Ch. 495

ချင်လင်မွေးမြူရေးခြံ၏စီမံရေးလုပ်ငန်း!

Vol. 33 Ch. 495

အတွေ့အကြုံစာအုပ်မှာ ဘဲဥထမင်းကြော်အတွေ့အကြုံစာအုပ်၊ငါးချက်နည်းအတွေ့အကြုံစာအုပ်ကဲ့သို့ပင် ဂိမ်းထဲတွင်အသုံးချနိုင်သည်။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုမြင်းစီးစွမ်းရည်အတွေ့အကြုံစာအုပ်ဝယ်ခိုင်းလိုက်သည်။ ထို့နောက် အဝယ်စာရင်းမှမြင်းကုန်းနှီး၊မြင်းခွာနှင့်မြင်းကြိုးဝယ်မည်ကိုရွေးလိုက်သည်။

(မြင်းကိုမြင်းကြိုးတပ်ချင်ပါသလား?)

ဝယ်ပြီးနောက် အိမ်မွေးတိရစ္ဆာန်ကုန်သည်စကားပြောပေါ်လာပြန်သည်။

သူက 'တပ်မည်'ကိုတန်းရွေးလိုက်သည်။

မြင်းကြိုးက မြင်းရောစီးသူကိုပါကာကွယ်ပေးနိုင်သည်။

ဥပမာ မြင်းကုန်းနှီးမရှိရင် စီးသူမျိုးတုံးမည့်အန္တရာယ်ရှိနေသည်။

တချို့က မြင်းကိုမြင်းခွာတပ်တာရက်စက်သည်ဟုဆိုကြသည်။ ဒီလူတွေမသိတာက မြင်းခွာမရှိရင် မြင်းခွာခြေလက်အသားမာပန်းကုံးများပြင်းပြင်းထန်ထန်တိုက်စားခံရနိုင်သည်။



မြင်းအတော်များများထိခိုက်ဒဏ်ရာရခြင်းမှာ မြင်းခွာမရှိဘဲ ကျောက်တုံးများ၊အချွန်အတက်များနင်းမိသောကြောင့်ဖြစ်ပြီး နောက်ပိုင်းအသက်ဆုံးရှုံးရတတ်သည်။

ခဏအကြာ ဂိမ်းထဲတွင်နှစ်ဖက်မြင်ဖန်သားပြင်ပေါ်လာသည်။ အိမ်မွေးတိရစ္ဆာန်ကုန်သည်က ခြင်္သေ့လေးကိုမြင်းကြိုးတပ်ပေးပြီးနောက် ခြင်္သေ့လေးကိုယ်ကိုတပ်ဆင်ပေးသည်။

ဂိမ်းဖန်သားပြင်ပုံမှန်ပြန်ဖြစ်သောအခါ အိမ်မွေးတိရစ္ဆာန်ကုန်သည်၏စကားပြောကြားရပြန်သည်:

(သင့်မြင်းကိုတပ်ဆင်ပေးပြီးပါပြီ... စွမ်းရည်လေ့လာပြီးရင် စီးကြည့်ပါ! အဲဒီအချိန်ကအပျော်ရွှင်ရဆုံးပါပဲ!)

စကားပြောပြီးသည်နှင့် အိမ်မွေးတိရစ္ဆာန်ကုန်သည်ကသူ့ကိုလျစ်လျူရှုပြီး စျေးရောင်းဖို့သာသိသော NPC ကုန်သည်ကြီးပြန်ဖြစ်သွားလေသည်။

ချင်လင်က အိမ်မွေးတိရစ္ဆာန်ကုန်သည်ကိုအာရုံမစိုက်တော့ဘဲ သူ့ဂိမ်းဇာတ်ကောင်အား ခြင်္သေ့လေးကိုမွေးမြူရေးခြံပြန်ခေါ်လာခိုင်းလိုက်သည်။

လီခိုင်လည်း သက်ဆိုင်ရာဌာနမှအတန်းဖော်ကိုဆက်သွယ်လိုက်သည်။ ခဏစကားပြောပြီးနောက် သူက_

''ညီလေးချင်... ကိစ္စပြတ်ပြီ... ငါဓာတ်ခွဲခန်းသွားပြီး သူ့ဆီလျှောက်လွှာပို့လိုက်မယ်''

လီခိုင်ချင်းလင်ဓာတ်ခွဲခန်းဆီထွက်သွားသောအခါ ချင်လင်ကချက်ချင်းသူ့ရုံးခန်းထဲပြန်ပြီး တံခါးလော့ချလိုက်သည်။ ထို့နောက် ဂိမ်းထဲဝင်ကာ မြင်းစီးစွမ်းရည်စာအုပ်ကိုစစ်ကြည့်လိုက်သည်။

* ဟီ! * * ဟီ! *

ခြင်္သေ့လေးအူမြူးသံက သူ့နားထဲဝင်လာသည်။ သူဂိမ်းထဲဝင်ဝင်ချင်း ခြင်္သေ့လေးခေါင်းကသူ့ကိုလာဝှေ့သည်။

ချင်လင်က ခြင်္သေ့လေးခေါင်းမြန်မြန်ပွတ်သပ်ပေးပြီးနှစ်သိမ့်လိုက်သည်။ ထို့နောက် မြင်းစီးစွမ်းရည်စာအုပ်ကိုအရင်ကြည့်တော့သည်။

(အထူးမြင်းစီးစွမ်းရည်စာအုပ်ဖြစ်သည်။ အသုံးပြုပြီးလျှင် မြင်းစီးအတွေ့အကြုံကိုရနိုင်သည်:

မြင်းများနှင့်ရင်းနှီးခြင်း +၁၊ မြင်းစီးခြင်း +၁၊ အနေအထား +၁)

အတွေ့အကြုံစာအုပ်မှတ်ချက်များမှာ အလွန်ရိုးရှင်းသည်။ ဘဲဥထမင်းကြော်စာအုပ်နှင့်ငါးချက်နည်းအတွေ့အကြုံစာအုပ်လို ထပ်တိုးအရည်အသွေးများရှိသည်။





မြင်းများနှင့်ရင်းနှီးခြင်း။ ဒီစွမ်းရည်ကတော့ပြောစရာမလို။ မြင်းတွေသူ့ကိုမကြောက်အောင်၊ သူ့နားကပ်ချင်အောင်။ ဒါမြင်းထိန်းသမားတစ်ဦးအတွက်အံ့ဖွယ်အရည်အသွေးဖြစ်နိုင်သည်။

ရှေးအခါက စစ်သူကြီးတစ်ဦးစစ်မြင်းတစ်ကောင်လိုချင်ရင် အရင်ဆုံးသူသဘောကျသောမြင်းရိုင်းကိုယဉ်ပါးအောင်လုပ်ရသည်။ ဒီအရည်အသွေးသာရှိရင် ယဉ်ပါးအောင်လုပ်စရာမလိုဘဲ သူ့ဘာသာအပြေးလာလိမ့်မည်။

မြင်းစီးခြင်း +၁။ ဒါလည်းပြောစရာမလို။ သူရဲကောင်းမြင်းစီးတဲ့ဖြစ်စဉ်မှာ မြင်းစီးတာကမြင်းစီးတဲ့အတွေ့အကြုံကိုပြည့်စုံစေမည်။

အနေအထား +၁ ကတော့ ဘာသက်ရောက်မှုမှရှိမည်မထင်။ ခံ့ခံ့ညားညားမြင်းစီးတဲ့အနေအထားလား?

ဘာပဲဖြစ်ဖြစ် ချင်လင်စမ်းကြည့်ဖို့စိတ်အားထက်သန်နေသည်။

(သူရဲကောင်းမြင်းစီးအတွေ့အကြုံစာအုပ်ကိုအသုံးချချင်ပါသလား?)

သူကပြတ်ပြတ်သားသားပင်။

အရင်အတွေ့အကြုံစာအုပ်တွေတုန်းကလို ဒီအတွေ့အကြုံစာအုပ်ကိုအသုံးပြုပြီး သူ့စိတ်ထဲအချက်အလက်တွေတသီကြီးချက်ချင်းရောက်လာသည်။

ထိုအချက်အလက်များတွင် မြင်းစီးစွမ်းရည်များ၊ မြင်းစီးနည်းများ၊ မြင်းစီးခြင်းနှင့်ပတ်သက်သောဗျူဟာများပါဝင်သည်။ အချက်အလက်များက သူ့စိတ်ထဲတွင်နက်နက်ရှိုင်းရှိုင်းစွဲထင်နေ၏။

ဒါကလည်း အရင်ကအကြိမ်ကြိမ်လေ့ကျင့်ခဲ့သလိုရင်းနှီးနေသောကြွက်သားမှတ်ဉာဏ်မျိုးဖြစ်သည်။

“ဟီ... ဟီ!”

“ဟီ... ဟီ!”

ခြင်္သေ့လေးက မြူးတူးပြီးဆက်အော်နေဆဲ။ ချည်ထားသောတိရစ္ဆာန်ဖြစ်၍ သူ့သခင်နားတွင်အလွန်ပျော်နေသည်။ နောက်ပြီး ဂိမ်းထဲတွင်တစ်ကောင်တည်းဖြစ်၍ နည်းနည်းအထီးကျန်နေသည်။



ချင်လင်ကခြင်္သေ့လေးကိုကြည့်လိုက်သည်။ သူရဲကောင်းအတွေ့အကြုံစာအုပ်ရပြီးနောက် သူ့ဆီလျှောက်သွားကာ မြင်းကုန်းနှီးပေါ်အသာလေးခုန်တက်လိုက်သည်။

သူ့အပြုအမူများကအသားကျနေပြီး စိတ်သွားတိုင်းကိုယ်ပါနေသည်။

ထို့နောက် မြင်းကုန်းနှီးကိုအာရုံစိုက်ကြည့်လိုက်သည်။

မြင်းကုန်းနှီးမှာထိုင်ရတာ အတော်လေးသက်သောင့်သက်သာရှိနေသည်။ အရင် ဒုတိယမျိုးဆက်သူဌေးသားအတန်းဖော်က သူ့ကိုမြင်းစီးကလပ်ခေါ်ပြီး မြင်းစီးသင်ပေးဖူးသည်။ သို့သော် မြင်းကုန်းနှီးမှာထိုင်ရတာသိပ်သက်သောင့်သက်သာမရှိ။

(မြင်းကုန်းနှီး: အရည်အသွေး ၁)

(ဂိမ်းကုန်သည်လုပ်သောမြင်းကုန်းနှီးဖြစ်သည်။ ထုတ်လုပ်ထားသောအရည်အသွေးကထိပ်တန်းကျသည်:

သူရဲကောင်းသက်သာမှု +၁၊ မြင်းသက်သာမှု +၁)

ဒါလည်းပစ္စည်းကောင်းပဲပေါ့။

“ဟီ... ဟီ!”

“ဟီ... ဟီ!”

ခြင်္သေ့လေးက သူ့သခင်ကျောပေါ်ရောက်လာလျှင် မြူးတူးပြီး 'နောက်ဆုံးတော့ စီးပြီပေါ့'ဟုပြောနေသလိုလို။

ထို့နောက် ခြင်္သေ့လေးကပျော်ပျော်ရွှင်ရွှင်စပြေးတော့သည်။

ချင်လင်ကမြင်းဇက်ကြိုးကိုမြန်မြန်ဆွဲလိုက်သည်။ တစ်ချိန်တည်းမှာ ခြင်္သေ့လေးကတစ်ခုခုခံစားမိပုံရပြီး သူ့ခြေလေးချောင်းလုံးရုတ်တရက်အရှိန်မြင့်ကာ မြန်သည်ထက်မြန်လာသည်။

တခဏချင်း ခြင်္သေ့လေးကပိုပိုမြန်လာသောကြောင့် မျက်နှာတွင်လေပိုတိုးလာသည်ကိုချင်လင်ခံစားမိသည်။ ခြင်္သေ့လေးစိတ်လှုပ်ရှားပြီးပျော်နေသည်ကိုလည်း သူခံစားရသည်။

သူ့သခင်နဲ့စိတ်လွတ်လက်လွတ်ပြေးရတာ ဒါပထမဆုံး။

သခင်ကမြင်းရဲ့စိတ်အခြေအနေကိုခံစားမိပြီး သခင်နဲ့မြင်းဂန္တဝင်ပေါင်းစည်းခြင်းဖြစ်နိုင်သည်။

ခြင်္သေ့လေးအရှိန်ပြင်းလာသောကြောင့် ချင်လင်လည်း ထိန်းမနိုင်သောလှုပ်ရှားမှုနှင့်တင်းအားကိုခံစားရသည်။

သာမန်လူသာ ဒီအရှိန်နဲ့မြင်းစီးရင် ပြုတ်ကျမလား ဒါမှမဟုတ် အရှိန်ကြောင့်လန့်သွားမလား။

အရင် သူနဲ့သူ့အခန်းဖော်က ဒုတိယမျိုးဆက်သူဌေးသားကြောင့် မြင်းပြိုင်ကွင်းရောက်ပြီး မြင်းစီးနည်းသင်ဖူးသော်လည်း သူတစ်ယောက်တည်းမြင်းကိုအမြန်မစီးရဲခဲ့ပေ။



All Chapters