ပြည်နယ်ကိုးခုမှ မုန်တိုင်း
Vol. 010 Ch. 975
လစန္ဒာကလန်မှ လစန္ဒာရှန့်ထိုသည် နွေဦးပြည်နယ်မှ ယိကလန်သို့ လာရောက်ခဲ့သည်။
သူကိုယ်တိုင် ရောက်လာမှတော့ ရှန့်ထိုယိကလည်း သူ့အား ကိုယ်တိုင် တွေ့ဆုံသည်။
ယခု နွေဦးပြည်နယ်မှ ထိပ်သီး ပုဂ္ဂိုလ်နှစ်ဦးသည် ယိကလန်၏ အဆောင်တစ်ခု အတွင်း၌ မိတ်ဟောင်း ဆွေဟောင်းများ အလား တွေ့ဆုံ စကားပြော နေကြသည်။
“ရှီဟွာတောင်၊ ကျောက်မဟာ ပြည်ထောင်နဲ့ တော်ဝင် အလင်းနန်းတော်တို့က မြေရိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းကြားတယ်။ မြေရိုင်းပြည်နယ်က သူတို့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဆုံးမဲ့ ပင်လယ်ကလည်း ဝင်ပါမဲ့သဘော ရှိတယ်။ ခင်ဗျားက ဒီစစ်ပွဲထဲမှာ တကယ် ဝင်ပါမှာလား” ရှန့်ထိုယိက လစန္ဒာရှန့်ထိုအား ပြောသည်။
“ခင်ဗျား ဝင်ပါဖို့ စဉ်းစားထားလား” လစန္ဒာရှန့်ထိုက မေးသည်။
“ကျုပ်ဝင်ပါသည် ဖြစ်စေ ဝင်မပါသည်ဖြစ်စေ တော်ဝင်ကျဲ နန်းတော်က ပျက်စီးဖို့များတယ်” ရှန့်ထိုယိက ရေနွေးကြမ်းအား သောက်လျက် ပြောသည်။ ရှန့်ထိုကျိကား ရက်စက်သော စိတ်နေသဘောထား ရှိသည်။ ရီဖူရှင်း စွမ်းအား ကြီးလာမည်ကို သူ စောင့်ဆိုင်းမည်မဟုတ်ပေ။
သူတို့၏ စစ်တပ် ရောက်သွားသောအခါ ရီဖူရှင်းက မည်မျှစွမ်းအား ကြီးပါစေ တော်ဝင်ကျဲနန်းတော်မှာ မပျက်စီးဘဲ နေမည် မဟုတ်ပေ။
“တကယ်လို့ နန်းတော် ပျက်စီးပြီးတော့ ရီဖူရှင်း အသက်ရှင်ခဲ့ရင်ရော...” လစန္ဒာရှန့်ထိုက မေးသည်...” သူတို့ ဝိုင်းဝန်း တိုက်ခိုက်တာကို ရီဖူရှင်းက ဖောက်ထွက်ပြီးတော့ လွတ်မြောက် နိုင်ပါ့မလား”
ရှန့်ထိုယိက အနည်းငယ ်တွေးလိုက်ပြီး ပြောသည်... “မျှော်လင့်ချက်တော့ သိပ်မရှိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်”
“အဲဒီအချိန် ကျရောက်လာတဲ့အခါ နန်းတော်က တကယ် ပျက်စီးသွားရင် တောင်မှ ရီဖူရှင်း လွတ်မြောက်ဖို့အတွက် ယွီကလန်က ကြိုးစား တိုက်ခိုက်မယ်။ သူအသက်ရှင် နေသရွေ့ ရန်ဟောင်အမွေအနှစ် ဆိုတာလည်း သိပ်အရေးမပါဘူး။ သူသာ အဆင့်မြင့် ကွန်းရှီသို့ တက်လှမ်းနိုင်ခဲ့ရင် သူကိုယ်တိုင်က တော်ဝင်မြေ တစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်လို့ ခင်ဗျား ဝန်ခံရမယ်”
ရှန့်ထိုယိက သူ၏ ဧည့်သည်အား ကြည့်သည်။ လစန္ဒာရှန့်ထိုက စိတ်ပိုင်းဖြတ် ထားဟန် ရသည်။
ရှန့်ထိုယိ၏ မျက်နှာ၌ တွေးတောဟန်များ ပေါ်လာသည်။ လစန္ဒာရှန့်ထို ပြောသည်မှာ ဆီလျော်ပေသည်။
ထိုနေ့က ရီဖူရှင်းအား သတ်နိုင်ခဲ့လျှင် တော်ဝင်မြေ အများအပြားက ဝင်စွက်ဖက်ကြမည်မှာ အသေအချာပင်။ မည်သို့ဆိုစေ ရန်ဟောင် အမွေအနှစ်ကား အားလုံး မက်မောသောအရာ ဖြစ်သည်။
ယခု ရီဖူရှင်းနှင့် တော်ဝင်ကျဲ နန်းတော်တို့မှာ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေ၌ ရှိနေကြသည်လား။
“ဒီအခြေအနေမှာ ကျုပ် ဝင်မပါသင့်ဘူးဆိုရင် ခင်ဗျားကရော ဘာလို့ ဝင်ပါနေတာလဲ” ရှန်ထို့ယိက လစန္ဒာရှန့်ထိုအား စိုက်ကြည့်သည်။ ထို့အပြင် သူကား ပြည်နယ်ကိုးခုနှင့်ပင် ဆန့်ကျင်၍ ရီဖူရှင်းအား ကူညီခဲ့သည်။ ယခု သူ့အားလည်း ဘေးဖယ်နေရန် လာရောက် ဖျောင်းဖျသည်။
“ဒီကိစ္စမတိုင်ခင် ကတည်းက ယွီကလန်နဲ့ ရီဖူရှင်းတို့ရဲ့ ဆက်ဆံရေးကို ခင်ဗျား သိသင့်တယ်။ ပြီးတော့ သူ့ရဲ့ပါရမီနဲ့ဆိုရင် တစ်နေ့မှာ သူက ရှန့်ထိုအဆင့် ထက်တောင် ကျော်လွန် သွားလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့က ဝင်ပါခဲ့တယ် ဆိုရင်တောင် ဝင်ပါဖို့အတွက် အကြောင်းပြချက် ကောင်းကောင်း ရှိတယ်။ ပြီးတော့ ရှန့်ထိုရှားကလည်း သူ့ကို တန်ဖိုးထားတယ်ဆိုတာ ခင်ဗျား သတိထားမိမှာပဲ။ သူ့ကိုသတ်ဖို့ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး”
ထိုသို့ပြောရင်းနှင့် သူက ထရပ်ကာ ပြောသည် … “ကျုပ်ပြောသင့်တာတွေ အကုန်ပြောပြီးပြီ။ ခင်ဗျားက စစ်ပွဲထဲ ဝင်ပါချင်တယ် ဆိုရင်တော့ စစ်မြေပြင်မှာပဲ ထပ်တွေ့ကြတာပေါ့။ နှုတ်ဆက်ပါတယ်”
သူနောက်လှည့်ကာ ထွက်သွားသည်။
သူ ထွက်သွားပြီးသည့်တိုင် ရှန့်ထိုယိက ဝေခွဲမရဟန်ဖြင့် အတွေးနက်ကာ ထိုင်နေသည်။
“တန်ခိုးရှင်တွေကို လွှတ်ပြီးတော့ တော်ဝင်မြေတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပါ။ မြေရိုင်းပြည်နယ်သို့လည်း လူနည်းနည်း လွှတ်ပြီးတော့ သူတို့ ဘာလုပ်နေလဲ စောင့်ကြည့်...”
“ဟုတ်ကဲ့ပါ ခေါင်းဆောင် ...” နန်းဆောင်အပြင်မှ လူများသည် သူ၏အမိန့်ကို နာခံလျက် ထွက်သွားကြသည်။
***
ဗာဂျာရာဒေသသည် စစ်ဘုရင် ပြည်နယ်အတွင်းမှ တော်ဝင်မြေ တစ်ခုဖြစ်သည်။ သူ့အား အပြင်အား လေ့ကျင့်ရာတွင် အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ကြ၏။
ဗာဂျာရာဒေသမှ တန်ခိုးရှင်များသည် ဗုဒ္ဓလမ်းစဉ်ကို လိုက်စားကြသည်။ သူတို့၏ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်များမှာ အကောင်းဆုံးဟု သတ်မှတ်ထားကြပြီး တိုက်ခိုက်ရေး စွမ်းရည်မှာလည်း အလွန် အားကောင်းကြသည်။ ဗာဂျာရာဒေသ သခင်သည် ယူချင်း၏ ပါရမီကို နှစ်သက် သဘောကျရာ သူ့ထံ၌ သုံးနှစ်တိတိ လာရောက် လေ့ကျင့်စေခဲ့သည်။
ထိုအချိန်တွင် သင်္ကန်း ဝတ်ဆင်ထားသော ဘုန်းတော်ကြီး တစ်ပါးသည် စိပ်ပုတီးအား လက်တွင်ကိုင်ကာ ငြိမ်သက်စွာ ထိုင်နေသည်။ သူ့ရှေ့၌သာ ဘုန်းတော်ကြီး အများအပြား ထိုင်နေကြသည်။
သူ၏အသံမှာ မဟာလမ်းစဉ် စွမ်းအားများ ကပ်ငြိနေသည့်အလား ကြည်လင် ပြတ်သားနေသည်။ သူ၏အသံကို နားထောင်ရသူ များမှာ သန့်ရှင်းသော စိတ်နှလုံးများအား ဖြစ်ပေါ် စေနိုင်သည်။
အတန်ကြာလျှင် သူက တရားဟော နေသည်ကို ရပ်တန့်လိုက်ကာ အားလုံးကို ကြည့်လျက် ပြောသည် … “မင်းတို့က မဟာလမ်းစဉ်ရဲ့ တရားတော်တွေကို နာယူခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါပေမဲ့ အပြင်လောကကို သိပ်မသွားခဲ့ကြဘူး။ အခု ပြည်နယ်ကိုးခုမှာ မငြိမ်မသက် ဖြစ်နေကြတယ်။ မင်းတို့က လောကအပြင်သို့ ထွက်ပြီးတော့ ဉာဏ်အလင်း ရှာဖွေသင့်တယ်”
“ကျုပ်တို့ ဘယ်သူ့ကို ကူညီရမလဲ… အရှင်” ဘုန်းတော်ကြီး တစ်ပါးက မေးသည်။
“မင်းတို့ ကူညီချင်တဲ့သူကိုကူညီ...” ဗာဂျာရာဒေသ အရှင်က ပြန်ဖြေသည်။
“ကောင်းပါပြီ … ”အားလုံးက ခေါင်းညိတ်ကာ ထွက်သွားကြသည်။
ထိုနေ့တွင်ပင် မဟာလမ်းစဉ်၏ ဉာဏ်အလင်းတော်ကို ရှာဖွေသော ဘုန်းတော်ကြီး ၁၀၈ပါးသည် မြေရိုင်းပြည်နယ်သို့ ဦးတည်လျက် ထွက်ခွာ သွားကြသည်။
***
ထိုအခိုက်တွင် မှန်နန်းတော် အပြင်ဘက်၌ အစိမ်းရောင် ဝတ်ဆင်ထားသော မိန်းမလှတစ်ဦးသည် အဝေးသို့ မျှော်ကြည့်နေသည်။
လေပြည်များ ဝှေ့ယမ်း တိုက်ခတ်မှုကြောင့် သူမ၏ဆံပင်များမှာ လေထဲတွင် လူးလွင့် နေကြသည်။ အဝတ်အစားများ တဖျတ်ဖျတ်လွင့်လျက် သူမသည် လူသားတို့ကမ္ဘာသို့ ရောက်ရှိလာသော နတ်မိမယ် တစ်ပါးနှင့် တူသည်။
“ဆရာ...” ထိုအခိုက်တွင် သူမ၏နောက်သို့ နတ်မိမယ်ချင်နီ ရောက်လာသည်။
ဤရက်ပိုင်းအတွင်း မှန်နန်းတော် သခင်မကား စကားအလွန် နည်းသွားသည်။ ယွီချန်း၏ သေဆုံးခြင်းက သူမအား ကြီးစွာ စိတ်ထိခိုက်စေခဲ့သည်။
“အပြင်ဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ...” မှန်နန်းတော်သခင်မက နောက်မလှည့်ဘဲ မေးသည်။
“တော်ဝင် အလင်းနန်းတော်၊ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့က စစ်တပ်တွေကို ပြင်ဆင်နေကြတယ်။ သူတို့က မြေရိုင်းပြည်နယ်ကို အချိန်မရွေး တိုက်ခိုက်နိုင်တယ်”
“နောက်ထပ် ရှိသေးလား …” မှန်နန်းတော် သခင်မက မေးသည်။
“ကျွန်မတို့ရဲ့ လက်အောက်ခံ အင်အားစုတွေတိုင်းက အကြောင်းပြချက်တွေ ပေးပြီးတော့ ရှောင်လွှဲ နေကြပါတယ်” နတ်မိမယ်ချိန်နီက ပြောသည်။ မှန်နန်းတော်ကလည်း သူတို့၏ လက်အောက်ခံ အင်အားစုများကို ဆင့်ခေါ်ခဲ့သော်လည်း မည်သူမှ ရောက်မလာခဲ့ပေ။
ပြည်နယ်ကိုးခုမှ အခြေအနေများကို လူတိုင်း သိရှိကြရာ မည်သူကမှ ဝင်ပါလိုခြင်း မရှိကြပေ။
မြေရိုင်းပြည်နယ် ပြီးနောက်တွင် နောက်ထပ် ဖျက်ဆီးခံရမည့် တော်ဝင်မြေမှာ မှန်နန်းတော် ဖြစ်နိုင်ပေသည်။ ဤသို့သော အခြေအနေတွင် မည်သည့် အင်အားစုက စစ်ပွဲထဲသို့ ပါဝင်လိုမည်နည်း။
မှန်နန်းတော် သခင်မကား အဝေးသို့ ကြည့်ကာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူမက ပြောသည်... “နန်းတော်က ရှီအဆင့်နဲ့ အထက်တွေကို ဆင့်ခေါ်လိုက်...။ ငါတို့ ကျောက်ပြည်ထောင်ကို သွားမယ်။ တခြားလူတွေ အကုန်လုံးကို ယာယီ ထွက်သွားခိုင်းလိုက်။ တကယ်လို့ ငါတစ်ခုခုဖြစ်ရန် သူတို့ကို ဘယ်တော့မှ ပြန်မလာတော့ဖို့ ပြောလိုက်...”
“ဆရာ... ” နတ်မိမယ်ချိန်နီ၏ နှလုံးက တုန်ခါသွားသည်။
“ငါပြောသလိုလုပ်...” မှန်နန်းတော် သခင်မက ပြောသည်။ နတ်မိမယ်ချိန်နီလည်း ခေါင်းညိတ်ကာ ထွက်သွားသည်။
သတင်းများ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ မှန်နန်းတော်မှ တန်ခိုးရှင်များသည် တစ်ရက်အတွင်း ထွက်ခွာ သွားခဲ့ကြ၏။ တစ်အုပ်စုမှာ ကျောက်ပြည်ထောင်သို့ သွားကြသည်။ သို့သော်လည်း သူတို့က လှုပ်ရှားခြင်း မပြုကြဘဲ အဝေးမှသာ ကျောက်ပြည်ထောင်၏ အင်အားစုများကို ခြိမ်းခြောက် တားဆီးမှုများကို ပြုလုပ်ကြ၏။
မှန်နန်းတော် သခင်မကား ထိုနေရာတွင် မရှိပါ။ သူမသည်လည်း မှန်နန်းတော်မှ ထွက်ခွာသွားခဲ့ကာ သူမ မည်သည့်နေရာသို့ ထွက်သွားခဲ့သည်ကို မည်သူမှ မသိကြပေ။ သူမက ကျောက်ပြည်ထောင်၏ မြို့တော်သို့ သွားရောက်ကာ ကျောက်ပြည်ထောင် ဘုရင်နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲအတွက် ပြင်ဆင်နေသည်ဟု အချို့က ပြောကြသည်။
***
ပြည်နယ်ကိုးခုသို့ ရိုက်ခတ်သွားခဲ့သော မုန်တိုင်းများမှာ ယခု တစ်ဖန် စုစည်းလာခဲ့ပြီ ဖြစ်သည်။ မုန်တိုင်း၏ အလယ်တွင်ကား မြေရိုင်းပြည်နယ် ရှိပေမည်။
နောက်ပိုင်း နေ့ရက်များတွင် မြေရိုင်းပြည်နယ်မှ လူအများအပြား ကျုံးကျိုးမြို့သို့ ရောက်လာခဲ့ကာ တော်ဝင်ကျဲ နန်းတော်အား သူတို့၏ဓားများကို ပေးအပ်ကြသည်။
တော်ဝင်ကျဲ နန်းတော်ကား ကွင်းပြင်ကျယ်ကြီးအလား အရာခပ်သိမ်း ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းကား ခင်းကျင်းထားသော အစီအရင်များ၏ အလယ်၌ စစ်တုရင်ဝိညာဉ်အား လှည့်ပတ် သက်ဝင်စေလျက် ထိုင်နေသည်။ ယခု သူ့ပတ်ပတ်လည်မှ ဆက်စပ်ထားသော အလင်းတန်းများသည် အစီအရင်များအား ပေါင်းစပ်စေလျက် ဧရာမဝင်္ကပါ အစီအရင် ဖြစ်စေသည်။ ဗဟိုတွင် များစွာသော ဓားများ စိုက်ထူထားပြီး ဓားများအားလုံးမှာ ရှီအဆင့်များ ဖြစ်ကြ၏။
ထိုအခိုက်တွင် ကောင်းကင်ထက်သို့ လူတစ်စု ရောက်ရှိလာခဲ့သည်... “ဖူရှင်း...”
“ကျောင်းအုပ်က ဘာလို့ ရောက်လာတာလဲ...” ရီဖူရှင်းက လေထဲမှ လူများကို ကြည့်ကာ ပြောသည်။ ရောက်လာသူများကား မိုးမြေကောင်းကင်မြို့မှ ကြယ်မင်း ကျောင်းအုပ်နှင့် သူ့လူများ ဖြစ်ကြသည်။
“မင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးက ဓားတွေကို ဆင့်ခေါ်တယ် ကြားလို့ ငါတို့လည်း မိုးမြေကောင်းကင်မြို့က ဓားတွေကို စုစည်းပြီး ရောက်လာခဲ့ကြတာ” ကျောင်းအုပ်က ပြုံးလျက် ပြောသည်။
“ငါတို့အပြင် လောင်မိသားစု၊ ကုမိသားစုနဲ့ မိုးမြေ ကောင်းကင်မြို့က တခြား မိသားစုကြီးတွေလည်း ပါလာကြတယ်။ ငါတို့မှာ ဓားတွေ အများကြီး မရှိပေမဲ့ အဘိုးကြီးတွေမှာလည်း တိုက်ခိုက်ရေး အတွေ့အကြုံ ကောင်းကောင်း ရှိကြပါတယ်” ချန်းယွန်က ပြုံးလျက် ပြောသည်။ သူ့ဘေးတွင်ကား ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင် မူချန်းလည်း ပါသည်။
ရင်းနှီးသော မျက်နှာများအား ကြည့်ကာ ရီဖူရှင်းကား စိတ်လှုပ်ရှား ရသည်။ သူက ပြုံးလျက် ပြောသည်... “အခုလို ကူညီတာ ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ ယွန်ချီနဲ့ လင်းအာတို့က မပါသင့်ဘူး။ သူတို့ကို မိုးမြေကောင်းကင် မြို့သို့ ပြန်ခိုင်းလိုက်ပါ”
ချန်းယွန်၏နောက်မှ ကုယွန်ချီနှင့် လောင်လင်းအာတို့ကို သူမြင်သည်။
ကုယွန်ချီက ရီဖူရှင်းအား ကြည့်သည်။ သူမ၏ မျက်လုံးများထဲတွင် မေတ္တာတရား၏ အငွေ့အသက်များကို မြင်တွေ့နေရဆဲ ဖြစ်၏။ သူက ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များ အားလုံးကို အနိုင်ယူနိုင်ပြီ ဖြစ်သည်ဟု သူမကြားသည်။
“လင်းအာက နန်းတော်ရဲ့ တပည့်ပဲ...။ ဘာလို့ တိုက်ခိုက်လို့ မရမှာလဲ။ အစ်ကိုရီက လင်းအာကို ကန်ထုတ်လို့ရမယ် ထင်နေလား...” လောင်လင်းအာက ပြောသည်။
“မင်း နေချင်ရင် နေလို့ရတယ်... ဒါပေမဲ့ တိုက်ပွဲစတာနဲ့ တော်ဝင်ရှီ နန်းဆောင်ထဲသို့ တခြား လူတွေနဲ့အတူ ဝင်နေရမယ်” ရီဖူရှင်း ပြုံးလျက် ခေါင်းယမ်းကာ ပြောသည်။ တိုက်ပွဲစလျှင် ရှီအဆင့်အောက်မှ လူတိုင်းသည် တော်ဝင်ရှီ နန်းဆောင်ထဲသို့ ဝင်နေနိုင်ပေသည်။ အစီအရင်က သူတို့အား ကာကွယ် ပေးနိုင်သလို စစ်ပွဲရှုံးလျှင်လည်း သူတို့မှာ ဘေးကင်း ပေမည်။
ထိုအခိုက်တွင် ကောင်းကင်၌ ပိုမိုများပြားသော လူများ ပေါ်လာသည်။
“ဖူရှင်း... ”
ညင်သာသော အသံတစ်သံကို ကြားရသည်။ ရီဖူရှင်း မော့ကြည့်လျှင် လူနှစ်ယောက်အား မြင်သည်။ သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာကာ မေးသည်.. “ဘာလို့ ရောက်လာတာလဲ... လိပ်ပြာလေး...”
“ရှင်က ဆေးစမ်းသပ်မှု မလုပ်ခင် ကတိပေးခဲ့တာ တစ်ခုရှိတယ်လို့ဆရာက ပြောတယ်” လိပ်ပြာလေးက ပြောသည်။
“ငါ မသေပါဘူး” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
လိပ်ပြာလေးက အသာအယာ ပြုံးကာ ပြောသည်... “နောက်ဆုံးအကြိမ် ဆေးစမ်းသပ်မှုကို နန်းတော်မှာ လုပ်လို့ရတယ်လို့ ဆရာက ပြောတယ်...။ သူက ငါနဲ့ အစ်ကိုကို နင့်ဆီသို့ လွှတ်လိုက်တာ”
“ရှန့်ထိုကျင့်က တကယ်ပဲ အစွဲကြီးတာပဲ...” ရီဖူရှင်းကား အတန်ကြာ တိတ်ဆိတ် နေသည်။ ဤသို့ဖြင့် လူအများအပြားသည် နန်းတော်သို့ ရောက်လာခဲ့ကြ၏။
***