← Chapters

အခန်း (၁၁၇၂)

Vol. 79 Ch. 1173

အခန်း (၁၁၇၂)

Vol. 79 Ch. 1173

အရသာက မပြီးပြည့်စုံဘူး

ပြောပြီးနောက် လင်းရီ သူ့ဖုန်းဖြင့် တစ်စုံတစ်ရာကို ရှင်းပြနေသကဲ့သို့ စာရိုက်နေလိုက်သည်။

အာယာနဲ မစ်ဆူ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့၏။ ထို့နောက် သူမ ဖုန်းကို ကိုင်၍ စတင်ပြီး ဖုန်းဆက်တော့သည်။

သို့သော် သူမဘက်က အတတ်နိုင်ဆုံး စကားဝိုင်းကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေပြီး လင်းရီကို များများစားစား မသိစေချင်ပေ။

လင်းရီ မျက်လုံးထောင့်ကပ်၍ အာယာနဲ မစ်ဆူကို တစ်ချက် ချောင်းကြည့်ပြီ သူ ပို့ထားသည့် ဝီချက်မက်ဆေ့ချ် နှစ်ခုကို ဖျက်လိုက်၏။

‘ နှစ်မိနစ်လောက်ပဲ ကြာသွားတာ ကံကောင်းသွားတယ်.. မဟုတ်ရင်တော့ ဆက်ပြီး ရှင်းပြနေရတော့မှာပဲ...’

လင်းရီ စိတ်ထဲတွင် ကိုယ့်ဘာကိုယ် ရေရွတ်နေလိုက်၏။

ဆယ်မိနစ် ကြာပြီးနောက် အာယာနဲမစ်ဆူ အရာအားလုံး စီစဉ်လို့ ပြီးစီးသွားပြီး “ ရုံးကို သွားစို့လေ… ကျွန်မ ရှင့်ကို လိုက်ပြပေးမယ်…”

“ အဆင်ပြေလို့လား... မင်း ကြည့်ရတာ တော်တော်လေး အလုပ်များနေတဲ့ ပုံပဲ… တကယ်လို့ ကိစ္စ ရှိတယ်ဆိုရင်လည်း ငါ အရင်ပြန်နှင့်လိုက်မယ်လေ…”

လင်းရီ၏ အစီအစဉ်က သေသပ်ကောင်းမွန်လွန်းလှကာ အာယာနဲ မစ်ဆူကို မည်သည့် မသင်္ကာစရာမျှ တွေ့မသွားစေခဲ့ချေ။ သူ့ဘက်က အလိုက်တသိ လောကွတ်ချော်လိုက်တော့ တစ်ဖက်သူကို ပြန်ပို့ရန် အခက်တွေ့သွားစေခဲ့သည်။

အာယာနဲ မစ်ဆူဘက်ကလည်း သူမ တစ်ညနေခင်းလုံး အဖော်ပြုပေးရန် ပြောထားပြီးမှ အကယ်၍ ယခုလို ပြန်လွှတ်လိုက်မည်ဆိုပါက ရိုင်းပြရာ ကျသွားပေလိမ့်မည်။ အနာဂတ်တွင် နောက်တစ်ဖန် မတွေ့ဆုံနိုင်တော့သည်မျိုးတောင် ဖြစ်နိုင်လေသည်။

“ ရပါတယ်…. လက်ရှိမှာ ရှင့်ထက်ပိုပြီး အရေးကြီးတာ ဘာမှ မရှိဘူး…”

အာယာနဲ မစ်ဆူမှ ပြုံးလျက် ပြောလိုက်၏။

ထိုမွန်းလွဲပိုင်းတွင် အာယာနဲ မစ်ဆူ လင်းရီကို မစ်ဆူ စီးပွားရေး အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ နှစ်ခုဖြစ်သည့် မစ်ဆူ စက်မှုကုမ္ပဏီနှင့် မစ်ဆူ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီများသို့ လိုက်လံပြသလိုက်သည်။

အဆိုပါ နယ်ပယ် နှစ်ခုက မစ်ဆူ မိသားစု၏ မဏ္ဍိုင် ကျောရိုးကြီးများ ဖြစ်ကြပြီး အတိုင်း အတာ တစ်ခုထိတိုင်အောင် ဂျပန်၏ စက်မှုနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုကို ကိုယ်စားပြုနေသည်။

ဖြစ်ချင်တော့ လင်းရီ၏ လင်းယွင်အုပ်စုက အကြီးစား စက်မှုလုပ်ငန်းများတွင် ပါဝင်ခြင်း မရှိသောကြောင့် သူ ထိုကိစ္စနှင့် စပ်လျဉ်း၍ကတော့ များများစားစား မသုံးသပ်နိုင်ခဲ့ချေ။

သို့သော်လည်းပဲ စက်ရုံထဲရှိ အမျိုးမျိုးသော စက်ပစ္စည်းကိရိယာများကို ကြည့်ရင်း လျှို့ဝှက်ချက် တစ်ချို့ကိုတော့ မျက်မြင်တွေ့ရှိနိုင်သည်။

စက်မှုအင်ဂျင်နီယာ ပညာရပ် နယ်ပယ်တွင် နိုင်ငံတကာ၌ ဦးဆောင်နေသည့် ထိပ်သီး အင်အားစုကြီး တစ်ခုဖြစ်သည့်အလျောက် ဂျပန်၏ စွမ်းအားနှင့် အုတ်မြစ်ရေးရာမှာ အမှန်ပင် တောင့်တင်းခိုင်မာလှပြီး တခြား ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး တစ်ခုဖြစ်သည့် ရုရှားနှင့်ပင် ရင်ဘောင်တန်းနေလျက်ရှိသည်။

နည်းပညာ နယ်ပယ်တွင် လင်းယွင်အုပ်စုက ဟွာရှတစ်လွှား၌ ပြိုင်ဘက်ကင်း ရှိသော်လည်း ဂျပန်နှင့် သူတို့ကြား နှိုင်းယှဉ်လိုက်မည်ဆိုလျှင်တော့ ကွာဟချက် အချို့တော့ ရှိနေဆဲပင်..။

အဆိုပါ ကွာဟချက်များက ဓမ္မဓိဌာန် ကျလှပြီး ငြင်းပယ်လို့လည်း မရနိုင်ချေ။

သို့သော် လင်းရီကတော့ တွေးတောရင်းဖြင့် သတ္တိကြောင်၊ စိတ်အားငယ်နေမည့် လူစားမျိုး မဟုတ်။ ဆယ်စုနှစ် အနည်းငယ်အတွင်း ဟွာရှက ယခုလို အတိုင်းအတာအထိ တိုးတက်လာနိုင်သည်ကပင် အားရကျေနပ်ဖို့ ကောင်းနေချေပြီ။

ရှေ့ဆက်လျှောက်ရမည့် လမ်းက အရှည်ကြီး ကျန်ရှိနေသေးပြီး တစ်ကြိမ်ကို တစ်လှမ်း၊ ဖြည်းဖြည်းနှင့်မှန်မှန် ချီတက် လျှောက်လှမ်းကာ ကမ္ဘာ့ရှေ့ပြေးနေသည့် နိုင်ငံများကို မမှီဟု မဆိုနိုင်ပေ။ ထိုသို့ လိုက်မီဖို့ရာအတွက် နိုင်ငံကို အချိန်တစ်ချို့တော့ ပေးရမည် ဖြစ်၏။

သို့သော်လည်းပဲ လင်းရီ၏ လာရင်းရည်ရွယ်ချက်က မစ်ဆူ စက်မှုလုပ်ငန်းကို အံ့ဩချီးမွမ်းဖို့ရာအတွက် မဟုတ်။ ရွှေနက် ကော်ပိုရေးရှင်းနှင့် ပတ်သက်ပြီး သဲလွန်စများကို ရှာဖွေချင်သောကြောင့်ပင်။

အာယာနဲ မစ်ဆူကလည်း ရိုက်နှက်ချင်စရာ ကောင်းလှသည်။ ထိုကိစ္စကို မွန်းလွဲပိုင်း တစ်ခုလုံး စကားတစ်ခွန်းပင် မဟဘဲ တစ်ဖက်က ဖုန်းဆက်လာသည်ပင် ရိုးရှင်းသည့် စီစဉ်မှု တစ်ချို့သာ ပြုလုပ်ခဲ့၏။ သူ သိရှိသွားမှာကို တော်တော်လေး ကြောက်ရွံ့နေဟန်ပင်။

“ မစ္စတာလင်း… ဘယ်လို ခံစားရလဲ… ကျွန်မကို မှတ်ချက် တစ်ချို့လောက် ပေးလို့မရဘူးလား..” အာယာနဲ မစ်ဆူ အပြုံးလေးဖြင့် မေးလိုက်သည်။ သူမ၏ လေသံက အနည်းငယ်ပင် ဂုဏ်ယူ ဝံ့ကြွားနေသည့်ပုံပင်။

“ တကယ့်ကို အထင်ကြီးလောက်စရာပါပဲ.. နှမြောဖို့ကောင်းတာ လင်းယွင်အုပ်စုက ဒီအပိုင်းမှာ ဘာပရောဂျက်မှ ရှိမနေတော့ ပူးပေါင်းဆောင်ရွက်လို့ မရတာပဲ…”

“ တကယ်တမ်းကျ… ကျွန်မတို့ကလည်း ဉာဏ်ရည်တု နည်းပညာနဲ့ ချစ်ပ်တွေအကြောင်း သုတေသနတွေ အများကြီး လုပ်နေတာ ရှိတယ်… ဒီအပိုင်းမှာတော့ ကျိန်းသေပေါက် လင်းယွင်အုပ်စုနဲ့ စီးပွားရေး လက်တွဲမှုတွေ လုပ်လို့ရပါတယ်… ရှင့်ဘက်ကသာ ကျွန်မတို့ကို အခွင့်အရေး ပေးဖို့ ဆန္ဒရှိမရှိဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်…”

“ လောနေစရာ မလိုပါဘူး… မိန်းကလေး မစ်ဆူတို့မှာ အခွင့်အရေးတွေ အကုန်ရှိပါတယ်…”

လင်းရီ ‘ သိနေပါတယ်’ ဟူသော အပြုံးဖြင့် ပြောလိုက်၏။

အာယာနဲ မစ်ဆူ ရှက်ပြုံးလေး ပြုံးပြလိုက်၏။ သူမ၏ သွင်ပြင်က အချစ်နှင့် ထိတွေ့ခါစ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

“ မစ္စတာလင်း… နောက်တောင်ကျနေပြီ.. တစ်ခုခု သွားစားရအောင်လား..”

“ အိမ်ရှင် စိတ်တိုင်းကျပဲ.. ငါက ဒီတိုင်း ဧည့်သည်လာလုပ်တာ… နောက်ဘာဆက်လုပ်မယ်ဆိုတာက အိမ်ရှင် သဘောအတိုင်းပဲ… “

“ ပုံမှန်ဆိုရင်တော့ ကျွန်မဘာသာပဲ ဟင်းချက်စားလေ့ရှိတယ်.. တကယ်လို့ မစ္စတာလင်း စိတ်မရှိဘူးဆိုရင် ကျွန်မ ရှင့်ကို ဟင်းကောင်းတွေ လုပ်ပေးမယ်လေ…”

“ မငြင်းဆန်ချင်ဘူး ဆိုပေမယ့် မိန်းကလေးမစ်ဆူကိုလည်း ဒုက္ခမပေးချင်ဘူး… ဒီတော့ တစ်နေရာသွားပြီး ရိုးရိုးရှင်းရှင်းပဲ စားလိုက်ကြရအောင်လား…”

“ အွန်း… ကောင်းသားပဲ.. ဒီနားမှာ သိပ်အရသာရှိတဲ့ တမ်ပူရာဆိုင်ရှိတယ်… ကျွန်မရှင့်ကို မြည်းစမ်းကြည့်ဖို့ ခေါ်သွားပေးမယ်လေ…”

“ ကောင်းသားပဲ....”

စိတ်ပိုင်းဖြတ်ပြီးနောက် အာယာနဲ မစ်ဆူ လင်းရီကို ညစာစားရန် တစ်နေရာသို့ ဆွဲခေါ်လာခဲ့သည်။

သူတို့ စားသောက်မည် ဆိုသည့် နေရာက လင်းရီ စိတ်ကူးထားသည်နှင့် နည်းနည်းတော့ ကွာခြားနေသည်။ ယင်းက အလွန့်အလွန်ကို သေးငယ်သည့် ဆိုင်လေး တစ်ဆိုင်ဖြစ်နေပြီး သူတို့ ရောက်တော့ ချက်ချင်း အပေါ်ထပ်သို့ တက်လာခဲ့ကြ၏။

သို့သော် လင်းရီ အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စူးရှနေခြင်းမျိုး မရှိသည့် လက်ဖက်ရည်နံ့ သင်းသင်းလေးက သူ၏ အနံ့ခံ အာရုံကို လာရောက်ကျီစယ်သည်။

သစ်သားလှေကားမျာနှင့် ဖျော့တော့တော့ အဝါရောင်မီးလုံးများဖြင့် တန်ဆာဆင်ထာသည်မှာ လူ၏ စိတ်နှလုံးကို တစ်မျိုးတစ်ဖုံဖြင့် အပန်းပြေနေစေတော့၏။

အပေါ်ထပ်တွင် ပြင်ဆင်ထားသည်က ဘားကောင်တာနှင့် နည်းနည်းဆင်တူပြီး ထိုင်ခုံ လေးလုံးသာ ရှိကာ... ဆိုလိုသည်က တစ်ကြိမ်လျှင် ဧည့်လေးယောက်သာ လက်ခံသည်ဆိုသည့် သဘောပင်။

ကောင်တာ အနောက်တွင်တော့ လူအိုကြီးတစ်ဦးနှင့် သက်လတ်ပိုင်း လူကြီး နှစ်ဦး မတ်တပ်ရပ်နေလျက် ရှိသည်။

သူတို့၏ လေသံနှင့် အမူအရာကို ဆင်ခြင်၍ ကောက်ချက်ချရသလောက်တော့ ဆရာနှင့် တပည့်တစ်ယောက် ဖြစ်ပုံရ၏။

“ ဟာယာရှီဆန်…”

အပေါ်ထပ်သို့ ရောက်သည်နှင့် အာယာနဲ မစ်ဆူမှ ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ပြီး နှုတ်ဆက်လိုက်သည်။

အဘိုးကြီး၏ နာမည်မှာ ဆာတိုမဲ ဟာယာရှီ ဖြစ်ပြီး ဂျပန်တွင် တမ်ပူရာကျော် ကျွမ်းကျင်သည့် ဆရာတစ်ပါးလည်းဖြစ်၏။

ထိပ်တန်းတကာ့ ဆရာ့ဆရာကြီးများ စုဝေးရာ ဂျပန်ပြည်ကြီးတွင် ‘ တမ်ပူရာ နတ်ဘုရား ‘ ဘွဲ့ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပေသည်။

သူ၏ တပည့်များကို မောင်းမဲနေသည့် ဆာတိုမဲ ဟာယာရှီမှ အာယာနဲ မစ်ဆူကို မြင်တော့ ချက်ချင်း အမူအရာပြောင်းသွားပြီး အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လာခဲ့၏။

“ မိန်းကလေးမစ်ဆူ… ဒီဘက်ကြွပါ…”

“ ဟုတ် ကျေးဇူးပါရှင့်…”

အာယာနဲ မစ်ဆူ မီနူးကို ယူ၍ နာမည်ကြီး ဟင်းလျာတစ်ချို့ကို မှာယူပြီး ပြန်ကမ်းပေးလိုက်၏။

“ ဟာယာရှီဆန်ရဲ့ လက်ရာက တကယ့်ကို ကောင်းတာ… ကမ္ဘာပေါ်မှာတောင် ထိပ်တန်း နာမည်ကြီးပဲလေ…ရှင် ဒီမှာ မှာသမျှ စားမကောင်းဘူးဆိုတာ မရှိစေရဘူး..”

အာယာနဲ မစ်ဆူ၏ လေသံက အချစ်နွံတွင် နစ်နေသည့် ကောင်မလေး တစ်ယောက်ကဲ့သို့ ဟန်အမူအရာ အပြည့်နှင့် ချစ်စရာ ကောင်းနေပြီး သူ့မောင်သူ လက်ဖြင့် ကိုယ်တိုင် သတ်ခဲ့သူဟု ပြောလျှင်ပင် ယုံရ ခက်စွပင်။

“ ငါ သူ့ရဲ့ စကေးတွေကိုတော့ ယုံပါတယ်.. ဒါပေမယ့် မင်းကို ကြည့်တဲ့ အကြည့်တွေထဲမှာ ဘာလို့ တပ်မက်စိတ်တွေ ပြင်းပြနေတယ်လို့ ခံစားနေရတာပါလိမ့်… ငါပဲ စိတ်ထင်တာလားတော့မသိဘူး…”

“ အွန်း… ရှင်မမှားဘူး.. တမ်ပူရာတွေ ကြော်တာပြီးရင် ဟာယာရှီဆန်ရဲ့ အကြီးမားဆုံးသော ဝါသနာက ငယ်ရွယ်တဲ့ အလှလေးတွေကို ကြည့်ရတာလေ… “ အာယာနဲ မစ်ဆူ ပါးစပ်ကို လက်ဖြင့်ကွယ်၍ ရယ်မောလိုက်ပြီး “ ဒါကြောင့်မို့လည်း မိန်းကလေး တော်တော်များက ဒီကို တမင်တကာ လာလေ့ရှိကြတာပေါ့… တကယ်လို့ ဟာယာရှီဆန်က သူတို့ကို ပြုံးပြီး စကားပြောဖို့ ဆန္ဒရှိတယ်ဆိုရင် ဆိုလိုတာက သူတို့ လှတယ်ဆိုတဲ့ သဘောပဲလေ… သူတို့အတွက် အဆင့်အတန်းရဲ့ သင်္ကေတဆိုလည်း မမှားဘူး..”

လင်းရီ ဆွံ့အသွားခဲ့ရတော့၏။

ဤ မြက်နုကြိုက်သည့် အဘိုးကြီးက တစ်ခုခုတော့ တစ်ခုခုပင်။

လင်းရီပင် သူနဲ့ ယှဉ်လိုက်ပါက ဝေးကွာနေသေးသည်ဟု ခံစားလိုက်ရ၏။ သူပင် ထို အဘိုးကြီးလောက် အကြောင့်ကြ မမဲ့သေးချေ။

မကြာမီ အာယာနဲ မစ်ဆူ အော်ဒါမှာသည့် ဟင်းလျာများ တစ်ပွဲပြီး တစ်ပွဲ ရောက်လာခဲ့တော့၏။

ဂျပန်ပြည်ကြီးက အမှန်ပင် မှော်ဆန်မှုတို့ဖြင့် ပြည့်နှက်နေသည့် နေရာဖြစ်သည်ဟု လင်းရီ ခံစားလိုက်ရ၏။

ဟွာရှတွင်တော့ လမ်းဘေးတွင်ရောင်းသည့် တံကျင်လျှို‌ကြော်ဟု ခေါ်လေ့ရှိသော်လည်းပဲ ဤတွင်တော့ နာမည်ပြောင်းပြီး တမ်ပူရာကြော် ဖြစ်သွားခဲ့သည်။ ထို့ပြင် ပရီမီယမ်ဆန်တဲ့ အိုင်တမ်တစ်ခုလည်း ဖြစ်နေပုံရ၏။

သူ့ကို အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည်က မြက်နုလေးများ နှစ်သက်သည့် အဘိုးကြီး၏ တမ်ပူရာမှာ အမှန်ပင် မီချယ်လင်း ကြယ်သုံးပွင့် ရရှိထားသည်ဆိုပင်။ အံ့ဩစရာ ကောင်းလွန်းပေစွ။

တစ်ကိုက် ကိုက်ကြည့်ပြီးနောက်တွင်တော့ အရသာက အမှန်ပင် မဆိုးလှကြောင်း လင်းရီ တွေ့ရှိလိုက်ရသည်။ ပုစွန်ခေါင်းများနှင့် မှိုများကို မှန်ကန်တိကျသည့် ရသာမှုန့်များဖြင့် ရောစပ်ကြော်ထားပြီး ရိုးရှင်းသည့် ရေညှိဟင်းရည်နှင့် တွဲဖက်လိုက်ချိန်တွင် ဆီရွှမ်းသည့် သဘာဝကို လုံးဝ သင့်တင့်မျှတသွားစေခဲ့၏။ ‘တမ်ပူရာ နတ်ဘုရား ‘ဟူသည့် ဘွဲ့ဂုဏ်ပုဒ်နှင့် အမှန်ပင် ထိုက်တန်လှသည်။

“ ဘယ်လိုနေလဲ…” အာယာနဲ မစ်ဆူမှ ကိုယ်ကို ညွှတ်ပြီး မျက်လုံးရွဲကြီးများဖြင့် ကြည့်ရင်း မေးမြန်းလိုက်၏။

“ တော်တော်လေး ကောင်းတယ်… ဒါပေမယ့် မုန့်အနှစ်ကိုတော့ နည်းနည်းလေး ပြင်လိုက်ရင် ပိုကောင်းသွားမှာ… “

“ အိုး..” အာယာနဲ မစ်ဆူ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ “ အရသာက လိုအပ်ချက် ရှိနေတယ်လို့ ရှင် ပြောချင်နေတာလား....”

“ ငါဆိုလိုချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး… အရသာက တော်တော်လေးကို ကောင်းနေပြီ.. ဒီတိုင်း နည်းနည်း ထပ်ပြီး ပြင်ဆင်လို့ ရရုံလေးပဲ… နည်းနည်း ပိုကောင်းအောင် လုပ်နိုင်ရုံလေးပဲလို့ ပြောတာကွာ…”

သူကိုယ်တိုင်ကလည်း ယခင်က စားသောက်ဆိုင် ဖွင့်ဖူးသောကြောင့် လင်းရီတွင် စနစ်မှ ချီးမြင့်ထားသည့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုများ ရှိထားသည်။ ထို့ကြောင့် လင်းရီတွင် ပြောစရာစကား များစွာ ရှိနေသည်။

“ ဒီဘက်က ဟွာရှကလာတဲ့ လူကြီးမင်း… ခင်များရဲ့ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ကျုပ်ရဲ့ အစားအသောက်ကို ဝေဖန်နေတာကြီးကတော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်…”

ဆာတိုမဲ ဟာယာရှီမှ အေးစက်စက် ပြောဆိုလိုက်သည်။

“ စိတ်မဆိုးနဲ့… တကယ်လို့ မယုံဘူးဆိုရင် ရှာလကာရည် နည်းနည်းနဲ့ ပင်လယ်ဆား ထည့်ကြည့်လိုက်… ပြီးရင် အရသာ ဘယ်လိုနေလဲဆိုတာ မြည်းကြည့်လိုက်…”

All Chapters