← Chapters

အခန်း (၁၁၇၃)

Vol. 79 Ch. 1173

အခန်း (၁၁၇၃)

Vol. 79 Ch. 1173

မလွန်ဆန်နိုင်

လင်းရီ၏ စကားလုံးများကိုကြားတော့ အာယာနဲ မစ်ဆူ အံ့အားသင့်မိသွားသည်။

သူကဲ့သို့သော ယောက်ျားမျိုးက ယခုလို အရာများကို သိနေလိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။

“ ရှင် ပေါက်တတ်ကရတွေ လျှောက်ပြောမနေဘူးဆိုတာ သေချာလား…” အာယာနဲ မစ်ဆူ လေသံတိုးတိုးလေး ပြောလိုက်ပြီး “ ဟာယာရှီဆန်က အရမ်း ဒေါသထွက်လွယ်တာနော်… ရှင်သူ့ကို စိတ်ဆွချင်ရင် လွယ်လွယ်လေးရယ်…”

“ မေးခွန်းမေးလာတာက သူလေ… ငါက ဒီတိုင်း ဖြေပေးတာ… မယုံလည်း ကိစ္စမရှိပါဘူး..”

“ လူကြီးမင်း… မင်း ပြောနေတာတွေက အဓိပ္ပာယ် မရှိဘူး…”

ထိုစကားကိုတော့ ဆာတိုမဲ ဟာယာရှီ၏ ဂျူနီယာ တပည့်တပန်းဖြစ်သူ တစ်ဦးမှ ပြောလိုက်ခြင်း ဖြစ်၏။ သူ၏ မျက်နှာအမူအရာမှာ မှင်သေသေနှင့် ဖြစ်နေပြီး အလွန်အမင်း မပျော်မရွှင် ဖြစ်နေလျက် ရှိသည်။

သူ၏ ဆရာဖြစ်သူက တမ်ပူရာကို ပိုမိုကောင်းမွန်စေရန် အမြဲ ကြိုးစာနေသည့်သူတစ်ယောက်ပင်။ ဤနှစ်ကာလများတွင် သူ၏ ကိုယ်ပိုင်ဘဝကိုပါ စတေး၍ အစားအသောက် အရသာရှိစေရေးအတွက်သာ နစ်မြုပ်ထားခဲ့၏။ သို့သော် ယခု ဘယ်ဂျောင်က ထွက်လာခဲ့မှန်းမသိသည့် ဟွာရှန့်တစ်ယောက်၏ အထင်သေးခြင်းကို ခံနေရသည်လော…။ ထို့ကြောင့် သူ၏ ဆရာဖြစ်သူ ကိုယ်စား ထိုဟွာရှန့်လူမျိုးထံမှ ဖြေရှင်းချက် ယူပေးချင်နေသည်။

“ ဘာလို့ မရှိရတာ…”

“ မင်း ပြောတဲ့ အတိုင်း အနှစ်ထဲ ရှာလကာရည် ထပ်ထည့်လိုက်ရင် ပုစွန်ခေါင်းက ပိုပြီး ကြွပ်ရွသွားမယ်… ဒါပေမယ့် အထဲက အာဟာရကိုတော့ ခဲသွားစေပြီးတော့မှ အထိအတွေ့ကို ပြောင်းလဲသွားစေနိုင်တယ်… မင်းပြောနေတာက လုံးဝ မှားတယ်…”

လင်းရီ ပြုံးလိုက်ပြီး “ ဒါကြောင့်မို့လည်း ငါပြောတာ ဓာတ်ပြယ်အောင်လို့ ပင်လယ်စား ထပ်ထည့်လိုက်ပါလို့… အဲ့လိုဆို ဘာဘေးထွက်ဆိုးကျိုးမှ ရှိမှာ မဟုတ်တော့ဘူး… မယုံရင် ကိုယ်တိုင် စမ်းကြည့်လိုက်…”

“ ငါ စမ်းကြည့်လို့ရတယ်… ဒါပေမယ့် ငါ တစ်ခုတော့ ရှင်းအောင် ပြောထားလိုက်မယ်…”

“ ဘာများလဲ…”

“ တကယ်လို့ မင်းပြောတဲ့အတိုင်း အလုပ်မဖြစ်ဘူးဆိုရင် ငါ့ကို တောင်းပန်ရမယ်…”

“ ရတယ်လေ… ငါကတိပေးတယ်…”

“ ဆရာ… ကျွန်တော်ကတော့ သူ့ကို အာရုံစိုက်နေဖို့ မလိုဘူးလို့ထင်တယ်… သူက ဒီတိုင်း ပေါက်တတ်ကရတွေ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်…” စီနီယာ တပည့် ဖြစ်သူမှ ပြောလိုက်ပြီး

“ တမ်ပူရာဆိုတာ ဂျပန်လူမျိုးတွေရဲ့ အထူး စားဖွယ်ဟင်းလျာ… သူ့လို ဟွာရှန့်လူမျိုး တစ်ယောက်က ဝေဖန်ဖို့ ဘာအခွင့်အရေး ရှိလဲ… အချိန်ကုန်ပါတယ် ဆရာရာ….”

“ ကိစ္စ မရှိဘူး.. “ ဆာတိုမဲ ဟာယာရှီမှ တည်ငြိမ်စွာ ပြောလိုက်၏။ သူ၏ အမူအရာက ဒေါသထွက်နေသည့်ပုံလည်း မပေါ်ချေ။

“ ငါ ဒီနှစ်တွေထဲမှာ တမ်ပူရာရဲ့ အရသာကို သည့်ထက်ပိုကောင်းအောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပြီးပြီ.. ငါ့ကို မေးခွန်းထုတ်လာတဲ့ လူတစ်ချို့ ရှိတယ်... ‌ဒါပေမယ့် အဆုံးသတ်ကျ ကျေနပ်သွားရတာချည်းပဲ… ငါတို့လူမျိုးတွေက အလုပ်နဲ့ပဲ သက်သေပြတယ်… စကားနဲ့ မဟုတ်ဘူး…”

“ နားလည်ပါပြီ… ဆရာ…”

တပည့်နှစ်ယောက်မှာ ဆရာဖြစ်သူ၏ စကားကြောင့် ပိုပြီး တည်ငြိမ်သွားခဲ့ကြသည်။ သူတို့ ဆရာ ပြောသည့် အတိုင်း - စကေးနှင့်သာ စကားပြောမည်။

ဆာတိုမဲ ဟာယာရှီမှ သူ့လက်ကို တစ်ဖန်ပြန်ဆေးကြောလိုက်ပြီး လင်းရီ ပြောသည့်အတိုင်း တမ်ပူရာကို နောက်တစ်ကြိမ် ပြန်ကြော်ရန် ပြင်ဆင်နေလိုက်သည်။ ထို့နောက် သူက မတူညီသည့် ကြော်နည်းနှစ်မျိုး၏ အရသာကို နှိုင်းယှဉ်ကြည့်မည် ဖြစ်၏။

“ ဟာယာရှီဆန်ကတော့ စိတ်ဆိုးနေပြီနဲ့ တူပါတယ်…” အာယာနဲ မစ်ဆူမှ ကိုးရိုကားယား ဖြစ်စွာ ပြောလိုက်သည်။

လင်းရီ ပခုံးတွန့်လိုက်ပြီး “ ငါက ဒီတိုင်း မှတ်ချက် ပြုပေးလိုက်တာပဲ… ဒီလောက်ထိ အတည်ကြီးတွေ ဖြစ်ပြနေမယ်လို့ ငါလည်း ထင်မထားဘူး… ဘာပဲဖြစ်ဖြစ် ငါလည်း ဘာလုပ်စရာရှိတာမှတ်လို့…. စောင့်ကြည့်လိုက်ကြတာပေါ့…”

“ ဟာယာရှီဆန်က တမ်ပူရာနဲ့ ပတ်သက်လာရင် အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေတာ.. သူ့ရဲ့ လက်ရာနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ မေးခွန်းထုတ်ခွင့်မပေးဘူး… နင်က ဝေဖန်ရင် သူက ကျိန်းသေပေါက် ပြန်ပြီး ချေပမှာပဲ…”

“ ချေပချင်လည်း သဘောလေ… ငါစားနေတာကို လာမနှောင့်ယှက်ရင် အဆင်ပြေပြီ…”

“ ဒါပေမယ့် ရှင်မှားသွားရင်တော့ ရှင် သေချာပေါက် ပြန်တောင်းပန်ရမယ်နော်..” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ ရှင်က ဂုဏ်ယူဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုတော့ ကျွန်မရှင့်ကို တကယ်ကြီး အဲ့လိုမလုပ်စေချင်ဘူး…”

အာယာနဲ မစ်ဆူ၏ မျက်လုံးထဲတွင် လင်းရီက လူအများ၏ အထက်တွင် ရပ်တည်နေသူဖြစ်သည်။ သူ့ဘက်ကမှားလျှင်ပင် ဦးညွှတ်ပြီး အမှားကို ဝန်ခံနေစရာ မလိုအပ်သည့် လူစားမျိုး ဖြစ်၏။

“ အဲ့လို မပြောစမ်းပါနဲ့… “ လင်းရီ ပြောလိုက်ပြီး “ ဒီကမ္ဘာကြီးမှာ ပြီးပြည့်စုံတဲ့ အရာ ဘယ်အရာမှ မရှိဘူး… ‘ နီးပါး ‘ ဆိုတာပဲ ရှိတယ်… ဘယ်သူသိနိုင်မှာ… ငါ ပြောတဲ့ အတိုင်း စမ်းကြည့်ပြီးရင် မှော်ဆန်တာတွေ ဖြစ်ရင်လည်း ဖြစ်လာနိုင်တာပဲလေ…”

“ ဟမ့်….”

ကူညီနေသည့် တပည့်နှစ်ယောက်မှ လင်းရီ စကားကို နှာခေါင်းရှုံ့လိုက်သည်။

ဤကမ္ဘာကြီးတွင် ပြီးပြည့်စုံသော အမှု မရှိပြီ ဆိုသော်လည်းပဲ သူတို့၏ ဆရာက တမ်ပူရာ လောကတွင် အထိဋ်အထိပ်၌ ရပ်တည်နေသူ တစ်ဦးဖြစ်၏။ ဆရာဖြစ်သူ ကိုယ်တိုင်ကလည်း ယခုထက်ပိုပြီး ကောင်းမွန်လာစေရေးအတွက် ကြော်နည်းမျိုးစုံ ဖော်မြူလာ မျိုးစုံကို စမ်းသပ်ကြည့်ခဲ့ပြီးဖြစ်သည်။ ယခုထက်ပိုပြီး ပြီးပြည့်စုံနိုင်မှုဆိုသည်မှာ မရှိနိုင်တော့ချေ။

“ အာရုံစိုက်ထားစမ်း..” ဆာတိုမဲ ဟာယာရှီမှ ကျယ်လောင်စွာ ငေါက်ငမ်းလိုက်၏။

“ ချက်ပြုတ်တယ်ဆိုတာ လူလုပ်(လူအဖြစ်ရှင်သန်ရပ်တည်)တာနဲ့ အတူတူပဲ.. အရည်အချင်းပေါ် မှီခိုရတယ်…”

“ ဟုတ်… ဆရာ…”

လင်းရီပြုံးပြီး သူ့ရှေ့ရှိ အစားအသောက်များကို ဆက်လက်စားသောက်လိုက်သည်။

မြက်နုကြိုက်တတ်သည့် အဘိုးကြီးမှာ ဆိုးတော့ မဆိုးလှချေ။ အနည်းဆုံးတော့ အရမ်းကြီး ဟိတ်ဟန်ဝင့်ကြွားမနေချေ။

မကြာမီ အနှစ်မှာ အဆင့်သင့်ဖြစ်သွားခဲ့ပြီး အခြား လိုအပ်သည့် အမယ်များလည်း အကုန်လုံး ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ တစ်ခုချင်းစီတိုင်းကို ညင်သာ သပ်ရပ်စွာ ပြင်ဆင်၍ ဆီအိုးထဲ ထည့်ကြော်လိုက်၏။

တစ်ချိန်တည်းတွင် ဆာတိုမဲ ဟာယာရှီမှ စောင့်ကြည့်နာရီကို သူ့ဘေးတွင် ချထားပြီး အချိန်ကို တင်းကြပ်စွာ ထောက်လှမ်းနေတော့သည်။

အချိန်နှင့် ပတ်သက်လာလျှင်တော့ ဟွာရှန့် စားဖိုမှူး အများစုမှာ နှစ်ပေါင်းများစွာ ချက်ပြုတ်လာသည့် အတွေ့အကြုံပေါ် မှီခို၍ ၎င်းတို့၏ ခံစားချက်ကို အသုံးပြုကြသည်။

ထိုသို့ဆိုသော်လည်းပဲ ဆာတိုမဲ ဟာယာရှီ၏ နည်းလမ်းက မကောင်းမွန်ဟု လင်းရီမဆိုလို။

တင်းတင်းကြပ်ကြပ် ပြောဆိုမည် ဆိုပါက အရွယ်အစား၊ ပုံစံ နှင့် အမယ်များ၏ လတ်ဆတ်မှုတို့ပေါ် မူတည်ပြီး မတူညီသည့် ကြော်ချိန်တို့ လိုအပ်သည်။ အကျိုးသက်ရောက်မှုက ညင်သာသော်လည်းပဲ ကိစ္စ ရှိသည်တော့ မဟုတ်ချေ။

၁၃၀ စက္ကန့်လောက်လည်း ကြာတော့ ဆာတိုမဲ ဟာယာရှီ ပုစွန်များကို အိုးထဲမှ ဆည်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင်ပဲ လင်းရီမှ နေ၍ “ ပုစွန်ရဲ့ အသားက နည်းနည်းထူတယ်… နောက် ငါးစက္ကန့်လောက် ထပ်ကြော်လိုက်ရင် ပိုကောင်းသွားမှာ…”

“ နောက် ငါးစက္ကန့်လား…”

လင်းရီ၏ အချိန်အပေါ်တွင် ထိုမျှ တင်းကြပ်သည့် ထိန်းချုပ်မှုကို မြင်တော့ ဆာတိုမဲ ဟာယာရှီနှင့် သူ့တပည့်နှစ်ယောက်တို့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

ဤသို့သော အချင်းအရာမျိုးကို သူတို့ မျှော်လင့်မထားခဲ့ကြချေ။

သို့သော် လင်းရီမှ ပြောလာပြီ ဖြစ်သဖြင့် ဆာတိုမဲ ဟာယာရှီသည် သူပြောသည့်အတိုင်း ပြုလုပ်လိုက်ပြီး ရှင်းပြရန် မည်သည့် အကြောင်းပြချက်ကိုမျှ တောင်းခံမနေတော့ချေ။

ငါးစက္ကန့်က လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး ဆာတိုမဲ ဟာယာရှီ ပုစွန်များကို တစ်ဖန် ပြန်ဆည်ထုတ်လိုက်သည်။

ငါးစက္ကန့်ထပ်မကြော်ခင်နှင့် ကြော်ပြီး အရောင်ကာလာမှာ ကွာခြားချင်းလည်း ရှိမနေချေ။

တပည့်နှစ်ယောက်ကတော့ လင်းရီမှာ ဆန်းကြယ်သည့် အသွင်ဖမ်းနေသည်ဟုသာ တွေးလိုက်ပြီး သူ့ကို ပေါ့တန်တန် သဘောထားနေခဲ့ကြ၏။

“ ကောင်းပြီ… လူတိုင်းပဲ …မြည်းကြည့်လိုက်ကြစို့…”

ဟာယာရှီ ကြော်ထားသည့် ပုစွန်များကို ဝေစု နှစ်ခု ခွဲလိုက်၏။

တစ်စုကို လင်းရီနှင့် အာယာနဲ မစ်ဆူတို့ဘက် ချပေးလိုက်ပြီး ကျန်သည်ကတော့ သူ့အတွက်ပင်။

“ ဟာယာရှီဆန်… ကျေးဇူးပြုပြီး ….”

“ မိန်းကလေး မစ်ဆူ… ကျေးဇူးပြုပြီး…”

နှစ်ယောက်သား ကြော်ထားသည့် ပုစွန်များကို တစ်ချိန်တည်း ကောက်ကိုင်လိုက်ကြသည်။

အာယာနဲ မစ်ဆူ တစ်ကိုက်ကိုက်ကြည့်လိုက်၏။ သူမ၏ အမူအရာက သာမန်ပင်။ ထို့နောက် သူမ လင်းရီကို ဇဝေဇဝါ ဖြစ်စွာ ကြည့်လိုက်၏။

သူမရဲ့ အကြည့်တို့ ပြောနေသည်က ‘ ဘာမှ ထူးခြားသွားတဲ့ပုံလည်း မပေါ်ပါဘူး…’ ဟူ၍ပင်။

“ မင်းရဲ့ အရသာခံဖုတွေက တကယ့်ကို သုံးစားမရဘူးပဲ…” လင်းရီ ပြောပြီးနောက် ဟာယာရှီကို လက်ညိုးထိုးပြကာ “ သူ့ကို ကြည့်လိုက်ရင် ဘာလဲ ဆိုတာ သဘောပေါက်သွားလိမ့်မယ်…”

အာယာနဲ မစ်ဆူ ခေါင်းကို မသိစိတ်မှ လှည့်ကြည့်လိုက်ပြီး ဆာတိုမဲ ဟာယာရှီမှ လင်းရီကို ရှုပ်ထွေးသည့် ခံစားချက်တို့ဖြင့် ငေးကြည့်နေကြောင်း သူမ အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။

အဆိုပါ ဝေဝါးနေသည့် မျက်လုံးအိမ်တို့က တလက်လက်တောက်ပနေသယောင်ပင်။

“ ဘယ်လိုလုပ်ပြီးတော့လဲ… မင်း ဘယ်လိုလုပ်ပြီးတော့ ဒီနည်းလမ်းနဲ့ ခါးသက်သက်ဖြစ်တဲ့ အရသာကို ဖျောက်နိုင်မှန်း ဘယ်လိုသိတာလဲ…”

“ အတွေ့အကြုံတွေကနေပေါ့ဗျာ….”

“ ဟွာရှရဲ့ အစားအသောက် ယဉ်ကျေးမှုက ကျယ်ပြန့်ပြီးတော့ သိပ်ကို နက်ရှိုင်းလွန်းပါလား…”

ဆာတိုမဲ ဟာယာရှီမှ လက်ခုပ် ဗြောင်းဗြောင်းတီးလိုက်ပြီး “ ငါ လေ့လာနေတာ နှစ်တွေ မနည်းတော့ဘူး… ဒီတမ်ပူရာအနှစ်ရဲ့ နည်းနည်း ခါးသပ်သပ် ဖြစ်နေတဲ့ အရသာကို ဖျောက်ဖို့ နည်းလမ်းရှာနေတာ ရှာမတွေ့နိုင်ခဲ့ဘူး… ဒါပေမယ့် ငါ့ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့်လူကို ဒီနေ့ တွေ့လိုက်နိုင်ပြီ… ပြီးတော့ အလွယ်လေး ဖြေရှင်းပြသွားခဲ့သေးတယ်… မှတ်သားလောက်စရာပဲ…”

“ ချီးကျူးလွန်းနေပါပြီ..” လင်းရီ ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်၏။

အာယာနဲ မစ်ဆူ၏ လှပသည့် မျက်ဝန်းတို့က အံ့အားသင့်မှု၊ သဘောကျ နှစ်သက်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

ချက်ပြုတ်တတ်သည့် ယောက်ျား တစ်ယောက်က ဂျပန်တွင် ပိုပြီး တန်ဖိုးထားခြင်းကို ခံရလေသည်။

“ လူကြီးမင်းရဲ့ ထောက်ပြပေးမှု အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ…”

ဆာတိုမဲ ဟာယာရှီနှင့် သူ့တပည့်နှစ်ယောက်မှ ၉၀ ဒီဂရီ ဦးညွှတ်၍ လင်းရီကို လေးလေးစားစား ပြောလိုက်ကြသည်။

“ အားနာလွန်းနေပါပြီ..” လင်းရီ ပြုံးလိုက်သည်။

ထို့နောက် ဆာတိုမဲ ဟာယာရှီမှာ အခြားသော ချက်ပြုတ်နည်းစနစ်များနှင့် ပတ်သက်ပြီး လင်းရီ၏ ညွှန်ကြားပြသပေးမှုကို နိမ့်ချစွာဖြင့် တောင်းခံတော့၏။

သို့သော် စားသောက်ပြီးသည့်နောက်တွင်ပဲ လင်းရီမှာ အာယာနဲ မစ်ဆူ၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

“ ဒီနေ့မှပဲ ကျွန်မ ရှင့်ရဲ့ ဆွဲဆောင်မှုတွေကို လုံးဝ မလွန်ဆန်နိုင်ဘူးဆိုတာ သိလိုက်ရတော့တာပဲ..”

အာယာနဲ မစ်ဆူမှ သဘောကျ နှစ်သက်စွာဖြင့် ပြောလိုက်၏။

All Chapters