← Chapters

အခန်း (၁၁၇၆)

Vol. 79 Ch. 1176

အခန်း (၁၁၇၆)

Vol. 79 Ch. 1176

သူ့ကို ပိုင်ဆိုင်ဖို့ရန်

" ဟင်.... "

" ကျွန်မတို့က ဟိုဟာပြုဖို့ ဟိုတယ်သွားကြမှာ မလား.... ဒီနားလေးမှာ လူကြီး ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ရှိတယ်... အဲ့မှာ အရုပ်နည်းနည်းလောက် ၀ယ်လိုက်မယ်လေ... "

လင်းရီ မျက်မှောင်နှစ်ခုကို ပွတ်သပ်လိုက်မိသည်။

သူတော်တော်လေးကို ခေါင်းကြိမ်းနေပြီဖြစ်၏။

"ဒီတိုင်း ရှိူးပြရုံသပ်သပ်ပဲ .. အရမ်းကြီး စစ်မှန်နေအောင် လုပ်စရာ မလိုဘူး...ဟုတ်ပြီလား "

" အာ... အိုး... "

အာယာနဲ မစ်ဆူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။ သူမ ဤကိစ္စကို နည်းနည်းလေး အတွေးလွန်သွားသည့်ပုံပင်။

နှစ်ယောက်သား ကားကို ဟိုတယ်ရှေ့ ကားပါကင်တွင် ထိုးရပ်ပြီး အကောင်းစား အခန်း တစ်ခန်း ယူလိုက်ကြသည်။

သူမတို့ ဘာမျှ မလုပ်ပါဟု အတိအလင်း ပြောကြားထားသော်လည်းပဲ လင်းရီနှင့် တစ်ခန်းတည်း အတူနေရသည်က အာယာနဲ မစ်ဆူကို အနည်းငယ် ခြေလက် ကတုန်ကယင် ဖြစ်နေစေသည်။

သူမက အရွယ်ရောက်ပြီးသည့် လူတစ်ယောက်ဖြစ်ပြီး တစ်ချိန်တည်းတွင် လင်းရီကို သဘောကျ နှစ်သက် လေးစားမှု ဖြစ်စိတ်များလည်း ရှိသည်။

လင်းရီကဲ့သို့ ယောက်ျားမျိုးသည်သာ သူမနှင့် ထိုက်တန်မှုရှိသည်ဟုလည်း အမြဲတစေ နှလုံးစိတ် သွင်းထား၏။

သို့ပေမယ့် သူမနှင့် လင်းရီတို့နှစ်ယောက်မှာ မဖြစ်နိုင်မှန်းကိုလည်း သူမသိသည်။

သူမ အဖို့... လင်းရီနှင့် တစ်ညတာ ကုန်ဆုံးပြီး သူမ၏ ပထမဆုံး အကြိမ်ကို လင်းရီထံ ပေးအပ်လိုက်ခြင်းက သူမ ဆန္ဒရှိသည့် တစ်စုံတစ်ရာ ဖြစ်ရုံမျှမက လုပ်ကို လုပ်ရမည့် ကိစ္စရပ်ပင်...။

နှစ်နိုင်ငံကြား ယဉ်ကျေးမှုခြင်း မတူညီသဖြင့် အာယာနဲ မစ်ဆူ၏ အတွေးက ဂျပန်တွင် သိပ်ကို သာမန်ဆန်သည့် အတွေးအခေါ်ဖြစ်သည်။

ယင်းက ဘာကြောင့်လဲဆိုတော့ အထက်တန်းကျောင်းသူလေး တော်တော်များများမှာ သူမတို့၏ ပထမဆုံးအကြိမ်ကို သူမတို့ လေးစားချစ်ခင်သည့် စီနီယာများထံ ပေးအပ်လေ့ ရှိသောကြောင့်ဖြစ်၏။

ထို့ကြောင့်ပဲ အာယာနဲ မစ်ဆူထံ၌ ယခုလို အတွေးများ ပေါက်ဖွားလာရခြင်း ဖြစ်ပြီး လင်းရီနှင့်အတူ အိပ်စက်ဖို့ မစိုးရွံ့နေရခြင်းလည်း ဖြစ်သည်။

သို့ပေမယ့် သာမန်ညောင်ည လူများက သူမ၏ အာရုံစူးစိုက်မှုနှင့် ထိုက်တန်ခြင်းမျိုးမရှိ။ အစစ်အမှန် ခွန်အားကြီးသူသာလျှင် သူမကို အပေါ်မှနေ၍ အုပ်မိုးနိုင်ရန် အရည်အချင်းမှီမည်။

ကံဆိုးချင်တော့ လင်းရီထံတွင် ထိုကဲ့သို့သော အတွေးများက ရှိလို့မနေပေ။ သူ အာယာနဲ မစ်ဆူကို သတိထားနေဆဲဖြစ်၏။

သူတို့ အခန်းထဲ ရောက်တော့ လင်းရီ ပြတင်းပေါက် လိုက်ကာကို လှန်၍ အောက်သို့ငုံ့ကြည့်လိုက်သည်။

ဆယ့်ခြောက်လွှာတွင် ရှိနေသည်ဆိုသော်လည်းပဲ အောက်ရှိ မြင်ကွင်းများကို လင်းရီ အနည်းအကျဉ်းတော့ မြင်နေနိုင်ဆဲ ဖြစ်၏။

သူတို့နောက် ဆယ်မီတာ အကွာမှ နောက်ယောင်ခံလိုက်နေသည့် တိုရိုတာ crown မှာ မေဘက်၏ နောက်တွင် ရပ်တန့်လိုက်သည်။

ကြည့်ရသည်မှာ အချိန်တစ်ခုထိတိုင်အောင် ၎င်းတို့က ထွက်သွားမည့် ရည်ရွယ်ချက် ရှိသည့်ပုံ မပေါ်ပေ။

ဒူ ဒူ ဒူ...

လင်းရီ အောက်ရှိ အခြေအနေများကို အကဲခတ် စူးစမ်းနေစဉ်မှာပဲ သူ့အိတ်ကပ်ထဲရှ် ဖုန်းမှာ တဒွီဒွီနှင့် တုန်ခါလာခဲ့၏။ သူ ကောက်ကိုင်ကြည့်လိုက်တော့ ချင်ဟန်မှာ ဝီချက်မှတစ်ဆင့် ဗွီဒီယိုကော ခေါ်ဆိုလာသည်။

" ငိုးကောင်.. မင်း -ီးတွေ လုပ်နေတာလား... ငါ ဒီမှာ ဂိမ်းထိုင်ဆော့နေရတာ ဘယ်နှနာရီ ရှိမှန်းကို မသိတော့ဘူး... မင်း ဘယ်တော့ ပြန်လာမှာလဲ... "

" အာ.... "

ဗွီဒီယိုထဲတွင် ချင်းဟန်က ထိုင်နေပြီး တစ်စုံတစ်ခုကို သောက်နေသည်။ သူ ပြောရင်းဖြင့် ကင်မရာကို လှည့်ပြလိုက်တော့ သူ့မျက်နှာချင်းဆိုင်တွင် ဗွီဒီယိုဂိမ်း အတန်းလိုက်ကြီး ရှိနေပြီး အားယားနေသဖြင့် အချိန်ဖြုန်းနေသည့်ပုံပင်။

လင်းရီ ခေတ္တ တုံ့ဆိုင်းသွားပြီး " မလောစမ်းနဲ့... ငါ ဒီမှာ လေးနက်တဲ့ ကိစ္စတွေ လုပ်နေတာကွ... ငါပြီးရင် ပြန်လာမယ်.. ခဏလောက် သည်းခံလိုက်ဦး..."

" ငါမင်းကို လူသားဆန်ဖို့ တောင်းဆိုနေတာ... မင်းကို ကူညီပေးဖို့ ကောင်းကျုံးယွမ်နဲ့ လျန်ကြီး ရှိတယ်မလား.. နောက်တစ်ခါ ဒီ၀န်ထုပ်၀န်ပိုးကြီးကို သူတို့ဆီ ပေးလိုက်စမ်းပါ... "

" အဲ့နှစ်ကောင်က သရုပ်ဆောင်တာ မတော်ဘူးလေ... မင်းမှပဲ အဆင်ပြေမှာ... " လင်းရီ နှစ်သိမ့်လိုက်သည်။

" မင်း ကိုယ့်ကိုယ်ကို ထုတ်ဖော်လိုက်လို့ မဖြစ်ဘူးနော်... ဘယ်သူပဲ မေးလာ မေးလာ ငါတို့နှစ်ယောက် အလုပ်ရှုပ်နေတယ်ပဲ ပြော... ငါ့ကို ဖော်ကောင် မလုပ်နဲ့... "

" စကားမစပ် ခုတလောတင် ဘူဂတီက ကားအသစ်ထွက်ထား.... "

" ၀ယ် ၀ယ် ၀ယ်... ငါ ပြန်လာရင် မင်းဖို့ တစ်စီးမှာပေးမယ်ကွာ.... "

" အိုကေ ညီကို... "

" ကျွန်မလည်း ဘူဂတီ တစ်စင်း မှာထားတာ မကြာသေးဘူး... တကယ်လို့ ရှင်လိုအပ်ရင် ပေးလိုက်မယ်လေ... "အာယာနဲ မစ်ဆူမှ လင်းရီကို လှမ်းပြောလိုက်သည်။

ချင်းဟန် " ??? "

" သောက်ခွေး... ဘာလို့ မိန်းကလေး အသံ ရှိနေရတာတုန်း... မင်း လချီးနေရာတွေ ရောက်နေတာလား... "

" အမ်.... ငါ လေးလေးနက်နက် လုပ်စရာ ကိစ္စတွေ ရှိလို့... ငါ့ကို အထင်မလွဲနဲ့... "

" သေစမ်း... မင်း အဲ့ဂေးရှားကို တခန်းတည်း အတူနေဖို့ တိတ်တိတ်လေး ဖိတ်လိုက်တာလား... "

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါက အဲ့လိုလူစားမျိုးလား... " လင်းရီ ပြောလိုက်ပြီး " ကဲပါကွာ.. ခု ငါဖုန်းချလိုက်တော့မယ်... ငါ ပြောလိုက်တာကို မမေ့နဲ့နော်... "

" စောနကတော့ ဘူဂတီနဲ့တင် လောက်တယ်.. ဒါပေမယ့် ခုတော့ မရတော့ဘူး... "

" လခွမ်း .. မင်းက ဈေးလာကိုင်နေတာပဲ... ငါ့ကို နောက်ထပ် လမ်ဘိုဂီနီပါ ပေးစေချင်နေတာလား... "

" အဲ့လိုမှပေါ့.. ငါ့ကောင်က ကိစ္စတွေကို ဘယ်လို ကိုင်တွယ်ရမှန်း တကယ်သိတာပဲ... "

သဘောတူညီမှုရပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

" ကျွန်မ စကားပြောမိဝာာ မှားသွားလားဟင်... " အာယာနဲ မစ်ဆူ ပျော့ပျောင်းသည့် လေသံဖြင့် မေးလိုက်၏။

" အဆင်ပြေပါတယ်... "

" ကျွန်မတို့ ဒီတိုင်းပဲ နေကြတော့မှာလား... "

အာယာနဲ မစ်ဆူ မေးမြန်းလိုက်၏။

လင်းရီ ခေါင်းညိမ့်လိုက်သည်။

" မင်းနဲ့ အရင်က အပေးအယူ လုပ်ခဲ့တဲ့ လူတွေကို မင်းစောင့်ကြည့်နေတုန်းပဲ ဟုတ်တယ်ဟုတ်... "

" အင်း ... ခုထိတော့ ဘာမှ ဖြစ်မလာသေးဘူးပဲ... "

" သူတို့တွေ ယူရှီမစ်ဆူနဲ့ ဆုံကြပြီလား... "

" မဆုံ‌သေးဘူး... သူတို့က တိုကျို မြို့ပြင်က ဗီလာမှာ နေနေကြတာ... ဘာမှ မဖြစ်သေးဘူး.. ဒီတော့ သူတို့ ဘာဆက်လုပ်ကြမလဲဆိုတာ ခန့်မှန်းရခက်တယ်... "

" ယူရှီ မစ်ဆူနဲ့ အပေးအယူလုပ်ဖို့ တစ်ခုခု ပြင်ဆင်နေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့... "

လင်းရီ ဘက်စ် သတ္တုရိုင်း သို့မဟုတ် ဗီဇ သွေးရည်ကြည် အကြောင်းကို စကား တစ်ခွန်း မဟချေ။

အကယ်၍ ဤ သတင်းအချက်အလက်များသာ ပေါက်ကြားသွားမည်ဆိုပါက အာယာနဲ မစ်ဆူသည် သူ့ကို ချက်ချင်း သံသယ ၀င်လာနိုင်သည်။

အာယာနဲ မစ်ဆူကလည်း ထင်မြက်သည့် လူတစ်ယောက်ဖြစ်သည့် အတွက်ကြောင့် လင်းရီ ပြောသည်ကို နားထောင်ပြီးသည့်နောက်တွင် လျင်မြန်စွာနှင့် ဆိုလိုရင်းကို သဘောပေါက်သွားခဲ့တော့၏။

ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများက တရား၀င် လမ်းကြောင်းမှ ရောက်လာခြင်း ဖြစ်သည့်အတွက် ဆိုလိုသည်က ဘက်စ် သတ္တုရိုင်းများကို သူတို့နှင့်အတူ ယူဆောင်လာခဲ့ခြင်း မရှိ ဟူ၍ပင်။ တစ်နည်းဆိုသော် ယနေ့ညတွင် ယူရှီ မစ်ဆူနှင့် အပေးအယူ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့တွေ ဘက်စ် သတ္တုရိုင်းများကို ဂျပန်သွင်း မှောင်ခိုပို့ဖို့ရန်သာ ရှိတော့၏။

" ဒါပေမယ့် သူတို့ ဒီည လှုပ်ရှားမယ်ဆိုတာ သေချာလို့လား... "

" ဖြစ်နိုင်ချေများတယ်... " လင်းရီ ပြောလိုက်ပြီး " ယူရှီ မစ်ဆူရဲ့ လွှမ်းမိုးမှုက မသေးဘူးဆိုပေမယ့် သူ တစ်ခုခုကို အရေးတကြီး ရင်ဆိုင်နေရတာ မဟုတ်ရင် မင်းကို အပြစ်ပြုပြီး စောင့်ကြည့်နေမှာ မဟုတ်ဘူး... ဒါကြောင့်မို့ ဒီည တစ်ခုခု ဖြစ်ကို ဖြစ်ရမယ်... ငါတို့ အဲ့အချိန်ထိ ဒီမှာ စောင့်နေကြမယ်... "

" အိုကေ.. ကျွန်မ နားလည်ပြီ... "

အာယာနဲ မစ်ဆူ ထူးမခြားနားစွာ တုံ့ပြန်ပြောဆိုလိုက်သည်။ သူမ၏ အတွေးများက မှန်တစ်ချပ်နှယ် ကြည်လင်နေသည်။ သို့‌သော် သူမ နားမလည်နိုင်သေးသည့် ကိစ္စတစ်ခုကလည်း ရှိနေသေး၏။

ယခင် တစ်ခေါက် အပေးအယူပြုစဉ်က ရွှေနက် ကော်ပိုရေးရှင်းမှာ ၎င်းတို့၏ လုံခြုံရေး အာမခံချက်အတွက် နိုင်ငံတကာ ရေပိုင်နက်တွင်သာ အပေးအယူလုပ်ရန် တင်းခံ နေခဲ့ကြသည်။ သို့သော် ယခု အဘယ်ကြောင့်များ ဂျပန်သို့ ရောက်လာခဲ့ကြရသနည်း။

ဤသည်က ၎င်းတို့အတွက် အကျိုးအမြတ် များစေမည် မဟုတ်ပေ။

သူတို့ကို ယခုလို ပြုမူစေရန်အတွကိ ယူရှီမစ်ဆူသည် မည်သို့သော ဖဲတစ်ချက်ကို ကိုင်ဆောင်ထားခဲ့သနည်း။

အပြန်ပြန် အလှန်လှန် သုံးသပ်ကြည့်သည့်တိုင် အာယာနဲ မစ်ဆူ အဖြေတစ်ခုကို မထုတ်နိုင် ဖြစ်နေသည်။ သူမ တစ်လှမ်းချင်း လှမ်းသွားရန်သာ ရှိလေတော့သည်။

ဘာမျှ လုပ်စရာ မရှိသဖြင့် လင်းရီသည်လည်း ဆိုဖာပေါ် လဲလျောင်း၍ ကျီချင်းရန်နှင့် စကားပြောနေလိုက်၏။ စိတ်ပူတတ်သည့် ကောင်မလေးမှာ သူ့အား တရားလွန် စိုးရိမ်နေလျှင် မည်သို့ ဖြစ်မည်နည်း။

သို့သော် လက်တွေ့ အမှန်တရားက ခါးသီးလွန်းလှ၏။

ခေတ္တမျှ စကားပြောပြီးနောက် ကျီချင်းရန်နှင့် ကျန်နှစ်ယောက်မှာ အပျော်လွန်နေကြပြီး သူ့အတွက်ပင် အချိန်မရှိသည်ကို လင်းရီ သိရှိလိုက်ရသည်။

" မစ်- မစ္စတာလင်း... ကျွန်မတို့ ဒီတိုင်းပဲ နေကြတော့မှာလား.... "

" ဒီတိုင်းမနေတော့ မင်းက ဘယ်လိုနေချင်လို့လဲ..."

" အိုး... အဲ့လိုလည်း ရပါတယ်... " အာယာနဲ မစ်ဆူ ပြောလိုက်ပြီးနောက် တိုးညင်းသည့် အသံလေးဖြင့် " ကျွန်မ - ကျွန်မ ရှင့်ပခုံးပေါ် မှီလို့ရလား... "

" ပခုံးပေါ်တော့ ရတယ်.. ငါ့အပေါ် မှီမယ်ဆိုရင်တော့ မရဘူးနော်... "

'ဟင်..'

အာယာနဲ မစ်ဆူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အဓိပ္ပာယ်က အတူတူပဲ မဟုတ်ဘူးလား...

သို့သော် သူမ ရှည်ရှည်ဝေးဝေး ဆက်မေးမြန်းနေချင်းတော့ မရှိ။ ထိုအစား ခေါင်းကို ညင်သာစွာ ငဲ့စောင်း၍ လင်းရီ ပခုံးပေါ် မှီထားလိုက်သည်။

Tv က ပြသနေသည်မှာ ' လေထဲက အချစ် ' ရုပ်သံ ဇာတ်လမ်းတွဲပင်။ မင်းသားနှင့် မင်းသမီး ပွေ့ဖက်နေကြသည့် မြင်ကွင်းကို ပြသနေခြင်း ဖြစ်၏။

အာယာနဲ မစ်ဆူမှာ ကြည့်ရင်း သ၀န်တွေ တိုနေမိ၏။ သို့တိုင်အောင် အလွန်အမင်း စိတ်ကျေနပ်နေလျက်တော့ရှိသည်။

ထိုအခိုက်အတန့်တွင် မိနစ်တိုင်း စက္ကန့်တိုင်းက ရွှေနှင့်စပ်၍ပင် အဖိုးမဖြတ်နိုင်ချေ။

ဤသေးငယ်သည့် အခန်းလေးထဲတွင် သက်ရှိဟူ၍ သူမတို့ နှစ်ယောက်သာလျှင် ရှိပြီး ဤသည်ကသာ ကမ္ဘာကြီး ဖြစ်ခဲ့မည်ဆိုပါက သူမသည်သာလျှင် သူ့ကို ပိုင်ဆိုင်နိုင်သူ ဖြစ်လိမ့်မည် မဟုတ်ပေလော....

All Chapters