အခန်း (၁၁၇၉)
Vol. 79 Ch. 1179
အံ့ဩဖို့ကောင်းတဲ့ မစ်ဆူမိသားစု
အာယာနဲ မစ်ဆူ၏ မျက်၀န်းတို့ ကြည်လင်ပြီး တောက်ပနေလျက်ရှိကာ ရှော့ခ်ရမှု တစ်ခုက သူမ၏ စိတ်ဝိဉာဏ်သို့တိုင် မွှေနှောက်သွားခဲ့သည့်ပုံပင်။
" ကျွန်မကတော့ ရှင့်လောက် အကြောင့်ကြ မမဲ့နိုင်ပေါင်... ကျွန်မရဲ့ ဘ၀က သာမန်ရိုးကျပါပဲ... "
" ဟင်း... သာမန်လူ တစ်ယောက် ဖြစ်ရတာ ကောင်းလိုက်တာ... " လင်းရီ ပြုံးလိုက်ပြီး " တစ်ခါတစ်လေကျတော့လည်း သာမန်ဆန်တဲ့လူ ဖြစ်ဖို့က ကမ္ဘာကြီးကို အုပ်စိုးနိုင်ဖို့ထက် ပိုပြီး ခက်ခဲနေတတ်တယ်... "
" ကျွန်မတော့ ဒီနေ့ အတွေးအမြင် အသစ်တွေ သင်ယူလိုက်ရတာပဲ... "
ထိုစဉ် နားစူးလောက်စရာ ကျယ်လောင်သည့် အချက်ပေးသံကြီးတစ်ခု ထွက်ပေါ်လို့လာသည်။
နှစ်ယောက်သား တစ်ပြိုင်တည်းနီးပါး ကျောမတ်မိလိုက်ကြ၏။ မာကီရှီ ကုန်တင် သင်္ဘောကြီးမှာ မကြာမီ ဆိပ်ကမ်းသို့ ကမ်းကပ်လာပေတော့မည်။
ကလင် ကလင် ကလင် ..
တစ်ချိန်တည်းတွင် အာယာနဲ မစ်ဆူ၏ ဖုန်းသံ မြည်လာခဲ့၏။
" မမလေး မစ်ဆူ ... ရွှေနက် အဖွဲ့ကလူတွေ မကြာခင် ရောက်လာပါတော့မယ်... "
" အချိန်ကောင်းရှာပြီး အပေးအယူလုပ်တာကို နှောင့်ယှက်ကြမယ်... "
" နားလည်ပြီ... "
ပြောပြီးနောက် အာယာနဲ မစ်ဆူ ဖုန်းချလိုက်ပြီး အမူအရာမှာ လေးနက် တည်ကြည်လာတော့၏။
ရိုရှီခါ ဟီဂါရှီနိုသည် ဤ မစ်ရှင်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု သူမ မျှော်လင့်မိသည်။ မဟုတ်ပါက သူမ လင်းရီကို အကူအညီတောင်းရပေမည်။
ထိုသို့သော ရလဒ်မျိုးကို သူမ အလိုမရှိပေ။
လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ဖြည်းညင်းစွာ နီးကပ်လာနေသည့် သင်္ဘောကြီးအား ငေးကြည့်နေလျက်ရှိကာ သူ၏ စိတ်အစဉ်မှာတော့ လျင်မြန်စွာ လည်ပတ်နေသည်။
အာယာနဲ မစ်ဆူ၏ အဓိက ဦးစားပေးက ရိုးရှင်းသည်။ သူမက အပေးအယူကို တားမြစ်၍ ယူရှီမစ်ဆူ အင်အားတောင့်တင်းလာမှာကို ကာကွယ်ချင်သည်။
ထိုအတွက် ရွှေနက် ကော်ပိုရေးရှင်းထံမှ ဘက်စ်သတ္တုရိုင်းကို ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်၏။
အကယ်၍ သူမ ကျဆုံးပြီး ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပါက သူမ လက်မခံနိုင်လောက်သည့် မြင်ကွင်းများ ဖြစ်ပေါ်လာပေလိမ့်မည်။
တစ်ချိန်တည်းတွင် လင်းရီအတွက်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ၏။ သူသည်လည်း ဘက်စ် သတ္တုရိုင်းကို အလိုရှိနေသည်။ သို့သော် ခက်ခဲသည်က ထိုအလိုရှိမှုကို ထုတ်ဖော်ပြ၍ မဖြစ်ချည်။
ယင်းက သူနှင့် အာယာနဲ မစ်ဆူကို ဆန့်ကျင်ဘက်တွင် ရပ်တည်သွားစေမည် ဖြစ်ပြီး အကယ်၍ လုံးလုံးလျားလျား လိုအပ်သည့် အခြေအနေ မဟုတ်ဘူးဆိုပါက လင်းရီ သူမနှင့် ဇာတ်မကွဲချင်သေးပေ။
ပြဿနာက ဘက်စ်သတ္တုရိုင်းများကို အာယာနဲ မစ်ဆူ သတိမမူမိစေဘဲ မည်သို့ ယူဆောင်ရမည်လဲ ဆိုတာပင်။
ဤတာ၀န်က သောက်ကျိုးနည်း ခက်ခဲလွန်းလှ၏။
မကြာမီ ဧရာမ အနက်ရောင် အရိပ်ကြီးက ဆိပ်ကမ်းသို့ ဆိုက်ကပ်လာပေတော့သည်။
မာကီရှီ ကုန်တင်သင်္ဘောကြီးမှာ ကွမ်တမ် သင်္ဘောကြီးတမျှ မကြီးမားသော်လည်းပဲ အထင်ကြီးလောက်စရာ ဖြစ်နေဆဲပင်..။
သူတို့၏ အကြည့်များက နီးကပ်လာသည့် မာကီရှီ သင်္ဘောကြီးကို ကြည့်ရင်း နောက် အခိုက်အတန့်တစ်ခုတွင် ဘာဆက်ဖြစ်မလဲဆိုတာကို မည်သူကမျှ မသိရှိကြချေ။
ကုန်တင် သင်္ဘော ဆိုက်ကပ်လာတော့ ကရိန်းတာဝါ နှစ်ခုနှင့် ၀န်ထမ်းများလည်း စတင် အလုပ်များကြတော့၏။
ရှေ့ရှိ မြင်နေရသည်များကတော့ ရိုးရိုးရှင်းရှင်းပင်။ ဤသို့သော ငြိမ်းချမ်းလှသည့် မြင်ကွင်း၏ နောက်ကွယ်တွင် ဧရာမ လျှို့ဝှက်ချက်ကြီး တစ်ခု နေရာယူထားသည်ကို မည်သူကများ ပြောပြနိုင်မည်နည်း။
တက္ကစီ အတွင်းရှိ လေထုကတော့ အုံ့မှိုင်းနေလျက် ရှိကာ ၎င်းတို့၏ နှလုံးခုန်သံ စည်းချက်သည်ပင် ငြိမ်သက်လုနီးပါး ဖြစ်နေသည်။
ပြတင်းပေါက် အပြင်ဘက်ရှိ မီးအလင်းရောင်တို့ကပင် သူတို့ နှစ်ဦးထက် ပို၍ လှုပ်ရှားသက်၀င်နေတော့၏။
တိတ်ဆိတ်မှုက ရေအလျင်ကဲ့သို့ စီးဆင်းသွားခဲ့ကာ မသိလိုက်ခင်တွင်ပဲ အချိန်တစ်နာရီ ကုန်လွန်သွားခဲ့တော့၏။
ကလင် ကလင် ကလင် ...
အာယာနဲ မစ်ဆူ၏ ဖုန်းသံ မြည်လာခဲ့သည်။
" မမလေး မစ်ဆူ.. အပေးအယူ လုပ်တာ ပြီးသွားခဲ့ပြီ... သူတို့ကားဆီ ပြန်လာနေကြပါပြီ... သူတို့ရဲ့ တည်နေရာနဲ့ ကားနံပါတ်ကို ပို့ပေးလိုက်မယ်... "
" ငါတို့လူတွေကို အထူးဂရုစိုက်ဖို့ ပြောလိုက်... ဒါ သိပ်အရေးကြီးတဲ့ ကိစ္စ.. ဘယ်လို အမှားအယွင်းမှ လက်မခံဘူး... "
" နားလည်ပါပြီ.... "
မကြာမီ ရိုရှီခါ ဟီဂါရှီနိုမှ တည်နေရာနှင့် လိုင်စင် နံပါတ်ပြားကို ဖုန်းထဲ ပို့ပေးလာခဲ့သည်။
" သူတို့ ပစ္စည်း ယူပြီးသွားကြပြီ... ဒါ သူတို့ရဲ့ အချက်အလက်ပဲ... နောက်ကနေ လိုက်ကြစို့... "အာယာနဲ မစ်ဆူ ပြောပြီးနောက် လင်းရီကို သေချာကြည့်လျက် " ရှင် သူတို့နောက် ကောင်းကောင်းလိုက်နိုင်မှာ သေချာပါတယ်နော်... "
အကယ်၍ သူမ၏ အောက်လက် ငယ်သားများ မောင်းနှင်မည်ဆိုပါက အာယာနဲ မစ်ဆူ စိတ်ပူမိမည် မဟုတ်ချေ။ အကြောင်းမူကား ထိုလူများက အထူးလေ့ကျင့်ရေးများကို ဖြတ်ကျော်ပြီး ဖြစ်သောကြောင့်ပင်...။
သို့သော် လင်းရီကတော့ မတူ။ သူက သိပ်တော်သည် ဆိုသော်လည်းပဲ အနန္တ တန်ခိုးရှင် မဟုတ်သည့်အတွက် အရာရာကို ကျွမ်းကျင် ပြောင်မြောက်နေရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့သော် အာယာနဲ မစ်ဆူက လင်းရီ အမှန်ပင် အရာအားလုံးကို တတ်ကျွမ်းနေကြောင်းတော့ မစဉ်းစားမိခဲ့ချေ။
" ဗိုက်ကြီးပေးတာကလွဲရင် ငါ မလုပ်နိုင်တာ မရှိဘူး... "
ပြောပြီးနောက် လင်းရီ ကားအင်ဂျက်စက်ကို နှိုးလိုက်ပြီး ဖုန်းထဲမှ တည်နေရာအတိုင်း စတင် မောင်းနှင်တော့သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် ပစ်မှတ်ဖြစ်သည့် ကားကို လိုက်မီလာခဲ့တော့၏။
လင်းရီ လှမ်းမျှော်ကြည့်လိုက်၏။ တစ်ဖက်သူက တိုရိုတာ ဟိုင်းလတ်(Hilux)အဖြူရောင်ကို မောင်းနှင်နေသည်။ ဒီဇိုင်းက ရှေးကျနေသော်လည်း အင်ဂျင်သံမှာ ထူးထူးဆန်းဆန်း မာန်ပြင်းနေလျက်ရှိကာ မွမ်းမံ ပြုပြင်ထားသည့် ကားဖြစ်ကြောင်း သိသာလေသည်။
တိုရိုတာလေးမှာ မြို့ထဲသို့ သွားသည့် လမ်းအတိုင်း ဦးတည်နေပြီး ဟိုင်းဝေးရောက်တော့ အရှိန်ကို လျော့လိုက်၏။ ဘယ်သွားနေလဲဆိုတာတော့ မည်သူမျှ မသိရှိနိုင်ချေ။
လင်းရီ ကားကို နှေးတစ်လှည့် မြန်တစ်လှည့် အမျိုးမျိူး မောင်းနှင်နေပြီး တစ်ခါတစ်ရံ မီတာ တစ်ရာ အကွာမှပင် နောက်ယောင်ခံနေလျက်ရှိသည်။
သူအလိုရှိသည်က မျက်ခြေမပြတ်ဖို့ရာပင်..။
ခြေရာခံ လိုက်သည်ကလည်း အနုပညာ တစ်မျိုး ဖြစ်၏။ အင်မတန် နီးကပ်သွားသည်နှင့် တစ်ဖက်သူ ဖော်ထုတ်ဖို့ရာ သိပ်ကို လွယ်ကူသွားလိမ့်မည်။
" ငါမောင်းနေတာ တော်တော်ကြာနေပြီ မင့်လူတွေလည်း မမြင်မိပါလားဟ... "
လင်းရီ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တော့ အရာအားလုံးက သာမန်ဆန်နေပြီး သံသယ ဖြစ်ဖွယ် မည်သည့် အရာကိုမျှ သူ မတွေ့ရချေ။
အာယာနဲ မစ်ဆူ၏ လူများက ဒရုန်းဖြင့် ခြေရာခံနေကြသလားဟုတောင် သူ သံသယ ၀င်လာခဲ့မိတော့၏။
" အသေးစိတ်တော့ ကျွန်မ မသိဘူးဆိုပေမယ့် အပြင်ဘက်က ကားတွေကို ကြည့်ရသလောက်တော့ ကိုးဆယ်ရာခိုင်နှုန်းလောက်က ကျွန်မတို့ရဲ့ ကားတွေပဲ... "
" သောက်ခွေး ... ဘာပြောလိုက်တယ်... ၉၀ ရာခိုင်နှုန်းက မင်းတို့ ကားတွေ ဟုတ်လား... မင်း ဘာကို ပြောချင်နေတာလဲ... "
" ဒီဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ကား ၉၀ ရာခိုင်နှုန်းလောက်က ကျွန်မတို့လူရဲ့ ကားတွေ... " အာယာနဲ မစ်ဆူမှ ပြောလိုက်ပြီး " တစ်စင်းကို တစ်ကြောင်းလောက်လိုက်ပြီး ခွဲထွက်သွားတယ်... အဲ့နောက် နောက်တစ်စင်းက ပြန်လိုက်တယ်... အဲ့လိုဆို ဘယ်သူမှ သံသယ မ၀င်တော့ဘူးလေ..."
" သေစမ်း... မင်းတို့ကောင်တွေက မယုံနိုင်စရာပဲ... "
ဤ တစ်ကြိမ်တွင်တော့ လင်းရီ မစ်ဆူမိသားစုကို လေးစားသွားခဲ့ရသည်။
ယင်းက နတ်ဘုရားသဖွယ် လှုပ်ရှားမှုကြီးဖြစ်၏။
ဤမျှ အနုစိတ် ပြောင်မြောက်လှသည့် နောက်ယောင်ခံ လိုက်မှုအောက်တွင် ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများ သတိပြုမိရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
အကယ်၍ သတိပြုမိသွားခဲ့လျှင်တော့ လင်းရီသည်လည်း ၎င်းတို့လက်ထဲမှ ဘက်စ် သတ္တုရိုင်းကို ပြန်ယူနေစရာပင် မလိုချေ။ ထိုသို့သော သူမျိုးနှင့် သူပြိုင်ကစားလို့ မယှဉ်ပြိုင်နိုင်ချေ။
" ဒီတိုင်း တစ်သမှတ်တည်းကြီး မောင်းနေလို့တော့ မဖြစ်သေးဘူး... ကောင်းကင်က မှောင်တော့ အမြင်အပေါ် သက်ရောက်မှုတွေ ရှိတယ်... " လင်းရီ တစ်ကိုယ်ကြားရုံမျှ ရေရွတ်လိုက်ရင်း " မင်း မျက်နှာကို ကွယ်ထားလိုက်... ငါတို့ ကားကို ကျော်တော့မယ်... "
" ကျော်တော့မလို့လား... "
" ကျွန်မတို့က နောက်က လိုက်မှာ မဟုတ်ဘူးလား.. ဘာလို့ ကျော်မှာလဲ... "
" ငါတို့ ဒီတိုင်းချည်း လိုက်နေလို့ မဖြစ်ဘူး... သူတို့ တစ်ချက်လေး သံသယ ၀င်သွားခဲ့ရင် ခက်သွားလိမ့်မယ်... "လင်းရီ ပြောလိုက်ပြီး " မြေပုံကို ကြည့်လိုက်... နောက် လမ်းခွဲက နှစ်ကီလိုမီတာ အကွာလောက်မှာ... အခု သူတို့က ဒီလမ်းအတိုင်း မောင်းသွားရဦးမှာပဲ... ငါတို့ ကျော်မောင်းလိုက်ရင်တောင် သူတို့ကို ငါတို့နောက်ကနေ လိုက်ရအောင် အတင်းလုပ်လို့ရတယ်... ဒီတော့ သူတို့ကို မျက်ခြေပြတ်ဖို့ မဖြစ်နိုင်ဘူး... နောက်ယောင်ခံတယ်ဆိုတာကလည်း နည်းစနစ်ကျတဲ့ အလုပ်တစ်ခုပဲ... ငါတို့ ဉာဏ်ကို လွှာပြီးသုံးရတယ်... "
" နှေးလိုက် မြန်လိုက် မောင်းမှာကို ပြောတာလား.... "
" ဟုတ်တယ်.. အဲ့အတိုင်းပဲ... "လင်းရီ ပြောလိုက်ပြီး " ငါတို့ရဲ့ အလျင်က သိပ်မြန်လို့ မဖြစ်သလို သိပ်နှေးနေလို့လည်း မရဘူး... နှေးတစ်တုံ မြန်တစ်လှည့်.. ကိုယ့်ရဲ့ စည်းချက်ကို အမြဲပြောင်း နေရမယ်... "
" အွန်း.. ရှင်ပြောချင်တာကို နားလည်ပြီ... " အာယာနဲ မစ်ဆူ ပြောလိုက်ပြီး " ဒီတော့ သူတို့ မမှတ်မိအောင်လို့ ကျွန်မက ပုန်းနေရမယ်ပေါ့... "
" ဟုတ်တယ်... ငါတို့ ဘယ်သူမှန်း သိနိုင်ချေ နည်းတယ်ဆိုပေမယ့် သတိထားတာ မမှားဘူး... "
" ကျွန်မ နားလည်ပြီ... "
အာယာနဲ မစ်ဆူ ဒက်ရှ်ဘုတ် အောက်သို့ လျှောဆင်းလိုက်ပြီး သူမ ခေါင်း တစ်၀က်သာလျှင် ဖော်ထားသည်။
" အာ... မင်း အနေအထားကြီးက ထူးဆန်းလွန်းတယ်.. အဲ့လိုလုပ်မှ ပိုပြီး သံသယ ၀င်ဖို့ကောင်းသွားမှာ.... "
" ကျွန်မလည်း ကိုယ်တတ်နိုင်သလောက် ပုန်းနေတာပဲလေ... "
" ငါက မင်းရဲ့ ကိုယ်ကို ပုန်းခိုင်းတာ မဟုတ်ဘူး.. မင်းမျက်နှာကို သူများတွေ မမြင်ရအောင် လုပ်ခိုင်းတာ... "
အာယာနဲ မစ်ဆူ နှုတ်ခမ်းကို ကိုက်လိုက်ပြီး " ကျွန်မ အင်္ကျီနဲ့ မျက်နှာကို အုပ်ထားလိုက်ရင်ကော... "
" ဘယ်ရမှာ... အဲ့လိုနည်းလမ်းက ကင်မရာတွေ အပေါ်မှာပဲ အလုပ်ဖြစ်တယ်... ငါတို့က အခု လူတွေ မျက်လုံးအောက်ကနေ ပုန်းမှာလေ... ဘယ်သူက ကားထဲမှာ ကိုယ့်မျက်နှာကိုယ် အ၀တ်နဲ့ အုပ်လို့လဲ... "
" အဲ့တာက... "
အာယာနဲ မစ်ဆူ၏ မျက်ခုံး လှလှလေးများ တွန့်ကွေးသွားခဲ့ပြီး အမူအရာမှာလည်း ရှုပ်ထွေးနေတော့၏။ နုနယ်လှသည့် သူမ မျက်နှာထက်တွင် ယစ်မူးလောက်သည့် ရှက်ရွံ့မှုလေး တစ်ခုက ဖြစ်ပေါ်လာကာ...
ထို့နောက်တွင်ပဲ...
ဖြည်းညင်းစွာဖြင့်....
သူမကိုယ်ကို လင်းရီအနားသို့ ကိုင်းညွှတ်လိုက်ပြီး......