← Chapters

အခန်း (၁၁၈၀)

Vol. 79 Ch. 1180

အခန်း (၁၁၈၀)

Vol. 79 Ch. 1180

သက်တောင့်သက်သာ ပြုလုပ်ခြင်း

" လခွမ်း... " လင်းရီ ကျိန်ဆဲလိုက်တော့၏။

" ဘာလို့ ငါ့ ခါးပတ်ကို လာဖြုတ်နေတာတုန်း... "

" ရှင်ပဲ ပြောတော့ ကျွန်မ မျက်နှာကို ဝှက်ထားရမယ်ဆို... "

" ငါမင်းကို မျက်နှာ ဝှက်ထားဖို့ပြောတာ... ငါ့ ဘောင်းဘီထဲမှာ ဝှက်ပါလို့ မပြောဘူး... "

"ဒါပေမယ့် ဒီဟာက အကောင်းဆုံး နည်းလမ်းပဲလေ...တကယ်လို့ တစ်ယောက်ယောက်က မြင်ရင်တောင် နှစ်ခါ စဉ်းစားမိမှာ မဟုတ်ဘူး... "

" ဒါဆိုလည်း ဒီတိုင်းပဲ ဝှက်နေပေါ့.. ဘာလို့ ခါးပတ်ကြိုး လာဖြုတ်နေတာလဲ... "

" လုပ်ချင်လို့လေ... "

လင်းရီ ".... "

သူမရဲ့ တိုက်ရိုက်ဆန်မှုက သူ့ကိုတောင် ရှက်သွားစေတဲ့အထိပဲ...

ဟစ်....

လင်းရီ လေးအေးတစ်ရှိုက် ရှူသွင်းမိလိုက်၏။ သာမန် ရွေ့လျားမှု တစ်ခုမျှသာ ဖြစ်သော်လည်းပဲ စွဲမက်ဖွယ် ခံတွင်းနှင့် မတူညီသည့် ပတ်၀န်းကျင်ကြောင့် ခံစားရသည့် ခံစားချက်တို့က မတူညီချေ။

ယင်းက အမှန်ပင် စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။

ကျစ် ကျစ် ကျစ်...

လင်းရီ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့၏။ သူ ပြန်ရောက်ပါက ၀မ်ရင်းနှင့် စမ်းကြည့်သင့်ပေသည်။

အွန်လိုင်းပေါ်တွင် ပြောကြသည်က ထိပ်တန်းကျောင်းသားများမှာ မှော်ဆန်သည့် သက်ရှိ သတ္တဝါများ ဖြစ်ကြသည်ဟု လူတို့က ဆိုကြ၏။

ထိုသို့သော ပို့စ်မျိုးကို လင်းရီ မြင်တိုင်း သူ မကျိန်ဆဲသည့် အခိုက်အတန့်ကို မရှိချေ။ မည်သူကမျှ မကြိုးစားပဲနှင့် မအောင်မြင်လာနိုင်ချေ။

ကျောင်းတွင် နာမည် ဂုဏ်သတင်းကြီးသူများလည်း ထိုနည်းလည်းကောင်း - ဉာဏ်ရည် ဉာဏ်သွေး ဆိုသည်ထက် ကြိမ်ဖန်များစွာသော လေ့ကျင့်မှုများမှတဆင့် အောင်မြင်မှုများ ရရှိလာခဲ့သည်ဟုသာ လင်းရီ တွေးထင်ခဲ့သည်။

သို့သော် ယနေ့... အာယာနဲ မစ်ဆူနှင့် ဆုံတွေ့ပြီးနောက် လင်းရီ သူ၏ စိတ်နေစိတ်ထားမှာ သိပ်ကို ရိုးရှင်းလွန်းသည်ဟု ခံစားလိုက်ရ၏။

ပါရမီဆိုသည်က အမှန်ပင် မွေးရာပါပင်...။

ထို့အတွက် အာယာနဲ မစ်ဆူက သက်သေကောင်း တစ်ပုဒ်ဖြစ်၏။

မူလ စစခြင်း၌ သူမ၏ လှုပ်ရှားမှုများက အနည်းငယ် သဘာ၀ မကျသလိုရှိသည်။ သို့သော် မိနစ် အနည်းငယ်ခန့် ကြာပြီးနောက် စည်းချက်ကို လွယ်လွယ်နှင့် ညှိလာနိုင်ပြီး သူမ၏ လှုပ်ရှားမှုတို့က ပိုမို ကျွမ်းကျင် ရင်းနှီးလာသည်။ ဖြည်းဖြည်းချင်းနှင့် ၀မ်ရင်းကိုပါ ကျော်တက်သွားခဲ့တော့၏။

' သောက်ကျိုးနည်း... ဒါကြီးက သောက်ရမ်းကောင်းတယ်...'

အာယာနဲ မစ်ဆူက ဆက်လက်ပြီး အရှိန်တင်သည်။ လင်းရီကလည်း လီဗာကို နင်း၍ ရှေ့ရှိ တိုရိုတာကို ကျော်တက်ဖို့ ကြိုးစား၏။

သူ ကျော်တက်သွားစဉ်မှာပဲ မျက်လုံးထောင့်ကပ်ပြီး မောင်းနေသူကို တစ်ချက်ကြည့်လိုက်သည်။

မောင်းနေသည့် ဒရိုင်ဘာက ပြောင်လက်နေသည့် ခေါင်းတုံးနှင့်ဖြစ်ပြီး လူကောင်က ခပ်ထွားထွား၊ မောင်းနေသည့် ကားဖြင့် အင်မတန် တွဲဖက်ညီသည်။

သို့သော် လင်းရီ၏ အမြင်ကို အဖမ်းစားနိုင်ဆုံးက ခရီးသည် ထိုင်ခုံတွေ ထိုင်နေသည့် အမျိုးသမီးပင်။

သူမတွင် မီးလျှံကဲ့သို့ ရဲရဲနီသည့် ဆံပင်များကို ပိုင်ဆိုင်ထားပြီး ထိုမှတပါး လင်းရီ မည်သည်ကိုမျှ မမြင်တွေ့နိုင်သေးချေ။

သို့ပေမယ့် ဤ အကြည့်တစ်ချက်က လင်းရီကို တစ်ချို့သော အချက်အလက်များအား အတည်ပြုပေးလိုက်နိုင်သည်။

ရှေ့ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသမီးက ရွှေနက် ကော်ပိုရေးရှင်း၏ စစ်ဆင်ရေးတွင် အဓိက တာ၀န်သူ တစ်ယောက် ဖြစ်ဖို့ အင်မတန်များ၏။

တစ်နည်းဆိုရသော် သူမက အယ်လက်ဆာပင်။

ယင်းက ဘာကြောင့်လဲဆို့တော့ သူ ကျုံးဝေ့ တပ်ဖွဲ့ အခြေစိုက် လေ့ကျင့်ရေးစခန်းတွင် မြင်ဖူးသည့် အယ်လက်ဆာကလည်း ဆံပင် အနီရောင်များ ပိုင်ဆိုင်ထားသည်ကို မြင်ဖူးသောကြောင့် ဖြစ်ပြီး သူမ၏ ဆံပင် ပုံစံကို အမှတ်မမှားနိုင်ချေ။

ထိုအကြောင်း စဉ်းစားမိတော့ လင်းရီ အများကြီး စိတ်သက်သာရာ ရသွားခဲ့သည်။

ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများကို မစ်ဆူ မိသားစု၏ လက်ပါးစေများမှ တင်းကြပ်စွာ စောင့်ကြည့်နေလျက်ရှိသောကြောင့် မျက်စိအောက်မှ ပျောက်ကွယ်သွားမည့် အရေးကို စိတ်ပူနေရန် မလိုချေ။

သူ ယခု ပြုလုပ်ရမည်က ၎င်းတို့ လက်ထဲရှိ ဘက်စ် သတ္တုရိုင်းကို မည်သူမျှ သတိမပြုဘဲ အရယူနိုင်ရန်ပင်...။

ထိုအချိန်မတိုင်ခင် အထိတော့ လင်းရီ စိတ်သက်တောင့်သက်သာနှင့် အာယာနဲ မစ်ဆူ၏ အပြုအစုများကို ခံစား၍ ရသည်။

ဤကိစ္စ ပြီးသည်နှင့် လင်းရီ သူ၏ အဓိက တာ၀န်ကို ပြန်သွားရလိမ့်မည်။

တော်တော်လေးတော့ စိတ်လှုပ်ရှားဖို့ ကောင်း၏။။

" မိန်းကလေး မစ်ဆူ... မင်းရဲ့ သင်ယူ တတ်မြောက်နိုင်စွမ်းက သိပ်ကို မြန်ဆန်တာပဲ... "

" ဝူး ဝူး ဝူး... "

" ငါ့ရဲ့ကောင်မလေးလည်း သိပ်ကို ထက်ထက်မြက်မြက်ရှိတယ်... သူက ရန်တက္ကသိုလ်က ဒေါက်တာလေ... သူလည်း မင်းလိုမျိုး စကေးကောင်းမလားလို့ သိချင်လိုက်တာ... "

" ဝူး ဝူး ဝူး... "

" ငါ့အထင် မင်းအခု စိန် အဆင့်လောက်တော့ ရှိနေပြီ... ပိုပြီး လေ့ကျင့်မယ်ဆို အလွန်ဆုံး တစ်ပတ်တည်းနဲ့ ထိပ်ဆုံးအဆင့်ကို ရောက်သွားနိုင်တယ်... "

" ဝူး ဝူး ဝူး... "

" ကောင်းပြီ... ငါ မင်း လုပ်နေတာကို မနှောင့်ယှက်တော့ဘူး... "

" ဝူး ဝူး ဝူး... "

" အင်း.. ဒါပေမယ့် မင်း ကြိုးစားမှရမှာနော်... မပြီးမချင်း ရပ်လိုက်လို့ မရဘူး... "

" ဝူး ဝူး ဝူး... "

တစ်နာရီခန့် ကြာပြီးနောက် အာယာနဲ မစ်ဆူ၏ ဖုန်းသံ မြည်လာခဲ့သည်။

အာယာနဲ မစ်ဆူ အနည်းငယ် စိတ်ကသိကအောက် ဖြစ်စွာဖြင့် ဖုန်းကိုင်လိုက်ပြီး " ဘာကိစ္စလဲ... "

" မမလေး... ကျွန်မတို့တွေ တိုကျိုနယ်နဲ့ နာဂါအီ စီရင်စုကြား ငါး ကီလို မီတာ အကွာလောက်ကို ရောက်ပါတော့မယ်... အဲ့နေရာက လှုပ်ရှားဖို့ နေရာကောင်းပဲ... "

" စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်မယ်...ငါတို့ နီးနီးကပ်ကပ် စောင့်ကြည့်နေမယ်... ဒီမစ်ရှင်က ကျရှုံးခွင့် မရှိတဲ့ မစ်ရှင်ပဲ... "

" ဟုတ်ကဲ့... "

ဖုန်းချပြီးနောက် အာယာနဲ မစ်ဆူ သူမ၏ တာ၀န်ကို မရပ်တန့်လိုက်ချေ။

ငါးကီလိုမီတာသို့ ရောက်ရန် ကျန်ရှိနေသေးသဖြင့် သူမ၏ ကိုယ်ရေးကိုယ်တာ မစ်ရှင်ကို အရင်ပြီးပြတ်အောင် လုပ်ဆောင်ရလိမ့်မည်။

" ဒါနဲ့... ငါ ခုမှ သတိရတယ်... "

" အင်- ဟင် ...."

" ငါတို့ ကားထဲမှာ တစ်သျှူးမကျန်တော့ဘူး... "

" ဝူး ဝူး ဝူး... "

အာယာနဲ မစ်ဆူမှာ ရပ်တန့်သွားခြင်း မရှိ။ သူမအဖို့ ထိုကိစ္စက အရေးမကြီးသည့်ပုံပင်။

မိနစ် အနည်းငယ်ကြာပြီးနောက် လင်းရီ အာယာနဲ မစ်ဆူ၏ ခေါင်းကို မလွှတ်တမ်း ချုပ်၍ ဖိထားလိုက်သည်။

" ဝွန်း ဝွန်း... ဂလု.... "

အာယာနဲ မစ်ဆူ နှုတ်ခမ်းများသုတ်ရင်း ခါးပြန်မတ်လိုက်ပြီး လင်းရီကို မကျေမချမ်း မျက်စောင်းခဲပစ်လိုက်၏။

ထိုအကောင်က အတွေ့အကြုံ မရှိသည့် သူမကို ငှက်ပျောသီးနင်အောင် လာ‌လုပ်နေသည်။

" အံ့ဩစရာပဲ... "

လင်းရီ သူမကို လက်မထောင်ပြလိုက်ပြီး ရိုးသား လေးနက်သည့် အသံဖြင့် " ဟော်ယွမ်ယွမ်နဲ့ ရှန်းရှုရီ အပြင် မင်းက ငါ တတိယမြောက် လေးစားမိတဲ့ အမျိုးသမီးပဲ... "

" အဲ့ဒီအတွက် ဂုဏ်ယူမိပါသတဲ့ရှင်... "

ပြီးနောက် အာယာနဲ မစ်ဆူ အပြင်ဘက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

" ကျွန်မတို့လည်း ဂရုစိုက်သင့်တယ်... ခဏနေကျရင် ကျွန်မလူတွေ တိုက်ခိုက်ကြတော့မှာ... "

" အင်း... "

လင်းရီ ကားကို ဖြည်းညင်းစွာ အရှိန်လျော့၍ ၎င်းတို့ကြား အကွာအဝေးကို ပြန်ခွာထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ဘေးပတ်ပတ်လည်၌ ကားများစွာ သိပ်မကျန်တော့ကြောင်း လင်းရီ သတိထားမိလိုက်သည်။ သူတို့အပြင် ကား သုံးစင်းသာလျှင် ရှိသည်။

ထိုကားများထဲရှိ လူများအားလုံးက တိုက်ခိုက်မည့် လူများ ဖြစ်လောက်၏။

အရေအတွက် သာလွန်နေသော်လည်းပဲ နောက်ဆုံး ရလဒ်က မည်သို့ ထွက်လာမည်လဲဆိုတာ မသေချာသေးချေ။

ဒိုင်း....

တိတ်ဆိတ်နေသညိ့ ညကောင်းကင်ကို သေနတ်ဖောက်သံ တစ်ချက်က ဖြိုခွင်းလာခဲ့၏။

လင်းရီ လန်ခရူဇာ၏ အမိုးမှ ထွက်၍ တိုရိုတာ Hilux သို့ သေနတ်ကိုင်ပြီး ပစ်ခတ်နေသည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

သို့သော် လင်းရီကို အံ့အားသင့်သွားစေသည်က ဟိုင်းလတ်ကားပိုင်ရှင်မှာ ကားကို ရွေ့လျား၍ လှပသည့် အနေအထားမှတဆင့် ကျည်ဆံကိုရှောင်ရှားသွားခဲ့၏။

ကားထဲတွင် ထိုင်နေသည့် လူမှ သေနတ် မပစ်မီ တစ်စက္ကန့်အလိုတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိပြီး ရှောင်ရှားလိုက်ခြင်း ဖြစ်ကြောင်း သံသယ ဖြစ်နေရန် မလိုချေ။

ယခု နှစ်ဖက်လုံးမှ ဖော်ထုတ်ခံရပြီး ဖြစ်သောကြောင့် ဆက်လက် ပုန်းကွယ်နေရန် မလိုအပ်တော့ချေ။

အခြေအနေ မဟန်သည်ကို မြင်တော့ ဟိုင်းလတ် ကားမှာ အရှိန်ကို ဆတ်ခနဲ တိုးမြင့်လိုက်သည်။ သို့သော် အာယာနဲ မစ်ဆူ၏ လူများက ပိုမြန်နေသည်။

တိုရိုတာ crown တစ်စင်းမှ ဟိုင်းလတ်ကားရှေ့သို့ တဟုန်ထိုး တက်သွားပြီး ရှေ့မှနေ၍ လမ်းပိတ်ရပ်ထားလိုက်၏။

ကျန်ကားနှစ်စင်းကလည်း ဘေးနှစ်ဖက်တွင် တင်းကြပ်စွာ နှစ်ဖက်ညှပ်ထားပြီး ဒရိုင်ဘာ၏ လွတ်ပေါက်များကို ပိတ်ပင်ထား၏။

ဘန်း ဘန်း ဘန်း ဘန်း...

ပစ်ခတ်သံ အတွဲလိုက် ထွက်ပေါ်လာပြီး Hilux ကားထံမှ အနီရောင်မီးများ ဖြတ်ခနဲ ဖြတ်ခနဲ လက်လာနေသည်။

သို့သော် အာယာနဲ မစ်ဆူ၏ လူများကလည်း သွားရှုပ်လို့ ရသည့် အနေအထားတော့ မဟုတ်ချေ။ ကျည်ဆံများကို ချက်ချင်းရှောင်ရှားလိုက်ကြ၏။ သို့သော် သူတို့ ကားပေါ်ရှိ ကျည်ပေါက်ရာများကိုတော့ မရှောင်ရှားနိုင်လိုက်ကြချေ။

လင်းရီ အနောက်မှ နီးကပ်စွာ လိုက်ပါလျက် ရှိနေပြီး မြင်ကွင်းတစ်ခုလုံးကို မြင်တွေ့နေရ၏။

လက်ရှိ အနေအထားရတော့ မစ်ဆူ မိသားစုမှ အသာစီး ရရှိနေသည်။ သို့တိုင်အောင် နောက်ဆုံး ရလဒ် မည်သို့ဖြစ်လာမည်လဲဆိုတာကိုတော့ တစ်သမှတ်တည်း တွက်ချက်လိုက်လို့ မရသေးချေ။

ဘန်း...!!

Hilux ကားမှ ရုတ်ချည်း ပို၍ အရှိန်တင်လိုက်ပြီး ရှေ့တွင် လမ်းပိတ်နေသည့် crown ထံ ပြေးတိုက်လိုက်သည်။

တစ်စီးက သာမန်ကားဖြစ်ပြီး ကျန်တစ်စင်းက မွမ်းမံထားသည့် လမ်းကြမ်းမောင်းကား ဖြစ်သဖြင့် ကားနှစ်စင်းမှာ တူညီသည့် လယ်ဗယ်တွင် ရှိမနေကြချေ။

Crown မှ သူ၏ ဟန်ချက်ကို ဆုံးရှုံးသွားပြီး လမ်းပေါ်မှ ချက်ချင်း ကျွံထွက်သွားခဲ့တော့၏။

ထိုအချင်းအရာကို မြင်တော့ နောက်ရှိ လန်ခရူဇာနှင့် Highlander မှ ၎င်းတို့၏ လီဗာကို တစ်ချိန်တည်းတွင် တိုးမြင့်လိုက်ကြသည်။

ကားနှစ်စင်းက Hilux ကို အလယ်တွင် ဆန်းဒဝ်ရှ် ညှပ်သကဲ့သို့ ရှေ့နှင့်နောက် ညှပ်ထားပြီး ရှေ့ခြမ်းရှိ လန်ခရူဇာမှ စတင် အရှိန်လျော့လာတော့၏။

နားစူးရှဖွယ် တာယာ ပွတ်တိုက်သံကြီး ထွက်ပေါ်လာပြီး ဆိတ်ငြိမ်သည့် ညအခါတွင် မီးပွားများ တလစ်လစ် ထွက်ပေါ်လာစေခဲ့တော့၏။

ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းမျိုးမှာ ဂျပန်လူနည်းစုကြောင့် ဖြစ်ပေါ်လာခဲ့သည် ဆိုသည်က တွေးကြည့်ရန်ပင် ခက်လှ၏။

မစ်ဆူ မိသားစုက ဂျပန်တွင် ထိပ်ဆုံး၌ မြဲမြံစွာ ရပ်တည်နိုင်ရုံသာမက ကမ္ဘာ့ထိပ်တန်း မိသားစုကြီး တစ်ခုဖြစ်သည် ဆိုသည်မှာ ကြွားပြောခြင်း မဟုတ်ချေ။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အမှန်ပင် ထိုက်တန်မှု ရှိလှသည်။

မကြာမီ Hilux ကားမှာ အတင်းအကြပ် ရပ်တန့်ခံလိုက်ရပြီး ကားသုံးစင်းလုံး လမ်းဘေးတွင် ရပ်တန့်သွားခဲ့ကြ၏။

ထို အခိုက်တွင် ဆူညံမှုများအားလုံးက တစ်ဖန် တိတ်ဆိတ်မှုသို့ ပြန်ရောက်ရှိသွားခဲ့လေသည်။

နောက်ဆက်တွဲ ဖြစ်ပျက်လာမည်များက‌တော့ ပို၍ပင် ရက်စက် ကြမ်းကြုတ်လောက်ပေသည်။

All Chapters