ငါ့မှာ မိန်းမနဲ့ အိပ်ဖို့ ရှိသေးတယ်
Vol. 79 Ch. 1182
“ အွန်း… သွားကြစို့..”
လင်းရီ မောပန်းစွာ အသက်ကို အလုအယက် ရှူရှိုက်နေပြီး ပျာယာခတ်နေသည်။ သူ၏ သရုပ်ဆောင်မှု တစ်ရပ်လုံးက အသေးစိတ်ကျနနေခဲ့ကာ မည်သည့် သံသယဖြစ်ဖွယ် အမူအရာမျိုးကိုမျှ လှစ်ဟာ မပြခဲ့ချေ။
ထိုအခိုက်အတန့်တွင် အာယာနဲ မစ်ဆူသည်လည်း ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ချေ။
အခြေအနေက ထိန်းချုပ်မှုမှ လွတ်ကင်းနေပြီ ဖြစ်သဖြင့် ဤနေရာတွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ချေ။
လင်းရီ ပြောသွားသည်က လက်ရှိ အခြေအနေနှင့် ကိုက်ညီနေသည်ဟု အာယာနဲ မစ်ဆူ ခံစားနေရသည်။ မူမမှန်သည့် အခြေအနေများကိုတော့ သူမ၏ ထက်မြက်သည့် ဦးနှောက်က ဤတစ်ကြိမ်တွင် သတိလက်လွတ် ဖြစ်နေတော့၏။
လင်းရီကလည်း သူရဲကောင်း တစ်ယောက် မဟုတ်သောကြောင့် အဘယ်ကြောင့် အသက်ကို စတေးခံလိမ့်မည်နည်း။
သိုင်းလောကတွင် အန္တရာယ်က နေရာအနှံ့အပြားတွင် တည်ရှိနေပြီး အကယ်၍ အခြေအနေ မဟန်ပါက ရှက်နေ၍ မဖြစ်။ အသက်လုပြေးသင့်သည်။ ဤသည်ကသာလျှင် ဉာဏ်ရှိသည့် ရွေးချယ်မှု ဖြစ်၏။
“ မြန်မြန် သွားကြစို့… ရှေ့မှာ ဖြစ်နေတာတွေကို ခေါင်းထဲ ထားမနေနဲ့တော့…”
“ အင်း... ငါလည်း ကူညီချင်ပါတယ်ကွာ… ဒါပေမယ့် အဲ့ နိုင်ငံခြားသူက သိပ်သန်မာလွန်းနေတယ်…”
လင်းရီ ကားစက်နှိုးရင်း ပြောပြီးနောက် ပြန်လည် ထွက်ခွာခဲ့ရာ ရုန်းရင်းဆန်ခတ် ဖြစ်သည့် နေရာနှင့် ဖြည်းဖြည်းချင်း ဝေးကွာလာခဲ့တော့၏။
အာယာနဲ မစ်ဆူကတော့ ကားထဲတွင် ကူကယ်ရာမဲ့စွာဖြင့် နောက်ကို မှီလျက် ထိုင်နေသည်။ လင်းရီပင် မတတ်နိုင်မှတော့ သူမတို့ မိသားစုထဲရှိ မည်သူက ထိုအမျိုးသမီးကို တားဆီးနိုင်လိမ့်မည်နည်း။ မစ်ဆူ မိသားစုက စေလွှတ်ထားသည့် လူများဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
အစီအစဉ်က ကျရှုံးသွားခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ယူရှီမစ်ဆူက အောင်မြင်သွားခဲ့လေပြီ။
နောက်တစ်ကြိမ် အပေးအယူ လုပ်မည်ကို နှောင့်ယှက်ဖို့ရန်က သိပ်ကို ခက်ခဲသွားပြီ ဖြစ်၏။
တစ်နာရီ ကြာပြီးနောက် လင်းရီ တိုကျိုသို့ ပြန်မောင်းလာခဲ့ပြီး ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ကားထဲတွင်သာ နေလျက်ရှိပြီး ဟိုတယ်သို့ ပြန်သွားရန် ရည်ရွယ်ချက် လုံးဝ မရှိချေ။
သူတို့ဘက်က ဖော်ထုတ်ခံရပြီး ဖြစ်သောကြောင့် ဆက်ပြီး ပုန်းကွယ်ရန် မလိုအပ်တော့ပေ။
ထို့ကြောင့် ဟိုတယ်သို့သွားပြီး ဘာလုပ်ရမည်နည်း။
အဆိုပါ အဖြစ်အပျက်ကို ယခုလောက်ဆို ယူရှီ မစ်ဆူ သိရှိပြီး ဖြစ်လောက်ပေသည်။
ယခင် သူ ဟိုတယ်သို့ ဝင်ရောက်ခဲ့သည်က နောက်ယောင်ခံ လိုက်ခြင်းကို ခါထုတ်ရန်ပင်။ အကယ်၍ တစ်ဖက်သူသာ သိရှိသွားခဲ့မည်ဆိုပါက ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများမှာ သတိကို အဆုံးစွန်ထိ တင်းကြပ်ထားမည် ဖြစ်ပြီး ၎င်းတို့ အပေးအယူပြုမည်ကို နှောင့်ယှက်ရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်တော့ချေ။
“ ကောင်းပြီ… ငါနားလည်ပြီ… အခြေအနေကို စူးစမ်းဖို့ အဲ့ကို လူတစ်ချက် လွှတ်လိုက်… နင့်မှာ သတင်းထူးရှိရင် ငါ့ကို ပြန်ဆက်သွယ်လိုက်…”
ဤတစ်ချိန်လုံး အာယာနဲ မစ်ဆူမှာ ရိုရှီခါ ဟီဂါရှီနိုနှင့် ဖုန်းဆက်သွယ်ပြောဆိုနေပြီး အခြေအနေကို နားလည်ဖို့ရာ ကြိုးပမ်းနေခဲ့သည်။
ကံဆိုးချင်တော့ ရိုရှီခါ ဟီဂါရှီနိုသည်လည်း အခင်းဖြစ်ပွားသည့် နေရာတွင် ရှိသည့် လူများနှင့် မဆက်သွယ်နိုင် ဖြစ်နေလေသည်။
“ အချိန်ဖြုန်းမနေနဲ့…” လင်းရီ ဝင်ပြောလိုက်ပြီး “ အလောင်းကောက်ဖို့ လူတစ်ချို့သာ လွှတ်လိုက်တော့… အဲ့လူတွေရဲ့ စရိုက်နဲ့ လူကို အသက်ချမ်းသာပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး… အဲ့လောက် မတုံးအစမ်းနဲ့…”
“ ကျွန်မသိတယ်… ဒါပေမယ့် မျှော်လင့်မိတာပေါ့…”
အာယာနဲ မစ်ဆူ ပြောပြီးနောက် လင်းရီကို ကြည့်လိုက်ပြီး “ မစ္စတာလင်း… ဒီနေ့မှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…”
“ ရပါတယ်… ငါကိုက ကူညီပေးဖို့ ကမ်းလှမ်းခဲ့တဲ့ လူပဲလေ… ငါတို့က မိတ်ဆွေတွေမလား…. ကူညီပေးရမှာ သဘာဝပါပဲ…” လင်းရီ လေးနက်စွာ ပြောဆိုလိုက်၏။
“ ရှင် ဒဏ်ရာ ရသွားသေးလား.. ပြင်းထန်လား.. ဆေးရုံသွားပြီး စစ်ဆေးကြည့်ကြမလား…”
“ ဆေးရုံသွားစရာ မလိုဘူး… ငါ့ ခန္ဓာကိုယ်နဲ့ ဒီ ဒဏ်ရာတွေလောက်ကတော့ အသက်မသေနိုင်ပါဘူး..”
“ ဒါဆိုလည်း ကျွန်မ အိမ်ပြန်ပြီး ဒီကိစ္စ ကိုင်တွယ်လိုက်ဦးမယ်… ပြီးရင် ရှင့်ဆီ ဆက်သွယ်လိုက်မယ်နော်….”
“ အိုကေ…”
အာယာနဲ မစ်ဆူ ကားထဲမှ ထွက်ပြီး လင်းရီမှာ မောင်းထွက်သွားခဲ့၏။
ထိုအခါ ယူရှီ မစ်ဆူ၏ လူများ အာယာနဲ မစ်ဆူကို ချက်ချင်း မြင်တွေ့သွားခဲ့ကြသည်။
သူတို့အကုန်လုံး အံ့ဩဘနန်းတွေ ဖြစ်ကုန်ကြ၏။
ဟိုက် …. သူက ဘယ်အချိန်တုန်းက အပြင်ထွက်သွားတာလဲဟ… ငါတို့လဲ မမြင်မိလိုက်ပါလား…
သို့သော်လည်း ၎င်းတို့မှာ အာယာနဲ မစ်ဆူကိုသာ မြင်ပြီး လင်းရီကို မမြင်ကြချေ။
အကြောင်းမူကား လင်းရီ မောင်းနေသည်က တက္ကစီ ယာဉ်ဖြစ်ပြီး စောင့်ကြည့်ရန် တာဝန်ကျသည့် နှစ်ယောက်က အာယာနဲ မစ်ဆူ တက္ကစီစီး၍ ပြန်လာသည်ဟုပင် မှတ်ယူလိုက်ကြ၏။ တက္ကစီ ဒရိုင်ဘာကို လင်းရီ ဖြစ်နေလိမ့်မည်လို့တော့ သူတို့ မစဉ်းစားမိကြချေ။
ဟိုတယ်မှ ထွက်ခွာလာပြီးနောက် လင်းရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သည်များက အလှည့်အပြောင်း များလှပြီး ကံကောင်းသည်က သူ့ဘက်က ခရီးတွင်ခဲ့သောကြောင့်ပင်။
အယ်လက်ဆာနှင့် သူ့လူများ၏ တည်နေရာကို သူ့ဘက်က သေချာပြီးနောက် အာယာနဲ မစ်ဆူမှာ ဆက်လက် အသုံးဝင်ခြင်း မရှိတော့ချေ။
လင်းရီ အိတ်ကပ်ကိုထိ၍ ဖုန်းထုတ်ပြီး အချိန်ကို ကြည့်ရန် ဟန်ပြင်လိုက်သည်။ သို့သော် အယ်လက်ဆာ၏ ကားထဲတွင် ရောက်ရှိနေသောကြောင့် သူ ဖုန်းခေါ်ဆိုမှုများလည်း မပြုလုပ်နိုင်တော့ချေ။
ထို့ကြောင့် သူ ချင်းဟန်ကို စိတ်ပျက်စေရုံသာ တတ်နိုင်တော့၏။
လင်းရီ အိုမန်ဟိုတယ်သို့ ပြန်မောင်းလာခဲ့ပြီး ဟိုကိုရောက်တော့ အချိန်က မနက် တစ်နာရီပင် ထိုးနေချေပြီ။
လင်းရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ အစောပိုင်းတုန်းက ကျီချင်းရန်ကို ကြိုပြီး အသိပေးခဲ့သည်မှာ တစ်ခုကောင်းသွားလေသည်။ မဟုတ်ဘဲ သူ ယခုချိန် မပြန်လာသေးပါက ရဲစခန်းတိုင် လူပျောက်တိုင်ေိပြီး ဖြစ်လောက်၏။
သို့သော်ငြားလည်း လင်းရီ ကျီချင်းရန်ကို အရင်သွားမရှာ။ ထိုအစား သူ တိတ်တဆိတ် လျန်ကျင်းမင်ရဲ့ အခန်းထဲ ရောက်လာခဲ့၏။
" သောက်ခွေး... "
လျန်ကျင်းမင် မျက်လုံးပွင့်လာခဲ့ပြီး လင်းရီ သူ့အား စိုက်ကြည့်နေသည်ကို မြင်တော့ ဘောင်းဘီထဲ သေးပေါက်ချလုနီးနီး ဖြစ်သွားခဲ့တော့သည်။
" အစ်ကိုကြီးလင်း... မင်း ငါ့ကို သေအောင် လုပ်နေတာလား.... တစေလိုလို သရဲလိုလိုနဲ့... "
" ငါကကော လာချင်လို့ လာတယ်များ ထင်နေလား... " လင်းရီ ပြောလိုက်ပြီး " ချင်းဟန်ကို ဖုန်းဆက်ပြီး ငါပြန်ရောက်နေပြီ ပြောလိုက်.. သူ့ကိုလည်း ပြန်လာခဲ့တော့လို့... ပြီးရင် ငါတို့ နှစ်ယောက် ခုလေးတင် အတူ ပြန်ရောက်လာတဲ့ အသွင်ဖမ်းကြမယ်.... "
လျန်ကျင်းမင် မူးနောက်နောက် ဒယီးဒယိုင်နှင့် ထလိုက်ပြီး ဖုန်းထံ လှမ်းလိုက်တော့ မနက် နှစ်နာရီပင် ထိုးနေပြီဖြစ်ကြောင်း သတိမူမိလိုက်သည်။
“ ဒီလိုအချိန်ကြီး အစ်ကိုကြီးချင်း တိုင်းတပါးပြည်မှာ ဘယ်လိုတွေ ကုန်ဆုံးနေလဲလို့ သိချင်ပါရဲ့…”
“ မင်း ဖုန်းခေါ်ပြီး မေးကြည့်လိုက်လေ…”
လျန်ကျင်းမင် ချင်းဟန်၏ နံပါတ်ကို နှိပ်လိုက်သည်။
“ ချင်းကော… မင်း ဘယ်ရောက်နေတာလဲ..”
“ ငါ -ိုး မမေးစမ်းနဲ့ကွာ… ငါ ဒီမှာ အင်တာနက် ကဖေးတစ်ခု တွေ့လို့ သုံးနေတာ သုံးနာရီ ကတည်းကပဲ…” ချင်းဟန် ဖုန်းထဲမှ အော်ဟစ်လိုက်၏။
“ ဟို သူတောင်းစား လင်းရီကလည်း ငါ့ ဘယ်အချိန်မှ လာခေါ်မလဲ မသိဘူး… ကြည့်ရတာ ဒီညတော့ ဒီမှာပဲ အိပ်ရတော့မယ်နဲ့တူတယ်…”
“ အာ…. ချင်းကော… ငါ့မှာ သတင်းဆိုး တစ်ခုရှိတယ်… လင်းကောက ဒီပြန်ရောက်နေပြီ.. သူက မင်းဆီ ဖုန်းဆက်ခိုင်းလိုက်တာ ပြန်လာခဲ့တော့တဲ့…”
“ ငါ လခွမ်း … အဲ့ကောင် သူ့ဘာသူ ပြန်လာတာလား…”
“ အက်…. ဟုတ်တယ်…”
“ ငါ အဲ့ကောင်ကို သတ်မယ်…”
ချင်းဟန် ကျိန်ဆဲပြီး ဖုန်းချသွားခဲ့၏။
“ လင်းကော… အစ်ကိုကြီးချင်းက အင်တာနက် ကဖေးမှာ သုံးနာရီလောက်ကတည်းက ရှိနေတာတဲ့… ခုချိန်ထိဆို ၁၁ နာရီလောက် ရှိနေပြီ…”
လျန်ကျင်းမင် လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး “ ငါ့အထင်တော့ မင်း ဒီကိစ္စကို ဖြေရှင်းဖို့ စဉ်းစားသင့်တယ် ထင်တာပဲ.. မဟုတ်ရင် အစ်ကိုကြီးချင်း ပြန်လာတဲ့အခါကျ မင်းကို အမှုန့်ကြိတ်လိမ့်မယ်…”
“ အာ… ငါ အဲ့ကောင်ကို တံခါးဝမှာစောင့်ပြီး တောင်းပန်လိုက်မယ်…”
“ အိုကေ ငါတော့ မလိုက်တော့ဘူး… ပြန်အိပ်တော့မယ်….” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒါပေမယ့် အစ်ကိုကြီးလင်းကို တစ်ခု တောင်းဆိုစရာ ရှိတယ်… “
“ ဘာကိုလဲ…”
“ ငါတို့ရဲ့ ရင်းနှီးမှုက သာမန်ပဲ.. ဒီတော့ နောင်ကျ တစ်ခုခု ရှိလာလို့ရှိရင် ကောင်းကြီးနဲ့ အစ်ကိုကြီးချင်းကိုသာ သွားရှာလှည့်.. ငါက ဝန်ထုပ်တွေ သယ်ပိုးနိုင်လောက်အောင် မသန်မာဘူးလေ… ငါက အားနည်းလွန်းပါတယ်… ”
“ မင်းက ဘာတွေ ကြောက်နေတာ… မင်း ကလှည့်ကျရင်လည်း ငါ ပြန်ကူညီပေးမှာပေါ့ကွ…”
“ လိုမယ်မထင်ဘူး…”
“ မင်းက ငယ်သေးတာကိုး… အတွေ့အကြုံမရင့်ကျက်လွန်းဘူး..”
လင်းရီ ပြောလိုက်ပြီး “ ကောင်းပြီ… ပြန်အိပ်တော့… ငါချင်းဟန်ကို သွားစောင့်နေလိုက်ဦးမယ်…”
“ မီးပိတ်ပေးသွားဦး…”
“ ငိုးပဲ…”
လျန်ကျင်းမင်၏ အခန်းထွက်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ အောက်ဆုံးထပ်သို့ ပြန်ဆင်းလာခဲ့၏။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ချင်းဟန် ဟိုတယ်သို့ တက္ကစီစီး၍ ပြန်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
“ သခင်လေးချင်… လာ လာ… ဒီက သခင်လေးချင် ကိုယ်စား တံခါးဖွင့်ပေးပါရစေ…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
“ အစ်ကိုကြီးလင်း… တောင်းပန်ပါတယ်… မင်း နည်းနည်းလောက် လူသားဆန်ပေးလို့ရမလား… နောက်တစ်ခေါက်ကျရင် ကောင်းကြီး ဒါမှမဟုတ် လျန်ကျင်းမင်ကိုပဲ သွားရှာတော့… ငါ တစ်ယောက်တည်း ခံနေရလို့တော့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား…”
“ အဲ့ကောင်တွေရဲ့ သရုပ်ဆောင် စွမ်းရည်က သိမ်ဖျင်းလွန်းတယ်… မင်းလိုမျိုး အော်စကာဆု ပေးရလောက်တဲ့ လူကပဲ လုပ်နိုင်မှာ…”
“ ငါ ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ နေ့တိုင်းကြီး သရုပ်ဆောင်ပေးနေလို့တော့ မဟုတ်သေးဘူးလေကွာ..” ချင်းဟန် ပြောလိုက်ပြီး “ မင်း အသိစိတ် ရှိရင် ဆင်ခြင်ပြီး ပြောစမ်း… ငါမင်းနဲ့ ဆုံပြီးကတည်းက ဒီလိုမျိုး အချောင်ဝင်ခံပေးနေရတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ…”
“ တစ်ခါတစ်လေပါပဲ…”
“ မင်း အဲ့ဒီ တစ်ခါတစ်လေက ဆယ်ကြိမ် မကတော့ဘူးကွ… အဲ့ထက်တောင် များရင် များနေဦးမယ်.. မင်းနဲ့ ဆက်နေရင် ငါ့အသက် တိုလိမ့်မယ်…”
“ စိတ်လျော့ စိတ်လျော့… မင်း Koenigsegg ပါ ရစေမယ်ကွာ…”
ချင်းဟန် မျက်လုံးသာ လှန်ပြလိုက်သည်။ ကျားသစ်တို့မည်သည် အစက်အပြောက်များကို ဘယ်တော့မှ ပြောင်းလဲ ဖယ်ရှား၍ ရမည် မဟုတ်ချေ။
“ သွား သွား သွား… အပေါ်ထပ်တက်ပြီး အိပ်တော့… ငါမနက်ကျရင် ကောင်မလေး သုံးလေးယောက်လောက် ရှာပြီး မင်း ရေချိုးဖို့ စီစဉ်ပေးမယ်…”
“ မင်းဘက်က ဒီလောက်တောင် ရိုးသားနေပြီဆိုမှတော့ ငါ မင်းနဲ့ ထပ်မငြင်းတော့ဘူး.. “ ချင်းဟန် ပြောလိုက်ပြီး “ ကောင်မလေးတွေ…… ငါ ယုံကြည်လိုက်မယ်နော် …”
“ စိတ်ချစမ်းပါ… ငါ့ဘက်က သခင်လေးချင်ကို စိတ်ကျေနပ်အောင် လုပ်ပေးရမှာပေါ့…”
နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်လိုက်ကြပြီး ၂၈ လွှာသို့ ရောက်လာခဲ့ကြ၏။ ချင်းဟန် သမ်းဝေလိုက်ရင်း “ ငါအရင် သွားတော့မယ်..”
ချင်းဟန် လက်ဝှေ့ယမ်းပြပြီး သူ့အခန်းထဲသို့ လမ်းလျှောက်သွားလိုက်သည်။
သို့သော် သူ ခေါင်းလှည့်ရုံမျှသာ ရှိသေး၊ လင်းရီ၏ အာကျယ်အာကျယ်နှင့် ပြောနေသည်များကို ကြားလိုက်ရတော့၏။
“ ငိုးပဲ… မင်း နောက်တစ်ခေါက် ထပ်ဖြစ်ရင် ငါ့လာမရှာစမ်းနဲ့… ငါ့မှာ မိန်းမနဲ့ အိပ်ဖို့ ရှိသေးတယ်ကွ…”
ချင်းဟန် “ ??? “