← Chapters

အခန်း (၁၁၈၁)

Vol. 79 Ch. 1181

အခန်း (၁၁၈၁)

Vol. 79 Ch. 1181

အော်စကာ ပေးရလောက်သည့် ပြောက်မြောက်သည့် သရုပ်ဆောင်စွမ်းရည်

လင်းရီနှင့် အာယာနဲ မစ်ဆူတို့ မီတာ နှစ်ဆယ်လောက် အကွာတွင် ကားကို ရပ်တန့်ထားပြီး ရှေ့ရှိ အခြေအနေကို သတိဖြင့် စူးစမ်းနေလျက်ရှိ၏။

ထိုအခိုက်အတန့်တွင် လန်ခရူဇာနှင့် Highlander ထဲမှာ လူများ ထွက်လာခဲ့ကြသည်။

စုစုပေါင်း လူ ၁၂ ယောက်ရှိပြီး တချို့မှာ ဓားကောက်များ ကိုင်ထားကြ၏။ ထိုစဉ် တချို့ကတော့ သေနတ်များ ကိုင်ထားကြလေသည်။ သူတို့ အကုန်လုံးက Hilux ကားကို ဒေါသတကြီးနှင့် စိုက်ကြည့်နေခဲ့ကြ၏။

မိနစ် အနည်းငယ် ကြာပြီးနောက် Hilux ကားတံခါး ပွင့်ဟလာပြီး မတူညီသည့် အသား အရောင်တို့ဖြင့် လူငါးယောက်ထွက်လာခဲ့သည်။ ထိုအထဲ နှစ်ယောက်က သေနတ်များ ကိုင်ထားကြပြီး အယ်လက်ဆာကတော့ ပါးစပ်တွင် ဆေးလိပ်ခဲထားလျက်ကာ ရှိကာ အေးဆေး တည်ငြိမ်နေပြီး လက်ဗလာနှင့် ရှိ၏။

တက္ကစီထဲတွင်တော့ လင်းရီ၏ မျက်လုံးတို့ မှေးကျဉ်းသွားခဲ့သည်။ ဘက်စ် သတ္တုရိုင်းကို မထုတ်လာသဖြင့် ကားထဲ၌သာ ရှိရပေဦးမည်။

အခြေအနေက အယ်လက်ဆာနှင့် ကျန်သူများအတွက် အလွန်ပင် အသာစီးမရနိုင်သည့် အနေအထားမျိုးဖြစ်ပြီး လင်းရီအတွက်လည်း ထို့အတူပင်။

အကယ်၍ ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများသာ ရှုံးနိမ့်သွားမည်ဆိုပါက ဘက်စ် သတ္တုရိုင်းမှာ အာယာနဲ မစ်ဆူ လက်ထဲသို့ ကျရောက်သွားပြီး ထို့သို့ ဖြစ်လာပြီ ဆိုပါက ပြန်ယူဖို့ရာ သိပ်ကို ခက်ခဲသွားလိမ့်မည်။

“ နင်တို့က မစ်ဆူ မိသားစုကပဲ…” အယ်လက်ဆာမှ ပြောလိုက်သည်။

“ မင်း သိစရာ မလိုဘူး… ပစ္စည်းကို ငါတို့လက်ထဲ အပ်လိုက်…” ခေါင်းဆောင်လာသည့် ပုတိုတိုနှင့် လူမှ အော်ပြောလိုက်သည်။

အယ်လက်ဆာ ဆေးလိပ်ပြာကို ဆတ်ခနဲ တောက်လိုက်ပြီး သူမ၏ ရှပ်အင်္ကျီကို မနှေးမမြန် ကြယ်သီးဖြုတ်လိုက်၏။

သူမ၏ ရင်ဘက်တွင် ပေါက်ကွဲစေနိုင်သည့် ဗုန်းများ လွယ်ထားပြီး “ သေမှာ မကြောက်ဘူးဆိုလည်း အတူသေလိုက်ကြတာပေါ့..”

“ ငါတို့က သေမှာကို မကြောက်ဘူး… မင်းဘာမင်း ဖောက်ခွဲချင်တယ်ဆိုလည်း သဘောပဲ…”

အယ်လက်ဆာ ပြုံးလိုက်၏။ လှောင်ပြောင်ထေ့ငေါ့မှုတို့ဖြင့် ပြည့်နှက်နေသည့် အပြုံးပင်။

“ ဒီလိုမျိုး ဖောက်ခွဲလိုက်တာက ကုန်ပစ္စည်းကို အကောင်းပကတိ ကျန်နေစေမယ်လို့ နင်တို့က ထင်နေကြတယ်လား… ဟက်… အဲ့လောက်သိပ်သည်းတဲ့ အောက်ဆီဂျင် ပမာဏနဲ့ဆို အနောက်က ကားတောင်မှ လွတ်မှာ မဟုတ်ဘူး..”

သိသာစွာဖြင့် အယ်လက်ဆာသည် လင်းရီနှင့် အာယာနဲ မစ်ဆူတို့ ရှိနေကြောင်းကို သတိမူမိပြီးဖြစ်၏။

ထိုစကားများ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အမူအရာမှာ အကျည်းတန်သွားခဲ့တော့သည်။ အကယ်၍ သူတို့သာ အသေအကြေ တိုက်ခိုက်ကြမည် ဆိုပါက လူတိုင်းက ပျက်စီး ဆုံးရှုံးကြရမည့်ပုံပင်။

“ လှုပ်ရှားတော့..”

မစ်ဆူ မိသားစု၏ လူများ တွေဝေနေတခိုက် အယ်လက်ဆာမှ သူ့လူများကို ပြတ်သားသည့် အမိန့်တစ်ချက် ပေးလိုက်၏။ သူမ ဘေးရှိ လူလေးယောက်မှ တစ်ပြိုင်တည်းဆိုသလို သေနတ်များ ထုတ် ပစ်ခတ်လိုက်ကြသည်။

သေနတ်ပြောင်းမှ မီးအလင်းရောင်များ ပွင့်ထွက်လာခဲ့ပြီး မစ်ဆူမိသားစုများထံ ပြေးဝင်သွားခဲ့ကာ အလစ်အငိုက် ဖမ်းနိုင်လိုက်၏။

တစ်ချိန်တည်းတွင် အယ်လက်ဆာသည်လည်း တစ္ဆေ လေတွင် ဝဲပျံသကဲ့သို့ လျင်မြန်သည့် လှုပ်ရှားမှုဖြင့် မျက်တောင် တစ်ခတ်အတွင်း တစ်ဖက်ရှိ ဦးဆောင်လာသူထံ တိုးဝင်သွားပြီး ဇက်ကို ချိုးပစ်လိုက်၏။

ထိုမြင်ကွင်းကို မြင်တော့ လင်းရီ မျက်လုံး သူငယ်အိမ်တို့ တင်းကြပ်သွားခဲ့သည်။

ဤလှုပ်ရှားမှု တစ်ခုတည်းနှင့်တင် အယ်လက်ဆာက ခေသူ မဟုတ်ကြောင်းကို တပ်အပ် ကောက်ချက်ချနိုင်သည်။

အကယ်၍ သူတို့သာ တိုက်ခိုက်ကြမည် ဆိုပါက သူ့တွင် ၆၀-၄၀ သို့မဟုတ် ၅၀-၅၀ အောင်မြင်နိုင်သည့် အခွင့်အရေးရှိသည်။ သူမက ဂျင်မီထက်ပင် အားကောင်း မောင်းသန် ဖြစ်နေသည်။

မူလက ၁၂ ယောက် ၅ ယောက် အခြေအနေမှာ ရုန့်ရင်း ဆန်ခတ် ဖြစ်ပွားပြီးသည့်နောက် မစ်ဆူမိသားစုမှ လူငါးယောက် ချက်ချင်း ဆုံးရှုံးသွားခဲ့ပြီး တစ်ဖက်ရှိ ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့ဝင်များကတော့ မှဲ့တစ်ပေါက်ပင် စွန်းထင်းမသွားခဲ့ကြချေ။

ချက်ချင်းဆိုသလိုပဲ နှစ်ဖက်ရှိ တိုက်ခိုက်‌ရေး အင်အားက တန်းတူနီးပါး ဖြစ်သွားခဲ့တော့၏။

မစ်ဆူ မိသားစုဝင်များက အားမနည်းကြသော်လည်းပဲ ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့အသားများက ပို၍ သန်မာနေခဲ့ကြသည်။

အယ်လက်ဆာကဲ့သို့ သန်မာသူက အသင်းကို ဦးဆောင်နေသည်နှင့်ပါ ပေါင်းစပ်လိုက်သည့် အခါတွင်တော့ ထိုကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာသည်က သာမန်ပင်…။

သို့သော် တိုက်ခိုက်စဉ်အတွင်း လင်းရီ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။

မစ်ဆူ မိသားစု၏ လူများက တန်းထျန်မူလ အတွင်းအားကို ကျွမ်းကျင် တတ်မြောက်နေခဲ့ကြသည်။ သို့သော်လည်းပဲ ဗီဇသွေးရည်ကြည်ကြောင့်လော ဆိုသည်ကတော့ လင်းရီ မသေချာပေ။

၎င်းအပြင် ရွှေနက် အဖွဲ့သားများကဘက်က သိသိသာသာပင် အသာစီး ရနေလျက်ရှိ၏။ မစ်ဆူ မိသားစုဝင်များက အပြင်းအထန် သတိချပ်ထားနေချိန်တွင် ရွှေနက် အဖွဲ့သားများက တိုက်ခိုက်ရန် စိုင်းပြင်းလာခဲ့ကြ၏။

တစ်နှစ်ပတ်လုံး သေခြင်းနှင့် ရှင်ခြင်းကြားတွင် ကျင်လည်နေကြသည့် လူများနှင့် တိုက်ခိုက်ရာတွင်တော့ မစ်ဆူမိသားစု၏ လူများမှာ ချို့ယွင်းနေဆဲ ဖြစ်လေသည်။

“ အခြေအနေက မဟန်ဘူးပဲ… ကားထဲမှာပဲနေ… ငါ သွားပြီး တစ်ချက် သွားကြည့်လိုက်ဦးမယ်..”

အာယာနဲ မစ်ဆူ လင်းရီ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ပြီး “ မသွားပါနဲ့… ကျွန်မ ရှင့်ကို ဒီခေါ်လာခဲ့တယ်ဆိုတာ ကူညီပေးစေချင်လို့ မဟုတ်ဘူး… ကျွန်မတို့က မိတ်ဆွေတွေလေ… အပြင်ဘက် အခြေအနေက သိပ်ကို အန္တရာယ်များလွန်းတယ်…”

လင်းရီ သူ့ခေါင်းကို အာယာနဲ မစ်ဆူဘက်သို့ လှည့်လိုက်ပြီး လေးနက်တည်ကြည်သည့် အသံဖြင့် “ ငါတို့က မိတ်ဆွေတွေဆိုမှတော့ မင်း ဒီစကားတွေ လာမပြောနဲ့တော့… မင်းဘက်မှာ ပြဿနာ ရှိနေရင် ကူညီပေးရမှာ ငါ့တာဝန်… ဒါ ငါတို့ဟွာရှမှာ စည်းမျဉ်းစည်းကမ်းပဲ…”

ပြောပြီးနောက် လင်းရီ အာယာနဲ မစ်ဆူ ဆုပ်ကိုင်ထားသည့် လက်ကို အသာယာသပ်ပြီး ကားထဲမှ ထွက်ခွာသွားလိုက်သည်။

သူ၏ သရုပ်ဆောင်မှုကို ပြန်တွေးကြည့်ပြီး သူ့ကိုယ်သူ ပြန်ကြွေသွားတော့၏။

‘ ငါဆိုသည်မှာ သရုပ်ဆောင်ဖြစ်ဖို့ မွေးဖွားလာတာပဲကွ…’

ကားထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ၏ အမူအရာသည် ချက်ချင်း တည်ကြည်လေးနက်သွားပြီး သူ့ အင်္ကျီ အစကို ဖြဲ၍ မျက်နှာတွင် စည်းလိုက်၏။ ထို့နောက် အယ်လက်ဆာထံ ပြေးဝင်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် မစ်ဆူ မိသားစုဝင်များမှ ဘက်မသာသည့် အခြေအနေသို့ ကျရောက်နေပြီး တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် လင်းရီ အယ်လက်ဆာနှင့် သွားပြီး ထိပ်တိုက်ရင်ဆိုင်သည်။

ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်၏။ အမှန်အတိုင်း ပြောရမည် ဆိုပါက သူနှင့် လင်းရီတို့မှာ ကြံရာပါများဟု ခေါ်ဆို၍ ရနေချေပြီ။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက်လုံးထံတွင် တူညီသည့် ရည်မှန်းချက်ကိုယ်စီ ရှိနေကြပြီး အာယာနဲ မစ်ဆူကို ဘက်စ်သတ္တုရိုင်း ပေးလိုက်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ယခုလို ပြေးဝင်လာရသည်မှာလည်း လင်းရီ အယ်လက်ဆာ၏ ခွန်အားကို စမ်းသပ်ကြည့်ရုံ သပ်သပ်သာဖြစ်၏။ အကြောင်းမူကား သူတို့နှစ်ယောက်မှာ မကြာမီ အသေအကြေ တိုက်ပွဲကို ဆင်နွှဲရတော့မည် ဖြစ်သောကြောင့်ပင်…။

လင်းရီကို စစမြင်ခြင်းတုန်းကတော့ အယ်လက်ဆာမှာ လင်းရီကို မည်သို့မျှ သဘောမထား။ သူမက သူ့ကို အခြားတူများနည်းသူ ပုရွက်ဆိတ်လေး သတ်ရသကဲ့သို့ သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

သို့သော်လည်း နှစ်ဖက် လက်သီးချက်များ ဖလှယ်ပြီးနောက် တစ်ဖက်သူ၏ ခွန်အားမှာ သူမ စိတ်ကူးထားသည်ထက် သာလွန်နေကြောင်းကို တွေ့ရှိလိုက်ရတော့၏။ သူမကို ခြိမ်းခြောက်နေသည့် အနေအထားသို့ပင် ရောက်ရှိနေချေသည်။

ဘန်း ဘန်း ဘန်း ဘန်း….

နှစ်ယောက်သား လက်သီးချက်များ ခြေကန်ချက်များ ဖလှယ်လိုက်ကြ၏။ ၎င်းတို့၏ လှုပ်ရှားမှုများက ပြင်းထန်နေကာ နှစ်ဖက်လုံးက အစွမ်းကုန် တိုက်ခိုက်နေခဲ့ကြသည်။

“ မစ်ဆူမိသားစုမှာ နင့်လိုမျိုး ကျွမ်းကျင်သူ တစ်ယောက် ရှိနေမယ်လို့ မျှော်လင့်မထားဘူး… ဒါပေမယ့် ကံဆိုးချင်တော့ ဒီနေ့ ငါနဲ့ လာတိုးတာပဲ… ငါ နင့်ကို ဖန်ဆင်းရှင်နဲ့ တွေ့ဖို့ ဖန်တီးပေးမယ်…”

အယ်လက်ဆာ၏ တိုက်ခိုက်လိုစိတ်မှာ အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်လာသည်။ လင်းရီပင် ဤ နိုင်ငံခြား အမျိုးသမီးမှာ အမှန်ပင် အမျိုးသမီးမှ ဟုတ်ပါရဲ့လားဟုတောင် အတွေးဝင်မိသွားခဲ့တော့သည်။ ဂျင်မီပင် သူမကဲ့သို့ ပြင်းထန် ကြမ်းတမ်းခြင်းမျိုး မရှိချေ။

ရွှေနက် ကော်ပိုရေးရှင်းတွင် သူမ၏ ရာထူး မြင့်မားနေသည်မှာလည်း ယခု အထူးအဆန်း မဟုတ်တော့။ သူမ၏ အင်အား အဆင့်က အမှန်ပင် ကောင်းမွန်လွန်းလှ၏။

ဘန်း….

လင်းရီ၏ အားနည်းချက်ကို တွေ့ရှိသွားပြီး အယ်လက်ဆာ လင်းရီ၏ ရင်ဘက်ကို အပိုင်ကန်ပစ်လိုက်သည်။

လင်းရီ၏ ခန္ဓာကိုယ် လွင့်ထွက်သွားခဲ့ပြီး နောက်ရှိ Hilux နှင့် ဝင်ဆောင့်မိသွားခဲ့၏။

အကယ်၍ သာမန်လူတစ်ဦးသာ ဖြစ်ခဲ့မည် ဆိုပါက ထိုကဲ့သို့ ပြင်းထန်သည့် ရိုက်ခတ်မှုကြောင့် ချက်ချင်း သွေးအန်သွားနိုင်သည်။

သို့သော် လင်းရီ၏ အရိုးကြံ့ခိုင်မှုမှာ သာမန်ညောင်ည မဟုတ်သဖြင့် ဤကဲ့သို့သော သက်ရောက်မှုမျိုးမှာ သူ့အတွက် အပျော့လေး ဖြစ်သွားခဲ့တော့၏။

“ ချီးပဲ… အဲ့ကောင်မကို တားကြစမ်းပါဟ…”

လင်းရီ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မစ်ဆူ မိသားစု၏ လူများမှ သူ့ဘက်ရှိ အခြေအနေ မကောင်းသည်ကို မြင်တော့ ချက်ချင်းပြေးလာပြီး ကူညီပေးကြသည်။

အယ်လက်ဆာ လင်းရီကို လျစ်လျူရှုထား၏။

သူမစိတ်ထဲ လင်းရီကို ခြင်းထဲကကြက်ဟု မှတ်ယူနေဟန်ပင်..။

လက်ရှိ အခြေအနေက သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး မည်သူကမျှ သူမကို ကျော်လွန်၍ သတ္တုရိုင်းများကို ယူဆောင်နိုင်မည် မဟုတ်ချေ။

ပရမ်းပတာ ဖြစ်နေစဉ်မှာပဲ လင်းရီ သူ့ဖုန်းကို ထုတ်၍ Hilux ၏ ဘော်ဒီကို ကိုင်လိုက်သည်။ ထို့နောက် အောက်ရှိ အက်ရာလေးထဲတွင် သူ့ဖုန်းကို မသိမသာ ညှပ်ထားလိုက်၏။

ဖြစ်စဉ်တစ်ခုလုံးက ငါးစက္ကန့်မျှပင် မကြာသဖြင့် မည်သူကမျှ လင်းရီ၏ လှုပ်ရှားမှုများကို သတိမပြုမိလိုက်ကြချေ။

မစ်ရှင်ကို ပြီးမြောက်အောင်မြင်ပြီးနောက် လင်းရီ တိုက်ခိုက်နေခြင်းကို ရပ်တန့်၍ တက္ကစီထံ ပြန်ပြေးလာခဲ့လိုက်သည်။

လင်းရီ ပြန်ဆုတ်သွားသည်ကို မြင်သော်လည်း အယ်လက်ဆာ နောက်မှ လိုက်မလာ။

သူမ၏ အဓိက မစ်ရှင်မှာ ဘက်စ် သတ္တုရိုင်းကို ကာကွယ်ရန်ဖြစ်ပြီး သတ္တုရိုင်းများ အဆင်ပြေသရွေ့ အခြား မည်သည်ကိုမျှ ဂရုစိုက်နေရန် မလိုချေ။

ကားထံသို့ ယိုင်တိယိုင်တိုင်ဖြင့် ပြန်လာရင်း အာယာနဲ မစ်ဆူမှာ အလွန်အမင်း စိုးထိတ်နေသည့် အခြေအနေသို့ ကျရောက်နေကြောင်းကို လင်းရီ သတိထားမိလိုက်သည်။

“ ရှင် အဆင်ပြေပါတယ်နော်… ဒဏ်ရာတွေကော ပြင်းပြင်းထန်ထန် ရသွားသေးလား…”

“ အဲ့ မိန်းမက သိပ်သန်မာလွန်းတယ်… ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. တကယ်လို့ ဆက်တိုက်နေဦးမယ်ဆိုရင် သေကောင်း သေသွားနိုင်တယ်… အဟွတ် အဟွတ် အဟွတ်..”

လင်းရီ ချောင်းသုံးလေးကြိမ်ခန့် ဆိုးလိုက်၏။ သို့သော် သူ၏ ဒဏ်ရာများက ပြင်းထန်ခြင်း မရှိသဖြင့် သွေးများက ထွက်ကျမလာသည်မှာဆိုးသည်။ မဟုတ်ပါက သူ၏ သရုပ်ဆောင်မှုမှာ ပို၍ပင် အသက်ဝင်သွားနိုင်သည်။

“ မလိုဘူး… မြန်မြန်ပြန်ကြစို့…”

အာယာနဲ မစ်ဆူမှာ ရှည်ရှည်ကို ပြေးကြည့်နိုင်သည့်လူပင်။ ယခု တိုက်ပွဲတွင် လင်းရီ အသာစီးရနေလျှင်တောင် ဤနေရာ၌ နေရန် အကြောင်းပြချက် မရှိပေ။ သူတစ်ဦးတည်းနှင့် အခြေအနေ ရလဒ် တစ်ခုလုံးကို ပြောင်းလဲရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

“ သွားစို့…. ငါတို့ မနိုင်ဘူးဆိုရင် ပြေးရမယ်…. ဒါ ဘဝက ပေးတဲ့ သင်ခန်းစာပဲ… ငါ့မှာ ဂရုစိုက်ရမယ့် ဇနီးနဲ့ သားသမီးတွေ ရှိသေးတယ်… ငါ ဒီမှာ သေလို့ မဖြစ်သေးဘူး….”

All Chapters