← Chapters

နောက်တစ်ကြိမ် အသုံးချခံ လူတစ်ယောက်

Vol. 79 Ch. 1184

နောက်တစ်ကြိမ် အသုံးချခံ လူတစ်ယောက်

Vol. 79 Ch. 1184

" မလိုပါဘူး.. စိတ်အေးအေးထားစမ်းပါ... "လင်းရီ သူမထံ သွား၍ နှစ်သိမ့်လိုက်ပြီး " မင်းမသွားနဲ့... ငါပဲ သွားလိုက်မယ်... "

" ငါက နင့်ကို ကူညီပေးချင်တာ.. ဘာပဲဆိုဆို ငါတို့ချင်းက ရင်းနှီးကြတယ်လေ... ဒီလိုမျိုး ကိစ္စကြီး ဖြစ်နေတာကို ဒီတိုင်း အခန်းထဲ နေမယ်ဆို အရမ်း အေးစက်လွန်းရာ ကျသွားမှာပေါ့.. နင့်အတွက်လည်း ဘယ်ကောင်းမှာလဲ... "

" မင်း ဆိုလိုချင်တာကို ငါ နားလည်တယ်... ဒါပေမယ့် တွေးကြည့်လိုက်လေ... ဒီကိစ္စက စလာကတည်းက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး... ပြီးတော့ ချင်းဟန်က သူ့ရဲ့ နာမည်ကို အသက်ထက်တောင် တန်ဖိုးထားတဲ့သူ ..သူများတွေ သိသွားခဲ့ရင် သူ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ... ဒါ ယောက်ျားချင်း ကိစ္စပါ... ငါပဲသွားပြီး သောက်ရင်း အဖော်လုပ်ပေးလိုက်မယ်... ဒီကောင် မူးပြီး မနက်ရောက်ရင် အဆင်ပြေသွားပါလိမ့်မယ်... "

" အမ်.... အင်း.... "

ကျီချင်းရန် စက္ကန့်အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေပြီးနောက် " နင်ပြောတာ ဟုတ်တယ်... ယောက်ျားတိုင်းက သူတို့ရဲ့ သိက္ခာကို ဂရုစိုက်တတ်ကြတယ်လေ.. သူ ဒီကိစ္စကို တခြားသူတွေ မသိစေချင်လောက်ဘူး... မဟုတ်ရင် သူ နင့်တစ်ယောက်တည်းကို ခေါ်သွားမှာ မဟုတ်ဘူး... "

" အမှန်ပဲ.... အဲ့တာ နောက်ကွယ်က သင့်တင့်တဲ့ အကြောင်းပြချက်ပဲ.. "

ကျီချင်းရန် လင်းရီ၏ အ၀တ်အစားများကို ထုတ်ပေးလိုက်ပြီး " နင့်ဖုန်းက ပျောက်သွားတယ်မလား.. ငါ့ဟာ အရင်သုံးထားနှင့်လိုက်.. "

" အင်းပါ... ငါ အခု သွားနေပြီ... စောစီးနားတော့နော်... စိတ်မပူနဲ့... "

" အွန်း... "

မကြာမီ လင်းရီ အ၀တ်လဲပြုလို့ ပြီးသွားခဲ့၏။ ကျီချင်းရန်ကို တွန့်ဆုတ်စွာဖြင့် နှုတ်ဆက်စကားဆိုပြီးနောက် သူ တိတ်တိတ်လေး ချင်းဟန်၏ အခန်းဘက် လျှောက်လှမ်းလာသည်။

သူ ချင်းဟန်၏ တံခါးကို ခေါက်တော့မည့်စဲစဲမှာပဲ လင်းရီ လက်ပြန်ရုတ်လိုက်၏။

အကယ်၍ သူသာ ယခု လောလောဆယ် တံခါးခေါက်လိုက်မည်ဆိုပါက ချင်းဟန် မီးဖိုချောင်သုံး ဓားနှင့် အသင့်စောင့်နေမှာကို ကြောက်ရသည်။

သူ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် လင်းရီ အောက်ရှိ ကောင်တာထံ သွား၍ မာစတာကီး တစ်ကတ် တောင်းလိုက်သည်။

အခြားလူများက ယခုလို တောင်းဆိုရန် အရည်အချင်း ပြည့်မှီမည် မဟုတ်သော်လည်းပဲ တာ၀န်ကျ ဟိုတယ်မန်နေဂျာမှာ လင်းရီနှင့် ရင်းနှီးနေသည့် အပြင် ဟွာရှ၏ အကြီးစား တိုင်ကွန်း၊ လင်းယွင်အုပ်စု၏ ဥက္ကဌဖြစ်သည်ကို သိရှိနေပြီး ဟိုတယ်၏ ဖောက်သည်ကြီး ဖြစ်နေသောကြောင့် လင်းရီ၏ တောင်းဆိုလာမှုများကို အကောင်းဆုံး ဖြည့်ဆည်းပေးရန် တာ၀န်ရှိလာလေသည်။

မာစတာကီးကတ်နှင့်အတူ လင်းရီ ချင်းဟန်၏ အခန်းရှေ့သို့ သွား၍ တံခါးကို ညင်သာစွာ ဖွင့်လိုက်၏။

အခန်းမှာ မှောင်မဲနေပြီး လင်းရီ အိပ်ခန်းထဲသို့ ခြေဖျားထောက် ၀င်လာခဲ့လေသည်။ လင်းရီ မီးဖွင့်လိုက်တော့ ချင်းဟန်မှာ ၀က်အားတိုးဆေး ကျွေးထားသကဲ့သို့ တခေါခေါမြည်၍ အိပ်ပျော်နေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် တွေးတောမိလိုက်၏။ အကယ်၍ ဤ စတေးခံသိုးကသာ အသုံး၀င်သေးမှန်း သိလျှင် လင်းရီ ချင်းဟန်ကို ပြန်လာခဲ့ခိုင်းလိုက်မည် မဟုတ်ချေ။

ယခုတော့ ကမ္မက တစ်ပတ်ပြန်လည်လာချေပြီ။

" ချင်းဟန်.. "

" ချင်း.... "

" ချင်းလောင်တ... "

လင်းရီ သုံးလေးကြိမ်ခန့် အသံပေးလိုက်သော်လည်း ချင်းဟန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်မလာခဲ့ချေ။ သူ၏ အသက်ရှူသံက ပို၍ပင် စည်းချက်ညီလာနေသည်။

" ငိုးမသားကတော့ ခုနလေးတင် ဖုန်းပြောထားတာကို ဒီလောက်ထိ အမြန် အိပ်ကျော်သွားရသလားဟ... "

ချင်းဟန် တုတ်တုတ်မလှုပ်သည်ကို မြင်တော့ လင်းရီ နောက်တစ်နည်း ညင်သာသည့် နည်းလမ်းသုံး၍ နိုးရန် ဆုံးဖြတ်လိုက်တော့သည်။

ဘုန်း...

သူ ချင်းဟန်ကို ကုတင်ပေါ်မှ ကန်ချပစ်လိုက်၏။

" အောင်မယ်လေးဗျ... "

ချင်းဟန် ချက်ချင်း မျက်လုံးပွင့်သွားခဲ့ပြီး ကြမ်းပြင်တွင်ထိုင်၍ ခြေထောက်ကုတ်လိုက်၏။ သူ့ဦးနှောက်က ကောင်းကောင်း မတုံ့ပြန်နိုင်သေးခင်မှာပဲ လင်းရီမှာ သူ့ရှေ့ ရောက်ချလာကြောင်းကို ကြောင်အစွာ မြင်တွေ့လိုက်ရတော့သည်။

" ဟာ... ချင်း... ညီလေးချင်း... ဘာဖြစ်တာလဲ.... အိပ်မက်ဆိုးတွေ မက်လို့လား...မပူနဲ့... မင်းရဲ့ အစ်ကိုကြီး တစ်ယောက်လုံး ဒီ ရောက်လာနေပြီ... "

လင်းရီ အကြောင်းပြချက် မရှိ သူ့အရှေ့ ရောက်လာခဲ့သည်ကို မြင်တော့ ချင်းဟန် တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး ဆက်တိုက် ကျိန်ဆဲတော့၏။

" မင်း ... ခွေးသူတောင်းစား... ငါမင်းကို သတ်မယ်... ဖုန်းထဲမှာ -ီး-ီး-ား-ားတွေ ပြောနေတာလား.. မင်းကြောင့် ငါ့သိက္ခာတွေ ကုန်းကောက်စရာတောင် မကျန်တော့ဘူး.. "

" စိတ်လျှော့ စိတ်လျှော့ ....ညီလေးချင်းကလည်း မင်း အသံကို တိုးစမ်းပါဟ... ငါ တောင်းဆိုစရာ ရှိတယ်.. နောက်တစ်ကြိမ်လောက်ပဲ ထပ်ကူညီပေးစမ်းပါကွာ... "

" မင်းကြောင့်နဲ့ ငါ တစ်နေ့လုံး အပြင်မှာ နေခဲ့ရပြီးပြီ.. မင်း ငါ့ကို ဘာထပ်လုပ်စေချင်နေတာတုန်း... ငါ့ကို အေးဆေးလေး ပေးအိပ်လို့ မရဘူးလား... "

" ဒါ အရေးပေါ်မို့ပါဟ.. ငါ အပြင်ထွက်ရမယ်... ကူညီပါဦးကွာ... "

" ငါ ဘယ်ဘ၀က မကောင်းမှုတွေကြောင့်မို့ မင်းလိုကောင်နဲ့ လာဆုံရလဲ မသိဘူး... ငါ ဒီလာပြီး နားရတာ နာရီ၀က်တောင် မကြာသေးဘူး.. အဲ့တာကို အခု ပြန်ထွက်သွားစေချင်နေတယ်... လျန်ကြီးနဲ့ ကောင်းကြီးကို သွားပြောပါ့လား... မင်း ငါ့ချည်းပဲ ဒုက္ခပေးနေလို့ မရဘူးလား... " " ဟ.. ငါ ခုနတင် ပြောပြီးပြီ မလား.. အဲ့နှစ်ကောင်က မင်းလောက် အရည်အချင်း မရှိဘူးလို့.. ဒီလိုမျိုး ခက်ခဲတဲ့ တာ၀န်တွေကို ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး.... "

" လစ်စမ်း လစ်စမ်း လစ်စမ်း... ငါ အိပ်ချင်ပြီ... "

" မင်း ညီကိုချင်း ကူညီပေးချင်ဘူးပေါ့... "

" ကူညီပေးဖို့က ပြဿနာ မရှိဘူး.. ဒါပေမယ့် မင်း သူများတွေရှေ့မှာ ငါ့အကြောင်း ကုန်းကောက်စရာ မရှိအောင် ပြောခဲ့တယ်.. ဒီတော့ မေ့လိုက်တော့... "

" ဒီလိုဆိုရင်ကော.. ငါ လျန်ရူရွှယ်ကို ပြောပေးပြီး မင်းတို့ မိသားစုရဲ့ ပရောဂျက်တချို့ အဆင်ပြေအောင် လုပ်ပေးမယ်လေ... မင်းတို့ မရှုံးစေရဘူးဆိုတာ အာမခံတယ်... "

" ငါ -ိုးပဲကွာ.... "

ချင်းဟန် မတ်တပ်ထရပ်လျက် ကျိန်ဆဲလိုက်ပြီး " ငါ ဒီတစ်ကြိမ် လက်ခံလိုက်ရင် ဘာဖြစ်မှာလဲ.. လွယ်လွယ်လေးနဲ့ သိမ်းသွင်းလို့ ရတဲ့ကောင်လား... ကောင်းပြီ ကောင်းပြီ.. ငါ ကံဆိုးတယ်ပဲ သဘောထားလိုက်မယ်.. ငါ့အဖေက မင်းကို ကောင်းတဲ့ကောင် မဟုတ်ဘူးလို့ ပြောတာ မဆန်းပါဘူး.... မင်း တကယ်ကို မကောင်းတဲ့ကောင်ပဲ... "

ချင်းဟန် မတ်တပ်ရပ်လိုက်ပြီး အင်္ကျီ အ၀တ်အစား လဲပြု၍ လင်းရီနှင့်အတူ ထွက်လာခဲ့လိုက်သည်။

အပြင်ဘက်တွင် ထိုးရပ်ထားသည့် တက္ကစီထဲ ၀င်ပြီးနောက် လင်းရီ ထိုင်ခုံခါးပတ် အမြန်ပတ်၍ ဟွန်ဒါအူဒို ဆိုသည့် နေရာကို မြေပုံတွင် အလျင်အမြန် ရိုက်ရှာလိုက်သည်။ ထို့နောက် လီဗာကို ချက်ချင်း နင်း၍ ထွက်ခွာလိုက်တော့၏။

ဆယ်မိနစ်ကျော်ကြာအောင် မောင်းနှင်ပြီးနောက် လင်းရီကားကို လမ်းဘေးထိုးရပ်လိုက်ပြီး " မင်း အင်္ကျီ ငါ့ကိုပေး.... "

" ငါ့အင်္ကျီ... မင်း ဘာလုပ်မို့တုန်း... "

" မမေးစမ်းနဲ့.. ငါ အတည်ပြောနေတာ... "

လင်းရီ၏ လေးနက်နေသည့် အမူအရာကိုမြင်တော့ ချင်းဟန် ဆက်လက် စကားနှိုက်မနေတော့ပဲ သူ၏ VANS ရှပ်ကို လင်းရီနှင့် လဲလိုက်၏။

" ရော့... "

လင်းရီ ဘာမျှ ပြန်မပြောသေးပဲ ချင်းဟန်၏ ဘောင်းဘီကို ကြည့်လိုက်သည်။

" ငါ-ိုးမ မင်း ဘာဖြစ်ချင်နေတာတုန်း... "

ချင်းဟန် သူ၏ အမေပေးသည့် မွေးရာပါ အမွေကို လက်ဖြင့် ကွယ်ထားပြီး အော်ဟစ်လိုက်၏။

" ညစ်တီးညစ်ပတ်တွေ မတွေးစမ်းနဲ့.. ငါ မိန်းမ ရှားတဲ့ကောင် မဟုတ်ဘူး... " လင်းရီ ပြောလိုက်ပြီး " မင်း ဘောင်းဘီပါ ချွတ်လိုက်.. ဒီတိုင်း ရှပ်ပဲ လဲ၀တ်လို့ အသုံးမ၀င်ဘူး... "

" ငါလခွမ်း.. မင်း ဘာသောက်ကျိုးနည်းတွေ လုပ်ချင်နေတာတုန်း... "

" အရေးကြီးတယ်.. မမေးနဲ့... မြန်မြန် ချွတ်စမ်းပါဟ.... "

လင်းရီ အချိန်ဆက် မဖြုန်းချင်တော့ပဲ သူ၏ ဘောင်းဘီများကို စချွတ်တော့သည်။ ကံကောင်းစွာဖြင့် နှစ်ယောက်၏ ဘော်ဒီဆိုဒ်က မကွာဟသောကြောင့် အင်္ကျီများ လဲ၀တ်သည်က ပြဿနာ မရှိချေ။

" အောင်မယ်လေး ဘုရား ဘုရား... "

နှစ်ယောက်သား အ၀တ်အစားများ လဲ၀တ်နေစဉ် ည ကင်းလှည့်သည့် အရာရှိ တစ်ဦး ဘေးနား ဖြတ်သန်းသွားသည့် အခိုက်အတန့်နှင့် သွားကြုံမိလေသည်။

သူ့ကို အံ့အားသင့်သွားစေသည်မှာ ကိုယ်တစ်ပိုင်း ဗလာကျင်းနေသည့် အမျိုးသား နှစ်ယောက်က ၎င်းတို့၏ ဘောင်းဘီများအား အသည်းအသန် ချွတ်နေကြသည်ကို မြင်တွေ့လိုက်ရခြင်းပင်...။ သူ ချက်ချင်းဆိုသလို မျက်နှာ အကြည့်လွှဲလိုက်ပြီး သက်ပြင်းချလျက် ထွက်ခွာသွားခဲ့၏။

" ဒီနေ့ ခေတ် လူငယ်တွေကတော့ကွာ... "

ကားထဲတွင်တော့ လင်းရီတို့နှစ်ယောက်မှာ အ၀တ်အစားများ လဲ၀တ်ပြီးကြပြီး အခြားသူများ မြင်တွေ့သွားခဲ့သည်ကို မသိရှိလိုက်ကြချေ။

" အမှန်အတိုင်းပြောရရင် ဥက္ကဌကျီ မင်းဖို့ ရွေးပေးတဲ့ အ၀တ်အစားတွေက မဆိုးဘူးကွ... တော်တော်လေး လန်းတယ်... "

" ဟုတ်လား... မင်းကြိုက်ရင် ယူလိုက်လေ.... "

လင်းရီသည်လည်း သူ၏ လုပ်ရပ်က နည်းနည်းလေး လွန်ရောကျွံရော ဖြစ်နေကာ ချင်းဟန်ကို တင့်သင့်သလောက် ပြန်လျော်ပေးသင့်သည်ဟု ခံစားနေရ၏။

" ဒါဆို ငါယူလိုက်ပြီ... " ချင်းဟန် ပြောလိုက်၏။

" မင်းနဲ့ အတူ ထွက်လာပြီး အင်္ကျီတွေလည်း လဲ၀တ်ပြီးပြီ.... အဆင်ပြေပြီမလား... "

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ယန်း ၂၀၀,၀၀၀ ကို ကမ်းပေးလိုက်သည်။

" ပိုက်ဆံက ဘာလုပ်ဖို့... "

" ဒီနားလေးမှာ အင်တာနက် ကဖေးတစ်ခု ရှိတယ်... အဲ့သွားပြီး တစ်ခန်းယူလိုက်... ဒီငွေတွေနဲ့ အသင့်စား ခေါက်ဆွဲထုပ်ရယ် ရေသန့်ရယ် ၀ယ်လို့လောက်တယ်.. ကျန်တာတော့ ဆေးလိပ်ဖိုးပေါ့... ညီကို ... ငါ မင်းအပေါ် ကောင်းတယ်.. ဟုတ်တယ်ဟုတ်... "

" ငါ ဒီတိုင်း ဟိုတယ် တစ်ခု ရှာပြီး သွားအိပ်လို့ မရဘူးလား... ဒီအချိန်ကြီး ဘယ်လခွမ်းက အင်တာနက် ကဖေးမှာ နေမှာတုန်း... "

" ထိုင်း(တုံးအ)လိုက်တာ... " လင်းရီ ပြောလိုက်ပြီး " မနက်အစောကြီး ဟိုတယ်သွားအိပ်တဲ့ ကောင်တွေက အားနည်းတဲ့ကောင်တွေပဲ... သန်မာတဲ့သူစစ်သည်တော်တွေက အင်တာနက် ကဖေးပဲ သွားတယ်... အဲ့တာကမှ တကယ့် တိုက်ပွဲကွင်းပြင်ပဲ..."

" မင်း မြေနိုး.... "

" သခင်လေးချင်က လူကောင်းပါ... သခင်လေးချင် အသက်ရာကျော် ရှည်ပါစေ.. "

" ချီးပဲ ချီးပဲ.. "

သို့နှင့် ချင်းဟန်သည် အညှာတာ ကင်းမဲ့စွာဖြင့် အင်တာနက် ကဖေးထံ ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။

ချင်းဟန် မနေနိုင်ဘဲ သူ့ မည်သည့် အတိတ်ဘ၀က မည်ကဲ့သို့သော ဆိုးရွားသည့် အမှုများကို ပြုခဲ့သောကြောင့် ယခုဘ၀တွင် လင်းရီကဲ့သို့ လူစားမျိုးနှင့် လာဆုံနေရသလဲဆိုတာ မေးခွန်းထုတ်မိသွားခဲ့၏။

All Chapters