← Chapters

လင်းဖန်၏ ကြမ္မာ

Vol. 91 Ch. 1261

လင်းဖန်၏ ကြမ္မာ

Vol. 91 Ch. 1261

“ကိစ္စတွေက ဘယ်လိုရှိလဲ”   ဝမ်ဝေ့က ထိုင်ပြီးသည့်နောက်တွင် မေးလိုက်သည်။

“ကောင်းပါတယ်”

ရှုရှစ်ကပြန်ဖြေလိုက်သည်။

“လက်ရှိအခြေအနေက ဒီလိုမဟုတ်ရင်တော့ ပိုပြီးတော့ ကောင်းလိမ့်မယ်”

ဒိုင်မေးရှင်းအမြင့်တွင် အရင်းအမြစ်များစွာ ရှိသည့်အပြင် သူတို့က ဧကရာဇ်ခုံလိုမျိုး ကြင်နာတတ်သည့် ဆရာတစ်ယောက်ပါ ရှိထားလေသည်။

“ငါ အဲ့လိုတော့ ပြောနိုင်ပါတယ်”  ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

သူက ထို၂ဦးသည် အုတ်မြစ်ပြန်လည်တည်ထောင်ရေးကို ပြီးမြောက်သွားကြောင်း သတိထားမိခဲ့သည်။ သူတို့က နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်ကာ ဆယ်ဆ တိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

“ကျောင်းအုပ်ပိုင်ဟန်ရော ဘယ်လိုလဲ။ သူ့ကိုမတွေ့ရတာတောင် ကြာပြီ”

ဝမ်ဝေ့က ထိုသူသည် သူ့ဖခင်နှင့် ပြန်လည်အဆင်ပြေသွားသည်လား တစ်နည်းနည်း သိချင်နေမိသည်။

“သူလည်း အဆင်ပြေနေပါတယ်”

လင်းဖန်က ပြောပြီးသည့်နောက်တွင် စကားဝိုင်းကို ပြောင်းလဲလိုက်သည်။

“စုယာက အခုထိ စိတ်မပြောင်းသေးဘူးမလား။ အားလုံး ထွက်လာပြီးတဲ့နောက်မှာ သူက ဒိုင်မေးရှင်းအနိမ့်မှာ ကျန်ခဲ့တယ်ဆို ဟုတ်လား”

ဝမ်ဝေ့က သူ့အား ကြည့်လိုက်သည်။

“ သူမက ဒိုင်မေးရှင်းအနိမ့်မှာပဲ ရှိသေးတယ်”

“ကောင်းတယ် ကောင်းတယ်”

သူက သုံးသပ်ရေရွတ်ပြီးသည့်နောက်တွင် သူ့မျက်ဝန်း၌ သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ထားခြင်း မရှိပေ။

“သူမကို သတ်လိုက်ရင် ဖြစ်လာမဲ့ အကျိုးဆက်ကိုတော့ ထည့်ပြီးစဥ်းစားပြီးပြီလား”

“ယင်စန္ဒာနန်း‌ဆောင်က အသင်္ချေဂိုဏ်းမဟာမိတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာကို သိတယ်။ ဒါပေမယ့် ငါသာ မြန်မြန်ဆန်ဆန် ကျင့်ကြံပြီး သူမကို သတ်နိုင်မယ်ဆိုရင် စွန်းစားမှုက နည်းမှာမလား”

“ပုံမှန်ဆိုရင်ပေါ့”  ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“စုယာက နောက်ထပ်ဇစ်မြစ်တစ်ခု ရှိနေသေးတာလား”  ရှုရှစ်က ချက်ချင်း မေးလိုက်၏။

သူတို့က အခြေအနေကို အကဲဖြတ်ကာ လုပ်ကြံသတ်ဖြတ်မှုကို စီစဥ်နေကြသည်။

“ယင်စန္ဒာနန်းဆောင်ရဲ့ အလိုဆန္ဒကျမ်းအကြောင်း ကြားဖူးလား”

“အဲဒါက သူတို့ဂိုဏ်းရဲ့ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်တစ်ခုဆိုတာကိုတော့ ကြားဖူးတယ်။ ပြီးတော့ ပုံရိပ်ယောင် စွမ်းအားနဲ့  လူတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တယ်လို့ သိကြတယ်လေ”

ရှုရှစ်က ပြန်ဖြေလိုက်သည်။

အသင်္ချေဂိုဏ်းမဟာမိတ်က ဂိုဏ်းများစွာပါဝင်သည့် အခမ်းအနားတစ်ခုကို ကျင်းပခဲ့ဖူးပြီး တစ်ခြားသောအာဏာရှင်များအပါအဝင် သူတို့က လူများကို စေလွှတ်ကာ သူတို့၏ တာအိုနှလုံးသားကို လေ့ကျင့်ခိုင်းခဲ့ကြသည်။ ထိုအင်အားစုက သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိကြသော်လည်း ထိုကျမ်းနှင့် ယှဥ်လိုက်ပါက နိမ့်ကျကြောင်း သိထားကြသည်။

ရှုရှစ်က ထိုစကားများ ပြောသည့်အခါ သူမ၏ မျက်နှာက အမူအရာ ပျက်ယွင်းနေလေ၏။ လင်းဖန်က တစ်စုံတစ်ခုကို သတိထားမိသွားသည်။

“အဲဒါများလား”

“ဟုတ်တယ်”

ဝမ်ဝေ့က သတိထားမိသွားသည်။

“လူတော်တော်များများက အဲ့ဒီ့ထဲမှာ အထက်ပိုင်းနဲ့ အနိမ့်ပိုင်းဆိုပြီး ခွဲခြားထားတာကို မသိကြဘူးလေ။ အထက်ပိုင်းကိုတော့ ချီယွီလျို့ချင် ရုပ်ခန္ဓာရှိတဲ့ စံပြကိုးယောက်က ဖန်တီးထားတာ။ အများစုက ကိုယ်တိုင် ဖန်တီးထားကြတာပေါ့။ ပြောရမယ်ဆိုရင် ဒိုင်မေးရှင်းအနိမ့်က လူအများစုက စံပြ ဖြစ်မလာနိုင်ကြဘူးလေ။

ပြီးတော့ အနိမ့်ပိုင်းကိုတော့ ဒိုင်မေးရှင်းအနိမ့်က ဧကရာဇ်တွေကပဲ ရေးသားနိုင်တာ။ စုယာက ဒိုင်မေးရှင်းအနိမ့်ရဲ့  ၈ယောက်မြောက်‌ ရေးသားသူ ဖြစ်လာလိမ့်မယ်။ အဲ့လိုဆိုတော့ နန်းဆောင်က သူမကို တန်ဖိုးကြီးကြီးထားမှာ သေချာတယ်။ အထူးသဖြင့် သူမက ထာဝရဧကရာဇ်တစ်‌ယောက် ဖြစ်လာတဲ့အချိန်မျိုးပေါ့”

ရှုရှစ်နှင့် လင်းဖန်က တိတ်ဆိတ်သွားကြသည်။ သူတို့က ယင်စန္ဒာနန်းဆောင်သည် မဟာမိတ်၏ ရှေးဦးစံပြ ၅ယောက်ထဲမှ တစ်ယောက်ကို မပျိုးထောင်နိုင်ခဲ့သည့်အတွက် ကံကောင်းသည်ဟု ထင်ခဲ့ကြ၏။ နှမျောစရာကောင်းလှစွာဖြင့် သူတို့က ဆိုးရွားဖွယ် အမှန်တရားနှင့် တွေ့ကြုံခဲ့ရသည်။ သူတို့နောက်ခံ၏ ကန့်သတ်ချက် ဖြစ်၏။ ဧကရာဇ်ခုံက မည်မျှပင်ကောင်းပြီး ကျောင်းတော်၏ အခြေအနေက မည်သို့ပင်ဖြစ်နေစေကာမူ သူတို့က အသစ်ဖြစ်နေသည့်အချက်ကို မပြောင်းလဲနိုင်ပေ။ ဆိုလိုသည်မှာ သူတို့က လျှို့ဝှက်ချက်များစွာကို သိခွင့် မရှိသေးပေ။

ထို့အပြင် ဤကဲ့သို့သော ရှေးဟောင်းမျိုးနွယ်များနှင့် ရင်ဆိုင်ရသည့်အခါ သူ့တို့ဘက်က ဒုက္ခတွေ့နိုင်၏။

“ဒါက သူမ တန်ဖိုးအကုန် မဟုတ်သေးဘူး”

ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ထပ်ရှိသေးတာလား”

ရှုရှစ်က မေးလိုက်သည်။

“ဒီခေတ်ကာလအဆုံးသတ်သွားတာနဲ့ ငါတို့တွေက အာဏာရှင် ၁၃ယောက်ခေတ်ကို ပြန်သွားမှာ မဟုတ်ဘူး။ နောင်ခေတ်ကာလက ထူးကဲသာလွန်မှုအတွက် ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်”

ရှုရှစ်နဲ့ လင်းဖန်က မျက်မှောင်ကြုတ်လိုက်ကြသည်။

ဧကရာဇ်ခုံက တစ်ခါက တူညီသည့်အရာကို ပြောခဲ့ဖူးသော်လည်း သူတို့မေးလိုက်သည့်အခါ ဘာမှထုတ်မပြောခဲ့ပေ။ သူတို့က ထိုကိစ္စရပ်မျိုးကို သိဖို့ရာအတွက် အင်မတန် အားနည်းလွန်းကြောင်းသာ ပြောခဲ့၏။

“စာအုပ် ပြီးမြောက်သွားတာနဲ့ ထူးကဲသာလွန်မှုလမ်းစဥ်ကို ဖော်ထုတ်ပြလာလိမ့်မယ်။ အဲဒါက နားမလည်နိုင်တဲ့ အနေအထားအထိ ရောက်ရှိသွားလိမ့်မယ်”

ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ သူက ထိုစကားများကို အဓိပ္ပာယ်မရှိ ပြောနေခြင်း မဟုတ်ပေ။  စိတ်နှလုံးသားအလိုဆန္ဒ နန်းတော်နှင့် တွေ့ဆုံးမှုအပြီးတွင် ထိုသူများက စိတ်ခံစားချက်၆မျိုး၊ လိုအင်ဆန္ဒ ၇မျိုးနှင့် စွဲလမ်းမှုပါဝင်သည့် ထူးကဲသာလွန်မှုလမ်းစဥ်ကို ကျွမ်းကျင်ထားကြောင်း ယုံကြည်လိုက်မိသည်။

“ထူးကဲသာလွန်မှုဆိုတာ ဘာလဲ”

ရှုရှစ်က မေးလိုက်သည်။

ဝမ်ဝေ့က ပါးစပ်ဟကာ ဖြေတော့မည့်ဆဲဆဲတွင် ထူးထူးဆန်းဆန်း လေထုတစ်ခုက အခန်းအတွင်း လွှမ်းခြုံသွားပြီး သူ့အား မိုးမြေလျှို့ဝှက်ချက်များကို ထိုပါမွှားများထံ အများကြီး မပြောဖို့ရာ သတိပေးနေလေ၏။

“ကောင်းပြီလေ။ မင်းတို့မြင်တဲ့အတိုင်း မင်းတို့၂ယောက်က ဒီလိုလျှို့ဝှက်ချက်မျိုးကို သိဖို့ အားနည်းလွန်းသေးတယ်။’

ဝမ်ဝေ့က ပခုံးတွန့်ကာ ပြောလိုက်၏။ သူက ထိုသူများအား ထိုလမ်းစဥ်နှင့်ပတ်သက်ပြီး သတင်းအချက်အလက် တစ်ချို့ကို ပြောပြခဲ့ဖူးသော်လည်း ဤတစ်ကြိမ် အသေးစိတ် ပြောပြဖို့ စီစဥ်ထားခဲ့သည်။ သို့သော်လည်း မဟာတာအိုက သူ့အပြုအမူနှင့် ပတ်သက်ပြီး ပျော်ရွှင်ဟန်မပေါ်ပေ။

ထိုစဥ် ရှုရှစ်နှင့် လင်းဖန်တို့၏ မျက်နှာက ဖြူဖျော့နေလေ၏။ အခန်းအတွင်း ကျဆင်းလာသည့် အရှိန်အဝါက အင်မတန် ကြောက်ဖို့ကောင်းလှသည်။

“ဒါပေမယ့် မင်းတို့တွေက သတင်းအချက်အလက်ကိုတော့ ကောက်ချက်ချနိုင်မှာပါ”

ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“နေမင်း၂စင်း”

လင်းဖန်က ရေရွတ်လိုက်သည်။ သူတို့က ထို၂ယောက်သည် စံပြအဆင့်ထက် ကျော်လွန်နေကြောင်း ခန့်မှန်းထားမိပြီးသား ဖြစ်၏။

“ဟုတ်တယ်။”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“အဲဒါဆိုတော့ ငါတို့တတ်နိုင်တဲ့အရာ ဘာမှမရှိဘူးပေါ့”

လင်းဖန်က သူ့မျက်ဝန်းထဲ အမုန်းတရားများ ဖြတ်ပြေးသွားကာ ပြောလိုက်သည်။

“ငါ အဲ့လိုတော့ မပြောခဲ့ပါဘူး”

ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် မင်းတို့တွေက နောက်ကျကျန်နေခဲ့ပြီဆိုတာနဲ့ လိုက်မမှီနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ အသင်္ချေဂိုဏ်း မဟာမိတ်ကလူတွေကို မဖိနှိပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီလမ်းစဥ်ကို လူတိုင်းလျှောက်နိုင်မယ်လို့များ ထင်နေလား”

မေတ္တယျက အမှန်တိုင်း ပြောနေသည်ဆိုပါက သူမက ထူးကဲသာလွန်မှုတစ်ပိုင်းလမ်းစဥ်ကို မည်သို့ရယူခဲ့ကြောင်း ကမ္ဘာကြီးနှင့် မျှဝေဖို့ စီစဥ်ထားလေသည်။ ထိုအရာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ အင်အားစုများအား ကျန်ရှိနေသော ဟွင်သွမ်းစကြဝဠာကြီးထက် တိုးတက်ဖို့ ပိုမိုကောင်းမွန်သည့် အခွင့်အရေးတစ်ခုကို ပေးသလို ဖြစ်လိမ့်မည်။ သို့သော်လည်း သူမ၏ ရက်ရောသည့် အပြုအမူများဖြင့်ပင် အောင်မြင်နိုင်သည့်သူအရေအတွက်က လက်တစ်ဖက်ဖြင့် ရေတွက်နိုင်လေ၏။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ဟွင်သွမ်းစကြဝဠာကြီး၏ ဗဟိုချက်ဖြစ်နေသည့်အတွက် အရေအတွက်က တစ်ခြားသူများထက် ၂ဆ၊ ၃ဆ ပိုမိုများနေနိုင်သည်။ ထုသို့ဆိုလျှင်ပင် ထိုကိစ္စဖြစ်လာနိုင်‌ဖို့အတွက် အချိန်အတော်ကြာမြင့်အုံးမည် ဖြစ်၏။

ထို့အပြင် ဝမ်ဝေ့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ထိုအခွင့်အရေးအတွက် ယှဥ်ပြိုင်ဖို့ရာ ပြောင်းရွှေ့လာသည့် နယ်ခြားများကိုပင် ခန့်မှန်းမိထားသည်။ ဤအခြေအနေက ဖရိုဖရဲဖြစ်လာမည်ဖြစ်ကာ ယခင်အာဏာရှင် ၁၃ယောက်၏ အင်အားစုတစ်ချို့က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို မွေးထုတ်ပေးနိုင်သည်အထိ ရှင်ကျန်နိုင်ပါ့မလား မသိရပေ။

သူက ထိုစာအုပ်၏ တန်ဖိုး၏ တန်ဖိုးကို လူများက သတိထားမိသွားသည်နှင့် ယင်စန္ဒာနန်းဆောင်အား ပစ်မှတ်ထားလာလိမ့်မည့်အကြောင်းကိုပင် ထည့်မပြောခဲ့ပေ။

ရှုရှစ်နှင့် လင်းဖန်တို့၏ အခြေအနေက ထင်ရသလောက် မျှော်လင့်ချက်ကင်းမဲ့နေဟန် မပေါ်ပေ။ သို့‌သော် သူတို့၏ ကျောင်းတော်က စံပြမျိုးနွယ်ပင် မဖြစ်သေးသည့်အတွက် သိပ်အခြေအနေတော့ မကောင်းလှပေ။

“ဒီသတင်းအချက်အလက်ကို ပြောပြပေးတာ ကျေးဇူးပါ”

ရှုရှစ်က သူမ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

“ဟုတ်တယ်။ ကျေးဇူးပါ”

လင်းဖန်က ထပ်ပြောလိုက်၏။ သူတို့က ထိုသတင်းအချက်အလက်ကို နောက်ပိုင်းတွင် သိလာနိုင်သော်လည်း ထူးကဲသာလွန်မှုနှင့်ပတ်သက်သည့် ကဏ္ဍကမူ မသေချာပေ။ အနည်းဆုံးတော့ သူတို့သိလိုက်ရသည့်အခါ နောက်ကျသွားနိုင်သည်။ ယခု သူတို့က အရာအားလုံးကို သိလိုက်ရသည့်အတွက် ဖြစ်ပျက်လာသမျှ ကိစ္စတိုင်းအတွက်  ကြိုတင်ပြင်ဆင်ထား၏။

“ကိစ္စမရှိပါဘူး။ “

ဝမ်ဝေ့က လက်ဝှေ့ကာ ပြောလိုက်သည်။

သူက သူတို့အား အကြောင်းအရင်း၂ခုအကြောင့် ပြောပြခဲ့ခြင်း ဖြစ်သည်။

ပထမဦးစွာ ရှုရှစ်က မိတ်ဆွေတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမကို အကူအညီတစ်ခု ပေးဖို့ရာ စိတ်ထဲမထားပေ။ သို့သော်လည်း ဤသည်က သူ့အဓိကရည်ရွယ်ချက် မဟုတ်သေးပေ။ သို့သော်လည်း လင်းဖန်၏ လက်ရှိအခြေအနေက သူ့အား ဝတ္ထုများထဲမှ လက်စားချေလိုသည့် အဓိကဇာတ်လိုက်များအကြောင်း ပြန်လည်အမှတ်ရသွားစေ၏။ ကံဆိုးစွာဖြင့် သူတို့၏ ပစ်မှတ်ကမူ အမုန်းတရားကို လက်စားမချေနိုင်ခင် ကျင့်ကြံဆင့် မြင့်မားအောင် ဖိအားပေးနိုင်သည့် အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်နေသည်။

ကံကောင်းမှုနှင့် ကြမ္မာက သူတို့၏ ရွေးချယ်ခံတွေကို လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့ တာဝန်တွေကိုပေးပြီးတော့ ထုတ်ဖော်လာကြတာ...

ဝမ်ဝေ့က တွေးလိုက်သည်။

လင်းဖန်က ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားရဲ့ နယ်ရုပ်တစ်ရုပ်အနေနဲ့ ယင်စန္ဒာနန်းဆောင်ကို လွှမ်းမိုးဖို့ ကံကြမ္မာကို ချီးမြှင့်ခံထားရတာပဲ …

မဟုတ်သေးဘူး။ ဧကရာဇ်ခုံရဲ့ကံကြမ္မာက မည်မျှဘယ်လောက်ပဲထူးဆန်းဆန်း အာဏာရှင် ၁၃ယောက်ထဲကတစ်ယောက်ကို လွှမ်းမို့ဖို့က သူတို့ရဲ့ တာဝန် ဖြစ်နေနိုင်တယ်။ ကံကောင်းတာက အသင်္ချေဂိုဏ်းမဟာမိတ်ဖြစ်နေလို့ပေါ့..

ထို၂ဦးက သူတို့၏ကြမ္မာသည် တာအိုအခွင့်အလမ်းဂိုဏ်းအား ပစ်မှတ်မထားခိုင်းသည့်အတွက် ကံကောင်းသွားကြလေသည်။ မဟုတ်ပါက ဝမ်ဝေ့သည် သူတို့အား ချက်ချင်းရှင်းထုတ်ပစ်မည် ဖြစ်သည်။

သူက ရှုရှစ်နှင့် မိတ်ဆွေဆက်ဆံရေးကြောင့် ချမ်းသာပေးမည် မဟုတ်ပေ။

“အဲဒါဆို ဘာလို့ အသင်္ချေဂိုဏ်းမဟာမိတ်လဲ...”

ဝမ်ဝေ့က တွေးလိုက်သည်။

ဒါက အာဏာရှင် ၁၃ယောက်ထဲက ကြုံရာကြာပန်း ရွေးချယ်လိုက်တာမဟုတ်ဘူးဆိုရင် သူတို့က ယင်ခင် အားအကောင်းဆုံးဖြစ်ခဲ့လို့လား..

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။

ဒါက ကျမ်းနဲ့သက်ဆိုင်နေလောက်တယ်...

ဒါက ထူးကဲသာလွန်မှုလမ်းစဥ်အတွက် ‌ရှေးပြေးပုံရိပ်တစ်ခုဆိုရင် သူတို့ဂိုဏ်းက အဲ့လိုအရာမျိုးရှိဖို့ ကံကောင်းမှုကို မသယ်ပိုးနိုင်တာမျိုး။ အဲဒါကြောင့် သူတို့ရဲ့ ပျက်သုန်းမှုက ကံကောင်းမှုတန်ပြန်သက်ရောက်မှုကြောင့် ဖြစ်သွားမှာပဲ...

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒီဟာက အကျိုးအကြောင်းသင့်ပေမယ့် တစ်ခုခုတော့ လိုအပ်နေသေးသလိုပဲ။ ငါ မမြင်ရတဲ့ ပုံရိပ်တစ်ခု ရှိနေသးတယ်...

ရှုရှစ်က ဝမ်ဝေ့အား ကြည့်လိုက်သည်။ သူမက သူ့ကို ကောင်းကောင်းသိထား၍ သူ မပြောပြသည့်အခါ သူ့ကို မေးနေ၍ အကျိုးမရှိကြောင်း သိထားလေသည်။ ထိုအမျိုးသား လုပ်သည့်အရာအားလုံးက တွက်ချက်ထားသည့်အတွက် သူက သတင်းအချက်အလက် မည်မျှမျှဝေဖို့ ဆုံးဖြတ်ထားပြီးသည့်အချိန် ထပ်မံမေးနေ၍ အကျိုးမရှိပေ။

“ကောင်းပြီလေ။ အခု‌တော့ ဒီလောက်ပဲ”

ဝမ်ဝေ့က ပြောလိုက်သည်။ သူက လင်းဖန်၏ အနာဂတ်ကို ကောက်ချက်ချလိုက်မိသည်။ ထိုအရာက အသင်္ချေဂိုဏ်းမဟာမိတ်နှင့် ဆန့်ကျင်မှုများနှင့် ပြည့်နှက်နေပြီး သူ့ကလေးကို ပြန်လည်အသက်သွင်းလိမ့်မည်။ သူ့မိတ်ဆွေက ထိုဝဲကတော့ထဲ ဆွဲသွင်းခံရသည့်အတွက် သိပ်မကောင်းသော်လည်း ရှုရှစ်က ထိုသူနှင့် မခွဲခွာလိုသ၍ သူ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။

ဝမ်ဝေ့ လုပ်နိုင်သည့်အရာ တစ်ခုတည်းသာရှိ၏။အချိန်မှန်၌ သူမအား ခင်ပွန်းဖြစ်သူ၏ ကြမ္မာထံ ဝါးမျိုခြင်းမခံရစေဘဲ ဧကရာဇ်ခုံ၏ ကြမ္မာပေါ် မှီခိုဖို့ရာ သတိပေးရမည်။ ထိုအရာက သူမအတွက် ထို၂ဦးနှင့် ယှဥ်နိုင်မည့် ကြမ္မာကို ရယူနေနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သော်လည်း အရမ်းတော့ မရိုးရှင်းလှပေ။

All Chapters