← Chapters

ကျောင်းတော်များ

Vol. 91 Ch. 1262

ကျောင်းတော်များ

Vol. 91 Ch. 1262

“ဧကရာဇ်ခုံက ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

“ထူးထူးခြားခြားမျိုးလား” ရှုရှစ်က ပြန်မေးလိုက်သည်။

“ဒီပွဲက ဘယ်လောက်တောင် ထူးဆန်းနေလဲ ဆိုတာမျိုးပေါ့”

“အာ … ဆရာက ဒီနေရာ ရောက်လာပြီးကတည်းက ထူးဆန်းနေတာပဲ” လင်းဖန်က ထပ်ပြောလိုက်သည်။

“သူ ရောက်လာကတည်းက ကျွန်မတို့ကို သူ တစ်ခုခု စစ်ဆေးကြည့်လိုက်ဦးမယ်ပြောပြီး ထွက်သွားတာပဲ။ တခြားဘာမှတော့ မပြောသေးဘူး” ရှုရှစ်က ခေါင်းညိတ်လိုက်၏။

အဲဆိုတော့ ခုံက ဒီဖြစ်ရပ်ရဲ့ တစိတ်တစ်ပိုင်း မဟုတ်ဘူးပေါ့ …

ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း ထိုသူနှင့် ရှုကျင်းယောင်တို့၏ ဆက်ဆံရေးဖြင့် သတင်းအချက်အလက်အမြောက်အများ ရလာနိုင်သည်။

“ဆရာနဲ့ တွေ့ချင်လား” ရှုရှစ်က မေးလိုက်၏။

“အဲလိုဆိုရင်တော့ အကောင်းဆုံးပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ အဲဆို သူ့ဆီ ပြောပြလိုက်ပါ့မယ်” ရှုရှစ်က ပြောလိုက်၏။ သုံးဦးသားက ကိစ္စများစွာအကြောင်း ပြောခဲ့ကြသည်။ အထူးသဖြင့် သူတို့ တက်လှမ်းလာကတည်းက အတွေ့အကြုံများ ဖြစ်၏။ အစားအစာက အရသာရှိသော်လည်း ဝမ်ဝေ့က သူ့အနာဂတ်ဇနီးလောင်းလေး ပြောပြသည့်အရာများကို  စိတ်ကူးကြည့်ပြီးသည့်နောက်တွင် အစားအသောက် စိတ်ပျက်နေမိသည်။ အရာအားလုံး ပြီးဆုံးသွားသည်နှင့် သူတို့က လမ်းခွဲလိုက်ကြ၏။

ဝမ်ဝေ့က သူ့တည်းခိုရာနေရာဆီ ပြန်ရောက်လာပြီး သူ့အချိန်အမှတ်အသားကို စတင်ကာကွယ်လိုက်သည်။ ဤအချိန်တိုအတွင်း သိသိသာသာ တိုးတက်စေဖို့ ခက်ခဲကြောင်း သတိထားမိခဲ့၍ လူအိုကြီးထျန်းကျိဆီမှ လှုံ့ဆော်မှုရထားသည့် နည်းလမ်းတစ်ခုကို ကြိုးစားကြည့်ခဲ့သည်။

သူက သေမျိုးများနှင့် သူ့ထက် အားနည်းသူများ၏ အချိန်အမှတ်အသားမြောက်များစွာကို အသုံးပြု၍ သူ့အမှတ်အသားကို ဖုံးကွယ်ထားလိုက်သည်။ သူက သေမျိုးများကို ထိန်းချုပ်ဖို့ ကံကြမ္မာမြစ်ကြောင်း ပုံရိပ်ယောင်ကိုပါ ဆင့်ခေါ်ခဲ့၏။ သူ့ထက် အားနည်းသည့် ကျင့်ကြံသူများအတွက်မူ ဝမ်ဝေ့က သူ့ကံကြမ္မာပြောင်းလဲရေးခန်းမမှ လူများကို အဓိကအသုံးချခဲ့သည်။ ထိုနည်းလမ်းဖြင့် စံပြတစ်ယောက်ပင် တခြားလူသန်းပေါင်များစွာ၏ အချိန်အမှတ်အသားများကို ဖြတ်ကျော်ပြီးမှ သူ့အပိုင်ကို ရှာတွေ့လိမ့်မည်။

…………….

ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ အနားယူရာ နေရာ

ရှုရှစ်နှင့် လင်းဖန်တို့က အိမ်ပြန်လာလိုက်ကြသည်။ ယနေ့တွေ့ဆုံမှုအပြီး သူတို့က စိတ်ထဲ ကိစ္စများစွာ ရှိနေကြ၏။ ထို့ကြောင့် သူတို့က အိမ်ပြန်လာပြီးသည့်နောက် တစ်နာရီကျော်ကြာ တိတ်ဆိတ်နေကြသည်။

“သိခဲ့ရတာတွေကို ဆရာဆီ ပြန်ပြောပြသင့်တယ်လို့ ထင်လား” လင်းဖန်က မေးလိုက်သည်။

“ အဲလိုလုပ်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်မတို့တွေ သူ့ဆီကနေ ကြာကြာဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးလေ”

“ဟုတ်တယ်”

သူတို့က ဧကရာဇ်ခုံ ပြန်ရောက်လာသည့်အထိ နာရီအနည်းငယ် စောင့်ဆိုင်းခဲ့ကြသည်။ ထိုသူက အာရုံများနေဟန်ပေါ်၏။ သို့သော်လည်း ခုံက သူ့တပည့်များကို မြင်လိုက်ရသည့်အခါ သူတို့က သူနှင့် စကားပြောချင်နေကြခြင်း တန်းသိလိုက်သည်။

“တစ်ခုခု ဖြစ်လို့လား”

“ဟုတ်ပါတယ်” ရှုရှစ်က ပြောလိုက်၏။ သူမက အချိန်ခဏယူကာ ဝမ်ဝေ့နှင့် တွေ့ဆုံတုန်း ပြောခဲ့သည့် အဖြစ်အပျက်များကို အားလုံးရှင်းပြလိုက်သည်။

“အသင်္ချေဂိုဏ်းမဟာမိတ်ပဲလား … ကြည့်ရတာ သူတို့က ငါတို့နဲ့ ရန်သူဖြစ်ဖို့ ကံကြမ္မာဖန်နေတဲ့ပုံပဲ” ဧကရာဇ်ခုံက သက်ပြင်းချလိုက်၏။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အလားအလာအကောင်းဆုံး ကျောင်းတော်က သဒ္ဒါတရားကျမ်းသစ္စာကျောင်းတော် ဖြစ်၏။ သူတို့က မဟာမိတ်၏ ထိပ်တန်းအဖွဲ့ဝင် ဖြစ်သလို ရှေးဦးစံပြငါးယောက်ထဲမှ တစ်နေရာကို ဆုပ်ကိုင်ထားသည်။

သို့သော်လည်း ဤခေတ်ကာလထဲ ကပ်ပါးများက ကျင့်ကြံသူများစွာအား ဆက်လက် လေ့ကျင့်ဖို့ ခွင့်မပြုလိုသည့်အပြင် ကျောင်းတော်က ကျင့်ကြံသူများများစွာအပေါ် ကံကြွေးကြောင့် များစွာလွှမ်းမိုးမှုရှိသည့်အချက်ကို သဘောမကျကြသည့်အတွက်  သူတို့အဖွဲ့ခွဲအားလုံးကို ရှင်းထုတ်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများ ပြုလုပ်ကြသည့်အတွက် ထိုကျောင်းတော်က အတော်လေး ထိခိုက်ခဲ့သည်။

ထို့နောက် ဧကရာဇ်ခုံက သူ့ဦးဆောင်မှုအောက်တွင် ကပ်ပါးများအား ကျောင်းတော်များကို ပြန်လည်ဖွင့်လှစ်ဖို့ ဖျောင်းဖျနိုင်ခဲ့သည်။ ထိုစဉ်ကတည်းက သဒ္ဒါတရားကျမ်းသစ္စာကျောင်းတော်က သူ့ကို ဆက်သွယ်ဖို့ လူများကို တိတ်တဆိတ် စေလွှတ်ခဲ့ကြသည်။ သူ့အား သူတို့အောက် ခေါ်ဆောင်ဖို့ ကြိုးစားခဲ့ခြင်း ရှိသလို ခြိမ်းခြောက်မှုများပင် ရှိခဲ့၏။

လှည့်ကွက်တချို့ တွေ့ကြုံပြီးသည့်နောက်တွင် ခုံက မဟာမိတ်သည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲ သူ့မြင့်တက်လာမှု၌ ကံကြမ္မာဖန်သည့် ရန်သူ ဖြစ်လာနိုင်ကြောင်း တွက်ဆထားပြီးသား ဖြစ်သည်။

“ယင်စန္ဒာနန်းဆောင်” ခုံက ရေရွတ်လိုက်သည်။

“ သူတို့က ဒီလိုအရေးပါတဲ့ ကဏ္ဍဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး” ခုံက ထိုစာအုပ်တွင် ထူးကဲသာလွန်မှုလမ်းစဉ်အကြောင်း မည်သို့ပါဝင်နေမည်ကို နားမလည်နိုင်သေးပေ။ ထို့နောက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားလေ၏။

လိုအင်ဆန္ဒစိတ်နှလုံးသားနန်းဆောင်လား ….

ခုံက သူ့ကျောင်းတော်၏ အုတ်မြစ်အတွက် ထိပ်တန်းမျိုးနွယ်များဆီမှ အပျက်အစီးများနှင့် မှတ်တမ်းများကို စုစည်းထားခဲ့၍ လျို့ဝှက်ချက်များကို သိထားလေသည်။

အဲဆိုရင် အင်အားစုတော်တော်များများက သူတို့ကို ကြောက်နေတာ အဓိပ္ပါယ်တော့ ရှိသွားပြီ …

ခုံက တွေးလိုက်၏။

အဲဒီအင်အားစုနှစ်ခုက အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင်ကတည်းက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေရှိနေခဲ့တယ်ဆိုရင် အရာအားလုံး အဓိပ္ပါယ်ရှိသွားပြီ …

ယခု သူက ထဲထဲဝင်ဝင်သိလာပြီဖြစ်ရာ ထိုသတင်းအချက်အလက်ကို မည်သို့အသုံးချရမလဲ စဉ်းစားလာမိသည်။ နှမြောဖို့ကောင်းလှစွာဖြင့် ယခုကား ထူးကဲသာလွန်မှုနှင့် ပတ်သက်ဖို့ ကျောင်းတော်က အားနည်းလွန်းနေသည်။

“ဆရာ ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ” လင်းဖန်က မေးလိုက်၏။

“ငါတို့တွေ အသင်္ချေဂိုဏ်းမဟာမိတ်ရဲ့ စံပြတွေ၊ ယွမ်ထီတွေ သေဆုံးသွားတာကို အခွင့်ကောင်းယူပြီး သူတို့ကို တတ်နိုင်သမျှ အားနည်းအောင် လုပ်ရမယ်” ခုံက ပြောလိုက်သည်။

“ကျွန်မတို့တွေ ဝမ်ဝေ့နဲ့ တွဲလုပ်လို့ ရနိုင်တာပဲ” ရှုရှစ်က ပြောလိုက်၏။

“သူ့အကျင့်စရိုက်နဲ့ဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းက အကောင်းဆုံး မဟုတ်တာကို လက်ခံမှာ မဟုတ်ဘူး။ တကယ်တော့ သူက အသင်္ချေဂိုဏ်းမဟာမိတ်ကို ဘယ်လိုအားနည်းအောင် လုပ်ရမလဲ စီစဉ်ပြီးသွားလောက်ပြီ ”

“အဲဒါက အကြံကောင်းပဲ” ခုံက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ မင်းတို့ ပြောတာသာ အမှန်ဆိုရင် ကိစ္စတွေ အဆုံးသတ်သွားတဲ့အခါ သူ ငါတို့ကို စတေးမသွားအောင်တော့ စောင့်ကြည့်ရမယ်”

“ဟုတ်တယ်” ရှုရှစ်က ခေါင်းညိတ်လိုက်၏။

“ဒါနဲ့ သူက ဆရာနဲ့ တွေ့ချင်နေတယ် ”

“အခု တရားဝင်တွေ့ရမဲ့ အချိန်ပဲ” ခုံက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ပွဲအခမ်းအနားပြီးတဲ့အထိ စောင့်ကြတာပေါ့”

ရှုကျင်းယောင်က သူ့အား ပြောပြဖို့ ငြင်းဆန်လိုက်သော်လည်း ဝမ်ဝေ့၏ တည်ရှိမှုနှင့် ကြမ္မာတို့ဖြင့် တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်လာတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိထားသည်။ ထို့ကြောင့် သူက ဝမ်ဝေ့နှင့် မတွေ့ခင် အရင်ဆုံး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“ဆရာ ကျွန်တော်တို့ဘက်မှာ တစ်ခုခုများ ဖြစ်လို့လား” လင်းဖန်က မေးလိုက်သည်။

ခုံ၏ အကြည့်များက ရုတ်တရက် လင်းလက်လာသည်။

“ ရှုကျင်းယောင်ဆီကနေ ငါတို့ဘက် အကျိုးမြတ်ရနိုင်မဲ့ သတင်းတချို့ ရလိုက်လို့ပါ။ အရင်က စွန့်စားရမှာမလို့ တုံ့ဆိုင်းနေခဲ့တာ အခု ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာနိုင်တယ်ဆိုတာ သိလိုက်ရပြီ ”

“အိုး …”

“အဲဒါက သေမျိုးစမ်းသပ်ချက်လို့ခေါ်တဲ့အရာပဲ” ခုံက အရာအားလုံးကို ရှင်းမပြခင် စကားစလိုက်သည်။

“ဒါက သတင်းကောင်းပဲ” လင်းဖန်က ပြောလိုက်သည်။

သူက စုယာသည် ဘယ်အချိန် တက်လှမ်းလာမှန်း မသိသော်လည်း သူမ တက်လှမ်းလာသည့်အခါ သူတို့ကျင့်ကြံဆင့်က ပိုမြင့်မားနေလေလေ အခြေအနေ ပိုကောင်းလေလေ ဖြစ်၏။

“ဝမ်ဝေ့ကိုြ တာအိုအခွင့်အလမ်းဂိုဏ်းဘက် ကူဖျောင်းဖျပေးစေချင်လား” ရှုရှစ်က မေးလိုက်သည်။

“အခုတော့ မလိုသေးဘူး” ခုံက ပြန်ဖြေလိုက်သည်။

“ရှုကျင်းယောင်က တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်နဲ့ ကိုယ်တိုင်တွေ့ပြီး ပြောမယ်လို့ မှာထားတယ်။ ဒါက အလုပ်မဖြစ်မှ ဝမ်ဝေ့ဆီကနေ ချည်းကပ်ကြည့်ကြတာပေါ့ ”

“ဟုတ်ကဲ့ပါ” သူမက ခေါင်းညိတ်လိုက်သည်။

“နောက်တစ်ခုက … မင်းတို့တွေ အခုချက်ချင်း ထွက်သွားလို့ လိုတယ်”  ခုံက ပြောလိုက်သည်။

“ဘာလို့လဲ”

“ အခြေအနေအကြောင်း သေချာမသိရပေမဲ့ အန္တရာယ်များမယ်ဆိုတာတော့ သိထားတယ်” ခုံက ရှင်းပြလိုက်သည်။

“အဲဆိုတော့ ကျွန်မတို့က အရမ်းအားနည်းနေလို့ပေါ့“ ရှုရှစ်က သူ မပြောလိုသည့်အရာကို ထုတ်ပြောလိုက်သည်။

“ မင်းတို့တွေက ငယ်ရွယ်ပြီး အလားအလာကောင်းတယ်။ အဲဆိုတော့ ကြီးထွားဖို့ အခွင့်အလမ်းတွေ ကျန်နေသေးတယ်” ခုံက သူတို့ကို ဖျောင်းဖျလိုက်သည်။

လင်းဖန်က သက်ပြင်းချလိုက်၏။

“နှမြောစရာပဲ”

“ဘာလဲ … ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးကို မတွေ့ရလို့ စိတ်မကောင်းဖြစ်နေတာလား” ရှုရှစ်က မေးလိုက်သည်။

“ မင်းရော မသိချင်ဘူးလား” လင်းဖန်က မေးလိုက်သည်။

“ လူတချို့ သူမကို ဖော်ညွှန်းပုံအရ သူမရဲ့ အလှတရားက နတ်ဘုရားတစ်ပါးဆီ သူတို့ရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်အားလုံး ပေးနိုင်တဲ့ အစွန်းရောက်ကိုးကွယ်သူတွေထက်တောင် သာတယ်တဲ့ ”

လင်းဖန် တွေ့ဖူးသည့် အရူးသွပ်ဆုံးလူများက အစွန်းရောက်ကိုးကွယ်သူများ ဖြစ်၏။ သူက တစ်ခါတုန်းက ယုံကြည်မှုလမ်းစဉ်ကို လျှောက်လှမ်းသည့် နတ်ဘုရားတစ်ပါးကို ခေါ်ဆောင်ဖို့ တော်လှန်ရေးဘက်မှ တာဝန်ကို ယူဖူးသည်။ သူ့ကိုးကွယ်သူများက တစ်ခြားတစ်ခု ဖြစ်၏။ သို့သော်လည်း ရှုကျင်းယောင်၏ အလှတရားကို ဖော်ညွှန်းကြသူများက ထိုထက်ပင် ပိုဆိုးနေကြသေးသည်။

လင်းဖန်က ထာဝရကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်သည် သူမ၏ အလှတရား အနှစ်သာရကို ပန်းချီထဲ ဖမ်းဆုပ်ဖို့ ကြိုးစားသော်လည်း ကျရှုံးသွားသည့်အတွက် ရူးသွပ်သွားသည်ဟု ကောလဟာလများပင် ကြားခဲ့ဖူးသည်။ သူက ထိုအရာကို ကောလဟာလဟု ထင်ထားခဲ့သော်လည်း သူ့ဆရာက အမှန်ဖြစ်ကြောင်း အတည်ပြုပေးခဲ့၏။

“ဆရာ သူမက တကယ်ကြီး အဲလောက် လှတာလား” လင်းဖန်က မေးလိုက်သည်။ ရှုရှစ်ကလည်း အဖြေကို သိလိုသည့်အလား ကြည့်လိုက်၏။ တစ်ခါက သူမသည် ကမ္ဘာ၏ အလှဆုံးအမျိုးသမီးဟူသော ဂုဏ်ပုဒ်ကို လက်ခံဖူးသော်လည်း ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးတွင် သူမနှင့် ယှဉ်နိုင်သည့် လူတချို့ ရှိနေလေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲ၌ သူမ၏ အလှတရားက ထိပ်ဆုံး အယောက် ၁၀ ဒါမှမဟုတ် ၂၀ ထဲ ပါဝင်နေနိုင်သည်။

“ဟမ် ဘယ်လိုပြောရပါ့” ခုံက ရေရွတ်လိုက်သည်။

“အလှတရားကို ကြည့်ရှုသူ မျက်လုံးထဲ ရှိတယ်ဆိုတာ သိတယ်မလား”

သူတို့က ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီလေ … သူမက အဲဒီစကားရဲ ပြယုဒ်ပဲ ”

ရှုရှစ်နှင့် လင်းဖန်တို့က ဤသို့ပြောလိမ့်မည်ဟု ထင်မထားကြပေ။ အနှစ်ချုပ်အားဖြင့် သူတို့က သူမ၏ အလှတရားအကြောင်း မျိုးနွယ်နှင့် စံနှုန်းများပင် ကျော်လွန်နေကြောင်း ပြောလိမ့်မည်ဟု ထင်ထားကြသည်။ ထို့ကြောင့် သူတို့က သူ့အား နှမြောတသစွာဖြင့် ကြည့်လိုက်ကြ၏။

“သူမနဲ့ ကိုယ်တိုင်တွေ့လိုက်ရင် ငါ ပြောတာကို နားလည်သွားလိမ့်မယ်” ခုံက ပြောလိုက်၏။

“အခု ထွက်သွားဖို့ ပြင်ကြတော့။ မင်းတို့တွေကို ဒီဖရိုဖရဲကိစ္စထဲ ဝင်မပါစေချင်ဘူး ”

နှစ်ယောက်သားက ထွက်သွားဖို့ ပြင်ဆင်လိုက်ကြသည်။ ရှုရှစ်က ရေပူစမ်းကမ္ဘာမှ ထွက်မသွားခင် ဝမ်ဝေ့နှင့် တွေ့ဆုံဖို့ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုစဉ် ဝမ်ဝေ့က သူ့အချိန်အမှတ်အသားကို ဝှက်ထားဖို့ အကောင်းဆုံး ကြိုးစားနေရှာသည်။

ကောင်းကင်အလှတရားနန်းဆောင်က အလယ်ဗဟိုချက်သို့ ကျရောက်လာသည်။ သုံးရက်ကြာမြင့်ပြီးသည့်နောက် ပွဲအခမ်းအနား စတင်ပြီဖြစ်ကာ ရုတ်ရုတ်သည်းသည်း ဖြစ်လာစေသည်။ ထိုနေ့ရက်၌ အထူးဧည့်သည်များ၊ သာမာန်ဧည့်သည်များနှင့် ဖိတ်ကြားချက်မရှိသူများဖြင့် စုံလင်နေ၏။

အထူးဧည့်သည်များကမူ ပွဲအခမ်းအနားထက် သီးသန့်အခန်းငယ်များ ရှိလေသည်။ သူတို့က ပထမဆုံး ရောက်လာသူများ ဖြစ်ကာ အများစုက လူသိရှင်ကြား ကြေညာခြင်းမရှိဘဲ တိတ်ဆိတ်စွာ နေနေကြသည်။

ရှောင်ထျန်းတိက ဝမ်ဝေ့အား ကြင်နာစွာဖြင့် အထူးဧည့်သည် ဖိတ်ကြားချက်ကို ပေးခဲ့ခြင်း ဖြစ်၏။

All Chapters