ပြီးပြည့်စုံတဲ့ အလှတရား
Vol. 91 Ch. 1264
“ဒီလိုအရာမျိုး ရှိသေးတယ်လား” တစ်ယောက်ယောက်က ရေရွတ်လိုက်သည်။
“ဖြစ်နိုင်လောက်ပါတယ်။ သူက ဒီပွဲအခမ်းအနားကို အတုကြီး ယူလာရလောက်အောင်တော့ မတုံးလောက်ပါဘူး”
“ဘယ်သူသိမှာလဲ။ အဲဒီလူတွေက မိန်းကလေးရှုကျင်းယောင်ရဲ့ မျက်နှာသာပေးမှုရဖို့ ဘာမဆိုလုပ်ကြမဲ့လူတွေလေ” နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။
“မင်း မှားနေပြီ” တတိယလူက ဝင်ပြောလိုက်၏။
“မင်း တစ်ခုခု သိထားလို့လား ”
“ဟော်သဲ့ ပြီးပြည့်စုံတဲ့ မျက်ရည်စက်က တည်ရှိတယ်။ မသေမျိုး ပြီးပြည့်စုံမှုကို လေ့လာတဲ့နေရာမှာ တိုးတက်မှုရှိတဲ့လူတွေကပဲ အဲဒါကို ဖွဲ့စည်းနိုင်တာ … ဒါပေမဲ့ အချိန်ရော၊ အားစိုက်ထုတ်မှုရော လိုအပ်တော့ မတန်ပါဘူးကွာ ”
“အဲဆိုတော့ ဒီလူက ပညာရှင်ပေါ့ ”
“အဲလိုလည်း မဟုတ်ဘူး။ သူ တစ်နေရာရာကနေ တွေ့လာတာ ဖြစ်နိုင်တာပဲ”
“ပြီးပြည့်စုံတဲ့ မျက်ရည်စက် … မိန်းကလေးရှုက ဒီလိုအရာမျိုးရဲ့ ပြန်လည်ဝင်စားမှုလို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်။ အဲဆိုရင် သူ့လက်ဆောင်က တကယ်ကို ပြီးပြည့်စုံမနေဘူးလား ”
တစ်ယောက်က ထုတ်ပြောလိုက်သည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထို့နောက် အားကျမနာလိုဖြစ်မှုတို့ ထွက်ပေါ်လာ၏။ အားလုံးက ထိုသို့သော လက်ဆောင်မျိုးကို သူတို့ တွေးမိဖို့ ဒါမှမဟုတ် ရယူနိုင်စွမ်းရှိဖို့ မျှော်လင့်နေကြသည်။
ဒုတိယအထပ် …
“တကယ်ကို အတွေးကောင်းတဲ့ လက်ဆောင်ပဲ” ဝူဟုန်က ပြောလိုက်၏။
“ဟုတ်တယ်မလား” ဝမ်ဝေ့က သေရည်တစ်ငုံသောက်ရင်း ပြန်ဖြေလိုက်သည်။ သူက ပြီးပြည့်စုံသည့် အငွေ့အသက်နှင့် သူ့သွေးစက်တချို့ဖြင့် ထိုအရာကို ဖန်တီးထားခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူက မျက်ရည်စက်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် သက်ရောက်မှုကို မသိထားပါက အောင်မြင်မည် မဟုတ်ပေ။
“ကိုယ့်စိတ်ထင်ပဲလား ဒါမှမဟုတ် မနာလိုဖြစ်တာကို ကြားလိုက်ရတာလား” ဝမ်ဝေ့က ရယ်မောရင်း ပြောလိုက်သည်။
“ဆုတောင်းနေလိုက်လေ”
“စိတ်မပူပါနဲ့ … မင်းဆီ လက်ဆောင်ယူလာတဲ့အခါကျ ကိုယ်တိုင်သေချာတွေးထားတဲ့အရာမျိုးပဲ ဖြစ်မှာပါ”
ဝူဟုန်က မျက်လုံးဝေ့ကြည့်လိုစိတ်ကို ထိန်းထားပြီး ဆက်သောက်လိုက်သည်။
ဝမ်ဝေ့ ယူလာသည့် လက်ဆောင်က မိန်းကလေးရှုအပေါ် အမြင်ကောင်းရှိစေသည့်အတွက် ထိုအရာကို မှတ်ထားဖို့ ဆုံးဖြတ်ထားကြသည့် လူတော်တော်များများ ရှိသော်လည်း ပွဲအခမ်းနားက ဆက်လက်ကျင်းပနေသည်။ ထိုလူများ၏ တွေးခေါ်ပုံအရ ဝေ့ထျန်းသည် သခင်လေးနှင့် ရွယ်တူ ဖြစ်သည့်အတွက် သူက မဟာဧကရာဇ်အဆင့်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် လူများစွာက သူ့ကို တိတ်တဆိတ် ပညာပေးဖို့ တွေးနေကြသလို တချို့လူများက သူ့ကို သုတ်သင်ပစ်ဖို့အထိ စီစဉ်နေကြ၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ဒီပွဲအခမ်းနားကို တက်ရောက်ပေးတာ ကျေးဇူးပါရှင့်” ကြေညာသူက ဆက်ပြောလိုက်သည်။ သူမ၏ အသံက တည်ငြိမ်ကာ ဆက်တိုက် ပျံ့လွှင့်နေဆဲ ဖြစ်၏။
“ ဒါပေမဲ့ ပွဲအခမ်းအနားက ကန့်သတ်ထားတော့ အားလုံး ပါဝင်ဆင်နွဲနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဖိတ်စာမရထားတဲ့လူတွေအတွက် အပြင်ဘက်မှာ နေရာစီစဉ်ပေးထားပါတယ်။ အထဲမှာ ဖြစ်ပျက်သမျှအရာအားလုံးကို ပြသပေးမဲ့ အစီအရင်တွေလည်း ရှိပါလိမ့်မယ်ရှင့် ”
သူမက ထိုစကားများ ပြောလိုက်သည်နှင့် သူမနှင့် သူမ၏ ရက်ရောမှုအတွက် နန်းဆောင်ကို ကျေးဇူးတင်သံများ ပျံ့လွှင့်လာသည်။ ဖိတ်စာမပါသည့် လူအရေအတွက်က ကျန်လူများထက် အဆတစ်ရာလောက် ပိုများပြား၏။ ထိုလူများက ဖိတ်ကြားမခံရဘဲ ပေါ်ထွက်လာရသည်မှာ မျက်နှာပျက်ဖို့ကောင်းကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့၏ အပြုအမူက သိပ်မကောင်းလှသော်လည်း နန်းဆောင်ဘက်က သူတို့အပေါ် ကြင်ကြင်နာနာ ဆက်ဆံပေးသည်ကို လေးစားနေကြသည်။
ကြေညာသူက ထိုလူများ၏ လေးစားမှုကို လက်ခံလိုက်ပြီး ဆက်ပြောလိုက်သည်။
“အခု အားလုံးကို ဖြေရှင်းပြီးပြီဆိုတော့ ပွဲအခမ်းနားကို စတင်ပါ့မယ်။ ဂုဏ်ကျက်သရေရှိ ဧည့်သည်တော်တို့၊ အလေးစားခံ မသေမျိုးအပေါင်း၊ မဟာဧကရာဇ်၊ ကောင်းကင်ဘုံအရှင်တို့ ကျွန်မတို့ နန်းဆောင်သခင်ကို ကြိုဆိုလိုက်ရအောင်ပါ … ”
ပထမအထပ်ရှိ လူအားလုံးက ထရပ်လိုက်ကြသည်။ ထိုခန်းမက ကျယ်လှ၍ လူများစွာက ကိုယ်ပိုင်စားပွဲငယ်လေးများ၌ ထိုင်နေကြသည်။ အခန်းက စတုဂံသဏ္ဍာန် ဖြစ်ကာ စင်မြင့်က အနောက်ဘက်တွင် တည်ရှိ၏။ ထို့နောက် နန်းဆောင်ကို လွှမ်းခြုံသွားသည့် စွဲမက်ဖွယ် ရနံ့တစ်ခုနှင့်အတူ ရောင်စုံပန်းပွင့်များနှင့် နတ်မိမယ်ပိစိလေးများအတူ လိုက်ပါလာသည်။
အမျိုးသမီးတစ်ဦးက ထိုခန်းမအတွင်း လျှောက်လှမ်းလာလေ၏။ သူမက သူမအနောက်ဘက်တွင် သုံးမီတာကျော်ရှည်လျားသည့် အဖြူနှင့်အဝါ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ဆံကေသာတန်ဆာဆင်ဖို့ ရွှေရောင်ဇာမဏီဆံထိုးကို ဝတ်ဆင်ထားလေ၏။ ထိုစဉ် သူမဝတ်ရုံ၏ အပေါ်ပိုင်းက ကြော့ရှင်းကာ တော်ဝင်ဆန်လှသော်လည်း အောက်ပိုင်းရောက်လာသည့်အခါ ကလေးလေးပင် အားကျရလောက်သည့် ခြေတံဖြူဖြူသွယ်သွယ်တို့ကို ထုတ်ပြထားသည်။
သူမက အခန်းအတွင်း လျှောက်လှမ်းလာသည့်အခါ လူများစွာက အသက်ရှုအောင့်လိုက်မိကြသည်။ သူတို့၏ အသက်ရှုသံက သူမခန္ဓာကိုယ်မှ ထုတ်လွှင့်နေသည့် သဘာဝစည်းချက်များကို ပျက်ပြားသွားစေမည်ကို စိုးထိတ်နေကြ၏။ အခန်းထဲရှိ အလင်းရောင်က သူမ ရပ်နေသည့်နေရာကလွဲ၍ ကျန်နေရာများက မှေးမှိန်သွားလေသည်။ ဤသည်က သူမ လုပ်လိုက်သည့်အရာ မဟုတ်ဘဲ သူမ၏ ကောင်းကင်ဘုံသွေဖယ်နေသည့် အလှတရား သက်ရောက်မှုသာ ဖြစ်၏။
ရှုကျင်းယောင်ကို တာအိုအသံများကပါ အဖော်ပြုပေးလာလေရာ သူမ လျှောက်လှမ်းလာသည့် မြေကြီးကပင် ပိုအသက်ဝင်လာသကဲ့သို့ ဖြစ်လာပြီး သူမ နင်းလျှောက်ခံရသည်ကား ကောင်းချီးအလား ဖြစ်နေသည်။ ပထမအထပ်ရှိ လူအားလုံးက သူမအားကို တငေးတမောကြည့်နေကြသည်။
တကယ်တော့ ထိုလူများ တွေ့ကြုံခံစားရသည့် ပျော်ရွင်မှုက ပြင်းထန်လွန်း၍ သူတို့ဝိညာဉ်အထိပါ သက်ရောက်မှု ဖြစ်လာစေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ သူတို့ကိုယ်သူတို့ ထိန်းချုပ်ပြီး သီးသန့်ကျင့်ကြံရေးဝင်ရောက်လိုက်ပါက သူတို့အတိတ်မှ အတားအဆီးများ လျော့ကျသွားပြီး သူတို့၏ ကျင့်ကြံနှုန်း ၂၀ ရာခိုင်နှုန်း ကောင်းချီး ရရှိလိုက်သည်ကို သဘောပေါက်သွားလိမ့်မည်။
ဒုတိယအထပ်တွင် ဝမ်ဝေ့က ရှုကျင်းယောင်ကို ကြည့်ပြီးသည့်နောက်တွင် ကြောင်အမ်းသွားလေ၏။
“ရှင် ဘာမြင်လဲ” ဝူဟုန်က ရုတ်တရက် မေးလိုက်သည်။
“မင်းကို မြင်တယ် … ဒါပေမဲ့ ပိုပြီးပြည့်စုံတယ်” ဝမ်ဝေ့က မိန်းမောစွာ ဖြေလိုက်သည်။ နောက်ဆုံးတွင် လူများစွာက သူမအပေါ် စွဲလမ်းနေရသည့်အချက်အား နားလည်သွားလေပြီ။ သူမကို မည်သူ ကြည့်စေကာမူ သူတို့က အလှပဆုံးဟု တွေးထင်ထားသည့် အကောင်းဆုံးပုံစံကို မြင်တွေ့ရမည် ဖြစ်၏။
တခြားနည်းဖြင့်ပြောရလျှင် သူတို့၏ လက်တွဲဖော်ကသာ အကောင်းဆုံးဟု ထင်ထားသည့် လူများအတွက် သူတို့ မြင်တွေ့ရမည့်အရာကား လက်တွဲဖော်ကို အကောင်းဆုံး ပုံစံ ဖြစ်လိမ့်မည်။ သို့သော်လည်း ဤသို့မဟုတ်ပါက သူတို့သဘောကျသည့် အလှတရားပုံစံကိုသာ မြင်တွေ့ရလိမ့်မည်။ အရိုးရှင်းဆုံးနည်းဖြင့်ပြောရလျှင် ရှုကျင်းယောင်၏ ပြီးပြည့်စုံသည့် အလှတရားက သူမ မျက်နှာအထက် တစ်ချိန်လုံး အလှအပ စိစစ်ထုတ်ရေးကိရိယာတစ်ခု ပါနေသကဲ့သို့ ဖြစ်သည်။
“ခဏ” ဝမ်ဝေ့က ဝူဟုန်ကို ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်၏။
“အခုလေးတင် ကိုယ့်အပေါ် စိတ်ဝိညာဉ်အရိပ်အမြွက် အသုံးပြုလိုက်တာလား”
“ရှင့်ကို အမှန်အတိုင်းပြောစေချင်ရုံပါ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ရှုကျင်းယောင်ကို ဆက်ကြည့်လိုက်သည်။ သူက သေရည်တစ်ငုံသောက်လိုက်သော်လည်း အရသာမရှိတော့ပေ။
ရှုကျင်းယောင်က ဝမ်ဝေ့၏ အခန်းငယ်ဘက် မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ သူမက သူမ တွေ့လိုသူသည် ထိုနေရာတွင် ရှိကြောင်း ပြောနိုင်လေ၏။ သူမက ထိုသူသည် သူမတပည့် ဖိတ်ကြားခဲ့သူ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအရာက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်၏။ သူ့ထူးထူးဆန်းဆန်း အပြုအမူများအကြောင်း ရှင်းပြပြီးသား ဖြစ်သွားလေပြီ။
မဟုတ်သေးဘူး … တိုက်ဆိုင်မှု မဟုတ်ဘူး
ဒါက ကံကြမ္မာပဲ …
ရှုကျင်းယောင်က တွေးလိုက်သည်။ ထို့နောက် သူမက ပြုံးလိုက်ရာ အခန်းတစ်ခုလုံး တောက်ပသွားတော့သည်။
“ ကျွန်မရဲ့ အခမ်းအနားကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ”
သူမက လက်နှစ်ဖက်ယှက်ကာ အားလုံးကို နှုတ်ဆက်လိုက်သည်။ သူမ၏ သာယာဖွယ်အသံက အခန်းအတွင်း ပျံ့လွှင့်လာလေ၏။
“ဒါက ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ” ပထမအထပ်မှ လူများက ပြောလိုက်ကြသည်။ သူတို့၏ အသံက ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်နေကြ၏။ သို့သော်လည်း ဒုတိယအထပ်ရှိ ကောင်းကင်ဘုံအရှင်တစ်ယောက်က ရုတ်တရက် ကောက်ပြောလိုက်သည်။
“မိန်းကလေးရှုကျင်းယောင်ရဲ့ ထာဝရ အလှတရား၊ အဆုံးမဲ့အောင်မြင်မှုနဲ့ အဆုံးစွန်မဲ့ ကုသိုလ်တို့က ကျင့်ကြံရေးခရီးတစ်လျှောက် တည်ရှိနေပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ”
တခြားလူများကလည်း တုံ့ပြန်မှု နှေးကွေးသွားသည့်အတွက် ကိုယ့်ဘာသာ ကျိန်ဆဲနေကြသည်။ ထို့ကြောင့် အားလုံးက ပြိုင်တူ ပြောလိုက်ကြ၏။
“မိန်းကလေးရှုကျင်းယောင်ရဲ့ ထာဝရ အလှတရား …. ”
“ကျေးဇူးပါ” ရှုကျင်းယောင်က စစ်မှန်စွာ ပြုံးလိုက်ရင်း အားလုံးကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။
“ ကျွန်မဆီမှာ ဝါသနာနှစ်ခု ရှိပါတယ်။ အစားကောင်းတွေကို နှစ်သက်တာနဲ့ အနုပညာကို ခုံမင်တာပါ .. အခု ပွဲအခမ်းအနားရဲ့ ပထမအပိုင်းမှာ အဲလိုလုပ်မှာပါ” သူမက သူမ၏ နေရာရှေ့တွင် သေးငယ်သည့် နေရာတစ်ခုကို လက်ညိုးထိုးပြလိုက်သည်။
“တကယ်လို့ တစ်ယောက်ယောက် သူတို့ရဲ့ အရည်အချင်းကို ပြသချင်တယ်ဆိုရင် အခု အချိန်ပါပဲ” ပထမအထပ်မှ လူတစ်ယောက်က သွက်လက်စွာဖြင့် သူမ စကားမဆုံးခင် ထိုနေရာဆီ ရောက်ရှိနေပြီ ဖြစ်၏။
“မိန်းကလေးရှု … ကျုပ်က ကောင်းကင်ဘုံ နှလုံးသားတေးပါ။ ကျုပ်က မင်းအတွက် ဒီသီချင်းကို ယွမ်ခေတ်ကာလ သုံးသောင်း ရေးသားခဲ့တာပါ ”
“ရှင့်အကြောင်း ကြားဖူးပါတယ်” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်၏။ ထိုအမျိုးသားက လက်ရှိအနေအထားအထိ တဖြည်းဖြည်း တက်လှမ်းလာသည့် အဆင့်နိမ့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် တေးသီငှက်နတ်ဆိုး ဖြစ်သည့်အတွက် အနည်းငယ် ကျော်ကြားလေသည်။ သူက အသံတာအို၌ ထူးချွန်ပြောင်မြောက်သည့် အောင်မြင်မှုများ ရရှိထားသည့် ဂီတပညာရှင်တစ်ယောက် ဖြစ်၏။
နှလုံးသားတေးက ထိုစကားကြောင့် ပျော်ရွင်သွားလေသည်။ သို့သော် သူက သူ့ဘာသာ အလျှင်အမြန် ထိန်းချုပ်လိုက်၏။ သူက မျက်လုံးကို ပိတ်ထားပြီး အကောင်းဆုံးအနေအထားရောက်အောင် ထိန်းထားလိုက်သည်။
…………..
ဒုတိယအထပ် …
“ရှင် စိတ်တိုနေတာမလား” ဝူဟုန်က ပြောလိုက်သည်။
ဝမ်ဝေ့က ဘာမှပြန်မပြောပေ။ သူ့စားပွဲအထက် စားစရာများ ပေါ်လာသည်။ ထိုအရာများက စပျစ်သီးနှင့်တူသည့် သစ်သီးများ ဖြစ်ကာ သူတို့က အနီ၊ အပြာနှင့် ခရမ်းရောင်တို့ ဖြစ်ကြသည်။ သူက နေမင်း၊ လမင်းနှင့် ကြယ်တာရာတို့၏ စွမ်းအားများကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက မြည်းစမ်းကြည့်လိုက်သည်။ သူတို့က အရသာထူးကဲလှပြီး ဝိညာဉ်အတွက် အကျိုးကျေးဇူးရှိသော်လည်း သူက အရသာသုံးမျိုး စမ်းပြီးသည့်နောက် ရပ်တန့်လိုက်သည်။
“လျစ်လျူရှုထားတာလား … ဒါက နည်းနည်းမရင့်ကျက်ဘူး မဟုတ်ဘူးလား” ဝူဟုန်က ဆက်ပြောလိုက်သည်။
ဝမ်ဝေ့က သူ့ကိုယ်ပိုင်သေရည်အိုးကို ထုတ်ကာ သောက်လိုက်သည်။ သူက သူ့အား မူးဝေစေသည့် ခံစားချက်ပေးစွမ်းနိုင်သည့် အပြင်းဆုံးသေရည်ကို ရွေးချယ်လိုက်၏။
ဝူဟုန်က သက်ပြင်းချလိုက်သည်။ သူမအနေနှင့် သူ စိတ်ဆိုးလိမ့်မည်မှန်း သိထားလေသည်။ ထို့အပြင် လွတ်လပ်မှုနောက်လိုက်နေပြီး ထိန်းချုပ်ခံရတာကို မုန်းတီးသူတစ်ယောက်အပေါ် လွှမ်းမိုးလိုက်ခြင်းက အင်မတန် ဆိုးရွားလွန်းလှသည်။
“ရှင် ဒီလိုတုံ့ပြန်မယ်ဆိုတာ သိတယ်။ အဲဒါကြောင့် ရှင့်အတွက် ဒါယူလာတာ”
သူမလက်ထဲတွင် သေတ္တာငယ်လေးတစ်လုံး ပေါ်ထွက်လာသည်။ ထိုအထဲတွင် နဂါးပုံသဏ္ဍာန်ရှိသည့် တာအိုသင်္ကေတများ ပါဝင်နေသော အနီရောင်ဆေးလုံးတစ်လုံး ရှိနေသည်။ ဝမ်ဝေ့က ထိုအရာကို ကြည့်ကာ ချက်ချင်း တန်းမှတ်မိလိုက်သည်။ ထိုအရာက ကမ္ဘာဦးအဆီအနှစ် ကောင်းချီးဆေးလုံး ဖြစ်၏။ ထိုအရာကို သူသာ ဆဌမ ကောင်းကင်ဘုံအဆင့် မတိုင်ခင် သောက်သုံးနိုင်သရွေ့ အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရားအဆင့်ကို သုံးဆင့် ခုန်တက်သွားနိုင်သည်။
တခြားနည်းဖြင့်ပြောရလျှင် တတိယကောင်းကင်ဘုံအဆင့် ရောက်ရှိပြီး ဆေးလုံးသောက်သုံးလိုက်ပါက ဝမ်ဝေ့သည် သတ္တမကောင်းကင်ဘုံအဆင့် တန်းရောက်သွားလိမ့်မည်။ ထိုအရာက ရှားပါးနေသည်မှာ ကောင်းကင်ဘုံအဆင့်သာ သောက်သုံးနိုင်သော်လည်း ပါဝင်ပစ္စည်းများနှင့် စံပြအဆင့် ဆေးဖော်စပ်သူ ဖော်စပ်ဖို့ လိုအပ်နေ၍ ဖြစ်သည်။
သူက ဆေးလုံးကို ကြည့်လိုက်၏။ သူက ထိုအရာကို မထိဘဲ သူမကို စိုက်ကြည့်လိုက်သည်။
“အခုထိ တောင်းပန်စကားကို မကြားရသေးဘူး ”
“တကယ်ကို စိတ်မကောင်းပါဘူး” ဝူဟုန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
ဝမ်ဝေ့က သူမအား စိုက်ကြည့်လိုက်၏။ သူက သူမ လုပ်ခဲ့သည့်အကြောင်းအရင်းကို နားလည်ထားလေသည်။ သူမက သူမ၏ တခြားကိုယ်ပွားလောက် မယုံကြည်နိုင်သေးသည့်အတွက် နားလည်၍ ရပေသည်။ သို့သော်လည်း သူက စိတ်မပျော်ပေ။
“ မင်းက ကိုယ့်ဆီကနေ လေးစားမှု၊ နားလည်မှုနဲ့ တည်ငြိမ်အေးဆေးတဲ့ အမူအကျင့်မျိုးကို လိုအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း မင်းဆီကနေ ထပ်တူပြန်လိုအပ်မှန်း မင်း နားလည်ထားသင့်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေါ့” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“နောက်ထပ် ထပ်မဖြစ်စေရဘူးလို့ ကတိပေးတယ်”
“ကောင်းပြီလေ။ မင်းကို ခွင့်လွတ်ပေးလိုက်မယ်” ဝမ်ဝေ့က ပြောလိုက်၏။
“ဒါပေမဲ့ ပါးပေါ် အနမ်းတစ်ပွင့် လိုချင်တယ်”
“လာကံစမ်းမနေနဲ့ ”
ဝမ်ဝေ့က အညံခံသည့်ဟန်ဖြင့် လက်ကို မြောက်လိုက်သည်။ သူက အပြုံးတစ်ပွင့်ဖြင့် ဆေးလုံးကို သိမ်းဆည်းလိုက်သည်။ သူက သေရည်ကို သောက်သုံးနေသော်လည်း ထိုအရာက ယခုအခိုက်အတန့်အတွက် ပြင်းထန်လွန်းသည်ဟု ခံစားမိကာ သူ့မျောက်သေရည်ကိုသာ ဆက်သောက်လိုက်သည်။