ပျောက်ဆုံးသွားသော ခေတ်ကာလ
Vol. 91 Ch. 1266
ဝမ်ဝေ့ရှေ့ အစားအစာအသစ်တစ်မျိုး ပေါ်ထွက်လာပြီး ထိုအရာက ပျော့အိအိအရာနှင့် တူနေသည်။ သူ့အနေနှင့် ထိုအရာသည် နဂါးကျောရိုး ပုတ်သင်ညိုဟု ခေါ်သည့် သက်ရှိဆီမှ ကျောရိုးခြင်ဆီဖြစ်မှန်း သတိထားမိဖို့ ခဏကြာမြင့်ခဲ့သည်။ ထိုအရာက ကောင်းကင်ဘုံအရှင်၏ ဝိညာဉ်ကို ၃၀ ရာခိုင်နှုန်း တိုးမြင့်ပေးနိုင်၏။
ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ တစ်ခါတစ်ရံတွင် အားကောင်းလွန်းနေသည်ကလည်း ကျိန်စာတစ်ခု ဖြစ်၏။ သူက ဖြည်းဖြည်းချင်း စားလိုက်စဉ် မှတ်တမ်းထဲကအတိုင်း အတော်လေး အရသာရှိလှ၏။
“ဒါနဲ့ ရှုကျင်းယောင်ရဲ့ မျက်နှာမဲ့ အခြေအနေက ဘယ်လိုလုပ် ကိစ္စကြီးကြီးမားမား မဟုတ်ရတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“အဲဒီနှစ်ယောက်ကလွဲရင် ဘယ်သူမှ ထိုးဖောက်မမြင်နိုင်ဘူးလေ” ဝူဟုန်က ကျောရိုးခြင်ဆီကို မြည်းစမ်းရင်း ပြန်ဖြေလိုက်သည်။
“စံပြတွေအပါအဝင် ဘယ်သူကမှလား”
“ဟုတ်တယ်”
“အဲဆို မင်းကရော ”
“သူမက ပြခဲ့တာလေ” ဝူဟုန်က ပြောလိုက်သည်။
“ သူမက ကျွန်မကို သူမရဲ့ ပြစ်ချက်ကို စည်းပိတ်ပေးပြီး မျက်နှာတစ်ခုပေးစေချင်တာ … နှမြောဖို့ကောင်းတာက ကျွန်မလည်း မတတ်နိုင်ခဲ့ဘူး”
“အဲလိုဆိုရင်” ဝမ်ဝေ့က သူမ၏ စကားမှ အရေးကြီးသည့်အစိတ်အပိုင်းကို ဖမ်းဆုပ်မိလိုက်သည်။
“ပြီးပြည့်စုံတဲ့ အုတ်မြစ်နဲ့ ပြီးပြည့်စုံမှုအကြောင်း ဖတ်ပြီးတဲ့နောက်မှာ ချို့ယွင်းချက် စည်းတံဆိပ်ကို လုပ်နိုင်တယ်လို့ ထင်ခဲ့တာ”
“ချို့ယွင်းချက်တဲ့လား။ ပြီးပြည့်စုံမှုရဲ့ အနှစ်သာရက ထူးကဲသာလွန်မှုအဆင့် ဖြစ်နေလို့မလား ”
“ဟုတ်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“အဲဒါကြောင့် ကျွန်မရဲ့ စည်းတံဆိပ်က သူမကို သာမန်မျက်နှာတစ်ခုတော့ ပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်။ အခု ကျွန်မ အဲလိုလုပ်ချင်ပါ့မလား မသိတော့ဘူး”
“ဘာလို့လဲ”
“ရှင့်လိုမျိုးပေါ့” ဝူဟုန်က ရှင်းပြလိုက်သည်။
“သက်ရှိအားလုံးထဲမှာ သူမက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရနိုင်ခြေအမြင့်ဆုံး ရှိထားတယ်။ တကယ်လို့ ကျွန်မသာ လှုပ်ရှားလိုက်ရင် သူမရဲ့ အလားအလာကို ဖျက်ဆီးသလို ဖြစ်သွားလိမ့်မယ်”
“ သူမကို ရွေးချယ်စေချင်လား ”
“ဒါပေမဲ့ သူမက ရှင့်ကို မြင်ပြီးတဲ့နောက်မှ”
“ကိုယ်နဲ့ ဘာများဆိုင်နေလို့လဲ”
“ရှင် သိပါလိမ့်မယ်”
“ အမှန်တရားကို ဖြည်းဖြည်းချင်း ထုတ်ပြောပြီး ပဟေဠိ ဖွက်ရတာ ကြိုက်တဲ့ အဲဒီလူအိုကြီးတွေလို မလုပ်ပါနဲ့ ”
ဝူဟုန်က မျက်လုံးဝေ့ကာ “ တချို့ကိစ္စတွေက ကျွန်မကိစ္စ မဟုတ်ဘူးလေ”
“ လာပါ .. ကိုယ့်ကို တစ်ခုလောက်ပြောပြ”
“ သူမဆီမှာ ကျော်လွှားရမဲ့ စိတ်အတားအဆီးတစ်ခု ရှိတယ်။ ရှင်နဲ့ တွေ့ဆုံလိုက်တာက သော့ချက်ပဲ။ အဲဒါပဲ ပြောပြမယ်”
ဝမ်ဝေ့က သူမအား ကြည့်လိုက်သည်။
“ အဲဒီအကြည့်က ဘာလဲ”
“ သူမနဲ့ ဆက်ဆံရေးက ဆရာတပည့်လိုမျိုး ဘာလို့ခံစားမိပါ့လိမ့်”
“အဲလိုမဟုတ်ပါဘူး” ဝူဟုန်က ခေါင်းယမ်းလိုက်သည်။
“ရှင် သိတဲ့အတိုင်း ကျွန်မ ကြီးထွားလာတဲ့အချိန်အတွင်းမှာ အမျိုးသမီးစံပြတွေဆီကနေ အကူအညီအများကြီး ရခဲ့တယ်။ ကျွန်မရဲ့ ကျေးဇူတင်မှုကို ဖော်ပြဖို့အတွက် အလားအလာကောင်းတဲ့ အမျိုးသမီးကျင့်ကြံသူတွေအတွက်လည်း အဲလိုအတူတူ ပြန်လုပ်ပေးဖြစ်တယ်လေ”
“အမျိုးသမီး စွမ်းပကားပေါ့” ဝမ်ဝေ့က လက်သီးယမ်းကာ ပြောလိုက်သည်။
ဝူဟုန်က ထပ်မံ မျက်လုံးဝေ့ကာ ကြည့်လိုက်သည်။
“ အဲဒီစကားက ဘာပါလိမ့် … အာ ကြက်သီးထစရာကြီး”
“အာ့” ဝမ်ဝေ့က ထိနှက်ချက် ပြင်းပြင်း ထိမှန်သလို ခံစားလိုက်ရသည်။
အိမ်မက်ထဲက အမျိုးသမီးဆီမှ ကြက်သီးထစရာကြီးလို့ အပြောခံရသည်ထက် ဆိုးရွားသည့်အရာ မရှိတော့ပေ။ ဤသို့သော စိတ်အခြေအနေမျိုးက အမျိုးသားကို ချက်ချင်း သတ်ပစ်နိုင်သည်။
“ဒါက ပြင်းထန်လိုက်တာ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“သူမအပေါ် အဲဒီနှစ်ယောက်ရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလဲ”
“ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ မေတ္တယျက သူမကို သေချာပေါက် လေ့လာလိမ့်မယ်။ ဒါပေမဲ့ အန္တိမသဟဇာတကတော့ မလုပ်ရဲတာမျိုး ဒါမှမဟုတ် သတိကြီးကြီးထားတာမျိုးပေါ့” ဝူဟုန်က ရှင်းပြလိုက်သည်။
“အဲလိုက အဓိပ္ပါယ်ရှိပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ သူ့နည်းလမ်းက ကောင်းကင်တာအိုကို လွှမ်းမိုးလိုက်တာ ပါဝင်နေတာလေ။ အဲဒါက မဟာတာအိုရဲ့ အပိုင်လေ … အဲဒီနည်းလမ်းကို တားမြစ်ချက်အဖြစ် သတ်မှတ်မခံရတာကို အံ့ဩမိသား … တကယ်လို့ သူသာ ပြီးပြည့်စုံမှုအဖြစ် ပြောင်းလဲနိုင်ရင် မဟာတာအိုက ဝင်စွက်ဖက်ပြီး သူ့ကို ရှင်းထုတ်ပစ်လောက်တယ်”
“သူ့နည်းလမ်းက တားမြစ်ချက် အသေးစားလေးပေါ့” ဝူဟုန်က ဝန်ခံလိုက်သည်။
“အဲလိုလား”
“ဒုတိယမူလစစ်ပွဲအပြီးမှာ အကြွင်းမဲ့တားမြစ်ချက်လို့ ခေါ်တာက ချီယွမ်က ကာလံဒေသံကို ဖြတ်ကျော်ပြီး တည်ရှိနေတဲ့ ထူးကဲသာလွန်မှုနည်းလမ်းတွေကို စမ်းသပ်ချက်တစ်ခုအဖြစ် ဖွဲ့စည်းဆင့်ခေါ်ဖို့ လုပ်ခဲ့တယ်လေ။ ဒါပေမဲ့ နည်းလမ်းအများစုက မဟာတာအိုရဲ့ စံနှုန်းတွေအရ တားဆီးခံရတာမျိုး၊ ပိတ်ပင်ထားတာမျိုးတွေချည်းပဲ ”
“အဓိပ္ပါယ်ရှိပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက မဟာတာအိုသည် လူများအား ပိုမြင့်မားသည့် အဆင့်အနေအထားသို့ ရောက်လိုသော်လည်း စည်းမျဉ်းစည်းကမ်းအတွင်း ရှိရမည်ဟု ကောက်ချက်ချခဲ့ဖူးသည်။
“ဘိုးဘေးရဲ့ အစီအစဉ်က အပေါ်ယံမှာ အတော်လေးပြောင်မြောက်ပေမဲ့ အဲဒီစမ်းသပ်ချက်မှာ ကိစ္စတော်တော် မှားယွင်းသွားမှာကို ကြိုမြင်နေပြီ ”
“ရှင် တွေးကြည့်မိမှာကို မဟုတ်ဘူး” ဝူဟုန်က သက်ပြင်းချလိုက်သည်။
“ အဲဒီနေရာမှာ အချိန်တွေက ထပ်နေတာ … အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က ဆက်တိုက် တည်ရှိနေတာလေ။ မဟာတာအိုက ဟိုးရှေးအချိန်ကတည်းက အသက်ဝင်ဆုံးလို့ပြောရအောင် ဝင်စွက်ဖက်ခဲ့တယ်။ နောက်ဆုံးမှာ ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေ ပေါ်ထွက်လာတယ်ဆိုတာတော့ သေချာတယ်” ဝူဟုန်က အားလုံးသည် သူတို့မှတ်ဉာဏ်တစိတ်တပိုင်း ပျောက်ဆုံးနေသည့်အတွက် အသေအချာ မပြောနိုင်ပေ။
ဝမ်ဝေ့၏ အကြည့်များက တောက်ပလာသည်။ သူက ထိုကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်သည် မည်မျှအံ့ဩဖို့ကောင်းကြောင်း တွေးကြည့်နေသည်။
“ခဏ … ဘိုးဘေး တိုက်ပွဲရူးက အချိန်အပြောင်းအလဲဖြစ်ရပ်တချို့ကြောင့် သက်ရောက်ခံလိုက်ရတယ်ဆိုတာ ကောက်ချက်ချမိတယ်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ခေတ်ကာလတစ်ခုလုံး ပျောက်ဆုံးသွားတဲ့အချက်လည်း ရှိသေးတယ်။ အဲဒါက အကြွင်းမဲ့တားမြစ်ချက်နဲ့ သက်ဆိုင်နေတာလား”
ဝူဟုန်၏ မျက်နှာအထက် ရွံ့ရှာဖွယ် အမူအရာမျိုး ပေါ်လာသည်။ ဝမ်ဝေ့က သူမအား ထိုသို့အမူအရာမျိုး ရှိသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
“ အဲဒီအစုတ်ပလုတ် ကျိန်စာသခင်” သူမက အံ့ကြိတ်ကာ ရေရွတ်လိုက်သည်။
“အမုန်းတရားတွေ ကြီးလိုက်တာ ”
ဝူဟုန်က သက်ပြင်းချလိုက်၏။
“ကျွန်မက ကောင်းကင်ဘုံအဆင့်နဲ့ တားမြစ်တိုက်ခိုက်ရေးအဆင့်ထဲ ဝင်ရောက်ပြီး သိပ်မကြာဘူး အဲဒီစံပြနဲ့ တွေ့ခဲ့တာ။ ကျွန်မတို့တွေ တိုက်ခိုက်ပြီးတော့ သရေကျခဲ့တယ်လေ။ ဒါပေမဲ့ ကျွန်မက လျို့ဝှက်စစ်ဆေးမှုကနေ ရတနာတစ်ခု ခိုးခဲ့တာ။ အဲဒီကတည်းက အဲဒီအမျိုးသမီးက ကျွန်မကို အမုန်းကြီးနေတော့တာပဲ ”
“သူမက အချိန်အားလုံးနဲ့ အားစိုက်ထုတ်မှုအားလုံးကို ပုံအောပြီး အချိန်မူလကျိန်စာလို့ခေါ်တာ ကျိန်စာကို ဖန်တီးခဲ့တယ်။ ကျွန်မ စံပြအဆင့် ရောက်ပြီးပြီးချင်းမှာ သူမက ကျွန်မကို တိုက်ခိုက်လာတယ်။ ကျွန်မတို့တွေ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဆင်နွဲခဲ့တယ်။ သူမက ကျွန်မကို အချိန်မြစ်ကြောင်းထဲ မြားခေါ်သွားခဲ့တယ်။ ကျွန်မ နိုင်တော့မဲ့ဆဲဆဲမှာ သူမက ကျိန်စာထုတ်လာခဲ့တယ်”
ဝူဟုန်၏ မျက်ဝန်းအထက် အမုန်းတရားတို့ ဖြတ်ခနဲ ဖြတ်ပြေးသွားသည်။
“အဲဒီကျိန်စာက ကျွန်မရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ အသင်္ချေအင်ပါယာကမ္ဘာကို ပစ်မှတ်ထားတဲ့ မုန်တိုင်းတစ်ခု ထုတ်လွှင့်လာတယ်”
“မဖြစ်နိုင်တာ” ဝမ်ဝေ့က အံ့ဩတုန်လှုပ်သွားမိသည်။ ထိုသို့သော အရာမျိုးက တားမြစ်ချက် ဖြစ်၏။ မည်သူကမှ ဒိုင်မေးရှင်းအနိမ့်နှင့် ဝင်မရှုပ်သင့်ပေ။ ထိုအမျိုးသမီးက ရူးနေတာသာ ဖြစ်ရမည်။
“ဒါက အဆိုးဆုံး မဟုတ်သေးဘူး” ဝူဟုန်က ဆက်ပြောလိုက်သည်။
“ကျိန်စာက ကျွန်မအပေါ် အကုန်ပုံချသွားတာ။ ပြောရရင် ကောင်းကင်တာအိုက ဖြစ်ပျက်သမျှအရာအတွက် ကျွန်မကိုပဲ အပြစ်တင်တယ်”
ဝမ်ဝေ့က အံ့ကြိတ်လိုက်၏။
“အဲဆိုတော့ မင်း ဘာလုပ်ခဲ့လဲ“
“ကျွန်မက အကောင်းဆုံးလုပ်ခဲ့တာပေါ့” ဝူဟုန်က သက်ပြင်းချလိုက်သည်။
“အချိန်မုန်တိုင်းကို အနာဂတ်အချိန်ဆီ ပို့ဆောင်ပေးလိုက်တယ်။ ဘာဖြစ်ဖြစ် အတိတ်က ကျွန်မ သေသွားရင် ကျွန်မလည်း သေမှာလေ”
“ရက်စက်လိုက်တာ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သို့သော် သူသည်လည်း အတူတူ လုပ်မိလောက်သည်။
“နောက်ပိုင်းရော ဘယ်လိုဖြစ်သွားလဲ”
“ကျွန်မ အချိန်မုန်တိုင်းကနေ အပျက်အစီးကြီးကြီးမားမား မဖြစ်လာခင် သူမကို တတ်နိုင်သမျှ မြန်မြန် သတ်ပစ်ခဲ့တယ်” ဝူဟုန်က သက်ပြင်းချလိုက်၏။
“ကျွန်မက ကိစ္စတွေကို ပြန်ပြောင်းပစ်ဖို့ ကြိုးစားပေမဲ့ နောက်ကျလွန်းသွားခဲ့တယ်။ အဲဒီခေတ်ကာလတစ်ခုလုံး ပျက်စီးသွားတယ်။ ကျွန်မ လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ကျွန်မ ခေတ်ကာလန့ နောက်ကြား ဘာအရှုပ်အထွေးမှ မရှိစေဖို့ပဲ ”
ဝမ်ဝေ့က နားလည်၍ ခေါင်းညိတ်လိုက်သည်။ အသင်္ချေအင်ပါယာကမ္ဘာမှ လူတချို့က မိစ္ဆာခေတ်ကာလမတိုင်ခင်ကတည်းက အသက်ရှင်နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က မူမမှန်တချို့ကို ခံစားမိသင့်ခဲ့၏။ သို့သော်လည်း ဘာမှမဖြစ်ပျက်ခဲ့ပေ။ အရာအားလုံးက ပုံမှန်အတိုင်းသာ ဖြစ်နေသည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ စံပြများက နောက်တစ်ဆင့် ဖြစ်ကြောင်း ဖြစ်ကြောင်း သိထားသော်လည်း ကိုင်တွယ်ပုံများက ရှုထောင့် ကွဲပြားလှပေသည်။
“အဲဆိုတော့ ကောင်းကင်တာအိုရဲ့ အမျက်ဒေါသကို ဘယ်လိုဖြေရှင်းခဲ့လဲ”
“ကုသိုလ်နဲ့ ကျမ်းသစ္စာနဲ့ပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ကျွန်မရဲ့ အပြစ်ကို လျော့ချဖို့ ကုသိုလ်အမြောက်အများ ချေးယူခဲ့ရပြီးတော့ ကောင်းကင်တာအိုကို ကျွန်မအပေါ် အကဲမဖြတ်ခင် သေချာနားထောင်ခိုင်းခဲ့တယ်။ အဲဒီနောက် ကျွန်မက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအတွက် အကောင်းဆုံး ခုခံရေးစနစ် ဖန်တီးပေးမယ်လို့ ကျိန်ဆိုခဲ့တယ်။ ကျွန်မက ရှေးဦးစံပြဖြစ်လာပြီးတဲ့နောက်မှပဲ အဲဒီကျမ်းသစ္စာကို ဖြည့်ဆည်းနိုင်ခဲ့တယ်လေ”
သူမက မိုးမြေထံ အကြွေးကြေဖို့ သူမ၏ ကံကောင်းမှုပင် ပျက်သုန်းသလောက်ဖြစ်ကာ မည်မျှအချိန်ကုန်ဆုံးခဲ့ရကြောင်း တွေးကြည့်မိသည့်အခါ အမုန်းတရားဖြင့် အံကြိတ်မိလိုက်သည်။
“အဲဒီအမျိုးသမီးက ဘာလို့ မင်းကို အဲလောက်မုန်းတီးနေရတာလဲ။ အဆင့်နိမ့်က လူတစ်ယောက်ဆီ ရှုံးနိမ့်သွားရုံလောက်နဲ့ အဓိပ္ပါယ်တော့ မရှိဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ ကျိန်စာဆရာသခင်က ထိုဒုက္ခသုက္ခမှ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ကောင်းကင်တာအိုက သူမကိုပါ အပြစ်ပေးဦးမည် မဟုတ်ပါလော။
“တကယ်တော့ မင်းရဲ့ အကျပ်အတည်းက အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုအကြောင်း ပြန်အမှတ်ရသွားစေတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ တစ်ယောက်ယောက် မင်းကို သတ်ဖို့ ဒါမှမဟုတ် အကြွေးတင်အောင်လုပ်ဖို့ တမင်ကြိုးကိုင်ထားသလိုမျိုးပေါ့”
“ ကောင်းကင်တာအိုက တမင်လုပ်တာ ၈၀ ရခိုင်နှုန်းလောက်အထိ သေချာတယ်” ဝူဟုန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“အိုး ဘာကြောင့်လဲ ”
“ကျွန်မတို့ကမ္ဘာက ဒုတိယမူလစစ်ပွဲတုန်းက ဘာလို့ ကြီးကြီးမားမား မထိခိုက်ခဲ့တာလဲလို့ တွေးကြည့်ဖူးလား” ဝူဟုန်က မေးလိုက်သည်။
“အခု မင်းပြောလိုက်မှ …” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ဟွင်သွမ်းကမ္ဘာတွေအများကြီး ပါဝင်ပတ်သက်နေတာလေ။ စစ်ပွဲရဲ့ ဗဟိုချက်က ဒီကမ္ဘာပဲ … မင်းရဲ့ ခုခံရေးစနစ်ကြောင့် ကိုယ်တို့ အသက်ရှင်ခဲ့တာလား”
“အမှန်ပဲ” ဝူဟုန်က ပြောလိုက်သည်။
“အဲဒါက ဒီဖြစ်ရပ်ကို ကြိုတင်မှန်းဆထားပြီးတော့ ကျွန်မကို အဲဒီစနစ် ဖန်တီးဖို့ အကွက်ချခဲ့တာ”
“ထူးကဲသာလွန်မှုအဆင့် ဖြစ်မလာဘဲ ကောင်းကင်တာအိုရှေ့မှာ သက်ရှိအားလုံးက ခွေးတွေ၊ ကြောင်တွေချည်းပဲ။ စံပြတွေကတောင် နည်းနည်းလောက် ကြီးမားတဲ့ အကောင်တွေလောက်ပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ အဲဆိုတော့ လက်စားချေဖို့ ပြင်ထားပြီးပြီလား”
“အင်း … ဆန့်ကျင်ရုံတင် မကဘူး။ အဓိကကို ပစ်မှတ်ထားဖို့” ဝူဟုန်က ပြောလိုက်သည်။ ဤနှစ်များတစ်လျှောက် သူမက အချိန်အတော်ကြာ အသုံးချခဲ့ရသည့်အချက်ကို မုန်းတီးနေခဲ့မိသည်။
“ဒါက ကိုယ့်ကောင်မလေး” ဝမ်ဝေ့က ရယ်မောလိုက်သည်။
“ဘယ်သူက ရှင့်ကောင်မလေးလဲ” သူမက သူ့ကို စိုက်ကြည့်လိုက်၏။
“ကိစ္စအသေးလေးတွေကို စိတ်ထဲမထားပါနဲ့” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“အဲဆိုတော့ အဲဒီခေတ်ကာလက ဘယ်လိုမျိုးလဲ။ တက်လှမ်းလာတဲ့ ဧကရာဇ်တွေရော ဘယ်လိုဖြစ်သွားလဲ။ သူတို့ထဲက တစ်ယောက်ယောက် စံပြဖြစ်လာကြလား”
“အဲဒါက အတော်လေးဆိုးရွားတဲ့ ခေတ်ကာလပဲ” ဝူဟုန်က ရှင်းပြလိုက်သည်။
“ အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် ကျွန်မရဲ့ အငြိုးတရား၊ အမုန်းတရားနဲ့ မိစ္ဆာချီတွေက နတ်ဆိုးအများကြီးကို သွေးချောင်းစီးစေခဲ့တယ်။ လူတွေအတွက်လည်း စိတ်နတ်ဆိုးဖြစ်လာဖို့ ပိုလွယ်ကူလာပြီးတော့ ရူးသွပ်သွားကြတယ်။ အမုန်းတရားအပြည့်နဲ့ နတ်ဆိုးတွေကို သတ်နိုင်သလောက် သတ်နေကြတဲ့ ကျင့်ကြံသူတွေအတွက်လည်း အကူအညီမဖြစ်ခဲ့ဘူး”
“သမိုင်းပညာရှင်တွေကတော့ အမှောင်စိတ်ခေတ်ကာလလို့ ခေါ်တယ်” ဝူဟုန်က ရှင်းပြလိုက်သည်။ တခြားနည်းဖြင့်ပြောရလျှင် ထိုခေတ်ကာလ ရှင်းထုတ်လိုက်သည်မှာ ကိစ္စကောင်းတစ်ခု ဖြစ်နေနိုင်၏။
“တက်လှမ်းလာသူတွေအတွက်ကတော့ … ကောင်းကင်တာအိုက ပြဿနာလျော့ချဖို့ သူတို့ကို ရှင်းထုတ်လိုက်တယ်လေ။ စံပြဆိုတာ မရှိဘူး”
ဝမ်ဝေ့က ထိုတုံးအအ မေးခွန်းမျိုးကို မေးမိသည့်အတွက် ကိုယ့်ဘာသာ ရိုက်နှက်ချင်လာသည်။ သူမက စံပြတစ်ယောက် ဖြစ်လာခါစဟု ပြောခဲ့သည့်အတွက် သူမအကြောင်း သိထားသလောက် သူမသည် သမိုင်းကြောင်းတစ်လျှောက် အငယ်ဆုံးထဲမှ တစ်ယောက် ဖြစ်လိမ့်မည်။ အကယ်၍ ဝူဟုန်သာ စံပြ ဖြစ်လာခါစဆိုပါက သူ့နောက်မှ လူများသည် မည်သို့ စံပြဖြစ်လာနိုင်မည်နည်း။ ထို့ကြောင့် အချိန်အရှုပ်အထွေးများ မပါဝင်နေသရွေ့ ထိုအရာသည် မဖြစ်နိုင်ပေ။