← Chapters

အနာဂတ် လင်နှင့်မယား ယှဉ်ပြိုင်မှု

Vol. 91 Ch. 1268

အနာဂတ် လင်နှင့်မယား ယှဉ်ပြိုင်မှု

Vol. 91 Ch. 1268

ဝမ်ဝေ့က ထာဝရအရှင် ဓားခြောက်လက်၏ ဟောပြောပို့ချချက်ကို သေချာနားထောင်လိုက်သည်။ နှစ်တစ်ထောင် အဆုံးသတ်သွားသည်နှင့် သူက မျက်လုံးဖွင့်လိုက်ပြီး စွမ်းအားကြီး  ဓားတိုက်ကွက်တချို့ကို ဖန်တီးဖို့ လှုံ့ဆော်မှု ရလာသည်။ သူ့အနာဂတ်ဇနီးလောင်း နိုးထလာသည်ကို သတိထားမိလိုက်ပြီး သူမ မျက်လုံးတို့ကလည်း သူနှင့်အတူတူ ဖြစ်နေ၏။

“ဟမ် .. ဒီလိုအဆင့်နိမ့် ဟောပြောပို့ချချက်က မင်းအပေါ် သက်ရောက်မှု ရှိတာလား” သူက မေးလိုက်သည်။ သူမ၏ ကျင့်ကြံဆင့်ဖြင့် ဤသို့သော ဟောပြောပို့ချချက်မျိုးက ကလေးကစားစရာမျှသာ ဖြစ်နေလိမ့်မည်။ သူမက တစ်စုံတစ်ခု ဖန်တီးဖို့ လှုံ့ဆော်ခံလိုက်ရသလိုမျိုး ဖြစ်နိုင်သော်လည်း ဤွမျှကြာကြာအသက်ရှင်နေပြီးသည့်နောက်တွင် သူ့အနေနှင့် သူမသည်  သူမ၏ တာအို ဖြစ်နိုင်ချေအားလုံးကို စူးစမ်းရှာဖွေပြီးသားဟု ယုံကြည်ထားသည်။

“ ကျွန်မရဲ့ စည်းပိတ်ရေးတာအိုက ဘာလို့ အားကောင်းနေတာလဲဆိုတာ နားလည်လား” ဝူဟုန်က မေးလိုက်သည်။

“အသိပညာ” ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ဒီလိုမျိုးကြောင့် ကျွန်မက သင်ယူတာကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး။ ဘယ်သူဆီကပဲဖြစ်ဖြစ်ပေါ့” ဝူဟုန်က ရှင်းပြလိုက်သည်။

“ကျွန်မ ဘဝတစ်လျှောက်မှာ ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ကြုံပြီး အသိပညာတွေရဖို့ ကိုယ်ပွားတွေအများကြီးကို စေလွှတ်ဖူးတယ်”

သူမက အရာအားလုံးကို အဘယ်ကြောင့် စည်းပိတ်ထားနိုင်သနည်း။ အကြောင်းအရင်းက သူမသည် အရာအားလုံးနီးပါးကို သိထားပြီး လူအမျိုးမျိုး၊ နေရာအမျိုးမျိုးဆီမှ အသိပညာများကို လိုက်လံစုဆောင်းထား၍ ဖြစ်သည်။  ဒုတိယမူလစစ်ပွဲအတွင်း ပါဝင်ဆင်နွဲရသည့် အဓိကရည်ရွယ်ချက်တစ်ခုက သူမသည် ဖရိုဖရဲဖြစ်မှုကို အသုံးချကာ ဟွင်သွမ်းစကြဝဠာတစ်လျှောက်မှ အသိပညာများကို စုဆောင်းနိုင်စေရန် ဖြစ်သည်။

“ ကိုယ်တို့ ဝမ်မျိုးနွယ်ရဲ့ ချွေးမလောင်းလေးက ပညာရှင်တဲ့လား။ ကိုယ်တို့အားလုံးက လူကြမ်းကြီးတွေချည်းဆိုတော့ ဘိုးဘေးကတော့ ဒါကို ကောင်းချီးလို့ ထင်မှာ ကျိန်းသေတယ်” ဝမ်ဝေ့က ရယ်မောလိုက်သည်။

ဝူဟုန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် ရုပ်ပိုင်းဆိုင်ရာ တန့်သွားလေ၏။ ထို့နောက် သူမက သူ့ကို ကြည့်လိုက်သည်။

“ အတော်လေး အဆင်ချောနေတယ်ပေါ့လေ ”

“မင်း ပြောတာ မှန်တယ်။ ကိုယ် တောင်းပန်ပါတယ်” ဝမ်ဝေ့က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

အဲဒီကောင်စုတ် …

ဝူဟုန်က တွေးလိုက်၏။ သူမက သူ့ကို ရိုက်ပစ်ချင်လာသည်။ ထို့နောက် သူမက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်၏။ ဤသို့သော် အပြုအမူမျိုးက ဝမ်ဝေ့အား ကောင်းကင်ကိုးဘုံအထိ မြင့်တက်သွားစေသင့်သော်လည်း သူ့ဝိညာဉ်ထဲ အကြောက်တရား စီးဆင်းလာသည်။

“ ကျွန်မ ရုတ်တရက်ကြီး ရှင့်ရဲ့ ဘေးကင်းမှုနဲ့ အနာဂတ်အကြောင်း စိုးရိမ်လာမိတယ်” ဝူဟုန်က ချစ်စဖွယ် အပြုံးမျိုးဆက်လက် ပန်ဆင်ထားရင်း ပြောလာသည်။

“ဒီလိုဆို ဘယ်လိုလဲ။ ကျွန်မ စိတ်အေးရအောင် ဒီပွဲ ပြီးတာနဲ့ ရှင့်ကို လေ့ကျင့်ပေးမယ်လေ။ ကျွန်မရဲ့ လေ့ကျင့်မှုနဲ့ပဲ ရှင်က အဲဒီလူတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ဘာမှမဖြစ်ဘူးလို့ စိတ်ချထားနိုင်မှာ ”

အာ … မင်း မျက်နှာပေါ်မှာ ဒီအခွင့်အရေးကို ယူပြီး ရိုက်နှက်ပစ်ချင်တယ်လို့ အထင်းသားရေးထားတယ် … ဒါက နှိပ်စက်တာပဲ

ဇနီးက ယောကျ်ားကို နှိပ်စက်မှုပဲ

ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော် သူက ထိုစကားများကို ထုတ်မပြောရဲရှာပေ။

“အဲလို လိုလို့လား”

“ရှင် ဘယ်လိုထင်လဲ” ဝူဟုန်က ဖြူစင်စွာ ဆက်ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ” ဝမ်ဝေ့က သူ့ကံကြမ္မာကို လက်ခံလိုက်၏။ သူမက သူ့ကို ရိုက်နှက်လိမ့်မည်မှန်း ကောင်းကောင်းသိထားသော်လည်း သူမက သူ့ကို လေ့ကျင့်ပေးလိမ့်မည်။ သူမထက် ပိုသင့်တော်သည့် ဆရာ မရှိပေ။

“ အဲဒီခွေးကောင် ကံကြမ္မာကို ဘယ်တော့မှ ယုံလို့မရဘူးဆိုတာ သိလိုက်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ငါ့ကို လှပပြီး ပါရမီရှိတဲ့အပြင် အားကောင်းတဲ့ ဇနီးသည်တစ်ယောက်နဲ့ မျှားခေါ်ပြီးတော့ အကျိုးဆက်ကို မပြောပြထားဘူး။ ငါ့ဘဝမှာ အမျိုးသမီးတစ်ယောက်အောက် ဖိနှိပ်ခံနေရပြီ။ ကောင်းပြီလေ တစ်ရက်ကျ သူမကို ကျော်တက်ပြီး လက်စားပြန်ချေမယ် ”

ထိုစကားများ ရေရွတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့စိတ်ဝိညာဉ်သည် ဒုတိယမြောက် အစွဲအလမ်းတစ်ပိုင်းကို ဖန်တီးလိုက်ကြောင်း သိလိုက်ရသည်။ ထိုစဉ် သူ့ဘေးတွင် ရှိနေသည့် ဝူဟုန်က သူမ၏ ကျင့်ကြံဆင့်ကြောင့် စကားအားလုံးကို ကြားလိုက်ရ၏။

အိပ်မက်ဆက်မက်နေလိုက်လေ …

ဝူဟုန်က တွေးလိုက်သည်။ သို့သော်လည်း သူမက ထူးကဲသာလွန်မှု ဖြစ်သည့် တံခါးရှေ့ မည်သို့ တန့်နေကြောင်း တွေးလိုက်မိသည်။ သူ့ပါရမီဖြင့် ထိုကောင်စုတ်၏ စွမ်းအားက သူမနှင့် အဆင့်တူ ရောက်လာပြီး ကျော်တက်သွားဖို့ သိပ်ကြာမြင့်မည် မဟုတ်ပေ။ ဤသည်က အချိန်တစ်ခုမျှသာ ဖြစ်လိမ့်မည်။ သူ့အုတ်မြစ်က သူမထက် ပိုကောင်းနေသည်မှာ ဒသမသာလွန်အုတ်မြစ်၊ သေမျိုးဧကရာဇ် ဂုဏ်ပုဒ်နှင့် ပြီးပြည့်စုံသည့် အုတ်မြစ်နှင့် အတိုင်းအတာမဲ့ ဧကရာဇ် ဖြစ်လာခြင်းတို့လို အောင်မြင်မှုများကြောင့် ဖြစ်၏။

သူက ထိုအဆင့်သုံးခုလုံးအတွင်း တားမြစ်တိုက်ခိုက်ရေးအဆင့်အထိ ရောက်ရှိလာပြီး သူမက နှစ်ခုတည်းသာ ရောက်ရှိခဲ့သည်။ ထိုအရာအားလုံးက ယခုအခါ သေးနုတ်နေဟန်ထင်ရသော်လည်း သူတို့က ရှေးဦးစံပြဖြစ်လာပြီးသည့်နောက်တွင် မည်မျှအားကောင်းလဲ ဆုံးဖြတ်ဖို့ အရေးပါသည့် အချက်များ ဖြစ်လာလိမ့်မည်။ ဝူဟုန်က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ရှိသွားသည့်အခါ သူတို့က ပိုအရေးပါလာမည်မှန်း မှန်းဆမိလိုက်၏။

မဟုတ်သေးပါဘူး … အဲဒီကောင်စုတ်ကို ကျော်တက်ခွင့်ပေးလို့ မဖြစ်ဘူး

သူမက တွေးလိုက်သည်။ ဝူဟုန်က ထိုသို့ဖြစ်လာသည်နှင့် မည်မျှမျက်နှာပူဖို့ ကောင်းမလဲ ကြိုမြင်နေမိသည်။ သူက သူမကို ပေးဆပ်ဖို့ လုပ်ခိုင်းမည်ဟု ဆိုလိုရင်းကို ကောင်းကောင်းနားလည်ထား၏။

ငါ အလင်းမဲ့အမှန်တရားထဲ ဝင်ပြီးတော့ ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို လေ့ကျင့်လိုက်ရမလား … သူလည်း အဲလိုလုပ်ခဲ့ပြီးတော့ အဆင်ပြေတယ်မဟုတ်ဘူးလား

သူမက မည်သို့လုပ်ရမလဲ မဆုံးဖြတ်နိုင်တော့ပေ။

အခု မဆုံးဖြတ်သေးဘဲနဲ့ ငါ လုပ်နိုင်တဲ့ တခြားအရာတွေ ရှိပါသေးတယ်

သူမက သုံးသပ်လိုက်သည်။

အဓိကရည်မှန်းချက်က သူ့ထက်အရင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်လာဖို့ပဲ … ဒုတိယရည်မှန်းချက်က ငါ့အုတ်မြစ်ကို တိုးတက်အောင်လုပ်ဖို့ပဲ

သူ့မ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။

ဧကရာဇ်အဆင့် တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက် ကာမိအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပေးဆပ်ရမှာနဲ့ မတန်ဘူး

ဝူဟုန်က သုံးသပ်နေသည်။ သူမ၏ လေ့လာအကဲဖြတ်ချက်များအရ ထူးကဲသာလွန်မှုအဆင့်တစ်ပိုင်းအပြီးတွင် ကြုံတွေ့ရမည့် အသွင်ပြောင်းမှုက တားမြစ်တိုက်ခိုက်ရေးအဆင့်များထဲ လူတစ်ယောက်၏ အောင်မြင်မှုပေါ် မူတည်နေသည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်က ထိုအရာမှ အကျိုးကျေးဇူးရရှိလျှင် သူတို့က သင့်တော်သည့် အဆင့်တွင် ထိုအရာကို လုပ်ရမည်။ ဝူဟုန်က ဧကရာဇ်အဆင့်၏ အကျိုးကျေးဇူးကို ရရှိဖို့ ပြန်လည်ဝင်စားကာ အစမှ ပြန်လည်စတင်ရမည် ဖြစ်၏။

ဤသို့သော တန်ကြေးမျိုးက မတန်လှပေ။ အကြောင်းအရင်းမှာ အကျိုးမြတ်က ဘယ်လိုဖြစ်နေမလဲ မသေချာသည့်အခါတွင် ဖြစ်၏။ ထူးကဲသာလွန်မှုအဆင့် ဖြစ်လာပြီးသည့်နောက်တွင် သူမက တစ်နည်းနည်းဖြင့် ကာမိအောင်လုပ်နိုင်ဖို့ မျှော်လင့်ထားသည်။

ငါ အုတ်မြစ်ပြန်လည်ထူထောင်ခြင်းကနေ ဒသမသာလွန်အုတ်မြစ်ကို ပြန်ရယူနိုင်တယ် … ဒါပေမဲ့ ငါ့အဆင့်မှာ အတော်လေး အန္တရာယ်များလွန်းတယ် … ငါ့လိုလူအတွက်တောင်ပေါ့ …

ဝူဟုန်က တွေးလိုက်သည်။

ဒါပေမဲ့ ငါ အောင်မြင်နိုင်ချေကို တိုးမြင့်ပြီး အဲဒီအုတ်မြစ် အောင်မြင်နိုင်ချေရှိတဲ့လူကို လေ့ကျင့်ပေးပြီး နောက်မှ စည်းပိတ်ပြီးတော့ အသုံးချဖို့ ယူလို့ရတယ်

ဒီအစီအစဉ်က ဖြစ်နိုင်တယ် …

တစ်ခုတည်းသော ဆိုးကျိုးက သူမအနေနှင့် ထိုတာဝန်ပြီးမြောက်ဖို့ ပါရမီပါသူကို လိုက်လံရှာဖွေရမည် ဖြစ်၏။ သို့သော်လည်း ထိုသို့သော ပြဿနာမျိုးက သူမအတွက် ဘာမှမဟုတ်ပေ။ သူက အရင်းအမြစ်များကို အသုံးပြု၍ လူတစ်ယောက်အား ထိုသို့သော ပါရမီရှင်မျိုးအဖြစ် ပြောင်းပေးနိုင်သလို သူမ၏ မဟာမြူစက်ဝန်းကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ဖန်တီးနိုင်သည်။

ထို့အပြင် ဝူဟုန်က ထိုသို့သော ပါရမီမျိုးသည် ဒသမသာလွန်အုတ်မြစ်ကို ရရှိဖို့ အဓိကလိုအပ်ချက် မဟုတ်ကြောင်း နားလည်ထား၏။ သူမ၏ လေ့ကျင့်မှုက ထိုရွေးချယ်ခံအား လုံလောက်သည့် ကံကြမ္မာ၊ ဉာဏ်ပညာ၊ ကံကောင်းမှု၊ တာအိုနှလုံးသား၊ အရင်းအမြစ်နှင့် စိတ်ဆန္ဒတို့ကို ရှိစေပြီး ခိုင်မာလာစေလိမ့်မည်။

ဒသမသာလွန်အုတ်မြစ်က လုပ်လို့ရပေမဲ့ အတိုင်းအတာမဲ့ ဧကရာဇ်ကတော့ တခြားတစ်ခုပဲ …

ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်က အုတ်မြစ်တစ်ခုအစား အောင်မြင်မှုတစ်ခု ဖြစ်၏။ ထို့ကြောင့် သူမက ထိုကောင်းချီးကို လက်ခံလိုပါက တစ်စုံတစ်ယောက်ကို ပြုစုပျိုးထောင်ပေးပြီး ထိုသူ့ဆီက ယူရုံလောက်ဖြင့် မရိုးရှင်းလှပေ။

ဝမ်ဝေ့ကို ရေပူစမ်းမှာ တွေ့တုန်းက သူ့အတိတ်ကို ချောင်းကြည့်ခဲ့ပြီး သူ ဒိုင်မေးရှင်းအနိမ့်တွင် တွေ့ကြုံခဲ့ရသမျှ အရာအားလုံးကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက အတိုင်းအတာမဲ့ဧကရာဇ် ဖြစ်လာဖို့ အရေးကြီးသည့် အချက်များက သေမျိုးအဆင့်တွင် တာအိုအပေါ် လုံလုံလောက်လောက် နားလည်မှုရှိထားဖို့နှင့် မဟာတာအိုအရင်းအမြစ်ဆီ တိုက်ရိုက်လမ်းကြောင်းတစ်ခု ဖန်တီးနိုင်လောက်အောင် အားကောင်းသည့် စိတ်စွမ်းအားတို့ ရှိရန် ဖြစ်သည်။

ဝူဟုန်က သူမသည် အချိန်နှင့် အရင်းအမြစ် လုံလုံလောက်လောက် ရင်းနှီးမြှပ်နှံပါက ထိုသို့သောလူမျိုးကို လေ့ကျင့်ပေးနိုင်ကြောင်း သိထားသည်။ သို့သော်လည်း သူတို့ကို စုပ်ယူလိုက်ခြင်းက အတိုင်းအတာမဲ့ဧကရာဇ်၏ အစစ်အမှန်ကောင်းချီးကို ရရှိမည် မဟုတ်ပေ။ ထို့အစား သူမက အတိတ်ကို ပြောင်းလဲကာ သူမ ရရှိသလိုမျိုး ပြန်လည်ရေးသားရလိမ့်မည်။

ဒါပေမဲ့ အဲဒီလမ်းစဉ်က မဖြစ်နိုင်ဘူး …

ဝူဟုန်က တွေးလိုက်သည်။ အချိန်နှင့် သက်ဆိုင်သည့်အရာများကို သွားရောက်ပတ်သက်ခြင်းက ရှုပ်ထွေးနေပြီဖြစ်၏။

ဝမ်ဝေ့က ဟွင်သွမ်းစကြဝဠာ၏ ပထမဆုံး အတိုင်းအတာမဲ့ဧကရာဇ် ဖြစ်ပေသည်။ အကယ်၍ ဝူဟုန်သာ ထိုအောင်မြင်မှုမျိုးကို ရရှိဖို့ အတိတ်ကို ပြောင်းလဲလိုက်လျှင် ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ သမိုင်းကြောင်းကို ပြန်လည်ရေးသားရလိမ့်မည်။ ထိုသို့သော အပြုအမူမျိုး၏ တန်ပြန်သက်ရောက်မှုက သူမ၏ တည်ရှိမှုကို ပျက်သုန်းသွားစေနိုင်သည်။

နောက်တစ်ခုက အထိအခိုက်မဲ့ ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး ပြန်လည်ဝင်စားခြင်းဆီ ပို့ဆောင်ပေးဖို့ … သူ အတိုင်းအတာမဲ့ဧကရာဇ် ဖြစ်လာတော့မှ စုပ်ယူလိုက်ဖို့

သို့သော်လည်း ထိုအရာမှာလည်း နောက်ထပ် ပြဿနာတစ်ခု ရှိနေပြန်သည်။

သူတို့၏ ရှားပါးမှုကြောင့် အထိအခိုက်မဲ့ ကိုယ်ပွားကို ဖန်တီးသည့် နည်းလမ်းများက ဟွင်သွမ်းစကြဝဠာတစ်လျှောက် အဖိုးတန်ဆုံး ဖြစ်နေသည်။ လူများက ထိုအရာကို လိုက်လံရှာဖွေကြလေသည်။ အကြောင်းကမူ ထိုအရာက အတိတ်မှ နောင်တများကို ပြန်လည်စတင်စရာမလိုဘဲ ဖြည့်ဆည်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေ၍ ဖြစ်သည်။

ဒါက ပြန်လည်ဝင်စားစရာ မလိုဘဲ အဆုံးမဲ့လမ်းစဉ်ကို ဒုတိယအကြိမ ကြိုးစားနိုင်မဲ့ အခွင့်အရေးဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိထားကြပြီးသား … အဲဆိုတော့ ထာဝရလမ်းစဉ် လျှောက်လှမ်းဖို့ ကျရှုံးသွားတဲ့ ဧကရာဇ်၊ ကောင်းကင်ဘုံအဆင့်နဲ့ စံပြတွေက ဒီဟာကို အသည်းအသန်လိုက်ရှာနေကြတာ …

ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။ သူမက ထိုနည်းလမ်း၏ ရှားပါးမှုသည် အကြီးမားဆုံး ပြဿနာ မဟုတ်သေးကြောင်း သိထားလေ၏။ ထိုကိုယ်ပွားများက စကြဝဠာကြီးထဲ အကြီးဆုံးတွင်းကြီး ဖြစ်ပေသည်။ ထိုကိုယ်ပွားများက အဆင့်မြင့်သက်ရှိများက ကြိုးကိုင်နိုင်သည့် နည်းလမ်းထဲမှ တစ်ခု ဖြစ်လေသည်။ ပြောရလျှင် ထိုကိုယ်ပွားများကို ပျက်စီးစေပြီး ဖန်တီးသူအား ပြန်လည်ပုန်ကန်သွားစေနိုင်အောင် ကြိုးကိုင်ထားနိုင်ကြသည်။

နောက်ဆုံးဟာ မဟုတ်သရွေ့ ဒီနည်းလမ်းကို မသုံးချင်ဘူး …

ဝူဟုန်က စဉ်းစားနေသည်။

All Chapters