← Chapters

ကြမ္မာလှံ

Vol. 91 Ch. 1273

ကြမ္မာလှံ

Vol. 91 Ch. 1273

“နဂါးမျိုးနွယ်ကို ဘယ်တုန်းကမှ သဘောမကျဖူးဘူး” ရှုကျင်းယောင်က ဆက်ပြောလိုက်သည်။

“သူတို့လုပ်နိုင်တာအတွက် အရမ်းကို မောက်မာလွန်းတယ်။ သူတို့က သွေးမျိုးဆက်ရဲ့ ထိပ်သီးမှာ ရှိနေတာ မဟုတ်ဘူးလေ။ အဲဒီခေါင်းစဉ်က မကောင်းဆိုးဝါးနတ်ဘုရားတွေဆီမှာ။ ပြီးတော့ စည်းမျည်းဥပဒေသကို နားလည်တဲ့နေရာမှာလည်း အကောင်းဆုံး မဟုတ်ဘူး။ အဲဒီဂုဏ်ပုဒ်က ကျွန်မတို့ လူသားတွေဆီမှာ။

 အဲဒါဆိုတော့ သူတို့က ဘာကြောင့်များ အဲ့လောက် မောက်မာနေရတာလဲ။ သူတို့ရဲ့ သာလွန်မှုကို နတ်ဆိုးမျိုးနွယ်ဆီ ပြသနိုင်တာအပြင် သူတို့ဆီမှာ ထူးကဲတဲ့အရာမှ မရှိတာ။ နဂါးတွေက မျိုးနွယ်တွေရဲ့ ချီကံကောင်းမှုကို ကိုယ်စားပြုတဲ့ကိစ္စကို အမြဲတမ်း စဉ်းစားနေခဲ့တာ။ သူတို့က ဒီလိုဂုဏ်ကျက်သရေအရ ဘာများ ထိုက်တန်လို့လဲ။ သူတို့ရဲ့ ဘိုးဘေးတွေက ဒီလိုကောင်းချီးကိုရဖို့ အဖိုးတန်တာ ဒါမှမဟုတ် ထူးကဲတဲ့အရာတစ်ခုခုကို လုပ်ခဲ့တာ ဖြစ်ရင်ဖြစ်မှာပေါ့။ မဟာတာအိုရဲ့ ရွေးချယ်မှုလည်း ဖြစ်နိုင်တာပဲ”

ရှုကျင်းယောင်က ခေါင်းယမ်းလိုက်ပြီး သူမ၏ မကျေနပ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“သူတို့ပေါ်မှာ ဘယ်လိုပဲ ခံစားရ ခံစားရ ချီးကျူးရမဲ့ အရာတစ်ခုရှိတာပဲ။ ရှင့်ကို ကျိန်စာတိုက်ဖို့လေ” ရှုကျင်းယောင်က လှောင်ကာ ပြောလိုက်သည်။ သူမက ထိုကောင်စုတ်သည် သူ့မျိုးနွယ်အပေါ် ပိုမိုပင် ရက်စက်ကြောင်း သိထား၏။ ထို့ကြောင့် စံပြရှင်းလင်းရေးအတွင်း သူက သူ့မျိုးနွယ်ဝင်များကို ဖြေရှင်းဖို့ တာဝန်ယူခဲ့သည်။ ထိုကောင်စုတ်က မျိုးနွယ်အတွင်း ဆက်ဆံခံရမှုကြောင့် နိမ့်ကျသလို ခံစားချက်မျိုး ရှိသည့်အတွက် ထိုအရာကို အခွင့်ကောင်းယူကာ လက်စားချေခဲ့ခြင်း ဖြစ်၏။ သူ့အတွက် ကံဆိုးသွားသည်က နဂါးမျိုးနွယ်ထဲတွင် ကျန်ရှိနေသည့် စံပြတစ်ဦးက ရက်စက်သည့် လူတစ်ဦး ဖြစ်ပေသည်။ သူမက သူမကို မည်သို့ ကံကြမ္မာစောင့်ကြိုနေကြောင်းနှင့် မျိုးနွယ်ဝင်များ၏ ကံကြမ္မာကို သိသွားသည့်အခါ သူမကိုယ်သူမ စတေးပြီး အမုန်းတရားအားလုံးကို သွေးနဂါးအပေါ် သွေးမျိုးဆက် ကျိန်စာတိုက်ခဲ့သည်။

ရှုကျင်းယောင်က လက်မြှောက်ကာ အမှောင်အငွေ့အသက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူမက ဘယ်ဖက်လက်ကို ဝှေ့လိုက်သည့်အခါ သံကြိုးများဖြင့် ဖွဲ့စည်းထားသည့် မြစ်ကြောင်းတစ်ခုကို ဆင့်ခေါ်လိုက်၏။

“ရှင့်ရဲ့ တာအိုအမှတ်အသားက ဘယ်မှာလဲ”

သွေးနဂါးက သွေးဆာသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ သူက ဘာမှမပြောသော်လည်း သူ့မျက်နှာအမူအရာ၏ လှောင်ပြောင်မှုက သိသာလှသည်။

“ရှင်က အေးအေးဆေးဆေး မပြောဘူးဆိုတာကို သိတယ်လေ။ အဲဒါကြောင့် ဒါယူလာတာ။ ခံစားကြည့်လိုက်ပေါ့” သူမက အနက်ရောင်အငွေ့အသက်ကို သူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းကာ ပြောလိုက်သည်။ ထို့နောက် သွေးနဂါးက ချက်ချင်းဆိုသလို မြေပြင်ပေါ် လဲကျသွားကာ မထိန်းနိုင် မသိမ်းနိုင် တုန်လှုပ်နေလေ၏။ ထို့နောက် ခဏကြာမြင့်ပြီးသည့်နောက်တွင် လဲကျမတတ် အော်ဟစ်လာသည်။

ရှုကျင်းယောင်က မိနစ်ဝက်ကြာ တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။

“ဒါက ခန္ဓာကိုယ်လေ့ကျင့်သူတွေ ဆယ်သန်းဆီကနေ ခန္ဓာကိုယ်စမ်းသပ်ချက်နာကျင်မှုကို ပုံတူပွားထားတာလေ” ရှုကျင်းယောင်က ရှင်းပြလိုက်သည်။

“နာကျင်မှုက ဘယ်လိုလဲ။ ရှင် ထပ်စမ်းကြည့်ချင်သေးလား။ ဒါမှမဟုတ် ကျွန်မ သိချင်တဲ့အရာကို ပြောမလား”

သွေးနဂါးက ဘာမှမပြောပေ။ သူက အလိုရှိလျှင်ပင် မပြောနိုင်ပေ။ ယခုအထိ နာကျင်နေဆဲသာ ဖြစ်၏။ သို့သော် ထိုသို့ဆိုလျှင်ပင် သူ့အမှတ်အသား၏ အရေးပါမှုကို သိထားသည့်အတွက် ထိုသတင်းအချက်အလက်ကို ဘယ်သောအခါမှ ထုတ်ဖော်မည် မဟုတ်ပေ။

သူက အားနည်းချက်များစွာ ရှိသော်လည်း သူ့အသက်နှင့် ဘယ်သောအခါမှ ကစားမည် မဟုတ်ပေ။

“အဲဒါဆိုရင်တော့ ကံဆိုးတာပဲ” ရှုကျင်းယောင်က နာကျင်မှုကို ထပ်မံအသက်သွင်းကာ သက်ပြင်းချလိုက်သည်။ သူမက ထိုသူ နာရီဝက်ကြာ အော်ဟစ်နေသည်ကိုသာ ကြည့်နေလိုက်၏။

“ရှင့်ကိုယ်ရှင် သတ်သေလို့ ရတယ်ဆိုတာ သိတယ်မလား။ တစ်ခုခုလုပ်လိုက်လေ။ နာကျင်မှုတွေ အကုန်လုံး အဆုံးသတ်သွားမှာပေါ့” ရှုကျင်းယောင်က ပြောလိုက်သည်။

သွေးနဂါးက ဆက်ပြီး အော်ဟစ်နေလေ၏။

“ကံဆိုးတာက ရှင့်လိုလူမျိုးအတွက် အရာအားလုံးအထက်မှာ အသက်ရှင်နေတော့ ရှင့်အသက်က နာကျင်မှုတွေထက်ပိုပြီး အဖိုးတန်နေမှာပေါ့။ ရှင့်ရဲ့ ဇွဲလုံ့လကိုတော့ အသိအမှတ်ပြုရမှာပဲ” ရှုကျင်းယောင်က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။

“အလကား အချိန်ကုန်မခံနဲ့။ ငါ ဘာမှမပြောဘူး။” သွေးနဂါးက ရေရွတ်လိုက်သည်။

“အိုး ကျွန်မ သိတာပေါ့” သူမက အပြုံးဖြင့် ဖြေလိုက်သည်။

“ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားလေ။ နာကျင်မှုဆိုတာက အစီအစဉ်ရဲ့ ပထမအဆင့်ပဲ ရှိသေးတယ်။ အဓိကရည်ရွယ်ချက်က ရှင့်ကို စိတ်ပိုင်းဆိုင်ရာအတွက် အားနည်းသွားစေဖို့ပဲ”

အိပ်မက်နှင့်တူသည့် မြူခိုးများ ပါဝင်သောအပြာရောင် ကြည်လင်ထိုးဖောက်မြင်ရသည့် ကုဗတုံးတစ်ခု ထွက်ပေါ်လာသည်။

“ဒါက အမြီး ၁၃ချောင်း စံပြဖန်တီးထားတဲ့ အကြွင်းမဲ့ပုံရိပ်ယောင်လေ။ ကျွန်မက ပြီးပြည့်စုံမှု အနှစ်သာရတချို့ကို ထည့်ပေါင်းထားတော့ နောက်တဆင့်ကို ရောက်သွားတာပေါ့”

သူမက လက်ထဲမှ ကုဗတုံးကို ကြည့်ပြီး ဖန်တီးသူအကြောင်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်မိသွားသည်။

အမြီး ၁၃ချောင်း စံပြက ဒိုင်မေးရှင်းအနိမ့်မှ သန္ဓေပြောင်း အမြီး ၁၀ချောင်း မြေခွေးနတ်ဆိုးအဖြစ် ရောက်ရှိလာခြင်း ဖြစ်၏။ သူမ၏ ဘဝက သစ္စာဖောက်မှုများဖြင့် ကျိန်စာတိုက်ခံထားရသည်။ သူမ၏ မျိုးနွယ်က သူမကို သစ္စာဖောက်ကာ သူမ ယုံကြည်ထားသည့်သူ အားလုံးကလည်း သူမကို ဖြည်းဖြည်းချင်း သစ္စာဖောက်သွားကြသည်။

ကမ္ဘာကြီးဆီမှ ခွဲထုတ်ကာ သူမ၏ နှလုံးသားကို ကာကွယ်ဖို့ သီးသန့်နေရာတွင် နေထိုင်၏။ နှမြောဖို့ကောင်းလှစွာဖြင့် ကံကြမ္မာက တခြားအစီအစဉ် ရှိထားဟန်ပေါ်သည်။ ဒဏ်ရာရ အမျိုးသားတစ်ဦးက သူမ၏ နေရာသို့ ရောက်ရှိလာခဲ့လေရာ သူမက ကြင်နာမှုဖြင့် ကယ်တင်ထားခဲ့၏။ ထို့နောက် သူတို့က အချင်းချင်း သိကျွမ်းကာ သူမ၏ အေးစက်နေသည့် နှလုံးသားလေးက ဖြည်းဖြည်းချင်း အရည်ပျော်သွားခဲ့ရသည်။

ကံဆိုးစွာဖြင့် ကံကြမ္မာက သူမအတွက် နောက်ထပ် ကံဆိုးမှုတစ်ခုကို ရေးသားထားပြီးဟန်ပေါ်သည်။ စံပြအဆင့်အတွင်း သူမ၏ တာအိုလက်တွဲဖော်ဖြစ်သည့် သူမ ကယ်တင်ထားသည့် အမျိုးသားက သစ္စာဖောက်သွားခဲ့သည်။ ရှုကျင်းယောင်က အကြောင်းအရင်းကို မရှာတွေ့သော်လည်း အမြီး ၁၃ချောင်းမြေခွေးက ဒဏ်ရာရရှိသွားကြောင်း သိလိုက်သည်။ သူမ မသေဆုံးခင် အကြွင်းမဲ့ပုံရိပ်ယောင်ကို ထားရှိကာ သူမ၏ ချစ်ရသူအား တဏှာပြင်းထန်နေသည့် ကမ္ဘာအတွင်း ထားရှိပြီး သူ့အဆီအနှစ်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားအောင် လုပ်ခဲ့သည်။ သေခြင်းတရားက နှေးကွေးပြီး ခံစားရခက်လာ၏။ ချက်ချင်းဆိုသလို သူက တစ်ခုမှ မခံစားရပေ။ သူ့ခန္ဓာကိုယ်မှ နောက်ဆုံးသော ယန်စွမ်းအား ကုန်ဆုံးသွားသည့်နောက်တွင် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ကြေမွသွားလေသည်။ ထိုအမျိုးသားက နာကျင်မှုဟူ၍ မခံစားလိုက်ရပေ။

ကံဆိုးစွာဖြင့် အမြီး ၁၃ချောင်းစံပြက ထိုအရာကို မကျော်ဖြတ်နိုင်ပေ။ သူမက သူမ၏ ဒဏ်ရာကို မကုစားနိုင်ဘဲ သစ္စာဖောက်မှုအပြီးတွင် အသက်ရှင်ရသည်ကို ငြီးငွေ့လာခဲ့၏။ ထို့ကြောင့် သူမက အမှတ်အသားကို ဖယ်ရှားကာ မိုးမြေအတွင်း ကြေမွလွင့်စင်သွားစေသည်။

ရှုကျင်းယောင်က ပုံရိပ်ယောင်ကို အသက်မသွင်းခင် သူမကိုယ်သူမ တည်ငြိမ်အောင် အချိန်ယူလိုက်ရသည်။ သူမက လျှို့ဝှက်နယ်မြေတစ်ခုအတွင်း ထိုအရာကို ရှာတွေ့ခဲ့သည်။ လျှို့ဝှက်နယ်မြေထဲတွင် သူမ၏ ပြီးပြည့်စုံမှုက သူမကို ကာကွယ်ပေးခဲ့သည့် အခိုက်အတန့်တစ်ခုသာ ဖြစ်၏။

ထင်ထားသည့်အတိုင်း သွေးနဂါးက အရူးတစ်ယောက်လို စတင်ရယ်မောလာသည်။ ရှုကျင်းယောင်က သူ့ကို အပြစ်မတင်ပေ။ သူက လက်ရှိ သူမက သူ့ကို သတ်သည့်အကြောင်းကို အမှတ်မရဘဲ သူမနှင့် စိတ်ကူးယဉ်မှုများဖြင့် ပျော်မွေ့နေလေ၏။

သူမက ပုံရိပ်ယောင်ကို သူ့အမှတ်အသား ဖြည်းဖြည်းချင်း ထုတ်ဖော်လာအောင် ကြိုးစားလှုပ်ကိုင်ခဲ့သည်။ သွေးနဂါးက အစပိုင်းတွင် ခုခံခဲ့သော်လည်း နောက်ပိုင်းတွင် ဖြည်းဖြည်းချင်းဖြင့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြသလာ၏။

ရှုကျင်းယောင်က ဒီနေရာကို မှတ်သားပြီးသည့်နောက်တွင် တာအိုဆန္ဒအား ထိုအမှတ်အသားအား ထားရှိလိုက်သည်။ နောက်ပိုင်းတွင် ဖျက်ဆီးပစ်နိုင်ရန် ဖြစ်၏။

“ဒါက သူ့ဆီကနေ ရမဲ့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။ ငါ အာ အချိန်တွေ အရမ်းကို ဖြုန်းတီးမိသွားပြီ…”

သူမက ကျိန်စာကို အဆုံးစွန်ထိ အသက်သွင်းလိုက်သည်။

ဝုန်း

ဝုန်း

သွေးနဂါးက သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွား၏။ သူ့ဝိညာဉ်က ပြိုလဲပျက်စီးသွားသည်။ ရှုကျင်းယောင်ကသာ သူမကို သွေးများဆီမှ ကာကွယ်ပေးထားသည့် အကာအကွယ်တစ်ခု ရှိနေသည့်အတွက် သန့်ရှင်းနေလေ၏။ သူမက စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းနေလေ၏။ ထို့နောက် သွေးနဂါးက ပြန်လည်ပေါ်ထွက်လာသည်။

“မဟုတ်ဘူး”

သွေးနဂါးက ဒေါသအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ တစ်ဖက်သူက အသက်ပြန်ရှင်သန်ခြင်းအဆောင်တစ်ခုထက် ပို၍ရှိနေလိမ့်မည်ဟု ထင်မှတ်မထားပေ။

သူမက ဤသို့အမြောက်အများ မည်သို့ စုဆောင်းထားနိုင်ခဲ့သနည်း။

သူတို့က ယွမ်ခေတ်ကာလများစွာတိုင် မျိုးတုန်းပျောက်ကွယ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

သွေးနဂါးက တိုက်ခိုက်လိုသော်လည်း အသုံးမဝင်ပေ။ သူ့သွေးမျိုးဆက်ကျိန်စာက အသက်ဝင်လာပြီး သူက သူမကို ရက်စက်စွာ ကြည့်လိုက်သည်။ သူက ဦးခေါင်းအထက် လက်ကိုထားရှိကာ အနီရောင်အရည်များကို ဆွဲထုတ်လိုက်သည်။

သူက သွေးမျိုးဆက်ကို ဖယ်ရှားပစ်နေတာလား။ သူ့ဆီကနေ ဒီလောက်ရက်စက်လိမ့်မယ်လို့တော့ ထင်မှတ်မထားမိဘူး။

ရှုကျင်းယောင်က မျက်မှောင်ကြုတ်လိုက်၏။ သူမက ထိုသို့သောအပြုအမူ၏ အကျိုးဆက်ကို သိထားလေသည်။ သူက သက်ရောက်မှုကို ဖယ်ရှားမည်ဖြစ်သည့်အတွက် တန်ပြန်သက်ရောက်မှုက ကြီးမားမည်ဖြစ်ကာ ခန္ဓာကိုယ်အားနည်းခြင်း၊ ဝိညာဉ်ဒဏ်ရာနှင့် သွေးမျိုးဆက်စွမ်းရည်နှင့် နည်းစနစ်များစွာကို ဆုံးရှုံးရလိမ့်မည်။

ငါ အခု ကျိန်စာကို အလျင်စလို လုပ်နိုင်ရင်တောင် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို အားနည်းသွားစေမှာပဲ ရှိမှာ…

သူက ဒဏ်ရာရစံပြတစ်ဦးက စံပြတစ်ယောက် ဖြစ်နေဆဲ ဖြစ်၏။

အခု တတိယသတ်ဖြတ်ရေးနည်းလမ်းအတွက် အချိန်ပဲ။ လူအိုကြီးထျန်းကျိ ရှင့်အလှည့်ပဲ။

ငါ အဆင်သင့်ဖြစ်ပြီ။

အခန်းအထက်တွင် အစီအရင်တစ်ခု ပေါ်ထွက်လာပြီး အဖြူရောင်သတ္တုလုံးတစ်ခုကို စတင်အားဖြည့်လိုက်သည်။

“လုပ်တော့” လူအိုကြီးထျန်းကျိက ပြောလိုက်၏။

“တာအိုရောင်းရင်းတို့” ရှုကျင်းယောင်က ပြောလိုက်သည့်အချိန် သူမ၏ အသံသည် ပွဲအခမ်းအနားသို့ ရောက်ရှိသွားလေ၏။

“ကျွန်မ အခက်အခဲတချို့နဲ့ ကြုံတွေ့နေရလို့ ရှင်တို့ဆီကနေ ဒါက အများကြီးတောင်းဆိုမိမယ်ဆိုတာကိုသိပေမဲ့ ရှင်တို့ရဲ့ ကြမ္မာကို ငှားယူချင်ပါတယ်။ အသေးစိတ် ရှင်းမပြနိုင်သေးပေမဲ့ အကြောင်းပြချက် ကောင်းကောင်းပေးပါမယ်။ အားလုံး ပြီးသွားတဲ့အခါ ရှင်တို့ကို ပြောပြပါမယ်”

“မိန်းကလေးရှုက ကျုပ်တို့ရဲ့ ကြမ္မာကို လိုအပ်နေတာလား။ ပြဿနာမရှိဘူး”

“မင်း ယူလို့ရတယ်”

“ဌားတာကို မေ့ထားလိုက်။ မင်း လိုချင်တယ်ဆိုရင် ပေးမှာပေါ့”

ချီကံကောင်းမှုနဂါးနှင့် ပုံရိပ်များစွာမှ ပွဲအခမ်းအနားမှ ထွက်လာကာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုစဉ် ဝမ်ဝေ့နှင့် တခြားလူတချို့ကမူ အလျင်စလို မတုံ့ပြန်သေးပေ။ ထိုအစား သူက ဝူဟုန်ကို  ကြည့်လိုက်၏။

“ကျွန်မကို လာမကြည့်နဲ့”

“ကိစ္စတွေက ဒီလိုအခြေအနေထိ ဖြစ်လာတာတောင် ကိုယ့်ကို မပြောသေးဘူးလား”

“မပြောဘူး”

“မင်းက ကပ်တွက်နေတာပဲ”

“ဟုတ်တာပေါ့” ဝူဟုန်က သူ့ကို လက်မထောင်ပြလိုက်သည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူ့ကြမ္မာကို ထုတ်လွှတ်လိုက်သည်။ သူက ကာကွယ်ရေးနှင့် စောင့်ကြည့်ရေးအတွက် တစ်စုံတစ်ခုကိုပါ ထည့်ပေါင်းပေးလိုက်သည်။ ဧကရာဇ်ခုံကဲ့သို့သော လူအများစုအတွက် ဝမ်ဝေ့ကဲ့သို့ တူညီသည့် ရွေးချယ်မှုမျိုးကို ပြုလုပ်ကြလေ၏။

အစီအရင်ကို ထိန်းချုပ်နေသည့် လူအိုကြီးထျန်းကျိက ဝမ်ဝေ့၏ ကြမ္မာရောက်ရှိလာသည်ကို မြင်တွေ့ပြီးသည့်နောက် အကြည့်များ တောက်ပလာပြီး  စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ အားလုံးနှင့်  နဂါးကို သတ်ဖို့ ကြမ္မာလှံ ဖွဲ့စည်းဖို့ ဖြစ်နိုင်သော်လည်း ကံကြမ္မာဆက်စပ်သည့်သူက သူ့ကြမ္မာကို အသုံးပြုလာသည့်အတွက် ပြီးပြည့်စုံနေသည်။ ထိုအရာကို ညီမျှခြင်းထဲ ထည့်ပေါင်းလိုက်သည့်အခါ ပြဿနာရှိတော့မည် မဟုတ်ပေ။

All Chapters