နောက်ဆုံးအသက်
Vol. 91 Ch. 1274
ရှုကျင်းယောင်က ကောင်းကင်အထက် ပေါ်ထွက်လာသည့် ရွှေရောင်လှံကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ထိုစဉ် သွေးနဂါးက အခက်တွေ့နေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်မှ နဂါးသွေးမျိုးဆက်ကို ဖယ်ရှားဖို့ ကြိုးစားနေသည်။ ကျိန်စာက အသက်ဝင်လာသည့်အတွက် ထိုဖြစ်စဉ်က လိုအပ်သည်ထက် စိန်ခေါ်မှု ဖြစ်နေလေသည်။ သို့သော် နာကျင်မှုကြီးမားသော်လည်း သွေးနဂါးက အံကြိတ်ကာ ဆက်လက် လုပ်ဆောင်ခဲ့၏။
သူက နောက်ဆုံးသော သွေးစက်ကို ဖယ်ရှားပြီးသည်နှင့် သွေးနဂါးက သူ့ခန္ဓာကိုယ်အနှံ့ အားနည်းမှု ကြီးစိုးသွားသည်ကို ခံစားမိလိုက်သည်။ သူ့အနေဖြင့် ကြမ်းပြင်ပေါ် လဲကျမသွားအောင် များစွာ အားစိုက်ထုတ်ထားရ၏။ သူ့ခြေထောက်များကပင် တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ ထို့နောက် သူ့ဝိညာဉ်ထံ ဒဏ်ရာကြောင့် ခေါင်းကိုက်မှုနှင့် အထင်အမြင်မှားမှုတို့ ဖြစ်ပေါ်လာသည်။ သွေးနဂါးက သူ့စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားကာ ကုစားရေးနည်းစနစ်တစ်ခုကို အသုံးပြုခဲ့၏။ သူက အန္တရာယ်ကြား ကျရောက်နေသည့်အတွက် တတ်နိုင်သမျှ မြန်မြန်အားဖြည့်ဖို့ လိုအပ်နေသည်။
နှမြောဖို့ကောင်းလှစွာဖြင့် သူ့အားစိုက်ထုတ်မှုများက အသုံးမဝင်ခဲ့ပေ။ ရှုကျင်းယောင်က သွေးမျိုးဆက်သည် သူ့ခန္ဓာကိုယ်မှ ဖယ်ရှားသွားသည့်အချိန်သည် အားအနည်းဆုံးဖြစ်ကြောင်း သဘောပေါက်ထားသည့်အတွက် အချိန်ကိုက် တိုက်ခိုက်လာသည်။ ရွှေရောင်လှံက ကောင်းကင်မှဆင်းသက်ကာ နဂါးကို ထိုးဖောက်သွားလေ၏။
“အား”
နာကျင်မှုက ခန္ဓာကိုယ်လေ့ကျင့်သူများ၏ စမ်းသပ်ချက်ထက်ပင် ပိုမိုဆိုးရွားနေသည်။
ထိုအရာက သူ့ကို တတ်နိုင်သမျှ နာနာကျင်ကျင်သတ်ဖို့ တည်ရှိနေသည့် ရန်သူသဖွယ် ဖြစ်၏။ သွေးနဂါးက သူသည် ဤလှံချက်မှ အသက်မရှင်နိုင်ကြောင်း ချက်ချင်းသိလိုက်သည်။
ထိုအရာက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရုံသာမကဘဲ သူ့ဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကိုပါ မွှေနှောက်ဖျက်စီးပစ်ခဲ့သည်။ သူ့ဝိညာဉ်ထံ ယူဆောင်လာသည့် အဖျက်အဆီးပမာဏကြီးမားမှုကို ထည့်မပြောရသေးပေ။ သို့သော်လည်း ဤသည်က အဆိုးရွားဆုံးအပိုင်း မဟုတ်သေးပေ။ သွေးနဂါးက သူ့ချီကံကောင်းမှုနဂါးကို မြင်လိုက်ရ၏။
သူ့ကံကောင်းမှုက စကားဖြင့် မဖော်ပြနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလွန်းလှသည်။ ထိုအရာက လမင်းသင်္ကေတရှိသည့် သရဖူပန်ဆင်ထားပြီး သူက တစ်ကမ္ဘာလုံး၏ ကံကောင်းမှုကို မည်မျှထိန်းချုပ်နိုင်ကြောင်း ပြသထားလေသည်။ သို့သော်လည်း လှံတံက အရာအားလုံးကို ဖျက်စီးပစ်ခဲ့၏။ သရဖူက ကြေမွသွားပြီး သူ့ချီကံကောင်းမှုနဂါးကလည်း ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
မဖြစ်ဘူး။ မဖြစ်ဘူး…
သွေးနဂါးက ကြည့်လိုက်သည်။
သူက ဤသို့သော အဖိုးတန် အသက်ရှည်အရင်းအမြစ်ကို ဆုံးရှုံးဖို့ လက်ခံနိုင်သော်လည်း သူ့ကံကောင်းမှုကို အဆုံးရှုံးမခံနိုင်ပေ။ သူသာ အသက်ရှင်နေသရွေ့ ထိုအရင်းအမြစ်များကို ပြန်လည်ရရှိဖို့ နည်းလမ်းရှိလေသည်။ သို့သော် သူ့ကံကောင်းမှု ပျက်စီးသွားသည်နှင့် သူ့ကို ဆက်နွယ်နေသည့် တစ်ခုတည်းသော ကံကြမ္မာက သေခြင်းတရားသာ ဖြစ်ကြောင်း သိထားလေ၏။
“ခွေးမ” သွေးနဂါးက အော်ပြောပြီး ရှုကျင်းယောင်ကို ခက်ထန်စွာ ကြည့်လိုက်သည်။
“ဒီလို ကြမ်းတမ်းတဲ့စကားတွေ။ ဒါက ချစ်ရတဲ့ အမျိုးသမီးကို ပြောတဲ့ပုံလား” ရှုကျင်းယောင်က နာကျင်ဟန်ဖြင့် ပြောလိုက်သည်။
“အထူးသဖြင့် ကျွန်မတို့တွေက အဲဒီပုံရိပ်ယောင်ထဲမှာ တွေ့ကြုံခံစားပြီးတဲ့နောက်မှာပေါ့။ ရှင်က ကျွန်မကို အဲ့လိုပြောရက်တယ်လား”
သူမ၏ စကားများက သွေးနဂါး၏ အမုန်းတရားကို ပိုမိုတိုးမြင့်သွားစေ၏။
“ငါ့စကားကို မှတ်ထား။ အခုကစပြီးတော့ မင်းအတွက် မိုးမြေကြားမှာ ဘေးကင်းတဲ့နေရာ မရှိဘူး။ မင်းကိုရတာနဲ့ မင်း သေခြင်းတရားထက်ဆိုးတဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်။ ကမ္ဘာမှာရှိတဲ့ ယောက်ျားတိုင်းနဲ့ ထိတွေ့ဆက်ဆံခိုင်းပစ်မှာ။ အနိမ့်ဆုံးကျွန်တွေကနေ ရွံစရာအကောင်းဆုံး သူတောင်းစားတွေအထိပဲ။ သူတို့က မင်း ဘယ်လိုအရသာလဲဆိုတာ သိသွားရတာပေါ့။ ပြီးတော့ အဲဒါကို တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသပစ်မယ်”
သူ့မျက်ဝန်းထဲရှိ သတ်ဖြတ်ငွေ့နှင့် အမုန်းတရားတို့က အခန်းကိုပင် အနီနှင့်အနက် ပြောင်းလဲသွားစေသည်။
“ဟုတ်ပါပြီ” ရှုကျင်းယောင်က ထိုစကားများကြောင့် သက်ရောက်မခံရသည့်အလား ပြောလိုက်၏။
“ဒါက ရှင့်ရဲ့ အစစ်အမှန်ကိုး။ ကျွန်မကို လိင်ဆက်ဆံစရာပစ္စည်းအပြင် ဘာမှမမြင်တာ သိသာတယ်။ ရှင်တို့ ဘာလိုချင်တယ်ဆိုတာက သိသာရက်နဲ့ လူကြီးလူကောင်းဆောင်နေတာကို ငြီးငွေ့နေတာကြာပြီ။ အခု မျက်နှာဖုံးကို ဖယ်လိုက်တော့ တကယ့်လူကို ရင်ဆိုင်ရတာပေါ့” သူမက တောက်တောက်ပပ ပြုံးလိုက်၏။ သူမက လက်တစ်ဖျောက် တီးလိုက်သည့်အချိန် သွေးနဂါး၏ ခန္ဓာကိုယ်မှ လှံတံက ပြန်ထွက်လာလေသည်။ ထို့နောက် မာနကြီးသည့်နဂါးက မိုးမြေကြားမှ အစိတ်စိတ်အမြွာမြွာ ကြေမွသွားလေသည်။ သူက သူမအပေါ်မှ အကြည့်လွှဲသွားခြင်း မရှိပေ။ သူက မျက်လုံးဖြင့် ကျိန်စာတိုက်နေသလိုမျိုး ဖြစ်၏။
…………………………………………………….
“ဒါက အနီရောင်ပွဲအခမ်းအနားလား” ဝမ်ဝေ့က မေးလိုက်သည်။
“အဲ့လိုမျိုးပေါ့” ဝူဟုန်က ခေါင်းညိတ်လိုက်၏။
“သူမဆီမှာ အဲဒါရှိလိမ့်မယ်လို့ ထင်မထားဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူမက ပင်မခန္ဓာတွင် ပါဝင်ခဲ့သော်လည်း အဓိကဖြစ်ရပ်က သူ့ဝန်းကျင်တွင် လှည့်ပတ်နေလိမ့်မည်ဟု မှန်းဆထားခဲ့သည်။ သူက ကိုယ့်ကိုယ်ကို အထင်ကြီးနေခြင်း မဟုတ်သော်လည်း သူ့ကြမ္မာက သူသည် ပြဿနာသံလိုက် တစ်ခုဖြစ်နေကြောင်း ညွှန်ပြနေလေ၏။ ပြဿနာစဖြစ်လာသည်နှင့် ဆယ်ကြိမ်မှာ ၉ကြိမ်လောက်က သူနှင့်သက်ဆိုင်နေလေ့ ရှိသည်။
“သူမအပေါ် လေးစားမှုက နောက်တဆင့် ရောက်သွားတယ်ဆိုတာကိုတော့ ဝန်ခံရမှာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
“ကိုယ့်ကို အဲဒီကောင်စုတ်တွေကို သတ်မဲ့ ကြမ္မာနဲ့လူလို့ ပြောကြတယ်။ ဒါပေမဲ့ ကိုယ်က ပြင်ဆင်နေတုန်းရှိသေးတယ်။ တခြားတစ်ယောက်က သူတို့ကို သတ်သွားပြီ”
“ဘာလဲ ရှင့်ရဲ့ ခေတ်ကာလသားတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပျောက်မှာ စိုးရိမ်နေတာလား”
“ဘယ်ဟုတ်ပါ့မလဲ” ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ ကိစ္စများစွာက သူ့ထံ အဓိပ္ပာယ်ရှိလာလေ၏။ ပြောရမည်ဆိုလျှင် အဆိပ်သခင်က သူမ၏ မရဏအမြစ်အဆိပ် မည်သို့ဆုံးရှုံးလိုက်ရလဲဟူ၍ ဖြစ်သည်။ ရှုကျင်းယောင်က ထိုလုပ်ကြံသတ်ဖြတ်မှုများကို ယွမ်ခေတ်ကာလများစွာတိုင် စီစဉ်ထားမှန်း သိထားလေ၏။ အကယ်၍ သူ့တွင် အချိန်များစွာရှိပါက သူသည်လည်း ထိုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည်။
အကယ်၍ ကောင်းကင်တာအိုက အမည်မရှိဘဲ သူ့အဆင့်အတန်းကို ဖယ်ရှားပြီး တခြားတစ်ယောက်ကို ပေးအပ်ခဲ့ပါက သူသည် ဂရုစိုက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့အကြီးမားဆုံးလှုံ့ဆော်မှုက ထိုသူတို့သည် သူ့ရှေ့ဆက်ရမည့်လမ်းစဉ်ကို ပိတ်ဆို့ထားခြင်း ဖြစ်၏။ အကောင်းဆုံးနည်းလမ်းက သူ့ရွှေရောင်ခန္ဓာကို တတိယအဆင့်အနေအထားထိ တိုးမြှင့်ဖို့ရာ ဖြစ်သည်။ သူက ကံကြမ္မာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ကို သတ်နိုင်လိမ့်မည် ဖြစ်၏။
“သိပါတယ်။ တစ်ခါတစ်လေမှာ ရှင့်ရဲ့ အဲ့လိုဂရုမစိုက်တတ်တဲ့ အပြုအမူက ချစ်ဖို့ကောင်းတယ်ဆိုတာနဲ့ ဆန့်ကျင်ဖက်ပဲ” ဝူဟုန်က သက်ပြင်းချလိုက်သည်။
“အဲဒါဆိုတော့ တခြားအချိန်တွေမှာ ချစ်စရာကောင်းတယ်ဆိုတာကို ဝန်ခံတယ်ပေါ့” ဝမ်ဝေ့က အပြုံးဖြင့် ပြောလိုက်၏။
“အခုက ပရောပရည်လုပ်နေရမဲ့ အချိန် မဟုတ်ဘူး” ဝူဟုန်က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။
ဝမ်ဝေ့က တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် တစ်ခုကို အာရုံခံမိသွားသည်။
“ဟမ် အခုထိ မပြီးသေးဘူးလား”
…………………….
ရှုကျင်းယောင်က ရွှေရောင်လှံကို ကိုင်ဆွဲထားပြီး စောင့်နေလေ၏။ ထင်ထားသည့်အတိုင်း ဖြူဖျော့နေသည့်မျက်နှာနှင့် သွေးနဂါးက သူမရှေ့မှောက် ပေါ်ထွက်လာသည်။ သို့သော်လည်း ယခင်တစ်ကြိမ်နှင့် မတူဘဲ သူက အင်မတန် တည်ငြိမ်နေကာ သူ့မျက်ဝန်းများက ကြောက်ဖို့ကောင်းနေသည်။
“သတင်းအချက်အလက်အရဆိုရင်တော့ ဒါက ရှင့်ရဲ့ နောက်ဆုံးအသက်ပဲ။ အခု ရှင် တကယ်သေလို့ရပြီ” ရှုကျင်းယောင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“မင်းရဲ့ ဝှက်ဖဲတွေ၊ လှည့်ကွက်တွေက ငါ့အပေါ် အလုပ်ဖြစ်မယ်လို့ ထင်လား” သွေးနဂါးက လှောင်ပြောင်ကာ ပြောလိုက်၏။
“ရှင် မှန်ပါတယ်” ရှုကျင်းယောင်က ဝန်ခံလိုက်သည်။ သူမက သူ့ကို သတ်ဖို့ တခြားနည်းလမ်းများကို စဉ်းစားထားသော်လည်း ထိုနည်းလမ်းများက အားနည်းသည့် နည်းလမ်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူမက သွေးနဂါး၏ အင်အားသည် မဟာတာအိုအရင်းအမြစ် ၉၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး သူ့နည်းစနစ်အများစုက သွေးမျိုးဆက်အပေါ် မှီခိုနေသည့်အတွက် အရာအားလုံးက ဗလာကျင်းနေသလို ဖြစ်သွားသောကြောင့် သူမ၏ ကဏ္ဍ ပြီးမြောက်ခဲ့သည်ဟု ဆိုရပေမည်။
“တစ်စိတ်တစ်ပိုင်းပေါ့” ရှုကျင်းယောင်က ဆက်ပြောလိုက်သည်။
အခန်းက ရုတ်ချည်းဆိုသလို သမိုင်းမတိုင်မီ ကမ္ဘာထဲမှ မြင်ရသည့် စကြဝဠာကြီးထက် အဆသန်းပေါင်းများစွာ ကြီးမားသည့် စကြဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သွေးနဂါးက လှည့်ကွက်များကို ကာကွယ်ဖို့ သတိကြီးကြီး ထားထားလေ၏။ သူ့အနေဖြင့် နှစ်ကြိမ်တိုင်တိုင် အရူးလုပ်ခံရသည်မှာ ဆိုးရွားလှနေပြီဖြစ်သည့်အတွက် တတိယအကြိမ် အရူးလုပ်ခံရလျှင် တုံးအအ ဝက်တစ်ကောင်လို ဖြစ်သွားလိမ့်မည်။
“ကျွန်မက ရှင့်ရဲ့ နောက်ဆုံးထွက်သက်ကို ဂုဏ်ယူဖွယ် တိုက်ခိုက်မှုနဲ့ လုပ်ဖို့ စီစဉ်ထားတာ။ ဒါက ကျွန်မရဲ့ အလှတရားကို သုံးပြီး ကြံစည်တတ်တဲ့ မိန်းမလို့ အပြောခံရမဲ့အစား ကျွန်မရဲ့ ဂုဏ်သတင်းကို ထုဆစ်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းလေ” ရှုကျင်းယောင်က ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်က အားကောင်းလွန်းတယ်ဆိုတော့ ကျွန်မက လိုက်ဖက်ညီတဲ့ ကစားကွင်းတစ်ခုတော့ လိုအပ်တာပေါ့”
“ကစားကွင်းကြီးကိုတဲ့လား” သွေးနဂါးက ရေရွတ်လိုက်ပြီး ထိုစကားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့မျက်နှာက နှမြောဖို့ကောင်းလှသည်။ သူတုံ့ပြန်ဖို့ နောက်ကျလွန်းသွားခဲ့၏။ ဤစကြဝဠာကြီးထဲ ကောင်းကင်ယံမှ ဖိအားတစ်ခု ဆင်းသက်လာကာ ကောင်းကင်ဘုံအရှင်အဆင့် ထိပ်သီးသို့ ကန့်သတ်ခံလိုက်ရသည်။
“စည်းမျဉ်းမဲ့ဇုန်က စည်းမျဉ်းမဲ့ သံမဏိ”
“ဟုတ်တယ်” ရှုကျင်းယောင်က ပြုံးလိုက်၏။
“အခု ကျွန်မတို့ရဲ့ စွမ်းအားက လက်ရည်တူဖြစ်သွားပြီဆိုတော့ အနိုင်ရသူကို ဆုံးဖြတ်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတစ်ခု မဟုတ်ဘူးလား။ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ဖို့အတွက်ရောပေါ့”
သွေးနဂါးက သူမကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်အနှံ့ အကြောက်တရားတို့ ဖြတ်ပြေးသွားလေ၏။ သူမလိုမျိုး ပါရမီရှင်တစ်ယောက်က အဆင့်တူအတွင်း ပြိုင်ဘက်ကင်းကြောင်း သိထားလေသည်။ သူက သူ့မြင့်မားသည့် ကျင့်ကြံဆင့်ဖြင့် လူများကို ယွမ်ခေတ်ကာလ သန်းပေါင်းများစွာ အနိုင်ကျင့်ခဲ့သည်။ ထို့ကြောင့် ထိုပါရမီရှင်များဖြင့် တူညီသည့် အဆင့်အနေအထားသို့ မည်သို့ရောက်မည်နည်း။
သွေးနဂါးက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ သူ့အတွက် ကံကောင်းသွားသည်က လတ်တလောကျူးကျော်မှုသည် သူ့သွေးထဲမှ တိုက်ခိုက်လိုစိတ်ကို ပြန်လည်နိုးထလာပြီး သူ့အား တိုက်ခိုက်ရေး အတွေ့အကြုံမြောက်များစွာကို ဆောင်ကြဉ်းပေးလာသည်။ သူက ကာကွယ်မှုအနေဖြင့် အစီအရင် ရှိမထားသော်လည်း သူက တစ်ဖက်သူထက် တဆင့်မြင့်နေသေးသည့်အတွက် အရေးသာချက်များစွာ ရှိလေ၏။
“ငါ ပြောတာ မှန်ပြီမလား။ ငါက ငါ့ကတိစကားကို တည်မှာ” သွေးနဂါးက သူ့စွမ်းအားကို အမြင့်ဆုံးတိုးမြှင့်ဖို့ သင့်တော်သည့် ပုံစံသို့ ပြောင်းလဲလိုက်သည်။ သို့သော်လည်း ရှုကျင်းယောင်က သူ့ကို မြင်သည့်အခါ ရုတ်တရက် ရယ်မောလိုက်၏။
“ကမ္ဘာကြီးကို တစ်ခါက လွှမ်းမိုးခဲ့တဲ့ စွမ်းအားကြီး သွေးနဂါးက အခုတော့ ကျောင်းလုံထက်တောင် ဆိုးရွားတဲ့ မြွေတစ်ကောင် ဖြစ်နေပြီပဲ”
ကောင်းကင်က သွေးနဂါး၏ ဒေါသကို ထင်ဟပ်နေသည့်အလား အနီရောင်ပြောင်းလဲသွားခဲ့၏။ သူ့သွင်ပြင်က လက်သည်းသုံးခုနှင့် မြွေတစ်ကောင်အသွင် ဖြစ်နေပြီး ကြေးခွံများတွင် အစက်အပြောက်တချို့ရှိနေကာ သူ့ဦးခေါင်းအထက် ၇လက်မအထက် လျော့နည်းသည့် နဂါးဦးချိုငယ်တစ်ခုသာ ရှိနေသည်။
“အဲ့ဒါ ဘယ်သူ့အမှားလဲ” သူက အော်ပြောလိုက်၏။ သူက တိုက်စားနိုင်သည့် သွေးအလင်းတန်းကို ပစ်ခတ်လိုက်သည်။ ထိုအလင်းတန်းက ဂလက်ဆီများစွာကို ပျက်စီးသွားပြီး ပစ်မှတ်ဆီ တိုးဝင်လာသည်။ သို့သော်လည်း ရှုကျင်းယောင်က အင်မတန် တည်ငြိမ်နေလေ၏။
သူမက ရွှေရောင်ဖြင့် ညွှန်ကာ ပြောလိုက်သည်။
“ကူးယူရေးတာအို အသက်ဝင်ဆေး”
လှံမှ ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာကာ နောက်ထပ် အလင်းရောင် ၈ခု ပေါ်ထွက်လာပြီး စုစုပေါင်း ၉ခုဖြစ်သွားလေ၏။ ထို့နောက် အတွေးတစ်ချက်ဖြင့် သူတို့က ထိုအလင်းတန်းနှင့် နဂါးဆီ ပြေးဝင်သွားကြသည်။