အရှုံးကိုလက်ခံသည် (၁)
Vol. 23 Ch. 341
"ရှန်လျန့်ရှန်က ရှုံးနိမ့်ခဲ့တာလား။"
လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် ရှန်ချင်းကျန်၏လက်က အနည်းငယ် တုန်ခါသွားပြီး သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတစ်ခု လင်းလက်သွားသည်။
"ဒါအမှန်ပဲ”
ရှန်ချီရှင်းက သက်ပြင်းပြင်းပြင်းချလိုက်သည် ။ သူ့မျက်နှာမှာ တုန်လှုပ်ချောက်ချားစရာ အရိပ်အယောင်တွေ ရှိနေတုန်းပင်။ သူရရှိထားတဲ့ သတင်းကို လုံး၀ မကျေမနပ် ဖြစ်နေ၏
“လင်းရှန်က ကိုယ်ပွားနဲ့တူတဲ့ အစွမ်းထက်တဲ့ နည်းစနစ်ကို အသုံးပြုခဲ့တယ်လို့ လျန့်ရှန် ဆီက ကြားသိရတယ်။ လျန့်ရှန်ကို ဆယ်ချီမြောက်မှာ အနိုင်ယူခဲ့တယ်တဲ့”
ရှန်ချင်းကျန်က သူ့လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ သူ့အမူအရာက မှောင်မိုက်နေတာကြောင့် မုန်တိုင်းထန်တဲ့ညတစ်ခုလိုပင်။
ရှန်ကျင်းချန်၏ရှုံးနိမ့်မှုသည်ပင် မိသားစုခေါင်းဆောင်ကို အလွန်မကျေမနပ် ဖြစ်စေနေပြီဖြစ်သည်။ လင်းရှန်ကိုအနိုင်ယူနိုင်စေရန်အတွက် သူတို့သည် မိသားစု၏ဂုဏ်သိက္ခာကိုစွန့်စားပြီး ရှန်လျန့်ရှန်အား တန်ခိုးကြီးသောဓမ္မရတနာ များစွာကို လျှို့ဝှက်စွာပေးခဲ့သည်။
ယုတ္တိနည်းအရပြောရလျှင် ကျင့်ကြံမှုအဆင့်နှင့် ဓမ္မရတနာများ အားလုံးနဲ့ဆို ရှန့်လျန့်ရှန်သည် လင်းရှန်ကို မရှုံးသင့်ပေ။
ဒါပေမယ့် အခုလို ဖြစ်သွားပြီပင်။
အဲဒီ လင်းရှန်လို့ခေါ်တဲ့ ဂျူနီယာက ဘယ်လောက်တောင် အားကောင်းလိုက်လဲ။
ရှန်ချင်းကျန်၏အမူအရာမှာ အနည်းငယ် ရုပ်ဆိုးသွား၏
သူတို့က အများကြီး ပေးဆပ်ရခဲ့ပေမယ့် မုန်တိုင်းကျွန်းကို ပြန်မသိမ်းနိုင်သေးပေ။ အကြီးအကဲတစ်ယောက်အနေနဲ့တောင် သူသည် မိသားစုခေါင်းဆောင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမှာ သေချာသည်။
ပိုအရေးကြီးတာက ရှန်လျန့်ရှန်တောင် ရှုံးခဲ့သည်။ မိသားစုထဲက မျိုးဆက်သစ်
လူငယ်တွေထဲမှာ ဘယ်သူက လင်းရှန်ကို အနိုင်ယူနိုင်မလဲ။
သူတို့သည် တိုက်ခိုက်ရန်အတွက် မိသားစုရှိ မှော်အလင်းအဆင့်ဝါရင့် ကျင့်ကြံသူများကို စေလွှတ်၍ မရနိုင်ပေ။
ရှန်မိသားစုသည် အားနည်းသူများကို အနိုင်ကျင့်ရန် မလုပ်နိုင်ပေ။
ဒါကို တကယ်လုပ်ဖို့ ဆန္ဒရှိခဲ့ရင်တောင် လင်းရှန် အနိုင်ကျင့်ခံရတဲ့အတွက် ကြွေလွင့်ဓားတောင်ထိပ်က ဒီအတိုင်းနေမှာ မဟုတ်ပေ။
ထိုအချိန်တွင် အလောင်းအစားပြိုင်ပွဲများမှတဆင့် လင်းရှန်ဆီမှ မုန်တိုင်းကျွန်းကိုပြန်ယူရန်ဆန္ဒရှိနေပြီဖြစ်သည်။
ဒါကိုစဉ်းစားရင်း ရှန်ချင်းကျန်က စိတ်ပျက်လက်ပျက်ဖြစ်နေ၏
ရှန်ချီရှင်းသူ့အမူအရာကို သေချာလေ့လာပြီး “ဘာလို့ ဝေ့ဖန်ကို ခွင့်မပြုတာလဲ။ သူ့ရဲ့ ခွန်အားနဲ့ဆို လင်းရှန်ကို အနိုင်ယူဖို့ အခွင့်အလမ်း မြင့်မားတယ်လေ”
ရှန်ချင်းကျန်က မတွေးဘဲ ငြင်းလိုက်သည်။
"မဟုတ်ဘူး ဝေ့ဖန်က မြောက်ပိုင်းဓားနက်ကျမ်းကို ကျင့်ကြံနေတာ။ ဒါက သူ့နားလည်မှုအတွက် အရေးကြီးတဲ့အခိုက်အတန့်ပဲ။ ငါတို့ အခု သူ့ကို နှောင့်ယှက်လို့ မရဘူး။"
ခေတ္တနားပြီးနောက် ရှန်ချင်းကျန်ကညသက်ပြင်းချလိုက်ပြန်သည်။
"ပြီးတော့ ဝေ့ဖန်က လှုပ်ရှားမှုတစ်ခုလုပ်ရင် အားနည်းသူတွေကို အနိုင်ကျင့်တဲ့အတွက် ဝေဖန်ခံရနိုင်တယ်။ အဲ့ကျ ကြေလွင့်ဓားတောင်ထိပ်က သေချာပေါက် အရေးယူမှာ”
ထို့အပြင် ရှန်ချင်းကျန်သည် အမှန်တကယ်ပင် စိုးရိမ်ပူပန်မှုတစ်ခုရှိနေခဲ့သည်။
လင်းရှန်၏ ခွန်အားသည် နားမလည်နိုင်လောက်အောင်ပင်။ ယခုပင်လျှင် လူငယ်လေး၏ စစ်မှန်သော ခွန်အားကို မမြင်နိုင်ပေ။ ရှန်ဝေ့ဖန်သာ ရှုံးနိမ့်ခဲ့ပါက ရှန်မိသားစု၏ ဂုဏ်သိက္ခာ ပျက်ပြားသွားမည်ဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့် လင်းရှန်၏ဂုဏ်သတင်းသည် အရင်ကထက်ကို ကျော်လွန်သွားလိမ့်မည်မှာ သေချာပါသည်။
ဆရာ တပည့်မျိုးရိုးတွေတောင် ပိုပြီး နာမည်ကြီးလာလိမ့်မည်ပင်။
ဒါက ဘယ်တော့မှ သူ ခွင့်မပြုတဲ့ အရာပင်။
"ဒါဆို ကျွန်တော်တို့ မုန်တိုင်းကျွန်းအတွက် ကြယ်ဓားဆေးကို တကယ်လဲလှယ်မှာလား။"
ရှန်ချီရှင်းက မျက်မှောင်ကြုတ်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
ကြယ်ဓားဆေးပြားကို လဲလှယ်ဖို့အတွက် ရှန်မိသားစုသည် ဝိညာဉ်ရေးရာ ပြည့်ဝနေသော ဝိညာဉ်လက်နက်ဖြစ်လာရန် ခြေလှမ်းအနည်းငယ်သာ လိုသည့် အမြင့်ဆုံးအဆင့် အထူး လက်နက်တစ်ခုအပါအဝင် အထူးလက်နက် ၁၀ ခုကို ပေးအပ်ခဲ့ရသည်။
ကြယ်ဓားဆေးကိုရရှိရန် ကြီးမားသောစျေးနှုန်းဖြင့် ပေးဆောင်ခဲ့ကြရသည်။ ဆရာ-တပည့်မျိုးရိုးကို မည်ကဲ့သို့ ပေးရန် ဆန္ဒရှိနိုင်မည်နည်း။
“မုန်တိုင်းကျွန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအမြစ်တွေက ကြယ်ဓားဆေးထက် ပိုတန်ဖိုးရှိပါတယ်။ ဒီကျွန်းကို ဆရာ တပည့်တွေရဲ့ လက်ထဲ မရောက်စေရဘူး။” ရှန်ချင်းကျန်က ခေါင်းခါလိုက်သည်။
တကယ်တော့ ဆရာ တပည့်မျိုးရိုးက ရှန်မိသားစုထက် အဆင့်မမြင့်ဘူးဆိုရင်တော့ မုန်တိုင်းကို ပြန်ရနိုင်သည်။
" ဝေ့ဖန်ကရော၊ ကြယ်ဓားဆေးက သူ့အတွက်ဆို။”
"ကျွန်တော် သူ့ကို ကိုယ်တိုင်ရှင်းပြပါ့မယ်။ သုံးလအကြာမှာ ကြယ်ဂိုဏ်းက ပြန်ပြီးအရောင်းအဝယ်လုပ်ကြမှာ ။ အဲဒီအချိန်မှာ မိသားစုက နောက်ထပ် ဓားဆေးပြားတစ်လက်နဲ့ လဲလှယ်ပေးမှာပါ။”
ထိုသို့ပြောသော်လည်း ရှန်ချင်းကျန်သည် ၎င်းတို့၏ ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်နေဆဲဖြစ်သည်။
အထူးလက်နက်များသည် လမ်းဘေးဈေးတွင် ရှာတွေ့နိုင်သည့် အရာမဟုတ်ပေ။ ရှန်မိသားစု မည်မျှချမ်းသာသည်ဖြစ်စေ ကြယ်ဓားဆေးပြားကို လဲလှယ်ရန် အထူးလက်နက်အများအပြားကို မရရှိနိုင်ပေ။ ဒီတစ်ခါတော့ သူတို့အတွက် တော်တော် အကုန်အကျ များခဲ့သည်။
ရှန်ချီရှင်းလည်း သဘောပေါက်ပြီး သက်ပြင်းချလေ၏
ယင်းမတိုင်မီက အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးက ဒီလောက်ရက်စက်ကြမ်းကြုတ်မည်ဟု ရှန်မိသားစုအနေနဲ့ စိတ်ကူးမယဉ်နိုင်ခဲ့ပေ။
အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့ ယုစစ်ယွဲ့က လင်းရှန် နောက်ကွယ်မှာရှိနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဓိကအကြောင်းရင်း ကတော့ လင်းရှန်၏ထူးကဲတဲ့စွမ်းရည်နဲ့ အံ့ဩစရာကောင်းတဲ့ခွန်အားတွေကြောင့်ပင်။
သူသည် ကျင့်ကြံသူသခင်အဖြစ်သို့ တိုးတက်လာခဲ့ပြီး ရှန်ကျင်းချန်နှင့်
ရှန်လျန့်ရှန်ကို အနိုင်ယူနိုင်နေပြီ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ဘာတွေဖြစ်လာမလဲ။
ဒါကိုတွေးရင်း ရှန်ချီရှင်းက ရှန်ဝမ်ချီကို အနည်းငယ် မကျေမနပ်ဖြစ်မိသည်။
ရှန်ဝမ်ချီသာ လင်းရှန်ကို မုန်တိုင်းအစားအဖြစ် အသုံးမပြုခဲ့ပါက ယခုလောက် ပြဿနာရှိတော့မည်မဟုတ်ပေ။
“သွား၊ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပြီး မတော်တဆမှုတွေ မဖြစ်အောင် ကျွန်းကို ပြန်သိမ်းပါ။” ရှန်ချင်းကျန်က စိတ်မဝင်စားစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ရှန်ချီရှင်းက ခေါင်းကို အနည်းငယ်ငုံ့ကာ လက်ပိုက်လိုက်သည်။
ရှန်လျန့်ရှန်ကို အနိုင်ယူပြီးနောက် ရှန်မိသားစုသည် နောက်တစ်ကြိမ် ရှုံးနိမ့်ဖို့အတွက် တစ်စုံတစ်ဦးကို စေလွှတ်မည့်အထိ မိုက်မဲမည်မဟုတ်ကြောင်း လင်းရှန် သိလိုက်သည်။
သူတွေးတာမှန်၏
နောက်နှစ်ရက်အကြာတွင် ရှန်မိသားစုမှ လူများကို ကြယ်ဓားဆေးပြားနှင့် အိုးကိုးလုံးဆေးငါးပုလင်းနဲ့အတူ ရွှေစမ်းချောင်းကျွန်းသို့ စေလွှတ်ခဲ့သည်။
သူ့ရှေ့က ကြယ်ဓားဆေးနဲ့ အိုးကိုးလုံးဆေးကို ကြည့်လိုက်တော့ လင်းရှန် အံ့သြသွားသလို ခံစားလိုက်ရသည်။
အလောင်းအစားနဲ့ ယှဉ်ပြိုင်တာက ပိုကောင်းသည်။ အရင်းအမြစ်တွေက ဒီနည်းနဲ့ မြန်
မြန်ရောက်လာသည်။
ရှန်မိသားစုက သူနဲ့ ဆက်မပြိုင်ချင်တော့တာက နှမြောစရာပင် ။ မဟုတ်ပါက သူသည် အိုးကိုးလုံးဆေးကို ထပ်မံရရှိပါက ဝိညာဉ်ပျိုးထောင်ရေး အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်ရန် လုံလောက်ပေလိမ့်မည်။
မုန်တိုင်းကျွန်းသည် လင်းရှန်အတွက် များစွာ အသုံးမ၀င်ပေ။ အဖိုးတန်ကြယ်ဓားဆေးပြားနှင့် အိုးကိုးလုံးဆေးပြား ဆယ်ပုလင်းကို လဲလှယ်ခြင်းသည် ထိုက်တန်နေသည်။
လင်းရှန်က စိတ်ကောင်းဝင်နေသည်။ သူသည် ကြယ်ဓားဆေးပြားကို ကောက်ယူ၍ သေသေချာချာ စစ်ဆေးသည်။
ဓားဆေးပြားသည် လက်သီးအရွယ်အစားရှိပြီး ဝိညာဉ်ရေးအနှစ်သာရနှင့် ကြယ်မှုန်များဖြင့် ဝန်းရံထားသည်။
ဂရုတစိုက်ခံစားပါက ၎င်းတွင်ပါရှိသော တက်ကြွမှုကိုလည်း ခံစားနိုင်သည်။ အသက်ရှုသံ တိုးတိုးတိတ်တိတ် ရှိနေ၏
ဓားဆေးများကို ဒြပ်စင်ငါးပါးနှင့် ရင်နှင့် ယန်ဟူ၍လည်း ပိုင်းခြားထားသည်။
တူညီသောဒြပ်စင်၏ ဓားဆေးပြားကို သန့်စင်ခြင်းဖြင့်သာ ၎င်းတို့၏ ခွန်အားကို အမြင့်ဆုံး မြှင့်တင်နိုင်မည်ဖြစ်သည်။
ဒါပေမယ့် ဓီဓားဆေးကတော့ မတူပေ။ ၎င်းသည် မည်သည့်အရာနှင့်မျှ မသက်ဆိုင်ပေ။