ရှုံးနိမ့်မှုကို ဝန်ခံသည် (၂)
Vol. 23 Ch. 342
ကျင့်ကြံသူသခင် သန့်စင်ပြီးမှသာ ဝိညာဉ်ရေးရာအနှစ်သာရသည် သက်ဆိုင်ရာဒြပ်စင်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ဒါကလည်း ဓားဆေးကို ဓားပညာရှင်တွေက ရှာဖွေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်သည်။
နောက်ဆုံးတွင် ဓားဆေးအများစုသည် အလွန်အဖိုးတန်သည်။ ဆေးတစ်လုံးကို လက်ထဲရှိနိုင်ရင်ပင် အံ့ဩစရာပင်။ လူတစ်ယောက်၏ ဝိညာဉ်ရေးရာအနှစ်သာရနှင့် ကိုက်ညီသော ဓားဆေးပြားတစ်ခုကို ရဖို့က မလွယ်ကူပေ။
တူညီသောဒြပ်စင်တစ်ခု၏ ဓားဆေးပြားကို အောင်မြင်စွာရရှိခဲ့သော်လည်း အများစုမှာ ဒြပ်စင်တစ်မျိုးတည်းသာ ရှိသည်။
စွမ်းအားမြင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောများနှင့် ဒြပ်စင်နှစ်ခုဝိညာဉ်ရေးရာ အနှစ်သာရရှိသော ဓားကျင့်ကြံသူများအတွက် ဒြပ်စင်ဓားဆေးတစ်လုံးသည် မလုံလောက်ပေ။
သို့သော် ဒီဓားဆေးသည် ဤချို့ယွင်းချက်ကို ဖယ်ရှားနိုင်သည်။
၎င်းသည် ဒြပ်စင်ငါးခု ဝိညာဉ်ရေးရာအနှစ်သာရဖြစ်လျှင်ပင် ၎င်းသည် သန့်စင်သူ၏ ဝိညာဉ်ရေးအနှစ်သာရနှင့် လုံးဝကိုက်ညီနိုင်သည်။
ခဏလောက် စစ်ဆေးပြီးနောက် လင်းရှန်ကျေနပ်စွာ ပြုံးလိုက်သည်။
ဓားဆေးသည် သူမျှော်လင့်ထားသည်ထက် ပို၍ပင် ဝိညာဉ်ရေးရာအနှစ်သာရ များနေသည်။
ဤဓားဆေးပြားနှင့် မြောက်ပိုင်းဓားနက်ကျမ်းသာဆို သူ၏ ခွန်အားသည် လျင်မြန်စွာ တိုးလာမည်ဖြစ်သည်။
ခဏအကြာတွင် လင်းရှန်သည် ငြိမ်သက်သွားပြီး ဓားဝိညာဉ်ကိုယ်ပွားကို ဆင့်ခေါ်လိုက်
သည်။ သူသည် ကိုယ်ပွါးကို နားလည်နိုင်စေရန် ကြယ်ဓားဆေးပြားနှင့် မြောက်ပိုင်းဓားနက်ကျမ်းတို့ကို ပေးခဲ့သည်။
ရုတ်တရက် လင်းရှန်သည် တစ်စုံတစ်ခုကို တွေးလိုက်သည်။
သူနှင့်သူ၏ကိုယ်ပွားသည် မြောက်ပိုင်းဓားနက်ကျမ်းကိုမျှဝေနိုင်သော်လည်း ကြယ်ဓားဆေးကိုတော့မရပေ။
အနာဂတ်တွင် ရန်သူများနဲ့တွေချိန် ကြယ်ဓားဆေးကိုအသုံးပြုပါက အခြားကိုယ်ပွါးများသည် လက်ဗလာဖြင့် တိုက်ခိုက်ရမည်ဖြစ်သည်။
“ကြည့်ရတာ ဓားဆေးပြား အနည်းငယ် စုဆောင်းရမဲ့ပုံပဲ”
လင်းရှန်သည် ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရသည်။
ဓားဆေးသည် သာမာန်ဓမ္မရတနာများကဲ့သို့မဟုတ်ပေ။ ရဖို့ အရမ်းခက်သည်။
သူ၏ကိုယ်ပွါးခုနစ်ယောက်အတွက်ဆို စုစုပေါင်း ဓားဆေးခုနစ်လုံး လိုအပ်သည်။ ထို့အပြင် အနာဂတ်တွင် ကိုယ်ပွါးအရေအတွက် တိုးလာသည်နှင့်အမျှ ဓားဆေးပြား အရေအတွက်လည်း တိုးလာမည်ဖြစ်သည်။
ထို့ထက် ပိုအရေးကြီးသည်မှာ သာမန်ဓားဆေးများသည် အထူးလျှို့ဝှက်ဝိညာဥ်အနှစ်သာရ သို့မဟုတ်မြောက်ပိုင်းဓားနက်ကျမ်း၏ စွမ်းအားကို မဖြည့်တင်းနိုင်ပေ။
သူသည် သူ၏ ခွန်အားကို အမြင့်မားဆုံး မြှင့်တင်လိုပါက ကိုယ်ပွါးတစ်ယောက်ကို ကြယ်ဓားဆေးတစ်လုံး သန့်စင်နိုင်တာ အကောင်းဆုံးဖြစ်လိမ့်မည်။
သို့သော် ကြယ်ဓားဆေးပြား ခုနစ်ပြားကို ရရှိဖို့က ….ရှန်မိသားစုပင်လျှင် ထိုကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။
"ကြည့်ရတာ မှော်အလင်းအဆင့်ကိုဖြတ်ကျော်ပြီး ကြယ်ဂိုဏ်းကိုသွားဖို့ အခွင့်အလမ်းရှာရမဲ့ပုံပဲ။"
လင်းရှန်သည် သူ့အာရုံကို ပြန်ရသွားပြီးနောက် အိုးကိုးလုံးဆေးပြားဆီသို့ ပြန်လှည့်လိုက်သည်။
အိုးကိုးလုံးဆေးပြားဆယ်ပုလင်းသည် ဝိညာဉ်ပျိုးထောင်ခြင်း တတိယအဆင့်သို့ ဖြတ်ကျော်ရန် လုံလောက်သည်။
မဆိုင်းမတွဘဲ လင်းရှန်သည် ကျန်ရှိသောကိုယ်ပွားများကို ချက်ချင်းခေါ်ကာ ၎င်းတို့ကို စတင်ကျင့်ကြံစေခဲ့သည်။
အကယ်၍ သူသည် မြေအောက်ဝိညာဉ်လှိုဏ်ဂူသို့ မသွားရောက်မီ ဝိညာဉ်တော်ပျိုးထောင်ရေး တတိယအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့ပါကမိမိကိုယ်ကို အန္တရာယ်မှ ကာကွယ်ရန် အခွင့်အလမ်းပိုများမည်ဖြစ်သည်။
ကြွေလွင့်ဓားတောင်ထိပ်၊ သစ်ခွနန်းတော်
ယုစစ်ယွဲ့သည် ရေကြေးမုံပေါ်တွင်ထိုင်ကာ ရှားမုန်ရန် ပြောပြသည့် လွန်ခဲ့သောရက်အနည်းငယ်က အဖြစ်အပျက်များကို အေးအေးဆေးဆေး နားထောင်နေခဲ့သည်။
“အဲဒီအခြေအနေမှာ ရှန်မိသားစုက ရှုံးနိမ့်ကြောင်း ဝန်ခံပြီး ကြယ်ဓားဆေးပြားတွေကို လွှဲပြောင်းပေးခဲ့တာလား”
"ဟုတ်တယ်။" ရှားမုန့်ရန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "ဒီမနက်မှာပဲ၊ အဲဒီရှန်အကြီးအကဲချင်းကျန်က ကြယ်ဓားဆေးပြားကို ရွှေစမ်းချောင်းကျွန်းကို ပို့ပေးဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်တယ်”
“ရှန်မိသားစုက ဒီတခေါက် တော်တော် အရှက်ရသွားတယ်။ ဂျူနီယာမောင်လေးလင်းကို သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့တယ်။ သူတို့က ရှေ့လျှောက်ပတ်ဝန်းကျင်မှာ ဒီလောက်ကြီးကျယ်ခမ်းနားပြီး မာနကြီးဖို့ မျက်နှာရှိမှာမဟုတ်ဆော့ဘူး။”
ရှားမုန့်ရန်၏ လေသံမှာ ကြည်နူးခြင်းများဖြင့် ပြည့်နေသည်။
ရှန်မိသားစုသည် ယင်းကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး ထိုကဲ့သို့သော ဇာတ်ဝင်ခန်းကို ဖန်တီးခဲ့သည့် ရှန်ဝမ်ကျီနှင့် မတူစေရန် ရှန်ကျင်းချန်နဲ့ ရှန်လျံန့်ရှန်တို့ကို အလောင်းအစားပြိုင်ပွဲတွင် တစ်ယောက်တည်း လာခိုင်းခဲ့သည် ။ သို့သော် စကားလုံးများက ကျယ်ပြန့်လေသည်။လင်းရှန်၏ လက်ချက်ကြောင့် ရှန်မိသားစု ကြီးမားစွာ ဆုံးရှုံးခဲ့ရသည့် သတင်းသည် ပျံ့နှံ့သွားခဲ့သည်။
ဒီကိစ္စကို လူတော်တော်များများ သိကြသည်။ လင်းရှန်၏ အစွမ်းသတ္တိကြောင့် အံ့သြနေကြသော်လည်း ရှန်မိသားစု ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အတွက် လှောင်ပြောင်ကြသည်။
ရှန်မိသားစု၏ ထင်ရှားကျော်ကြားသော လုပ်ရပ်ကို လူအများက တိတ်တဆိတ် မကျေမနပ်ဖြစ်ခဲ့ကြသည်။
ရှန်မိသားစု အကြီးအကျယ် ဆုံးရှုံးခဲ့ရကြောင်း ကြားသိရသောအခါ မိသားစု ပြိုလဲသွားသည့်အချိန်၌ သဘာဝအတိုင်းပင် ကျေနပ်နေခဲ့ကြသည်။
ယုစစ်ယွဲ့သည်လည်း ရှားမုန့်ရန်၏ စိတ်နေစိတ်ထားအတိုင်းပင် ။ သူမ ရင်ခုန်သွားသော်လည်း အဲ့လောက်စိတ်မ၀င်စားပေ။ အဲဒီအစား သူမ နည်းနည်းလေး တွေးကြည့်သည်။
ရိုးရိုးသားသား ပြောရလျှင် လင်းရှန်၏ စွမ်းဆောင်မှုသည် သူမ၏ မျှော်မှန်းချက်ထက် ကျော်လွန်သွားခဲ့သည်။
ရှန်မိသားစုသည် အလောင်းအစားလုပ်ခြင်းဖြင့် မုန်တိုင်းကျွန်းကို ပြန်လည်သိမ်းယူလိုကြောင်း ယုစစ်ယွဲ့အနေနဲ့ သိထားခဲ့သည်။
သို့သော် သူ့တပည့်အနေနဲ့ မည်မျှအထိ သွားနိုင်သည်ကို သူမ မြင်ချင်သောကြောင့် ဒီအတိုင်းကြည့်နေလဲ့သည်။
လင်းရှန်က ကြာကြာမထိန်းနိုင်ဘဲ အကူအညီလာမတောင်းသရွေ့ ယုစစ်ယွဲ့သည် လှုပ်ရှားမည်မဟုတ်ပေ။
သို့သော်လည်း လင်းရှန်၏ စွမ်းဆောင်မှုက သူမကို အံ့အားသင့်စေခဲ့သည်။
ရှန်ကျင်းချန်နဲ့ ရှန်လျန့်ရှန်တို့သည် တန်ခိုးကြီးမားပြီး ရှန်မိသားစုမှ ပေးအပ်သော တရားဓမ္မရတနာများစွာလည်း ရှိသည်။ သူတို့သည် အလွန်ဒုက္ခပေးသော ပြိုင်ဘက်များဖြစ်သည်မှာ သေချာသည်။
သို့သော် လင်းရှန်သည် ၎င်းတို့နှစ်ဦးကို အလွယ်တကူ အနိုင်ယူကာ ရှန်မိသားစုအား ရှုံးနိမ့်ကြောင်း ဝန်ခံခိုင်းခဲ့သည်။
ယုစစ်ယွဲ့သည် ဤတပည့်အား လျှော့တွက်မိကြောင်း ရုတ်တရက် သိလိုက်ရသည်။
"ဆရာ”
ရှားမုန့်ရန်၏ အသံသည် ယုစစ်ယွဲ့၏ အာရုံများဆီသို့ ပြန်လည်ရောက်ရှိသွားစေသည်။ တောက်ပသော မျက်လုံးများဖြင့် သူ့ဆရာကို ကြည့်လိုက်သည်။
"မောင်လေးလင်းက ဂိုဏ်းသုံးခွဲပြိုင်ပွဲမှာ ပါဝင်နိုင်မယ်ထင်တယ်။"
ယုစစ်ယွဲ့၏ မျက်လုံးများ တောက်ပလာသည်။
ရှားမုန့်ရန်သည် မကြာသေးမီကပင် ထိုအကြောင်းအရာကို တင်ပြခဲ့ပြီးဖြစ်သည်။
ထိုအချိန်တွင် ယုစစ်ယွဲ့သည် လင်းရှန်ကို အချိန်တိုအတွင်း ကျင့်ကြံသူသခင်အဖြစ် တိုးမြှင့်ခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီဟု ယူဆကာ ချက်ချင်းပင် ငြင်းပယ်ခဲ့သည်။
ဒါပေမယ့် အခုတော့ သူမ တုန်လှုပ်သွားခဲ့သည်။
လင်းရှန်၏ လက်ရှိတိုးတက်မှုနှုန်းဖြင့် သူသည် ငါးလအတွင်း ဂိုဏ်းသုံးခုပြိုင်ပွဲတွင် ပါဝင်ရန် လုံလောက်သော ခွန်အားရှိပေမည်။
ဂိုဏ်းသုံးခုပြိုင်ပွဲသည် နဂါးမြို့တွင် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုဖြစ်သည်။ အကယ်၍ ပြိုင်ပွဲတွင် အဆင့်တစ်ခုရနိုင်ပါကမှော်အလင်းအဆင့် ကျင့်ကြံသူသခင်များပင်လျှင် ရက်ရက်ရောရော ဆုလာဘ်များဖြင့် သွေးဆောင်ခံရမည်ဖြစ်သည်။
ခဏတိတ်ဆိတ်သွားပြီးနောက် ယုစစ်ယွဲ့ "ငါတို့ကြည့်ကြတာပေါ့" ဟု ညင်သာစွာပြောခဲ့သည်။
ဖြစ်နိုင်လျှင် လင်းရှန်ကို ဂိုဏ်းသုံးခုပြိုင်ပွဲတွင် ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့သည်။
အချိန်တွေ ကုန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကျော်ကြာသွားသည်။
ရွှေစမ်းချောင်းကျွန်းတွင်။
လင်းရှန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့ရှေ့ရှိ နေရာကွက်လက်ကို စိုက်ကြည့်နေသည်။
[အမည်-လင်းရှန်]
[စွမ်းရည် - သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်၊ မွေးရာပါ ဝိညာဉ်ခန္ဓာ]
[အဆင့်- ဝိညာဉ်ပျိုးထောင်ခြင်း ဒုတိယအဆင့်၈၂%]
[ကျင့်ကြံနည်းစနစ်- အထူးလျှို့ဝှက်နည်းစနစ် (အဆင့်၁၊၇၈ %)၊ရွှေလျှပ်စီးဘီး (အဆင့်၁၊ ၈၉ %)၊ငရဲရင်ရေ (အဆင့်၂၊၂၄%)၊ မြောက်ပိုင်းဓားနက်ကျမ်း (အဆင့်၁၊ ၂%… ]
[မှော်စွမ်းအား - ဓားစွမ်းအင်ခုနစ်ခု (ပြီးပြည့်စုံခြင်းအဆင့် ၇ )၊ လျှပ်စီးလက်ဖဝါး(ပြီးပြည့်စုံခြင်းအဆင့် အဆင့် ၅)…]
[ကိုယ်ပွားအရေအတွက်- ၇ (၆၉ %)]
အိုးကိုးလုံးဆေး၏ ပံ့ပိုးမှုဖြင့် လင်းရှန်သည် ဝိညာဉ်တော်ပျိုးထောင်ရေး တတိယအဆင့်သို့ အောင်မြင်စွာ တိုးဝင်ခဲ့သည်။
ထို့အပြင် သူသည် စတုတ္ထအဆင့်သို့ ဖြတ်ကျော်ရန် မဝေးလှပေ။
အိုးကိုးလုံးဆေးမပါပဲတောင်မှ လဝက်အတွင်း ဖြတ်ကျော်နိုင်သည်။
ထိုအချိန်တွင် သူသည် ဝိညာဉ်ပျိုးထောင်ရေး အလယ်အလတ်အဆင့် ကျင့်ကြံသူသခင်ဖြစ်လိမ့်မည်။
ထို့အပြင် ငရဲရင်ရေဆယ်စက်သည် လင်းရှန်၏ ခန္ဓာကိုယ်အတွင်း၌ အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။
ကျင့်ကြံခြင်းကလည်း ငရဲရင်ရေကို ဒုတိယအဆင့်အထိ ဖြတ်ကျော်နိုင်စေခဲ့သည်။
သူသည် ငရဲရင်ရေကို ကျင့်ကြံရန် အာရုံစိုက်ထားသောကြောင့်
ရွှေလျှပ်စီးဘီး၏ တိုးတက်မှုမှာ အတော်လေး နှေးကွေးသွားခဲ့သည်။ သို့သော် ဖြတ်ကျော်ရန် မဝေးလှပေ။
သို့သော် လင်းရှန်အတွက် အပျော်ဆုံးအရာမှာ မြောက်ပိုင်းဓားနက်ကျမ်းကို အစပြုသူအဆင့်သို့ အောင်မြင်စွာရောက်ရှိခဲ့ခြင်းပင်။
“ဂိုဏ်း၏ နတ်တန်ခိုးရှစ်မျိုးထဲကတစ်ခုဆိုတော့ ထင်တဲ့အတိုင်းပဲ ကျင့်ကြံဖို့အတော်
ခက်တယ်။ ဓားဝိညာဉ်ကိုယ်ပွါးနဲ့တောင် အစပြုသူအဆင့်ကိုရောက်ဖို့ တစ်လကျော်လောက် အချိန်ယူခဲ့ရတယ်။”
လင်းရှန် သက်ပြင်းချလိုက်သည်။
ဓားဝိညာဉ်သည် ဓားကျွမ်းကျင်မှု၏ တိုးတက်နှုန်းကို၂၀၀% တိုးလာစေပြီး သူ့တွင် လွန်ကဲသောအဆင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောလည်းရှိသည်။ ဒါတောင် အစပြုသူအဆင့်ရောက်ဖို့ တစ်လကျော်လောက် အချိန်ယူရသေးသည်။
အခြား သာမန်ကျင့်ကြံသူဆို ခြောက်လကြာလျှင်ပင် အစပြုသူအဆင့်သို့ မရောက်နိုင်တော့ပေ။
ဂိုဏ်းက တပည့်အများစုသည် နတ်တန်ခိုးရှစ်မျိုးအနက် နှစ်ခုသာ ကျင့်ကြံနိုင်သည်ဟု သတ်မှတ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
ဓားကျမ်းကဲ့သို့ နတ်တန်ခိုးသာ် သာမာန်ကျင့်ကြံသူများအဖို့ ၎င်းတို့၏ဘဝတစ်လျှောက်လုံး ကျင့်ကြံလို့ရသည်။
နောက်ထပ်နည်းစနစ်များသည် လူတစ်ဦး၏အာရုံကို လွဲစေပြီး ၎င်းတို့၏ ကျင့်ကြံမှုအား ကျဆင်းစေမည်မှာ သေချာပါသည်။
သူသာလျှင် ဤစည်းမျဉ်းကို လျစ်လျူရှုနိုင်လောက်အောင် ကိုယ်ပွားများ များစွာရှိခဲ့သည်။
“ ဓားကျမ်းကိုက ငါ နားလည်ထားပြီ။ အဲ့နော့ ဓားဆေးကိုစပြီး သန့်စင်နိုင်ပါပြီ”
လင်းရှန်သည် ကြယ်ဓားဆေးပြားကို ထုတ်ကာ မဆိုင်းမတွ လျှာဖျားမှာ တင်လိုက်သည်။ သူသည် ဓားဆေးပေါ်သို့ သွေးအနှစ်သာရကို ထွေးထုတ်ကာ တိတ်တဆိတ် လက်နဲ့ ပိတ်ဆို့မှုလုပ်လိုက်သည်။ မြောက်ပိုင်းဓားနက်ကျမ်း တွင်ပါရှိသော ဖော်မြူလာအတိုင်း သူသည် ဓားဆေးပြားကို အလင်းဝင်ပေါက်ထဲသို့ မျိုချလိုက်ပြီး ၎င်းကို အထူးလျှို့ဝှက်ဝိညာဉ်အနှစ်သာရဖြင့် ဖြည်းညှင်းစွာ သန့်စင်ခဲ့သည်။
ဤဖြစ်စဉ်သည် နေ့ချင်းညချင်း ဖြစ်မလာပေ။
လင်းရှန်တွင် ဝိညာဉ်ရေးရာအနှစ်သာရ ၁၀၈ ပါးရှိပြီး ၎င်းတို့က နေ့ရောညပါ မရပ်တန့်ဘဲ သန့်စင်ပေးနိုင်သော်လည်း ဆယ်ရက် သို့မဟုတ် လဝက်မကြာဘဲ သန့်စင်နိုင်မည်မဟုတ်ပေ။
သို့သော် သန့်စင်မှုအောင်မြင်ပြီးသည်နှင့် ဓားဆေးသည် သူ့စိတ်နှင့် ချိတ်ဆက်မိသွားမည်ဖြစ်သည်။ သူ မိုင်ပေါင်းများစွာ ဝေးနေရင်တောင် ဓားဆေးက သူ့လက်ထဲမှာ ပျံသွားနိုင်သည်။
မှော်အလင်း၏ မျိုးစေ့ကို ပေါင်းစည်းပြီးနောက် သူသည် ဓားဆေးပြားကို အသုံးပြုကာ ပျံသန်းနိုင်သည်။ ပျံသန်းနေတဲ့ သင်္ဘောထက်တောင် အများကြီး ပိုမြန်သည်။
သို့မှသာ လင်းရှန် ချမှတ်ခဲ့သော ပန်းတိုင်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
“အားလုံးပြင်ဆင်ပြီးပြီ။ မြေအောက်ဝိဥာဉ်ဂူကို ထွက်ခွါဖို့ အချိန်တန်ပြီ။"
လင်းရှန်က မတ်တပ်ထရပ်ပြီး ဂူနန်းတော်မှ ထွက်သွားသည်။
ထိုအခါ အိုက်ကို အမြန်ရှာတွေ့သည်။
သူမသည် ရေစီးကြောင်းမှ ဝိညာဉ်အနှစ်သာရကို စုပ်ယူနေသည်။
ရွှေစမ်းချောင်းကျွန်းတွင် ဝိညာဉ်ရေးရာအနှစ်သာရ ပေါများသည်။ ကျွန်းပေါ်
ရောက်ပြီးနောက် အိုက်သည် လရောင်ကို ရှူရှိုက်ရန် ညအထိ စောင့်စရာ မလိုတော့ပေ။ နေ့ဘက်မှာလည်း ကျင့်ကြံနိုင်သည်။
သူမရဲ့ ကျင့်ကြံမှုက အရှေ့ခရိုင်မှာ ရှိတုန်းကထက် အများကြီး ပိုမြန်လာသည်။
သူမသည် လူ့ဒုက္ခကို ကျော်ဖြတ်ပြီး နတ်ဆိုး ကျင့်ကြံသူဖြစ်လာရန် မကြာတော့ပေ။
အိုက်အနှောက်အယှက်မဖြစ်စေရန် လင်းရှန်သည် ကန့်သတ်ချုပ်ချယ်မှုကို တိတ်တဆိတ်ဖွင့်ပြီး ရွှေစမ်းချောင်းကျွန်းမှ ထွက်ခွာသွားခဲ့သည်။