← Chapters

ရေခဲတောင်ထိပ် (၂)

Vol. 23 Ch. 348

ရေခဲတောင်ထိပ် (၂)

Vol. 23 Ch. 348

အောက်ခြေအဆင့် အထူးလက်နက်အများစုဖြစ်သည့် ဤဓမ္မရတနာများသည် ငရဲရင်ရေတစ်စက်ကို တစ်ခဏမျှပင် မရပ်တန့်နိုင်ပေ။ တခဏချင်းမှာပဲ သူတို့ဟာ ငရဲရင်ရေနဲ့အတူ လွင့်ပျံသွားသည်။

တစ်စက္ကန့်မပြည့်မီတွင် သွေးပင်လယ်ဂိုဏ်း၏ ကျင့်ကြံသူသခင်သည် သူ့အဖော်နောက်ကို လိုက်ကာ ကောင်းကင်တွင် ပြည့်လျှံနေသော သွေးအခိုးအငွေ့များအဖြစ် ပေါက်ကွဲသွားသည်။

နောက်ဆုံးတစ်ယောက်ကိုလည်း လင်းရှန်က ရပ်လိုက်သည်။ လင်းရှန်၏တိုက်ခိုက်မှုကို သူတားဆီးလိုက်သောအခါ အနောက်မှထွက်လာသော ငရဲရင်ရေကြောင့် သူသေဆုံးသွားခဲ့သည်။

တိုက်ပွဲသည် သုံးစက္ကန့်ထက် မပိုပေ။ ဂူထဲတွင်ရှိနေသည့် ကျန်ချန်သဲသည် သူ့တပည့်သုံးယောက်လုံး သေဆုံးသွားကြောင်းကို သိဖို့ အချိန်မရှိသလောက်ပင်။

လင်းရှန်ကို ကောင်းကင်မျက်လုံးကြေးမုံမှကြည့်ရင်း ဂူအတွင်းရှိ လူအားလုံး တိတ်ဆိတ်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့၏ ။ သူ့လေသံက မယုံနိုင်စရာတွေနဲ့ ပြည့်နေသည်။

"အဲဒီလူက ဘယ်သူလဲ"

မေးခွန်းကို ဘယ်သူမှ မဖြေပေ။

ဝိညာဉ်လှိုဏ်ဂူရှိ သွေးပင်လယ်ဂိုဏ်းနှင့် နေကိုးစင်းဂိုဏ်းအုပ်စုကြား တိုက်ပွဲသည် နှစ်ဝက်ကျော်ကြာခဲ့သည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခဲ့ကြရပြီး အချင်းချင်း၏ တိုက်ခိုက်ရေး အင်အားကို အလွန်ရင်းနှီးကြသည်။

ဤနေရာရှိလူတိုင်းသည် ၎င်းတို့နောက်ကျောမှ လက်ကဲ့သို့ တန်ခိုးကြီးသော ဝိညာဉ်

ပျိုးထောင်ရေးအဆင့် ကျင့်ကြံသူသခင်အား သိကြသော်လည်း အပြင်မှလူကို မသိကြပေ။

နေကိုးစင်းဂိုဏ်းမှာ ဒီလို အစွမ်းထက်တဲ့ အဖွဲ့ဝင် ဘယ်တုန်းက ရှိတာလဲ။

ကျန်ချန်သဲသည် မှန်ထဲတွင် လင်းရှန်ကို မှုန်ကုပ်ကုပ် ကြည့်နေခဲ့သည်။

ဒီလူ ဒီကို တစ်ယောက်တည်း လာရဲတာ အံ့သြစရာ မရှိပေ။  ကျန်ချန်သဲသည် အပြင်မှလူကို မဆင်မခြင် ရူးသွပ်သည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူသည် သူ၏ စွမ်းဆောင်ရည်ကို ယုံကြည်မှု ရှိပုံရသည်။

"စီနီယာ အစ်ကိုကျန်"

ကျင့်ကြံသူသခင်တစ်ယောက်က ကျန်ချန်သဲကို ကြည့်လိုက်သည်။

ဤနေရာရှိလူတိုင်းတွင် ကျန်ချန်သဲသည် အမြင့်ဆုံးကျင့်ကြံမှုအဆင့်ရှိသည်။ သူသည် ဝိညာဉ်ပျိုးထောင်ခြင်း သတ္တမအဆင့်သို့ ရောက်ရှိသွားသောကြောင့် လူတိုင်းက သူ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။

ကျန်ချန်သဲသည် အကြာကြီး တုံ့ဆိုင်းမနေပေ။ ရန်သူတွေ ကျူးကျော်ဝင်ရောက်လာကတည်းက ရန်သူကို သတ်ပစ်ပြီး ဖွဲ့စည်းပုံအချက်ကို ကာကွယ်ဖို့ပဲ လုပ်နိုင်သည်။

ကျန်ချန်သဲ အမိန့်ပေးတော့မည့်အချိန်တွင် လင်းရှန်က ရုတ်တရက် လှုပ်ရှားလိုက်​သည်။ တကယ်တော့ သူသည် ဂူဆီသို့ အမြန်ပြေးသွားသည် ။

ကျန်ချန်သဲသည် ဒေါသအမျက်မထွက်မီ တစ်ခဏမျှ ထိတ်လန့်သွားသည်။

"သူဘယ်လိုတောင် သတ္တိရှိတာလဲ”

 သူတို့ကျင့်ကြံမှုအဆင့်ကို ရှင်းရှင်းလင်းလင်း မသိတာက သူ့အတွက်ပြသနာပင်

အခြားသွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း ဒေါသထွက်နေပုံရသည်။

"သူ့ကိုသတ်ကြ” ကျန်ချန်သဲက မှောင်င်မိုက်သော မျက်နှာဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ဂူတွင်းရှိ သွေးပင်လယ်ဂိုဏ်းမှ  ကျင့်ကြံသူသခင် များသည် တုံ့ဆိုင်းမနေတော့ဘဲ ၎င်းတို့၏ ဓမ္မရတနာများကို ထုတ်လိုက်ကြသည်။

သွေးပင်လယ်ဂိုဏ်းသည် နေကိုးစင်ဂိုဏ်းထက် အဆပေါင်းများစွာ ဖွဲ့စည်းပုံအမှတ်များကို သိမ်းပိုက်ထားပြီး တိုက်ပွဲတွင် ၎င်းတို့ စုဆောင်းနိုင်သည့် ဝိညာဉ်ရေးရာစွမ်းအင်သည် အရင်ကထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

ထို့ကြောင့် ဂိုဏ်းနှစ်ခု၏ ကျင့်ကြံသူများ စစ်တိုက်ကြသောအခါတွင် နေကိုးစင်းဂိုဏ်း

ဝင်များသည် ၎င်းတို့၏ ဝိညာဉ်ရေးရာအနှစ်သာရကို ပြန်လည်ရယူချိန်၌ အားနည်းချက်ရှိနေသည်။

သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူများအနေနဲ့ ၎င်းတို့၏ဝိညာဉ်ရေးရာအနှစ်သာရကို စုစည်းရန် လွယ်ကူစေသည့် ဖွဲ့စည်းပုံအမှတ်အနီးသို့ ယခုရောက်ရှိနေတာကိုပင် ထည့်တွက်မထားပေ။

ထို့ကြောင့် လင်းရှန်သည် အံ့အားသင့်ဖွယ် ခွန်အားကို ပြသခဲ့သော်လည်း ၎င်းတို့သည် ယုံကြည်ချက်နှင့် အကြောက်တရားကင်းမဲ့နေဆဲဖြစ်သည်။

ဂူအဝင်ဝတွင် နှစ်ဖက်တွေ့ဆုံပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ချက်ချင်းဖြစ်ပွားခဲ့သည်။

အသတ်ခံခဲ့ရသူ သုံးဦးအပြင် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူရှစ်ဦးလည်း ရှိသေးသည်။

ဝိညာဉ်ပျိုးထောင်ခြင်း သတ္တမအဆင့်ရှိ ကျန်ချန်သဲမှလွဲ၍ ကျန်ခုနစ်ယောက်အနက် လေးယောက်သည် အလယ်အလတ်အဆင့်တွင်ရှိပြီး သုံးဦးသည် အစောပိုင်းအဆင့်တွင်ဖြစ်သည်။

အဖွဲ့သည် နေကိုးစင်းဂိုဏ်း ရထားသော အချက်အလက်ထက် အဆများစွာ အားကောင်းသည်။

သို့သော်လည်း လင်းရှန်နှင့် ကွာခြားမှု မရှိခဲ့ပေ။

စစ်ပွဲကို အမြန်အဆုံးသတ်ဖို့သာ ဆုံးဖြတ်ခဲ့သည် ။ တိုက်ပွဲစတင်သည်နှင့်တပြိုင်နက် သူသည် ကိုယ်ပွါးခြောက်ယောက်ကိုချက်ချင်းခေါ်ခဲ့သည်။

ကိုယ်ပွါးများ၏ရုတ်ချည်း အသွင်အပြင်ကြောင့် သွေးပင်လယ်ဂိုဏ်းက ကျင့်ကြံသူသခင်တွေ ခုန်တက်သွားသည်။

သို့သော်လည်း ပိုလို့တောင် တုန်လှုပ်စရာကောင်းတဲ့ အရာက မရောက်သေးပေ။

ထိုးနှက်မှုစတင်ပြီးနောက် ဤကိုယ်ပွားများသည် ကျင့်ကြံသူကိုယ်တိုင်ထက် များစွာအားနည်းမနေကြောင်း တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားကြသည်။

ဤအရာသည် သူတို့သိထားသော ကိုယ်ပွါးစွမ်းအားများနှင့် အလွန်ကွာခြားသည်။

ထိတ်လန့်တုန်လှုပ်စွာနဲ့ သွေးပင်လယ်ဂိုဏ်းကလူတွေ သွေးပျက်ကုန်၏

တခဏချင်းမှာပဲ  ငရဲရင်ရေကြောင့်  လူ ၃ ယောက် သေဆုံးခဲ့သည်။

အစပိုင်းတွင် လင်းရှန်သည် အရေအတွက်နည်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ခုနစ်ယောက်နှင့် ငါးချီတိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးပင်လယ်ဂိုဏ်း အရေအတွက်ထက် သာလွန်သွားခဲ့သည်။

ကျန်ချန်သဲ၏ မျက်နှာသည် ဖြူဖျော့နေပြီး လွန်ခဲ့သည့်အခိုက်အတန့်ကလို သူ့တွင် ငြိမ်သက်မှုမရှိတော့ပေ။

ဤလူငယ်သည် ဤမျှထိတ်လန့်စရာကောင်းသော ခွန်အားရှိနိုင်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။ ပထမလူသုံးယောက်ကို သတ်လိုက်သောအခါ သူဖော်ပြခဲ့သော ခွန်အားသည် အမှန်တကယ်ပင် ရေခဲတောင်၏အစွန်အဖျားမျှသာဖြစ်သည်။

ကျန်ချန်သဲအနေနဲ့  ဤလူသည် အလွန် အစွမ်းထက်သည်ဟု သိပါက သူသည် ထိပ်တိုက်ရင်ဆိုင်မည့်အစား စကားတစ်ခွန်းမှ မပြောဘဲ ထွက်ပြေးသွားမည် ဖြစ်သည်။

သို့သော် နောင်တက နောက်ကျသွားချေပြီ။

ဒီလူရဲ့ ခွန်အားနဲ့ဆို လွတ်မြောက်ဖို့က မဖြစ်

နိုင်တော့​ပေ။

လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသည်ကို မြင်လိုက်ရသဖြင့် ကျန်ချန်သဲသည် သူ့သွားများကို အံကြိတ်ကာ လင်းရှန်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

သူ ဒီလူ နဲ့ အတူ မသေဆုံးနိုင်ခဲ့ရင်တောင် အနည်းဆုံး သူ့ကို ဒဏ်ရာရစေပြီး ဒီဖွဲ့စည်းပုံ အမှတ်ကို ခုခံနိုင်စွမ်းမရှိအောင် လုပ်ရမည် ။

ထိုနည်းအားဖြင့် ဂိုဏ်း၏အင်အားများရောက်ရှိလာသောအခါတွင် ၎င်းတို့သည် ဖွဲ့စည်းပုံအမှတ်ကို အလွယ်တကူ ပြန်လည်ရယူနိုင်ပြီး ဤလူကို သတ်ခြင်းဖြင့် လက်စားချေနိုင်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့်  ကျန်ချန်သဲစီစဉ်ထားသည့်အတိုင်း အရာမထင်ခဲ့ပေ။

 ဝိညာဉ်ပျိုးထောင်ရေးအဌမအဆင့်တွင်ရှိပြီး တန်ခိုးကြီးသော ဓမ္မရတနာများ ရှိသည့် ရှန်လျန့်ရှန်သည်ပင် လင်းရှန်နှင့် မယှဉ်နိုင်သေးပေ။ ယခု လင်းရှန်၏ ငရဲရင်ရေသည် တိုးတက်လာပြီး သူ၏ ခွန်အားများ အလွန်တိုးလာကာ ဝိညာဉ်ပျိုးထောင်ရေးသတ္တမအဆင့် ကျင့်ကြံသူသခင်အနေနဲ့ သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ဘယ်လိုလုပ်နိုင်မလဲ။

ခဏအကြာတွင် ကျန်ချန်သဲသည် ဒဏ်ရာများရရှိခဲ့သည်။

သန့်စင်ထားသော သွေးဝိညာဉ်များသည် ငရဲရင်ရေ နှင့် အနည်းငယ် တိုက်မိပြီးနောက် ပြာအဖြစ်သို့ လျော့ကျသွားခဲ့သည်။ သူသည် ၎င်းပြိုင်ဘက် မဟုတ်ပေ။

ဆယ်စက္ကန့်ခန့်အကြာတွင် ကျန်သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တယောက်ပြီးတယောက် သတ်ဖြတ်ခံခဲ့ရပြီး ကျန်ချန်သဲတစ်ဦးတည်းသာ ကျန်တော့သည်။

လင်းရှန်နှင့် သူကိုယ်ပွားခြောက်ဦးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သွေးပင်လယ်ဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များထဲမှ အကောင်းဆုံးဟု ယူဆနိုင်သည့် ဤအထက်တန်းစားတပည့်သည် မကျေမနပ်ဖြစ်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ သူ၏ ရှေးဦးဝိဉာဉ်သည်ပင် မလွတ်မြောက်နိုင်ဘဲ ငရဲရင်ရေကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်လက်စွပ်အားလုံးကို သူ့လက်ထဲသို့ ထည့်လိုက်သည်။ထို့နောက်  သူသည် အကြမ်းဖျင်း ရှာဖွေခဲ့သည်။

ကံမကောင်းစွာဖြင့် သူသည် အဖိုးတန်သောအရာကို ရှာမတွေ့ခဲ့ပေ။  တစ်ခုတည်းသောတန်ဖိုးမှာ ကောင်းကင်မျက်လုံးကြေးမုံဟုခေါ်သော သာလွန်အဆင့်အထူးလက်နက်နှင့် အိုးကိုးလုံးဆေးပုလင်း (၈)လုံးပင်။

“အိုးကိုးလုံးဆေး ရှစ်လုံးက  ဝိညာဉ်ပျိုးထောင်ရေး စတုတ္ထအဆင့်ကို ဖြတ်ကျော်

ဖို့ရတယ် ။”

သူ၏ ကျင့်ကြံမှု အဆင့် တိုးလာသည်နှင့်အမျှအိုးကိုးလုံးဆေး၏ သက်ရောက်မှုများလည်း တဖြည်းဖြည်း လျော့နည်းလာသည်။

လင်းရှန်သည် ဝိညာဉ်တော်ပျိုးထောင်ခြင်း ပဉ္စမအဆင့်သို့ရောက်ရှိသောအခါ အိုးကိုးလုံးဆေးပြား၏အကျိုးသက်ရောက်မှုသည် အနည်းငယ်မျှသာရှိမည်ဟု ခန့်မှန်းခဲ့သည်။

အခြားတစ်ဖက်မှာတော့ ယခုတိုက်ပွဲအပြီးတွင် သတ်ဖြတ်ခြင်းကိုအားပေးသည့် အကျိုးသက်ရောက်မှုသည် သုံးကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ၎င်းတို့အားလုံးကို ငရဲရင်ရေတွင် အာရုံစိုက်ထားပြီး ၎င်း၏ ကျင့်ကြံမှုကို ၁၈ % တိုးတက်စေသည်။

“သတ်ဖြတ်ခြင်းကို အားပေးတဲ့စွမ်းရည်က ငါ့ကျင့်ကြံမှုကို တိုးတက်စေဖို့ အလျင်မြန်ဆုံး နည်းလမ်းပဲ”

လင်းရှန် ဝမ်းသာသွားသည် ။

အကယ်၍ သူကိုယ်တိုင် ကျင့်ကြံမည်ဆိုပါက သူနှင့် ကျင့်ကြံသူ နှစ်ဦးသည် ထိုကဲ့သို့သော ရိတ်သိမ်းမှု မရရှိနိုင်မီ အနည်းဆုံး သုံးရက်မှ လေးရက်အထိ ကျင့်ကြံရန် အာရုံစိုက်ရမည်ဖြစ်သည်။

ပစ္စည်းများကို ဖယ်ထုတ်ပြီးနောက် လင်းရှန်က ချီတောင်ပေးထားသည့် သိုလှောင်လက်စွပ်ကို ထုတ်ယူကာ ကျောက်စိမ်းစလစ်ပါ ညွှန်ကြားချက်အတိုင်း  အခင်းအကျင်းအလံအားလုံးကို ပြောင်းလဲပစ်လိုက်သည်။

တစ်ဟုန်ထိုးတက်လာတဲ့ ဝိညာဉ်ရေးရာအနှစ်သာရ ငြိမ်သက်သွားပြီးနောက် ဤဖွဲ့စည်းပုံအချက်သည် နေကိုးစင်းဂိုဏ်း ခင်းကျင်းဖွဲ့စည်းမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

လင်းရှန်က သူ့ကိုယ်ပွားတွေကို ချက်ချင်းခေါ်လိုက်သည်။ 

ဓားဝိညာဉ်ကိုယ်ပွားသည် ကြယ်ဓားဆေးပြားကို ဆက်လက်သန့်စင်ပြီး အခြားကိုယ်

ပွားများသည် ငရဲရင်ရေကို စတင်ကျင့်ကြံကြသည်။

ဖွဲ့စည်းပုံအမှတ်သည် မြေအောက်မြစ်နှင့် မဝေးပေ။  ၎င်းတွင် ဝိညာဉ်ရေးရာအနှစ်သာရကို လှုံ့ဆော်နိုင်စွမ်းရှိသည်။ ကျောက်စိမ်းအမှတ်အသားကို လက်ထဲတွင်ကိုင်ထားသဖြင့် လင်းရှန်သည် ဖွဲ့စည်းပုံအမှတ်ကို လုံးဝထိန်းချုပ်နိုင်ခဲ့သည်။

ဖွဲ့စည်းပုံ စွမ်းအားနဲ့အတူ  သူသည် မြစ်၏ရင်စွမ်းအင်အပါအဝင် တစ်မိုင်ပတ်လည်အတွင်း ဝိညာဉ်ရေးရာအနှစ်သာရကို အလွယ်တကူ စုစည်းနိုင်ခဲ့သည်။ သူ့ဘာသာ စုဆောင်းရတာထက် ပိုလွယ်လေ၏

ရင်စွမ်းအင် အများအပြားက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်နှင့်အမျှ လင်းရှန်၏ ရင်ဘတ် အလင်းဝင်ပေါက်တွင် အရောင်ဖျော့ဖျော့ ပေါ်လာသည်။

၎င်းသည်ငရဲရင်ရေ၏ မူလပုံစံဖြစ်သည်။

"ရင်စွမ်းအင် ဝိညာဉ်မဏ္ဍိုင်သွေးကြောက  မျှော်လင့်ထားတဲ့ အတိုင်းပဲ။ ဒီပေါင်းစပ်နှုန်းက ရွှေစမ်းချောင်းကျွန်းမှာထက် ပိုမြန်တယ် ။"

လင်းရှန်သည် ခေါင်းညိတ်ကာ သူ့အတွေးများကို စုဆောင်းရင်း ကျင့်ကြံမှုတွင် နှစ်မြှုပ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ငါးရက်ကြာသွားတယ်။

ဆေးပြား ကိုးလုံးကို စားသုံးပြီး ဝိညာဉ်ပျိုးထောင်ခြင်း စတုတ္ထအဆင့်အထိ ဖြတ်ကျော်နိုင်သည့်အပြင် လင်းရှန်သည် ငရဲရင်ရေကို ပေါင်းစည်းရန် အာရုံစိုက်နိုင်ခဲ့သည်။

သူ၏ကိုယ်ပွားများနှင့် ရင်စွမ်းအင်နှစ်ဆတိုးလာခြင်းကြောင့် သူ၏ ပေါင်းစပ်မှုသည် ခုန်ပျံကျော်လွှားသွားခဲ့သည်။

ငါးရက်အတွင်း ငရဲရင်ရေ လေးစက်ကို ပေါင်းစပ်နိုင်ခဲ့သည်။ ဒါက အရင်တုန်းကထက် ပိုမြန်သည်။

"ဒီနှုန်းနဲ့ တစ်လအတွင်းမှာ  ငရဲရင်ရေအစက် (၃၀) ကျော် ရလိမ့်မယ်”

လင်းရှန်က ကျေနပ်စွာ ပြုံးလိုက်သည်။

ငရဲရင်ရေ၏ စွမ်းအားက မယုံနိုင်လောက်အောင်ပင်။သူ့လက်ထဲတွင် ငရဲရင်ရေ အစက်(၃၀)ထက်ပိုပါက သူသည် သူ၏ကိုယ်ပွားများကို မခေါ်ဘဲ မှော်အလင်း မျိုးစေ့ကို ပေါင်းစည်းထားသည့် ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သခင်များကိုပင် ခုခံနိုင်မည်ဟု ယုံကြည်သည်။

မှော်အလင်း၏မျိုးစေ့သည် ကွဲပြားမှုကို ဖြစ်စေသည်။

လင်းရှန်သည် ဝိညာဉ်တော်ရပျိုးထောင်ခြင်း စတုတ္ထအဆင့်တွင်သာရှိသေးသည်။

ဤရှုထောင့်မှကြည့်လျှင် ငရဲရင်ရေသည် မြောက်ပိုင်းဓားနက်ကျမ်းကဲ့သို့ ကျော်ကြားသော နတ်တန်ခိုးတစ်ခုဖြစ်သည်။

"ကံမကောင်းစွာပဲ  ငါက ဒါကို ကြာကြာ ဆက်မလုပ်နိုင်တော့ဘူး”

လင်းရှန် မျက်လုံးများသည် ဂူဝင်ပေါက်ဆီသို့ လှမ်းကြည့်ရင်း လင်းလက်သွားသည်။

ကျင့်ကြံသူဆယ်ဦးကျော်သည် ဖွဲ့စည်းပုံအမှတ်ဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး ခဏအတွင်း ၎င်းကို ဝိုင်းထားလိုက်ကြောင်း သူ၏ ဝိညာဉ်ရေးရာအာရုံများဖြင့် ခံစားနိုင်ခဲ့သည်။

ငါးရက်ကြာပြီးနောက် သွေးပင်လယ်ဂိုဏ်း၏ တန်ပြန်တိုက်ခိုက်မှုသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

All Chapters