← Chapters

စိတ်ပိုင်းဆိုင်ရာပေါင်းစည်းမှု (၂)

Vol. 23 Ch. 350

စိတ်ပိုင်းဆိုင်ရာပေါင်းစည်းမှု (၂)

Vol. 23 Ch. 350

တစ်ချိန်တည်းမှာပင် အခြားကိုယ်

ပွားများသည် ရန်သူများကို တိုက်ခိုက်ရန်အတွက် ငရဲရင်ရေကို ထုတ်လွှတ်ခဲ့သည်။

ကျင့်ကြံသူလေး ငါးဦးက နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ရုတ်တရက် အဖြစ်အပျက်များသည် သွေးပင်လယ် ဂိုဏ်းမှ ကျင့်ကြံသူများကို ဖျော့တော့သွားစေသည် ။

"သတိထားကြ ၊ အဲ့တာ ငရဲရင်ရေပဲ”

ကောရှို့သည် အတွေ့အကြုံရှိပြီး ဗဟုသုတရှိသူဖြစ်သည်။ လင်းရှန်အသုံးပြုသော နတ်တန်ခိုးကို သူချက်ချင်း သတိပြုမိပြီး သူ့နှလုံးသည် ချက်ချင်းပင် အောက်ဘက်သို့ ကျဆင်းသွားခဲ့သည်။

ငရဲရင်ရေ၏ စွမ်းအားကို သူကြားရုံမျှသာ ရှိသေးသည်။ တစ်စက်က တန်တစ်ထောင် စွမ်းအားရှိတယ်လို့ ဆိုကြသည်။ ဆယ်စက်ဆိုတော့  ကျင့်ကြံမှုအဆင့်တွင် ပြိုင်ဘက်ကင်းပင်။

သို့သော် သူသည် စုစုပေါင်း ငရဲရင်ရေ (၁၄)စက်ကို ထိန်းချုပ်ထားသည်။

ပိုလို့ အံ့သြစရာကောင်းတာက တခြားကိုယ်ပွါးတွေကပါ ငရဲရင်ရေကို ထိန်းချုပ်

နိုင်တာပင်။

တစ်နည်းဆိုရသော် ၎င်းတို့သည်  ငရဲရင်ရေအစက်တစ်ရာနီးပါးကို ရင်ဆိုင်နေကြရသည်။

မှော်အလင်းမျိုးစေ့ကို ပေါင်းစည်းထားသော ကျင့်ကြံသူများပင် ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရသောအခါ အံသြသွားလိမ့်မည် ။

"ချီးပဲ ဒီလူက ဘယ်ကလာတာလဲ။ သူက မှော်အလင်း  မျိုးစေ့ကို မပေါင်းစည်းထားတာတောင်  အတော်  အစွမ်းထက်တယ်”

ကောရှို့သည် နားမလည်နိုင်စွာ တုန်လှုပ်သွားသည်။

ခဏအကြာတွင် မိန်ခန်အပါအဝင် အခြားတပည့် သုံးဦး သေဆုံးခဲ့သည်။

လုံးဝပြဿနာမရှိဟု ယခင်က ထင်ခဲ့သော ဝိညာဉ်ပျိုးထောင်ရေး အဌမအဆင့် ကျင့်ကြံသူသခင်သည် သူ့ဆီသို့ ကျဆင်းလာသည့် ကိုယ်ပွါးသုံးကောင်နှင့် ငရဲရင်ရေစက်လေးဆယ်ကျော် ဝိုင်းရံတာ ခံထားရသည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ဘယ်လို ဓမ္မရတနာမှ ခံနိုင်ရည်မရှိဘဲ  မျက်စိတစ်မှိတ်အတွင်း ကြေမွသွားလေသည်။

ဒါကိုမြင်တော့ ကောရှို့ဟာ ရေခဲဂူထဲ ကျသွားသလို ခံစားလိုက်ရပြီး ခြေလက်တွေ အေးစက်သွားသလို ခံစားလိုက်ရသည်။

“ငါတို့ ဒီအတိုင်း ဆက်သွားလို့မရဘူး။ ငါတို့က ဒီလူနဲ့ လုံးဝမယှဉ်နိုင်ဘူး။ ငါတို့ လွတ်မြောက်ရမယ်”

ကောရှို့သည် ချက်ချင်း ထွက်ပြေးရန် တွေးလိုက်သည်။

သူသေမှာကို ကြောက်တာတော့ မဟုတ်ပေ။ ဒါပေမယ့် သူတို့အားလုံး ဒီမှာ အသတ်ခံရရင် ဘယ်သူကမှ ဂိုဏ်းကို အစီရင်ခံနိုင်မှာ မဟုတ်ပေ။

ထိုလူသည် ငယ်ရွယ်စဉ်ကပင် မှော်အလင်းမျိုးစေ့ကို ပေါင်းစည်းခဲ့သော ကျင့်ကြံသူတစ်ဦး၏ ခွန်အားရှိခဲ့သည်။ သူက ပါရမီရှင်တစ်ယောက်ဆိုတာ သိသာသည် ။ သူသည် နေကိုးစင်းဂိုဏ်းမှ ကျင့်ကြံပေးခဲ့သော အမာခံတပည့်ဖြစ်ရမည်။

အချိန်တန်လျှင် သူသည် အနာဂတ်တွင် သွေးပင်လယ်ဂိုဏ်းအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာမည်မှာ သေချာသည်။ သူ့ကို တတ်နိုင်သမျှ သတ်ပစ်ရမည်။

ထို့အပြင် နေကိုးစင်းဂိုဏ်းဘက်မှ အားကောင်းမောင်းသန် ကျင့်ကြံသူ သခင် ရုတ်တရက် ပေါ်လာခြင်းသည် စစ်ပွဲအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေမည်မှာ သေချာသည်။ ကောရှို့သည် ဒါကို အကြီးအကဲများထံ အစီရင်ခံပြီး တတ်နိုင်သမျှ အမြန်ဆုံး တုံ့ပြန်ရမည် ။

ဒါကိုတွေးပြီး ကောရှို့က တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းအော်လိုက်သည်။

"ညီလေးတို့ ငါ့နောက်ကို လိုက်ကြ။ နောက်ဆုတ်ကြ”

သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် ဤနေရာကို ရောက်လာခဲ့ပြီး ယခုအခါ ကောရှို့အပါအဝင် ခုနစ်ဦးသာ ကျန်ရှိတော့သည်။

သူတို့တပည့်တွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေတာကို မြင်တော့ သူတို့ နောက်ပြန်ဆုတ်ဖို့ တွေးခဲ့တာ ကြာချေပြီ။ ထိုစကားကို ကြားသောအခါ ချက်ချင်း ထွက်ပြေးရန် ကြိုးစားကြသည်။

လင်းရှန်က သူ့သားကောင်ကို ဘယ်လို လွတ်အောင် လုပ်ပါ့မလဲ။ ဒါကိုမြင်တော့ သူက ရယ်၏  ထို့နောက် သူ၏လက်ကို ဝှေ့ရမ်းလိုက်ကာ   ဓမ္မရတနာသုံးပါးဖြစ်သည့် မှင်ကျောက်၊  ကျောက်ပြားနှင့် ဓားပျံတို့သည် တစ်ပြိုင်နက်တည်း ပျံထွက်သွားပြီး သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံံသူ သခင်ကို တိုက်ခိုက်ခဲ့သည်။

ဤဓမ္မရတနာသုံးပါးစလုံးသည် အဆင့်နိမ့်လက်နက်များဖြစ်ကြသော်လည်း အထူးလျှို့ဝှက်ဝိညာဥ်အနှစ်သာရ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့၏တန်ခိုးကို လျှော့တွက်လို့မရပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူသခင်များအဖို့ သနားစရာအခြေအနေသို့ ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် အခြားသော ကိုယ်ပွားခြောက်ကောင်စီသည် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူ သခင်တစ်ဦးစီကို ရပ်တန့်လိုက်သည်။

ကောရှို့နှင့် အခြားသူများ ချက်ချင်း မလွတ်မြောက်နိုင်ပေ။

စက္ကန့်အနည်းငယ်အကြာတွင်  လင်းရှန်ကိုတိုက်ခိုက်နေသည့် ကျင့်ကြံသူက အော်လေသည်။ သူ့က မှင်ကျောက်ကြောင့် လွင့်သွားစဉ် သွေးအန်ကုန်၏ ။ သူ့အသက်ရှုမဝခင်မှာငရဲရင်ရေက  ရှေ့ကို တက်လာပြီး သူ့ကို သွေးစွန်းနေတဲ့ မြူခိုးတွေထဲ ကြိတ်ချေပစ်လိုက်သည်။

သူ့ပြိုင်ဘက်နှင့် တိုက်ခိုက်ပြီးနောက် လင်းရှန်သည် မရပ်တန့်ခဲ့ပေ။ သူက လှည့်ပြီး ရန်သူကို တိုက်ခိုက်သည်။

လင်းရှန်နှင့် သူ့ကိုယ်ပွားတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူ သခင်သည် အသတ်မခံရမီ သုံးစက္ကန့်လောက်သာ ကြာသည်။

လင်းရှန်နှင့် သူ၏ကိုယ်ပွားများသည် အခြားသော ကျင့်ကြံသူများအား ဆက်လက်တိုက်ခိုက်ခဲ့သည်။

ဒါကိုမြင်တော့ ကောရှို့က စိတ်ပျက်အားငယ်နေ၏

သူတို့၏ရန်သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်စေရန် မရည်ရွယ်ကြောင်း သေချာ၏

ခဏအကြာတွင် ကောရှို့သည် ဖွဲ့စည်းပုံအမှတ်၌  ကျန်ရစ်ခဲ့သော တစ်ခုတည်းသော သွေးပင်လယ်ဂိုဏ်း၏ သခင်ဖြစ်သည်။

လင်းရှန်နဲ့ သူ့ပတ်ဝန်းကျင်မှ ကိုယ်ပွားခြောက်ကောင်ကို မြင်လိုက်ရတော့ ကောရှို့ဟာ စိတ်ပျက်လက်ပျက်နဲ့ ဖြစ်နေ၏

သူက ဒေါသတကြီးအော်ပြီး လင်းရှန်ကို ထိုးနှက်ဖို့ အစပျိုးလိုက်သည်။

လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသည်ကို မြင်လိုက်ရသဖြင့် လင်းရှန်ကို သူနှင့်အတူ ခေါ်ဆွဲခေါ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း  လင်းရှန်က သူ့ကို ထိုအခွင့်အရေး မပေးပေ။ သူသည်  

ထွက်လိုက်ပြီး သူ၏ကိုယ်ပွားများကို တွန်းထုတ်ကာ ကောရှို့ကို တိုက်ခိုက်ခဲ့သည်။

"ရှက်ပြီးလဲသေဖို့ကောင်းတယ်”

ကောရှို့က ဒေါသအရမ်းထွက်ပြီး မျက်နှာနီရဲသွား၏

လင်းရှန်က ရယ်မောလိုက်သည်။ ဒီလူက သူ့ကိုဝိုင်းထားဖို့ ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ခေါ်လာခဲ့တာတောင် သူဒီလိုပြောနေတုန်းပင်။

ခဏအကြာတွင် ကောရှို့သည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသအပြည့်ဖြင့် ကိုယ်ပွါး၏ ငရဲရင်ရေအောက်တွင် လဲကျသွားခဲ့သည်။

ထိုအချိန်တွင် တိုက်ခိုက်မှုကို စတင်ခဲ့သော သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူ တစ်ဒါဇင်ခန့် လုံးလုံး သုတ်သင်ရှင်းလင်းခံရသည်။

လင်းရှန်သည် သူ့လက်ကို ဝှေ့ယမ်းကာ သွေးပင်လယ်ဂိုဏ်း ကျင့်ကြံသူများ၏ သိုလှောင်အိတ်အားလုံးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် လှည့်ပတ်ကာ ဂူထဲသို့ ပြန်သွားလေသည်။

အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် လင်းရှန်က အနည်းငယ် စိတ်ပျက်သွားသည်။

သူသည် ယခင်ကထက် အဖိုးတန်သောအရာများကို အနည်းငယ်မျှပင် ရှာဖွေတွေ့ရှိခဲ့သည်။ အိုးကိုးလုံးဆေးတစ်လုံးမှ မရှိသော်လည်း အခြားကောင်းကင်ဘုံမျက်လုံးကြးမုံ ကို ရရှိခဲ့သည်။ ကံကောင်းထောက်မစွာ သတ်ဖြတ်ခြင်းကိုအားပေးသည့်စွမ်းရည်က သူ့ကိုစိတ်မပျက်စေခဲ့ပေ။

ဒီတစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့  ကျင့်ကြံသူတွေဟာ အရင်အကြိမ်တွေထက် အများကြီး အားကောင်းခဲ့သည်။ အကျိုးသက်ရောက်မှုကို စတင်နိုင်ခြေပင် တိုးလာခဲ့သည်။

အဲဒီလူတွေကို သတ်ပစ်တာ ငါးကြိမ်တောင် သက်ရောက်မှုရှိတယ်

၎င်းတို့ထဲမှ ၃ ဦးမှာ ငရဲရင်ရေကို ၂၁%တိုးလာစေသည်။

ရွှေလျှပ်စီးဘီးသည် ၈% တိုးလာသည်။

ကျန်အချိန်များတွင် သူ၏ ကျင့်ကြံမှုသည်  ၁၀ ​​ရာခိုင်နှုန်း တိုးလာခဲ့သည်။

သူ အများကြီး အမြတ်ထွက်ခဲ့သည်။

လင်းရှန် ကျေနပ်သွားသည်။

သူသာ ဒီလိုမျိုး အကြိမ်တိုင်းရမယ်ဆို  သွေးပင်လယ်ဂိုဏ်းက လူတွေ နေ့တိုင်း ဖွဲ့စည်းပုံ အမှတ်တွေကို ပြန်ယူဖို့ လာရင် ပိုပျော်မိမှာပင်။

သို့သော် ဤကျရှုံးမှုအပြီးတွင် သွေးပင်လယ်ဂိုဏ်းက ၎င်းတို့၏ သေတွင်းသို့ မည်သူကိုမျှ မစေလွှတ်တော့ပေ။ တစ်စုံတစ်ဦးကို စေလွှတ်လိုပါက မှော်အလင်း မျိုးစေ့ကို ပေါင်းစည်းထားသော ကျင့်ကြံသူမှသာ ရမည်။

ထိုအချိန်တွင် သူ့တို့ကို သုတ်သင်ရန် လွယ်ကူမည်မဟုတ်ပေ။

သူ့ခေါင်းကို ခါယမ်းရင်း  လင်းရှန်က အတွေးတွေကို စုဆောင်းကာ ငရဲရင်ရေကိုဆက်ကျင့်ကြံခဲ့သည်။

လင်းရှန် မျှော်မှန်းထားသည့်အတိုင်း အရာများစွာ တိုးတက်လာသည်။

ထိုနေ့ပြီးသည့်နောက်တွင် သွေးပင်လယ်ဂိုဏ်းသည်  ဤဖွဲ့စည်းပုံအမှတ်ကို မေ့သွားတာ သို့မဟုတ် ၎င်းတို့သည် လက်ရှိအချိန်တွင် မည်သည့် လူအင်အားကိုမျှ မသုံးချင်တာကြောင့် ဖွဲ့စည်းပုံနေရာအား တိုက်ခိုက်ရန် မည်သူကိုမျှ မစေလွှတ်ခဲ့တာလည်း ဖြစ်နိုင်သည်။

လင်းရှန်အနေနဲ့ အနည်းငယ် ဝမ်းနည်းမိသော်လည်း စိတ်အနှောင့်အယှက်မရှိဘဲ ငြိမ်းချမ်းမှုကို ကျင့်ကြံနိုင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဖွဲ့စည်းပုံအမှတ်ကို ရောက်နေတာ တစ်လလောက်ရှိသွား၏

[အမည်-လင်းရှန်]

[စွမ်းရည် - ​​သန့်စင်သော ယန်စွမ်းအားခန္ဓာကိုယ်၊ မွေးရာပါ ဝိညာဉ်ခန္ဓာ]

[အဆင့်- ဝိညာဉ်ပျိုးထောင်ရေး စတုတ္ထအဆင့် ၁၈%]

[ကျင့်ကြံနည်းစနစ်- အထူးလျှို့ဝှက်နည်းစနစ် (အဆင့်၁၊၉၆%)၊ ရွှေလျှပ်စီးဘီး (အဆင့်၂၊၃%)၊ငရဲရင်ရေ (အဆင့်၃၊၆၄%)၊မြောက်ပိုင်း ဓားနက်ကျမ်း (အဆင့်၁၊ ၁၅%) …]

[မှော်စွမ်းအား- ဓားစွမ်းအင်ခုနစ်ခု (ပြီးပြည့်စုံခြင်းအဆင့် ၊အဆင့် ၇)၊ လျှပ်စီးလက်ဖဝါး (ပြီးပြည့်စုံမှုအဆင့်၊ အဆင့်၅)…]

[ကိုယ်ပွားအရေအတွက်-၇ (၇၅%)]

လွန်ခဲ့သည့် နှစ်ပတ်အတွင်း လင်းရှန်သည် သူ၏ စွမ်းအင်အားလုံးနီးပါးကိုငရဲရင်ရေဆီ ကို ပေါင်းစည်းခဲ့သည်။

ထို့ကြောင့် သူ၏ ကျင့်ကြံမှုတွင် များစွာတိုးတက်မှု မရှိခဲ့ပေ။

တစ်ဖက်တွင် ရွှေလျှပ်စီးဘီးသည် ဖြတ်ကျော်ခါနီးနေချေပြီ။  လင်းရှန်သည် ယင်းကို အနည်းငယ်လုပ်ဆောင်ပြီး ဒုတိယအဆင့်သို့ လျင်မြန်စွာဖြတ်ကျော်သွားခဲ့သည်။

ယခုအချိန်တွင်  သူ၏ခန္ဓာကိုယ်သည် အလယ်အလတ်တန်းစား အထူးလက်နက်

နှင့် နှိုင်းယှဉ်နိုင်သည်။

သူ၏ စွမ်းအင်အများစုကိုထည့်ပေါင်းခဲ့သည့် ငရဲရင်ရေ၏ တိုးတက်မှုသည် ပို၍ပင် မြန်ဆန်လာသည်။ သူသည် တတိယအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး သူ၏ အဆင့်တိုးတက်မှု ၆၀% ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

လင်းရှန်၏ရင်ဘတ်အလင်းဝင်ပေါက်ရှိ ငရဲရင်ရေ ပမာဏသည်(၃၅)စက် အထိတိုးလာသည်။

ယခုသူ၏ကိုယ်ပွားများကို မခေါ်တောင်  လင်းရှန်သည် မှော်အလင်းမျိုးစေ့ကို ပေါင်းစည်းထားသော ကျင့်ကြံသူကို တွန်းလှန်နိုင်စွမ်းရှိသည်ဟု ခံစားမိသည်။

“တစ်လအချိန်ကုန်သွားတာက နှမြောစရာပဲ။ ဒီလိုမှမဟုတ်ရင် နောက်လကျ ငရဲရင်ရေ  အစက်နှစ်ဆယ်ကို ပေါင်းပြီး စတုတ္ထအဆင့်ကို ဖြတ်သွားနိုင်မှာကို”

လင်ရှန်သည် သူပြန်လာသောအခါတွင် C-3  ဖွဲ့စည်းပုံ အမှတ်များကို ထိန်းထားဖို့ အကြီးအကဲချီကို လျှောက်ထားသင့်သလားဟု စတင်တွေးတောလာသည်။

ဒီပတ်ဝန်းကျင်က ထူးခြား၏ ငရဲရင်ရေကို ကျင့်ကြံရန် နေရာကောင်းတစ်ခုဖြစ်သည်။

ခဏလောက်စဉ်းစားပြီးနောက်  လင်းရှန်သည် ထိုအတွေးကို ခေတ္တရပ်လိုက်ပြီး သူ့အတွင်းဘက်အလင်းဝင်ပေါက်ကို အာရုံစိုက်လိုက်သည်။

သူ့ဝိညာဉ်မဏ္ဍိုင်တွင် ကြယ်မှုန်များဖြင့် ဝန်းရံထားပုံရသည့် ဓားပတ်လမ်းတစ်ခုရှိသည်။ ၎င်းသည် ဝိညာဉ်ရေးရာအနှစ်သာရကို ဆက်လက်ရှုရှိုက်ပြီး အလွန်ထက်မြက်သော ရောင်ဝါကို ထွက်ပေါ်စေခဲ့သည်။

တစ်လကြာ သန့်စင်ပြီးနောက် ဓားဆေးသည် လင်းရှန်နှင့် ကာလကြာရှည်စွာ တစ်သားတည်းဖြစ်လာပြီး လက်မောင်းကဲ့သို့ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော်လည်း လင်းရှန်သည် တကယ့်တိုက်ပွဲကို မတွေ့ကြုံရသေးသည့်အပြင် မြောက်ပိုင်းဓားနက်ကျမ်းနှင့် ပေါင်းစပ်လိုက်သောအခါဓားဆေး  မည်မျှအစွမ်းထက်သည်ကို မသိရသေးပေ။

သို့သော် အလျင်လိုခြင်း မရှိခဲ့ပေ။  ယခု ဝိညာဉ်ဂူထဲတွင် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူသခင်များစွာ ရှိနေပြီဖြစ်ပြီး သူ့ဓားကို စမ်းသပ်ရန် ပစ်မှတ်တစ်ခု ရှိလာနိုင်သည်။

ထိုအချိန်တွင် လင်းရှန်၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

ကျင့်ကြံသူဆယ်ဦးကျော် ချဉ်းကပ်လာနေကြောင်း သူ ရိပ်မိလိုက်သည် ။

သွေးပင်လယ်ဂိုဏ်းက ကျင့်ကြံသူတွေရဲ့ အေးစက်တဲ့ အရိပ်အယောင်တော့ မဟုတ်ပေ။ အရောင်အဝါကို အကဲဖြတ်ကြည့်တော့ သူ့နေရာတွင် အစားထိုးလာသော နေကိုးစင်းဂိုဏ်းမှ တပည့်များ ဖြစ်နိုင်သည်။

All Chapters