← Chapters

အနီဝတ် လူငယ် ... ။

Vol. 158 Ch. 2199

အနီဝတ် လူငယ် ... ။

Vol. 158 Ch. 2199

၎င်းသည် အသက်ရှူ ရပ်စေသော ဓားတစ်လက် ပေပင်။ အဆုံးတွင် ယဲ့ဘိုးဘေး ခန္ဓာကိုယ်ကို မိုင်တစ်ရာ အကွာအဝေး မှပင် မြင်သာအောင် သပ်ရိုက်ခံ ထားရ၏။

ကျန်သူတော်စင် ဘုရင် လေးပါးမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြန်မထ နိုင်တော့ချေ။

သူတော်စင် ဘုရင်များကို အရှက်ခွဲ၍ မရဟူသော ဆိုရိုးစကားမှာ ယဲ့ကူဟန် ရှေ့၌ အသုံးဝင်ပုံ မရချေ။

သူတော်စင် မူလကို နှိုက်ယူမည်ဟု ဆိုထားသော ယန်ကျောက်ဆောင် သူတော်စင် ဘုရင်မှာ မျက်နှာ ဖြူဖျော့လာ၏။

“ ဦးလေး ... မင်း ငါ့သူတော်စင် မူလကို လိုချင်သေးလား။ ”

ယဲ့ကူဟန်က ပြုံးလျက် စိုက်ကြည့်ကာ မေးမြန်းသည်။ မဟာ သူတော်စင် တစ်ပါး၏ ရောင်ဝါမှာ ကြောက်စရာ ကောင်းပေ၏။

“ ယဲ့ကူဟန် ... မင်းက ယဲ့မိသားစုရဲ့ အပြစ်သား ဖြစ်ချင်နေတာလား၊ မိသားစုကို နှိမ့်ချဝံ့ သလား။ ”

“ ဟား ဟား ဟား ... ယဲ့မိသားစုရဲ့ အပြစ်သား ဖြစ်တော့ရော ... ဘာအရေးလဲ၊ ယဲ့မိသားစုမှာ ငါ့အပေါ် မနှိမ့်ချခဲ့တဲ့ ရက်တွေ ရှိခဲ့လို့လား၊ မိသားစု အတွင်းမှာ ...

... မင်းရဲ့ မျိုးဆက်တွေက ... ကျန်တဲ့ လူတွေကို နှိမ်နှင်း သတ်ဖြတ် နေခဲ့တဲ့ အပေါ် ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ... ဒီညတော့ မင်းတို့ အရမ်း လွန်တယ်။ ”

ယဲ့ကူဟန်က ယဲ့မျိုးနွယ်စုမှ သူတော်စင် သခင်များနှင့် အမည်ခံ သူတော်စင်များထံ ဝေ့ဝဲ ကြည့်ကာ၊

“ မင်းတို့ ... အခု ထွက်သွားဖို့ အချိန်ရှိသေးတယ်။ ”

-ဟု ပြောကြား လိုက်သည်။

သူ့ကိုယ်သူ ထိန်းချုပ်ထားကာ ယခုအချိန် အထိ ယဲ့မျိုးနွယ်၏ မည်သူတစ်ဦး တစ်ယောက် ကိုမျှ မသတ်သေးချေ။

ယဲ့မိသားစု၏ သူတော်စင် သခင်များက စကား မပြောဝံ့ ကြဘဲ ယန်ကျောက်ဆောင် သူတော်စင် ဘုရင်ထံ လှမ်းကြည့်ကြ၏။

“ သင်ခန်းစာက မကြမ်းလို့ ထင်တယ်။ ”

ထို့နောက် သက်ပြင်းချကာ ဓားကို လွှဲထုတ်ပစ် လိုက်သည်။ သခင်တစ္ဆေ ခမျာ နဖူးမှ ပေါင်ကြားအထိ ထက်ခြမ်း အခွဲခံ လိုက်ရ၏။

“ ဘောင်း ... ။ ”

သူတော်စင် မူလ သည်လည်း ပိုးစုန်းကြူးများကဲ့သို့ ပေါက်ကွဲ သွားပြီး သူတော်စင် ဝိညာဉ် ပျံထွက်လာသည်။

“ အား ... ။ ”

သို့သော် ဓားရောင်ဝါ အတွင်းမှ မလွတ်မြောက်နိုင်ဘဲ၊ အော်ဟစ် သံများနှင့် အတူ အပြီးတိုင် ပျောက်ကွယ် သွားခဲ့၏။

ကိုယ်လုံး ကိုယ်ပေါက်ကို မသန့်စင်သော်မှ သူတော်စင် ဘုရင် ဖြစ်ချိန်တွင် ရုပ်ခန္ဓာဟူသည် သူတော်စင် လက်ရာနှင့် ယှဉ်နိုင်သည်။

မူလနဂါး မဟာ သူတော်စင် ကဲ့သို့ ကိုယ်လုံးကိုယ်ပေါက် အာရုံစိုက် လေ့ကျင့်ပြီး သူတော်စင် ရူရ်များ ရေးထွင်း ထားပါက အလွန်အစွမ်းထက် လာပေမည်။

ဆိုလိုသည်မှာ သူတော်စင် ဘုရင် တစ်ပါးသည် သေဆုံးနိုင်ခြေ နည်းပါးချေ၏။ ၎င်းတို့၌ များပြားသော အသက် စွမ်းအားများ ရှိနေကြသည်။

သူတော်စင် ဝိညာဉ်၊ သူတော်စင် ကြယ်စုနှင့် သူတော်စင် မူလတို့ကို ဖျက်ဆီး နိုင်မှ သာလျှင် သေဆုံးမည် ဖြစ်၏။

ဤသည်မှာ ဒူးထောက်နေဆဲ ဖြစ်သော ယန်ကျောက်ဆောင် သူတော်စင် ဘုရင်အပေါ် များစွာ သက်ရောက်မှု ရှိစေသည်။

သူသည် ဘုရင် အဆင့်တွင် နှစ်ပေါင်း ရာချီကြာအောင် ရှင်သန်နေခဲ့ပြီး အလွယ်တကူ အသက်ဆုံးရှုံး နိုင်စရာ မရှိဟု ယုံကြည်ထား သူဖြစ်သည်။

နှောင်းပိုင်း မဟာ သူတော်စင် တစ်ပါးပင် သူတော်စင် ဘုရင်ကို သတ်ချင်ပါက အခက်အခဲ ရှိပေမည်။ အများအားဖြင့် ကျင့်ကြံမှုကို ပိတ်ကာ ညှင်းပန်းကြသည်။

ယခုကဲ့သို့ ဓားဖြင့် တိုက်ရိုက် ခုတ်သတ်ပစ်သည့် မြင်ကွင်းမျိုး မတွေးမိချေ။ ဤသည်မှာ သက်တံဓား သူတော်စင် တပည့် ဟူသည့်အတိုင်း အရာ အားလုံးကို ဓားတစ်ချက် တည်းဖြင့် ဖြတ်တောက် ပစ်ခဲ့ခြင်း ဖြစ်သည်။

“ ချက်ချင်း ထွက်သွားပါ့မယ် ... ။ ”

ယဲ့မျိုးနွယ်မှ ကျန်သူတော်စင်များက ကြောက်ရွံ့ထိတ်လန့်ကာ ဆက်နေရန် သတ္တိ မရှိတော့ချေ။

“ မင်းတို့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးသွားပါ။ ”

သူတော်စင် ဘုရင် လေးပါးထံ ကြည့်ကာ ယဲ့ကူဟန်မှ ခံစားချက် မရှိဘဲ ပြောကြား လိုက် လေသည်။

၎င်းတို့က ခါးသီးသော အမူအရာများ ပြသလာ၏။ အနှစ် တစ်ထောင် နီးပါးရှိသော သူတို့၏ ကျင့်ကြံမှုများ ပျက်စီးသွားသော် သေသည်ထက် ဆိုးရွားကြ ပေလိမ့်မည်။

ထို့ကြောင့် ခန္ဓာကိုယ်များ တုန်ယင် လာကုန်၏။ မကြာသေးမီကပင် ပိုင်မိသားစုကို ကျင့်ကြံမှု ဖျက်စီးရန် အတင်းအကြပ် ဖိအားပေး ခဲ့သည်။

“ ယဲ့မိသားစုရဲ့ ဂျူနီယာ တစ်ယောက်က ဒီလို အခြေအနေမျိုး အထိ တွန်းပို့နိုင် တာလား ... ဘယ်လို ဟာသမျိုးလဲ။ ”

ရုတ်တရက် အနီဝတ် လူငယ် တစ်ယောက် ပြုံးလျက် ထွက်ပေါ်လာသည်။ အသက် (၁၄)နှစ် ဝန်းကျင်မျှသာ ရှိပုံရသော်လည်း မျက်ဝန်းထဲ၌ ရင့်ကျက်မှုများ ပြည့်နှက်နေခဲ့သည်။

ထိုလူအသံကို ကြားသောအခါ တုန်လှုပ် ချောက်ချားနေသည့် ယဲ့မိသားစုဝင် သူတော်စင် ဘုရင် လေးပါးမှာ ရွှင်မြူး လာတော့သည်။

ဤသည်မှာ စစ်ကူ ဖြစ်နိုင်၏။ ယန်ကေျာက်ဆောင် သူတော်စင် ဘုရင်မှ အသိစိတ် ဝင်လာပြီး၊

“ စီနီယာ ... ငါတို့ကို ကယ်ပါ။ ”

-ဟု တောင်းပန် လိုက်တော့သည်။

သို့သော် အနီဝတ် လူငယ်က သူ့ကို ဂရုမစိုက်ချေ။ ယဲ့ကူဟန်ကိုသာ ပြုံးလျက် စိုက်ကြည့် နေခဲ့သည်။

ပိုင်နှင့် ကျန်းမိသားစုဝင် များမှာ တုန်ယင်ကုန်၏။ သူတို့သည် သူတော်စင်များ ဖြစ်ကြသော်လည်း လူငယ် ရောက်ရှိလာ သည်ကို သတိ မထားနိုင်ခဲ့ချေ။

ယဲ့ကူဟန် သည်လည်း ထိုနည်းလည်းကောင်း ပေပင်။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် လူငယ်ကို အကဲခတ် လိုက်မိ၏။

အနီရောင် ဝတ်ရုံတွင် ကြက်သွေးရောင် လမင်းတစ်စင်း ပါရှိနေသဖြင့် သွေးလဂိုဏ်းမှ ဖြစ်မည်ကို နားလည် လိုက်သည်။

“ မင်းက နတ်မိစ္ဆာ ကိုးကွယ်တဲ့ ပညာရှင်လား။ ”

“ နတ်မိစ္ဆာ ကိုးကွယ်မှု ... ။ ”

အနီဝတ် လူငယ်မှ အံ့သြစွာ ပြန်ကြည့်ပြီး ပြုံးပြသည်။

“ ငါတို့က နတ်မီးတောက်ကို ကိုးကွယ်တဲ့ ကျင့်ကြံသူ တွေပါ၊ ဒါက ... မင်း မျက်လုံးထဲမှာ နတ်ဆိုး တစ်ပါး ဖြစ်နေတာလား၊ ...

... တကယ်တော့ တစ်ချိန်တုန်းက နဂါးပြာ ဘိုးဘေးတောင် ငါတို့ရဲ့ ကိုးကွယ် တည်ရှိမှုကို လက်ခံခဲ့တယ်၊ ဒါပေမယ့် ပြိုကျလုလု နတ်နဂါး ခေတ်ရဲ့ လူတွေက ဘာလို့ ငါတို့ကို ငြင်းဆန် နေရတာလဲ၊ ...

... ကောင်းပြီ ငါတို့ကို နတ်ဆိုး ကိုးကွယ် သူလို့ မင်းပြောတဲ့အတွက် နတ်ဆိုး ကိုးကွယ်တဲ့ လူတစ်ယောက်ရဲ့ ခွန်အားက ... ဘာလဲဆိုတာ ငါ ပြပါရစေ၊ ယဲ့ကူဟန် မင်းက ...

... ကြင်နာလွန်းတယ်၊ မင်းရဲ့ ရန်သူနဲ့ ဆက်ဆံတဲ့အခါ ကရုဏာ မထားသင့်ဘူး၊ သူတို့ ကျင့်ကြံမှု ပျက်ပြားသွားရင်တောင်မှ ... ပြန်ရ နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်၊ ...

... သစ်ပင်ကို သတ်ချင်ရင် အမြစ်တွေကို ရှင်းပစ်ပါ၊ မင်း မလုပ်နိုင်ရင် ဒီကိစ္စမှာ ငါ ကူညီ ပါရစေ။ ”

အနီဝတ် လူငယ်မှ ယန်ကျောက်ဆောင် သူတော်စင် ဘုရင်၏ ဦးခေါင်းထံ သူ့လက်ဖြင့် လှမ်းကိုင် လိုက်သည်။

ဤအဟုန်သည် အလွန် လျင်မြန်လွန်း သဖြင့် လေဟာနယ်များ အက်ကွဲ သွားတော့၏။ လမ်း၌ သူ့လက်ဖဝါးမှာ အနီရောင် လက်သည်း အဖြစ် ပြောင်းလဲသွားသည်။

“ ဝှစ် ... ။ ”

ယဲ့ကူဟန် သည်လည်း ချက်ချင်း ရွေ့လျားသွားပြီး ဓားဖြင့် လှမ်းထိုး လိုက်သည်။ တစ်ဖက်ကလည်း သူ့လက်ကို ဝှေ့ယမ်းနေ၏။ သို့သော် အနီဝတ် လူငယ်က ၎င်းအတွက် တွက်ဆထား သကဲ့သို့ ပြုံးသည်။

“ ကလန် ... ။ ”

လူကယ်ရန် အဓိက ထားသောကြောင့် လက်သည်းနှင့်ဓား ထိမှန်ပြီးနောက် လျှပ်စီးများ ယဲ့ကူဟန် ရင်ဘတ်ထဲ ဆက်လက် တိုးဝင်လာ၏။

သို့သော် ဒူးထောက်နေသော သူတော်စင် ဘုရင် လေးပါးကို ဖယ်ရှားနိုင်ခဲ့ သောကြောင့် စိတ်သက်သာရာ ရသွားသည်။

“ သက်တံဓား သူတော်စင်က သဘော ကောင်းလွန်းတယ်၊ ဒါကြောင့်လည်း တျန်ရွှမ်ဇီ တစ်ယောက် ... လက်ရှိ အမြင့်ကို ရောက်လာ ခဲ့ရတာ၊ မင်းမှာ ...

... အရည်အချင်း အများကြီး မရှိဘူး၊ ဒါပေမယ့် မင်းဆရာရဲ့ စိတ်ထားမျိုး အပြည့်အဝ အမွေ ဆက်ခံ ထားပါတယ်။ ”

အနီဝတ် လူငယ်က ပြုံးကာ မှတ်ချက်ပေးသည်။ သူသည် နောက်ဆုတ်ပေး လိုက်သော စီနီယာ တစ်ယောက် ကဲ့သို့ တည်ငြိမ်နေ၏။

“ ချွင် ... ။ ”

ယဲ့ကူဟန်က စကားမပြော တော့ဘဲ ဓားခုနစ်လက်ကို ထုတ်ကာ ဓားအစီရင် ဖွဲ့စည်း လိုက်သည်။

ထို့နောက် ချက်ချင်း တိုက်ခိုက်တော့၏။ သို့သော် အနီဝတ် လူငယ်မှ ၎င်းကို ချိုးဖျက်ရန် နည်းလမ်း ရှိနေခဲ့သည်။

“ ဝုန်း ... ။ ”

ကျယ်လောင်လွန်းသော ပေါက်ကွဲသံ များနှင့်အတူ မရဏဓားသည် အဝေးသို့ လွင့်ပျံ သွားတော့၏။

တစ်ဖက်လူ၏ ရွှေမီးတောက်များသည် ဓားအစီရင်ကို ဖြတ်ဝင်လာခဲ့ သဖြင့် ယဲ့ကူဟန် ခမျာ ကြက်သွေးရောင် ဓားဖြင့် ငြိမ်းသက် လိုက်ရသည်။

သူတို့ နှစ်ဦးစလုံးသည် မျက်စိတစ်မှိတ် အတွင်း ထူးဆန်းသော လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်လိုက်မိ၏။

“ အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”

တောင်ခုနစ်လုံး ပေါင်းစပ် နေသည်ကို မြင်သောအခါ အနီဝတ်လူငယ်မှ အနည်းငယ် လေးနက် လာသည်။

သူ့လက်ကို ဖြန့်လိုက်ရာ မီးတောင်များ ပေါက်ကွဲသွား သကဲ့သို့ မီးရည်ရွယ်ချက်များ ထွက်ပေါ် လာ၏။

ယဲ့ကူဟန်၏ ဓားရည်ရွယ်ချက်မှာ ကြောက်မက်ဖွယ် ကောင်းချေပြီ။ သို့သော် ကောင်းကင်ပေါ်၌ သွေးလမင်း တစ်စင်း ထွက်လာသည်။

၎င်းက အာကာပြင် အပေါ် ခွဲလျက် ဓားရည်ရွယ်ချက် အဟုန်ကို ချေဖြတ်လိုက် တော့၏။

ထို့ကြောင့် ယဲ့ကူဟန် ဓားရောင်ခြည်မှာ လေဟာနယ် အက်ကွဲကြောင်း အတွင်း ပိတ်မိ သွားလေသည်။

“ ဝှစ် ... ။ ”

ထိုအချိန်၌ အနီဝတ် လူငယ်က သူ့လက်ဖဝါးကို ညင်သာစွာ တွန်းထုတ်လာ တော့၏။

ယင်းက ကြက်သွေးရောင် မီးလုံးအဖြစ် ယဲ့ကူဟန်ထံ လွင့်စဉ်လာသည်။ ဓားရောင်ဝါ၌ အက်ကြောင်းများ ပေါ်လာ၏။

၎င်းထံမှ စွမ်းအင် အကြွင်းအကျန် လှိုင်းများသည် ကျန်းနှင့်ပိုင် မျိုးနွယ်စုဝင်များထံ ရိုက်ခတ်ကာ ဝိညာဉ်များ ပြင်းထန်စွာ ဒဏ်ရာ ရရှိကုန်သည်။

“ ဝေါ့ ... ။ ”

သွေးများ စီးကျလျက် လွင့်ပျံ သွားကြ၏။

“ ဧကရာဇ် ရောင်ဝါ ... ။ ”

ယဲ့ကူဟန် တစ်ယောက် နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ထိတ်လန့်စွာ ရေရွတ် လိုက်မိသည်။ ကျန်းဘိုးဘေး သည်လည်း တုန်ယင်သော လေသံဖြင့်၊

“ သူ ... သူ ဘယ်သူလဲ ဆိုတာ ... ငါသိပြီ။ ”

-ဟု အော်ဟစ် လိုက်တော့၏။

ကောင်းကင် ရေကန် တောင်ပေါ် တက်နေသော ကျောက်တျန်းယွီ၊ ဝမ်မူယန်နှင့် ကူရှင်းယွီတို့က သွေးလမင်းကို မြင်သဖြင့် ခြေလှမ်းများ ရပ်နားလိုက်သည်။

“ ဒါ ... ဂိုဏ်းချုပ်ရဲ့ ကိုယ်ပွား ... ။ ”

သုံးယောက်သား အထူးသဖြင့် ကူရှင်းယွီသည် စိတ်လှုပ်ရှားစွာဖြင့် လမင်းထံ မျှော်ကြည့် လိုက်တော့သည်။

***

All Chapters