ဘာကြောင့်လဲ ... ။
Vol. 158 Ch. 2200
အနီဝတ် လူငယ်သည် သွေးလဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်ဖြစ်သည်။ တောင်ပေါ်တက် နေသည့် သုံးယောက်က ရပ်တန့်သွား၏။
ယဲ့ကူဟန် ရောက်လာပြီး ယဲ့ဘိုးဘေးကို ဓားဖြင့် ချိတ်ဆွဲပစ်မှန်း သူတို့ မြင်ခဲ့ ပြီးနောက် အစီစဉ် ကျရှုံးသွားပြီဟု ထင်ကာ၊ ကောင်းကင် ရေကန်ထံ သွားရန် အလျင်မလိုခဲ့ချေ။
လှမ်းတစ်ဝက်၌ တာအို နန်းတော်၏ ရလဒ်ကို စောင့်မျှော် နေခဲ့သည်။ ဤအခိုက်တွင် ဂိုဏ်းချုပ် ကိုယ်ပွား ရောက်ရှိလာခြင်း ဖြစ်၏။
ဆင့်ခေါ်ထားမှု အောင်မြင်ခဲ့ချေပြီ။ ဂိုဏ်းချုပ်သည် ဧကရာဇ် နယ်ပယ်၌ ဖြစ်သဖြင့် ပင်မ ကိုယ်ခန္ဓာအပေါ် စောင့်ကြည့်နေသူများ အလွန်များပြားသည်။
ကိုယ်တိုင် ရွေ့လျားခြင်းဖြင့် အန္တရာယ် ရှိချေ၏။ ကျောက်တျန်းယွီမှ ပြုံးရွှင်လာသည်။
“ ဆက်သွား ရအောင် ... ။ ”
“ ကောင်းပြီ ... တစ်ခုခု ထပ်ဖြစ်ရင် အရှိန် မြှင့်ပါ။ ”
ဝမ်မူယန်မှ လေးနက်သော အမူအရာဖြင့် ပြောကြား လိုက်သည်။ သုံးဦးသာ ရွေ့လျားမှု ပညာရပ်များကို အကောင်အထည် ဖော်ကာ ဆက်လက် ပျံသန်းလိုက်ကြ၏။
“ သူတို့ လာပြီ ... ။ ”
အဝေးမှ ရောင်ဝါများကြောင့် ပိုင်ရှုရင်က မျက်လုံးဖွင့် လိုက်သည်။ အနီးနားရှိ ရွှေအစောင့် များ၏ မျက်နှာများ ပြောင်းလဲသွား ကုန်ကာ လက်နက်များကို ဆုပ်ကိုင်၏။
ကျောက်တျန်ယွီ၊ ကူရှင်းယွီနှင့် ဝမ်မူယန် တို့က သူတို့ ရောင်ဝါများကို လုံးလုံး လျားလျား လွှတ်ပေး ထားသည်။
အမှန်ပင် ကောင်းကင် ရေကန် ဆီသို့ ရန်သူများ ရောက်ရှိလာသဖြင့် ပိုင်ရှောင် ခမျာ အံ့ဩ သွားမိ၏။
“ ဒီနေရာကို စောင့်ကြပ်တဲ့ ... လူတွေ ရှိနေတာလား ... ကြည့်ရတာ ငါတို့ နေရာမှန်ကို ရောက်လာပြီ ထင်တယ်။ ”
ကျောက်တျန်းယွီမှ အပြုံးဖြင့် ရွှေကိုယ်ရံတော်များနှင့် ပိုင်ရှုရင်ထံ လှမ်းကြည့် လိုက်သည်။
“ ကျောက် တျန်း ယွီ ... ။ ”
ပိုင်ရှုရင်က အံ့ဩခြင်း မရှိဘဲ သွေးလ နတ်သားတော်ကို အသိအမှတ် ပြုလိုက်၏။ ထို့နောက် ဝမ်မူယန်ထံ လှည့်ကြည့်ကာ၊
“ ဒါဆို နင်က သွေးလ နတ်သမီးပေါ့။ ”
-ဟု အတည်ပြု သည်။
“ ပိုင်ရှုရင် ... ကောင်းကင် တာအို ဂိုဏ်းရဲ့ တပည့်တွေကို မသတ်ဘူးလို့ လူတစ်ယောက်ကို ငါ ကတိပေးထားတယ်၊ ဒါကြောင့် ထွက်သွားပါ၊ နင် ငရဲသစ်ခွခြံကို မကာကွယ် နိုင်ပါဘူး ... ရလဒ်က ဆုံးဖြတ်ပြီးသားပဲ။ ”
“ ငါငြင်းရင် ဘာဖြစ်မလဲ၊ နင်တို့လည်း ဒီလျှို့ဝှက်ချက်ကို ထုတ်ဖော် မပြောချင်ကြဘူး မဟုတ်လား၊ အခု ... နင်တို့ သုံးယောက်ပဲ လာခဲ့တာ ဆိုတော့ ... မလုံလောက်မှာ ငါကြောက်တယ်။ ”
ရွှေအစောင့် နှစ်ဆယ်က သူမ စကားဆုံးသည်နှင့် ခြေတစ်လှမ်း လှမ်းတက် လိုက်၏။ သူတို့ အားလုံးသည် ဂိုဏ်း၏ အထက် တန်းစားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတော်စင် တစ်ပါး ကိုယ်တိုင် မလာပါက မည်သူကိုမျှ မကြောက်ကြချေ။
“ တိုက် ... ။ ”
ရွှေအစောင့် နှစ်ဆယ်က လက်နက်များ ဆွဲထုတ်လိုက်ရာ ပြိုးပြိုးပြက်ပြက် အလင်းများ ထွက်ပေါ်လာသည်။
ရောင်ဝါများ ထုတ်လျက် နက္ခတ်များကို ဆင့်ခေါ်လိုက်ကြ၏။ သေရှင် တိုက်ပွဲဆင်နွှဲရန် ပြင်ဆင် လိုက်ခြင်း ဖြစ်သည်။
ကူရှင်းယွီမှာ တွေဝေသွားသည်။ ဤအခြေအနေ အရ သတ္တိ ရှိသော်မှ အောင်ပွဲ ရယူနိုင်ရန် လမ်းမမြင်ချေ။ ကံမကောင်းပါက ချက်ချင်းပင် ရှုံးနိမ့်နိုင်ဖွယ် ရှိသည်။
“ နတ်သားတော် ... ။ ”
ကူရှင်းယွီမှ ကျောက်တျန်းယွီထံ ပြန်ကြည့် လိုက်သည်။
“ ငါ ... ဝင်ပါလို့ မရဘူး။ ”
ကျောက်တျန်းယွီ စကား မပြောခင် ဝမ်မူယန်မှ နောက်တစ်လှမ်း ဆုတ်သွား၏။ ယင်းကြောင့် ကျောက်တျန်းယွီ တစ်ယောက် အံ့အားသင့် သွားသည်။
“ သေ လိုက် စမ်း ... ။ ”
ပိုင်ရှောင်က ဤသို့သော အခွင့်အရေး ကောင်းကို လက်လွှတ်မခံဘဲ သဘာဝ အတိုင်း သတ်ရန် ပေးဝင်လိုက်၏။
ကျောက်တျန်းယွီ ပြန်လှည့်လာသော အချိန်၌ အပြင်းထန်ဆုံး သူ့ တိုက်ခိုက်မှုမှာ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်တစက္ကန့်တွင် ဓားရောင်ခြည်များ ရောယှက်ကာ ကျောက်တျန်းယွီကို ကန့်သတ် ထားသော ပန်းတစ်ပွင့် ပွင့်လာ၏။
သို့သော် ကျောက်တျန်းယွီမှ ဂရုမစိုက်ဘဲ လက်ဝှေ့ယမ်းပြီး ကြာနီမီးတောက် ထုတ်လွှတ် လိုက်သဖြင့် ဓားရောင်ခြည်များ ပျော်ကျ ကုန်သည်။
“ ဖပ် ... ။ ”
“ ဝေါ့ ... ။ ”
သည့်နောက် လက်ဖဝါးဖြင့် ပိုင်ရှောင်ကို လှမ်းရိုက်၏။ ကြာနီ မီးတောက် လွင့်ဝဲထိမှန်ပြီး သွေးတစ်လုတ် အန်လျက် ပိုင်ရှောင် လွင့်ပျံ သွားတော့သည်။
“ ခိုးကြောင် ခိုးဝှက် တိုက်ခိုက်တာဟာ လူကြီးလူကောင်း မဆန်ဘူး။ ”
ကေျာက်တျန်းယွီက ပြုံးပြီး ပြောကြား လိုက်သည်။ သူ့ခြေဖဝါး အောက်၌ ကြာနီကြီး တစ်ပွင့် ပွင့်နေ၏။
လေထဲတွင် စွမ်းအင်လှိုင်းများ ပြန့်ကျဲကုန်ကာ သူနှင့် ဆယ်မီတာ အတွင်း ကန့်သတ် နယ်မြေ ဖြစ်သွား တော့သည်။
အချိန် ကာလ ပြောင်းလဲသွား သကဲ့သို့ ရွှေအစောင့်များ၏ လှုပ်ရှားမှုများကို နှေးကွေး လာစေ၏။
“ ကျင့်ကြံသူတွေ အတွက် ... အနိုင်ရဖို့ အလားအလာ မရှိရင်တောင် ပွင့်ပွင့် လင်းလင်း တိုက်ခိုက်ပြီး ... သေခြင်းကို ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိနေဖို့လည်း လိုအပ်တယ်။ ”
ကျောက်တျန်းယွီမှ ဆုံးမစကား ပြောကြားလျက်မှ သူ့ရောင်ဝါများ တက်လာပြီး ကြက်သွေးရောင် လမင်း အဖြစ် ပြောင်းလဲ သွားသည်။
“ ဝှစ် ... ။ ”
ရုတ်တရက် လက်နှစ်ဖက်ကို ပူးကပ်ကာ ညာလက်ဖြင့် ပြန်လည် ရိုက်ချလာ၏။ သွေးလ ရောင်ခြည်သည် လက်ဖဝါးမှ ပေါက်ကွဲ ထွက်လာ တော့သည်။
ယင်းက အံ့ဩဖွယ်ရာ စွမ်းအား တစ်ခု ဖြစ်လာပြီး ရွှေအစောင့် နှစ်ဆယ်ကို အဝေးသို့ လွင့်စဉ် သွားစေခဲ့၏။
“ ထာဝရ ဖီးနစ် ကျမ်းစာ ... ။ ”
သွေးလ ရောင်ခြည်များတွင် ရူရ်များ ပါဝင်နေသဖြင့် ပိုင်ရှုရင်မှ ကျောက်တျန်းယွီ၏ ကိုယ်ခံပညာကို ချက်ချင်း သိလိုက်သည်။
ထာဝရ ဖီးနစ်ကျမ်း အပိုင်းအစ အချို့ကို ခွန်လွန်၌ မြင့်မြတ်သော မဟာမိတ် အဖွဲ့၌သာ အနည်းငယ် မြင်တွေ့နိုင်မည်။
“ မင်းမှာ အထင်ကြီးစရာ ကောင်းတဲ့ မျက်လုံးတွေ ရှိတယ်၊ မျှော်လင့်ထားတဲ့ အတိုင်း ပိုင်းမိသားစုက မြင့်မြတ်သော မဟာမိတ် အဖွဲ့မှာ ရာထူး အချို့ ရှိနေပုံပဲ ... ။ ”
ကျောက်တျန်းယွီမှ သူ သတိပြုမိသော အချက်ကို ထောက်ပြလာ၏။
“ ပြန်ဆုတ် ... ။ ”
ပိုင်ရှုရင် ခမျာ ထိုမှတ်ချက်ကို မတုန့်ပြန် နိုင်သေးဘဲ ထပ်၍ တိုက်ခိုက်ရန် ပြင်နေသော ရွှေအစောင့်များကို အော်ဟစ် ဟန့်တား လိုက်ရသည်။
“ သိပ်နောက်ကျသွားပြီ။ ”
ကျောက်တျန်းယွီ နဖူးမှ လျှပ်စီးများ ပေါက်ကွဲ ထွက်လာ၏။ ဤကဲ့သို့သော စွမ်းအား မျိုးကို တစ်ကြိမ်မျှ မကြုံဖူးကြသဖြင့် ရွှေ အစောင့်များမှာ ကြောက်ရွံ့ကုန်သည်။
ယင်းသည် နတ်အလင်း မျက်လုံးများ ဖြစ်သည်။ မြေပြင်ပေါ်တွင် အက်ကြောင်းများ စတင် ပျံ့နှံ့လာတော့၏။
ရွှေအစောင့် နှစ်ဆယ်ခမျာ ဒုတိယ အကြိမ်အဝေးသို့ ရိုက်ထုတ် ခံလိုက်ရ ပြန်သည်။ မြေပြင်ပေါ် အရုပ် ကြိုးပြတ် တဖွဲဖွဲ ပြုတ်ကျ သွားကုန်၏။
သူတော်စင် ရောင်ဝါများ မှိန်ဖျော့ကုန်ပြီး ဒဏ်ရာများဖြင့် ဖုံးလွှမ်း သွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ လက်နေ၏။
“ အား ... ။ ”
မြေပြင်ပေါ် လူးလှမ့်ပြီး နာကျင်စွာ ညည်းတွား လိုက်ကြသည်။ လျှပ်စီးများသည် ၎င်းတို့အပေါ် တိုက်စားနေပုံ ရ၏။ ထိတ်လန့် ဖွယ်ရာ မြင်ကွင်း ပေပင်။
ဤစွမ်းအားသည် စိတ်ကူး မယှဉ်နိုင် လောက်အောင် ကြောက်စရာ ကောင်းသဖြင့် ပိုင်ရှောင်မှာ ဦးရေပြားများ ထုံကျင်သွား၏။
တစ်ချက် ကြည့်ရုံဖြင့် ဘဝ- ရည်ရွယ်ချက် များကို လောင်ကျွမ်းတိုက်စား ပစ်နိုင်လေသည်။ ကျောက်တျန်းယွီက နတ်အလင်း မျက်လုံးကို ပိတ်လျက် အသက်ပြင်းပြင်း ရှူလိုက်၏။
အသွင်အပြင်အရ ယခင်ကဲ့သို့ ဖော်ရွေ နေသေးသော်လည်း လူတိုင်းကို မတူညီသော ခံစားချက်များ ပေးစွမ်းလာသည်။
ကူရှင်းယွီမှာ အဆိုးဆုံး ဖြစ်၏။ ကျောက်တျန်းယွီသည် ပျော့ညံကာ သူ့ထက် အားနည်းသည်ဟု တွေးထင်ခဲ့ ဖူးသည်။
ထို့ကြောင့် တစ်ချိန်တွင် ၎င်းနေရာကို အစားထိုး လုယူရန် စိတ်ကူးရှိ၏။ အန္တရာယ် များသော စိတ်ကူးမျိုးပေပင်။
ဤကျောက်တျန်းယွီသည် တစ်ချိန်လုံး နိမ့်ကျသော ပုံရိပ်ကိုသာ ထိန်းထားခဲ့ကြောင်း နားလည် လိုက်မိသည်။
“ ပိုင်ရှုရင် ... နင် ဘာလို့ ထွက်မသွား သေးတာလဲ။ ”
ဝမ်မူယန်မှ အော်ငေါက် လိုက်၏။ ဤအရာသည် ကျောက်တျန်းယွီကို မျက်မှောင် ကြုတ် သွားစေသည်။
“ နတ်သမီးတော် ... မင်း ငါ့နောက်မှာ နေလိုက်တာ ပိုကောင်းမယ်။ ”
ကျောက်တျန်းယွီမှ ဖိအား တစ်ခုဖြင့် ဝမ်းမူယန်ကို ဖုံးအုပ်ပစ် လိုက်သည်။ စကား များစွာ မပြောခဲ့ချေ။ သို့သော် ဝမ်မူယန်မှ သူ့ကို အေးစက်စွာ ပြန်ကြည့်ကာ၊
“ ဒီလောက် အထိ ... လိုလို့လား။ ”
-ဟု ပြန်မေး လာသည်။
“ မင်း ... ကောင်းပြီ အဲဒီလူ ကြောင့်လား ... ။ ”
ကျောက်တျန်းယွီမှ တစ်စုံတစ်ရာကို သတိရသွားကာ ချက်ချင်း အလိုမကျ ဖြစ်လာ တော့၏။ ဝမ်မူယန်မှ ပြန်မဖြေချေ။
“ ဒါဆို ... နတ်သမီးက အချစ်ကို သိသွားခဲ့ပြီကိုး ... ကောင်းပြီ ကူရှင်းယွီ မင်း ဘာလုပ် နေတာလဲ ... ။ ”
ကေျာက်တျန်းယွီ တစ်ယောက် ဒေါသ ထွက်လာသည်။ သူ့မျက်နှာ၌ ကြောက်မက်ဖွယ် အငွေ့အသက်များ ရှားရှားပါးပါး ရစ်သိုင်းလာ သည်ကို ကူရှင်းယွီ မြင်လိုက်၏။
“ ဟိတ် ... ။ ”
ပိုင်ရှုရင်က သူတို့ စကားဝိုင်းကို စိတ်မဝင်စားဘဲ ကောင်းကင်ပေါ် ခုန်တက်ကာ ချက်ချင်း တိုက်ခိုက် တော့သည်။
“ အဲဒီမှာ နေ ... ။ ”
“ ဝုန်း ... ။ ”
ပိုင်ရှောင်မှ ကူညီချင် ခဲ့သော်လည်း ကူရှင်းယွီ၏ လက်သီးချက်ကြောင့် အဝေးသို့ လွင့်စဉ်သွား၏။ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိသွားချေပြီ။
“ မင်းက ... ဒီလောက် ခွန်အားနဲ့ တိုက်ပွဲဝင်ချင် နေတာလား ... ဟာသပဲ။ ”
ကူရှင်းယွီမှ ပိုင်ရှောင်ကို လှောင်ပြောင် လိုက်တော့၏။ အဆိုပါ မြင်ကွင်းက ပိုင်ရှုရင်ကို စိတ်မကောင်း ဖြစ်လာစေသည်။
“ သူတို့ကို လွှတ်လိုက် ... ငါ အရှုံးပေးမယ်။ ”
သူမ စကားကြောင့် ကူရှင်းယွီက လေထဲ တစ်ပါတ်ဂျွမ်း ပစ်ကာ ကျောက်တျန်းယွီ ထံသို့ ပြန်လာခဲ့သည်။
“ ဒါက ... မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ ... မင်းကိုကြင်နာမယ်၊ ကူရှင်းယွီ သူ့ကို ကျင့်ကြံမှု ပိတ်ပြီး ... လမ်းပြ ခိုင်းလိုက်ပါ။ ”
“ ဒီအတွက် တောင်းပန်ပါတယ် ... ။ ”
ကူရှင်းယွီမှ အမိန့်အတိုင်း တစ်လှမ်း လှမ်းတက်ကာ ပိုင်ရှုရင် နဖူးသို့ သူ့လက်ကို ထိကပ်ရန် မြှောက်လာခဲ့သည်။
“ မင်း သူ့ကို ထိဝံ့သလား ... ။ ”
ရုတ်တရက် ရွှေရောင် အဆင်း သဏ္ဍာန် တစ်ခုကောင်းကင်မှ ကျဆင်းလာ၏။ အသံမှာ ကူရှင်းယွီ၏ စိတ်ဝိညာဉ်ကိုပင် ထိုးဖောက် ဝင်ရောက် လာသည်။
ခဏတာ အံ့အားသင့် နေရာမှ ချက်ချင်း ခြေတစ်လှမ်း နောက်ပြန် ဆုတ်ခွာ လိုက်ရ၏။ သို့တိုင် ထိုလက်သီးက သူ့ကို လွှတ်ထားရန် ရည်ရွယ်ချက် မရှိဘဲ ရင်ဘတ်ပေါ် ကျရောက်လာသည်။
“ ဘုန်း ... ။ ”
ကြီးမားသော သက်ရောက်မှုကြောင့် ကူရှင်းယွီ ခမျာ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လျက်၊ ဟန်ချက် ထိန်းယူ လိုက်ရသည်။
သို့တိုင် မြေပြင်ပေါ် လဲကျ သွားခဲ့ကာ အလူးလူး အလိမ့်လိမ့်ဖြင့် ကျောက်တျန်းယွီ အနား ပြန်ရောက်သွား၏။
ရွှေရောင် အဆင်း သဏ္ဍာန်များ ပျောက်ကွယ် သွားသော အခါတွင် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက် အပြာရောင် ဝတ်ရုံနှင့် လူငယ်တစ်ယောက် ပေါ်လာတော့သည်။
“ ယဲ့ ချင်း ရှန် ... ။ ”
ပိုင်ရှောင်နှင့် ရွှေအစောင့် များမှာ မျှော်လင့်ချက်များ တဖျပ်ဖျပ် တောက်ပလာ လေသည်။ ပိုင်ရှုရင်မှ ခေတ္တမျှ အံ့အားသင့် သွားခဲ့ပြီး၊
“ ဘာလို့ ဒီကို လာတာလဲ။ ”
-ဟု မေးလိုက်သည်။
“ ဘာလို့လဲ ဆိုတော့ ... မင်းဒီမှာ ရှိနေမယ်ဆိုတာ ငါသိလို့ပဲ မင်းက ခေါင်းမာတဲ့ လူပါ ... ငရဲသစ်ခွခြံက လူတိုင်း ထွက်သွားမယ် ဆိုရင်တောင် ... ဒီနေရာကို မင်း စောင့်ရှောက် နေမှာ ငါသိတယ်။ ”
လင်းယွန်မှ ပြုံးကာ ဖြေလိုက်၏။ ယဲ့ကူဟန်ဖြင့် လမ်းခွဲပြီးနောက် ချက်ချင်း လာခဲ့ သော်လည်း သူ့အဟုန်မှာ အကန့်အသတ် ရှိလေသည်။ ယဲ့ကူဟန်ကို မမီနိုင်ချေ။
“ နင် ဒီကို မလာသင့်ဘူး ... ငါလည်း ဒီမှာရှိမနေ သင့်ဘူး၊ အခု ငါတို့ထဲက ဘယ်သူမှ ထွက်သွားလို့ မရတော့ဘူး။ ”
ပိုင်ရှုရင်က သက်ပြင်းချကာ ပြောကြား လာသည်။ ဤလူငယ်ကို ယဲ့ချင်းရှန် သို့မဟုတ် ပန်းသင်္ချိုင်း မည်သို့ ခေါ်ရမည်မှန်း မသိချေ။ သူမတွင် မေးခွန်းများ ရှိနေသည်။
“ ငါ ဒီကို ရောက်လာပြီးမှတော့ ... မင်းငါနဲ့ အတူ ပြန်လိုက်ရမယ်။ ”
လင်းယွန်မှ ပြတ်သားစွာ ပြောလိုက်၏။
“ ဘယ်လောက် မိုက်မဲလိုက်လဲ ... ၊ ယဲ့ချင်းရှန် မင်းကငါ့ကို ရှုံးနိမ့်ထားတဲ့ လူဆိုတာ မမေ့ပါနဲ့ ... ။ ”
ကျောက်တျန်းယွီမှ ဒေါသ လေသံနှင့် ပြောကြားလာသည်။ သူသည် စိတ်တည်ငြိမ်မှု ပျောက်ဆုံးရန် ရှားရှားပါးပါး ဖြစ်၏။
ဝမ်မူယန်ကြောင့် ခံစားချက်များ မြင့်တက်နေစဉ် လင်းယွန်ကို မြင်လိုက်ရသည့် အတွက် မထိန်းနိုင်တော့ချေ။
သွေးလ နတ်သမီးသည် ဤလူကြောင့် ငရဲသစ်ခွခြံဝန်း၏ သန့်ရှင်းသော သမီးတော်ကို လွှတ်ထားရန် ဆန္ဒ ရှိနေမှန်း သံသယ ဝင်၏။
သူသည် ငယ်စဉ်တည်း ကပင် ဝမ်မူယန်နှင့်အတူ ကြီးပြင်းကာ တစ်ယောက်ကို တစ်ယောက် ကူညီပေးခဲ့သည်။ တစ်နှစ်အတွင်း ယဲ့ချင်းရှန် အပေါ် စိတ်ပြောင်းသွားသည်မှာ အဓိပ္ပါယ် မရှိချေ။
“ မင်းရဲ့ အုပ်ထိန်းသူ ယဲ့ကူဟန် ... ဒီမှာ မရှိဘူး၊ ဒါဆို မင်းကို ဘယ်သူက ကယ်တင်နိုင် မလဲ ကြည့်ရအောင်။ ”
ကျောက်တျန်းယွီမှ ဖုံးကွယ်ရန် ဆန္ဒ မရှိတော့ဘဲ သူ၏ အထွတ်အထိပ် ခွန်အားကို ချက်ချင်း ထုတ်ဖော် လိုက်လေသည်။
***