← Chapters

ငါက ဘာလို့ ရှုံးရမှာလဲ။

Vol. 158 Ch. 2202

ငါက ဘာလို့ ရှုံးရမှာလဲ။

Vol. 158 Ch. 2202

ဝမ်မူယန်နှင့် ကေျာက်တျန်းယွီမှ ကောင်းကင်၌ ပျံဝဲနေသော ကောင်မလေးကို ကြည့်ပြီး မျက်နှာများ ပြောင်းသွားသည်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဧကရာဇ် ကိုးပါး အပြင် ခွန်လွန်၌ ဧကရာဇ်များစွာ ရှိသော်လည်း၊ ဤဘွဲ့ထူးမျိုး မကြားဖူးချေ။ အနည်ငယ် ရှည်လျားပြီး မောက်မာလွန်း၏။

နတ်ဖီးနစ် မိသားစုသည် ရှေးဦးခေတ် ကတည်းကပင် ခွန်လွန်မှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ လုံးဝ ပြန်မလာ တော့ချေ။

“ နတ်သားတော် ... အခု ငါတို့ ဘာလုပ်သင့်လဲ ... သူက ငါတို့ကို တားလိုက်တဲ့ အတွက် ယဲ့ချင်းရှန်ကို လိုက်ရင် မမီနိုင် တော့ဘူး။ ”

ကူရှင်းယွီမှ စိုးရိမ်စွာ ပြောကြားလာ၏။

“ ကောင်းကင် ရေကန် အောက်မှာ ရှိတဲ့ အရာတစ်ခုကို ငါ သဘောကျတယ် .. ဒါကြောင့် ဒီကနေ ချက်ခြင်း ထွက်သွားပါ၊ မဟုတ်ရင် မင်းတို့ကို ဘယ်သူမှ မကယ်နိုင်ဘူး။ ”

ခရမ်းငယ်မှ အေးစက်စွာ ခြိမ်းခြောက် လိုက်ပြန်၏။ စကားပြော နေစဉ် ရှေးဟောင်း ရူရ်များဖြင့် ရေးထွင်းထားသော လျှပ်စီးများ တဝုန်းဝုန်း ရိုက်ခတ်လာသည်။

ကောင်းကင်ကြီး တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲ လာ၏။

ဤမြင်ကွင်းက သူတို့ သုံးဦးကို ဦးရေပြားများ ထုံကျင်စေသည်။ အထူးသဖြင့် ကျောက်တျန်းယွီ ဖြစ်၏။

သူ၏ နတ်အလင်း မျက်လုံးကို အကန့်အသတ်အထိ ထုတ်ဖော်လိုက် သော်မှ ဤအဆင့် လျှပ်စီးမျိုး မရနိုင်ချေ။ ရွှေအဆင်း များက ရှေးကျလွန်းချေပြီ။

“ လောလောဆယ် ပြန်ဆုတ် ရအောင်၊ သူ့မှာ ကြီးမားတဲ့ မူလ ဇစ်မြစ်မျိုး ရှိနိုင်တယ်၊ ဂိုဏ်းချုပ်ကို ငါတို့ စောင့်မယ်။ ”

ကျောက်တျန်းယွီမှ ကြောက်လန့် တကြားနှင့် သတိပေး စကားပြော ကြားလိုက် လေသည်။

ကူရှင်းယွီမှ သက်ပြင်းချ လိုက်မိ၏။ ကျောက်တျန်းယွီက တစ်ဖက်လူ၏ ခွန်အားကို သူနှင့် စုံစမ်းခိုင်းမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

“ နင် ... တွေးတာ မှားနိုင်တယ်။ ”

ဝမ်မူယန်က ခရမ်းငယ်နှင့် အဝေးသို့ အလျင်အမြန် ပြေးလွှားနေသော လင်းယွန်တို့ နှစ်ဦးထံ တစ်လှည့်စီ အကဲခတ် ကြည့်သည်။

ဤလူသည်သာ အစွမ်းထက် ပါက၊ အဘယ်ကြောင့် ဤမျှ အလျင်အမြန် ထွက်ခွာ သွားရန် လိုအပ်မည်နည်း။

“ စီနီယာ တောင်းပန်ပါတယ်။ ”

ဝမ်မူယန် မျက်ဝန်း၌ သွေးလမင်း ထွက်ပေါ်လာကာ လက်ဖဝါး တစ်ချက်ကို ပစ်လွှတ် လိုက်သည်။

“ မိစ္ဆာမလေး ... နင် သေချင်နေတာပဲ။ ”

ခရမ်းငယ်မှ အော်ဟစ်ပြီ လက်လှိုင်းဖြင့် ပုတ်ထုတ်လိုက်၏။ ဝမ်မူယန် ခမျာ အဝေးသို့ လွင့်စဉ် သွားသည်။ သို့သော် နှုတ်ခမ်းမှ သွေးစကို သုတ်ကာ သူမ ပြုံး၏။

“ ဒါက သေးငယ်တဲ့ ပြစ်ဒဏ်ပဲ၊ နင် ငါ့ကို ထပ်စော်ကား ဝံ့ရင် ... သတ်ပစ်မယ်။ ”

ခရမ်းငယ်မှ အေးစက်စွာ ခြိမ်းခြောက်တော့သည်။

“ စီနီယာ ... မင်း နောက်နေတာလား၊ စီနီယာသာ တကယ် ဧကရာဇ် နယ်ပယ် ဆိုရင် အဲဒီ လက်ဖဝါး တစ်ချက်တည်းနဲ့ ... ငါ့ကို အလွယ်တကူ သတ်ပစ် နိုင်ပါတယ်။ ”

ဆုတ်ခွာရန် ရည်မှန်းထားပြီး ဖြစ်သော ကျောက်တျန်းယွီမှ ဝမ်မူယန် စကားကြောင့် ရုတ်တရက် သံသယဝင်ကာ ‘နှင်းဖြူ’ -ဟု အော်ခေါ် လိုက်သည်။

နှင်းဖြူ သူတော်စင် ဘုရင်မှ ချက်ချင်း လှုပ်ရှားတော့၏။ တစ်စုံတစ်ခု မူ-မမှန်မှန်း သူမလည်း သတိပြုမိချေပြီ။

“ ဟမ့် ... ဂျူနီယာတွေကို ရိုက်ဖို့ ... ငါ စိတ်မဝင်စားဘူး၊ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကို အရင် သွားသတ်ပစ်မယ်။ ”

ရုတ်တရက် ခရမ်းငယ်မှ လှစ်ခနဲ မှုန်နေအောင် ထွက်ပြေးသွားသည်။ နှင်းဖြူ သူတော်စင် ဘုရင်ပင် လိုက်မမီ နိုင်ချေ။ ဝမ်မူယန်မှ ပြုံး၏။

“ စိတ်လျော့လိုက် ... မင်း အနိုင် ရရင်တောင်မှ လွယ်မှာ မဟုတ်ဘူး၊ သူ့ဆီမှာ ရှေးကျတဲ့ စွမ်းအား တစ်ခု ရှိတယ်။ ”

သူမက နှင်းဖြူ သူတော်စင် ဘုရင်ကို ဟန့်တားပြီး သွေးများ အန်လိုက်မိသည်။ သူမ ဒဏ်ရာမှာ ထင်ထားသည်ထက် ပိုမို ပြင်းထန် ချေ၏။

“ အဆင်ပြေ ရဲ့လား ... ။ ”

ကျောက်တျန်းယွီမှ မျက်မှောင်ကြုတ်ကာ အနားကပ်လာသည်။

“ စိတ်မပူနဲ့ ... ။ ”

ဝမ်မူယန်က ချက်ချင်းပင် ကောင်းကင် ရေကန်ထံ လှည့်ကာ ထွက်ခွာ သွားခဲ့တော့၏။ ကျောက်တျန်းယွီမှ နာကျင်စွာ ပြုံးသည်။

နှင်းဖြူ သူတော်စင် ဘုရင်က သူ့အနား ပြန်ရောက်လာပြီး ထိပ်တန်း ကုသဆေးလုံးကို တိုက်ကျွေး လာ၏။

“ အရိုက် ခံရတာ ဘယ်လိုနေလဲ။ ”

“ ငါ သူ့ကို လျှော့တွက် လိုက်မိတယ်။ ”

ယဲ့ချင်းရှန်တွင် အစွမ်းထက်သော ဓားပညာ တစ်ရပ် ရှိမှန်း သူ သိသော်လည်း ဤမျှလောက် မထင်ထားချေ။ အလင်း မူလ နောက်တွင် ဓားချက်များစွာ ရှိနေသေးပုံ ရသည်။

“ သွားကြရအောင်။ ”

သူတော်စင် ရောင်ဝါများ သိုင်းခြုံလျက် ဝမ်မူယန်နောက် ပြေးလိုက် လာခဲ့သည်။

“ ဒီမှာ ... နေလ နတ်ရူရ်ကို တံဆိပ်ခတ် ထားတယ် တံဆိပ်က ခွဲဖို့ခက်တယ် ... ငါတို့က အတင်းအကြပ် လုပ်လိုက်ရင် ... နတ်ရူရ်က သူ့ကိုယ်သူ ဖျက်စီးသွား နိုင်တယ်။ ”

ဝမ်မူယန်က ကောင်းကင် ရေကန်ကို လက်ညှိုးညွှန်ပြကာ ကျောက်တျန်းယွီထံ မယုံ သင်္ကာနှင့် ပြန်ကြည့်ပြီး၊

“ နင် ဖိတ်ထားတဲ့ လူက ဘယ်မှာလဲ။ ”

“ သူ ရောက်နေပါပြီ ... သူက ကောင်းကင် တာအိုဂိုဏ်းမှာ အမြဲရှိပါတယ်၊ ထွက်လာခဲ့ ... ။ ”

“ ဟား ဟား ဟား ... ။ ”

ရယ်မောသံများ ထွက်ပေါ်လာပြီး သူတော်စင် ရူရ်များ သိုင်းခြုံထားသည့် လူငယ် တစ်ယောက် ပေါ်လာသည်။

“ သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်။ ”

ဝမ်မူယန်မှ အံ့ဩတကြီး အော်ဟစ်လိုက်၏။ ဤလူငယ်သည် ကောင်းကင် တာအို ဂိုဏ်းတွင် အလျှို့ဝှက်ဆုံး ဖြစ်သည်။ ကြောက်စရာ ကောင်းလှပေ၏။

သူမ၏သတင်း အချက်အလက်များ အရ၊ သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော် ဟူသည် လက်သီး တစ်ထောင် သူတော်စင်နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိချေသည်။

ဝိညာဉ် ရေးရာ ရူရ်များအပေါ် နားလည်မှုသည် ဂိုဏ်းအတွင်း အပြင်းထန်ဆုံး ဖြစ်၏။ သူတော်စင်များသည်ပင် သူ့ကို မယှဉ်နိုင်ချေ။

“ နတ်သားတော်၊ နတ်သမီးတော် ... ။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က ပြုံးလျက် ဦးညွှတ် နှုတ်ဆက် လိုက်သည်။ နှိမ့်ချသော ပုံစံ ယူထား၏။

“ ငါတို့ရဲ့ နာမည်ကြီး သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင် ဖြစ်ဖို့ မမျှော်လင့် ထားဘူး။ ”

“ ကောင်းကင်ဘုံ ယင်နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်က သွေးလနတ်သမီး ဖြစ်နေ လိမ့်မယ်လို့ ... ငါလည်း မထင်ထားပါဘူး။ ”

“ အခုက ဒီအကြောင်း ပြောရမယ့် အချိန် မဟုတ်သေးဘူး၊ သွေးလဂိုဏ်း ဖြစ်ဖြစ် ဝိညာဉ် နတ်မိစ္ဆာ မိသားစုပဲ ဖြစ်ဖြစ် ... ငါတို့ အားလုံးက နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့ တံဆိပ်ကို ပြန်ဖျက်ဖို့ လိုတယ်၊ ...

... နေလ နတ်ရူရ်က ဒီနေရာမှာ ရှိပြီး ငါတို့ရဖို့ ခြေတစ်လှမ်းသာ လိုတယ် ဒါကြောင့် ပူးပေါင်း ဆောင်ရွက်ပေး ကြပါ။ ”

ကျောက်တျန်းယွီ စကားကို သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်မှ ခေါင်းညိတ်ပြီး

“ ဒီကောင်းကင် ရေကန်ကို ခွဲပေးပါ၊ အစီရင်ကို ငါဖယ်ထုတ်ပေးမယ် ... မင်းတို့ရဲ့ ဂိုဏ်းချုပ် ဒီမှာ ရှိနေပေမယ့်၊ ဒီထက် ပိုပြီး မနှောင့်နှေးတာ အကောင်းဆုံး ပါပဲ။ ”

-ဟု ပြောကြား လိုက်လေသည်။

ကျောက်တျန်းယွီမှ နှင်းဖြူ သူတော်စင် ဘုရင်ကို ကြည့်လိုက်သည်။ သူတော်စင် ဘုရင်မှ ရောင်ဝါများ ထုတ်လွှတ်ကာ ရေကန်ကို နှစ်ခြမ်းခွဲ ပစ်လိုက်၏။

“ ဝုန်း ... ။ ”

ရေများ ပျံတက်နေသော မြင်ကွင်းကြောင့် လင်းယွန်နှင့် ပိုင်ရှုရင်က လည်ပြန် လှည့်ကြည့် လိုက်ကာ၊

“ သူတို့ စနေပြီ။”

-ဟု ပြောကြား လိုက်သည်။ ထို့နောက် နှစ်ယောက်သား တောင်စောင်းတွင် ခဏအနား ယူလိုက်သည်။

“ အထဲမှာ နတ်ရူရ် ရှိတယ် ... သူတို့ တကယ်ပဲ ဒီကိုလာခဲ့တာ။ ”

“ ငါသိတယ် ... ဒါပေမယ့် ငါတို့ ဒီကနေ ထွက်သွားသင့်ပြီ။ ”

ယခုအချိန်၌ နတ်ရူရ်ထက် အစ်ကိုကြီးကို ပိုစိုးရိမ်မိသည်။ အနီဝတ် လူငယ်နှင့် တိုက်ပွဲကို ကောင်းကင်တွင် သူ မြင်၏။

ယဲ့ကူဟန်၏ ဓား(၇)လက်သည် ကောင်းမွန်သော အခြေအနေ မျိုးတွင် မရှိချေ။ ထိုအနီဝတ် လူငယ်မှာ တိုက်ပွဲ ပရိယာယ် ကြွယ်ဝပုံရချေပြီ။

“ နင်လည်း သိနေတာလား ... ။ ”

ပိုင်ရှုရင်မှ အံ့သြသွားသည်။ လင်းယွန် သည်လည်း ခေတ္တမျှ နဝေတိန်တောင် ဖြစ်မိပြီး သူ သိသည်ကို သူမ မသိမှန်း သတိရသွား၏။

“ အင်း ... သိတယ်။ ”

“ သေစမ်း ... သူတို့က နေလ နတ်ရူရ်ဆီ လာခဲ့တာပဲ ... အဲဒါနဲ့ ပတ်သက်ပြီး ငါ ဘာမှ လုပ်လို့ မရတော့ဘူး။ ”

ရုတ်တရက် ခရမ်းငယ်မှ ကလေးမလေး အသွင်ယူလျက် သူတို့ အနားသို့ ဆင်းသက်လာ တော့သည်။

သို့သော် ပိုင်ရှုရင်မှ သူမကို စိုက်ကြည့် နေမှန်း သတိ ထားမိပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နားလည်လိုက်၏။

“ ဒါဆို ... နင်တို့ နှစ်ယောက်က ... အစတည်းက နေလ နတ်ရူရ်အတွက် ငါ့ဆီ လာတာပေါ့။ ”

လင်းယွန်နှင့် ခရမ်းငယ်က ချက်ချင်း ပြန်မဖြေနိုင်ချေ။ အကြည့်ချင်း ဖလှယ်လိုက်ပြီး၊

“ ဒါက ရှုပ်ထွေးပါတယ်၊ ဒါပေမယ့် ငါ့မှာ မကောင်းသော ရည်ရွယ်ချက် မရှိဘူး ဆိုတာကို ယုံပါ။ ”

-ဟု လင်းယွန်မှ ပြောကြား လိုက်တော့၏။

ပိုင်ရှုရင်မှ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်များ တုန်လာ၏။ သူမက ခက်ခက် ခဲခဲနှင့်၊

“ နင် ငါ့အပေါ် ဆိုးညစ်တဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ သဘာဝ ကျကျ သိတယ်၊ ဒါဆို... နင်က ယဲ့ချင်းရှန် မဟုတ်ဘူးပေါ့။ ”

-ဟု စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

လင်းယွန်မှ သက်ပြင်းချကာ ဝန်ခံရန် ပြင်လိုက်စဉ် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။

ယဲ့ကူဟန် တစ်ယောက် သွေးအန်လျက် မြေပြင်ပေါ် လဲကျသွားသည်။ သူ ခေါ်ထားသော တောင်ခုနစ်လုံးမှာ ကွဲအက် သွားချေပြီ။

“ နောက်မှ ပြောကြရအောင် ... ။ ”

လင်းယွန်မှ စိုးရိမ်တကြီး ပြောသည်။ ပိုင်ရှုရင်က မတင်မကျ အသွင်ဖြင့် လင်းယွန် နောက်သို့ လိုက်ပါ သွားတော့၏။

ခရမ်းငယ် သာလျှင် သူတို့ နှစ်ယောက် နောက်ကျောကို ကြည့်ကာ၊

“ သူစောင့်နေတဲ့ လူက ... ဒီလူယုတ်မာတော့ မဟုတ်လောက်ဘူး မဟုတ်လား ... ။ ”

-ဟု ညည်းတွား လိုက်တော့သည်။

သို့သော် ကောက်ကြောင်း ပေါ်နေပြီ ဖြစ်သည်။ ပိုင်ရှုရင် နှလုံးသားကို လူယုတ်မာက မည်သည့် အချိန်မှ အနိုင်ယူသွားမှန်း မသိတော့ခေျ။

“ မင်းဟာ သက်တံဓားနဲ့ ယှဉ်ရင် ... အားနည်း နေသေးတယ်၊ အဲဒီတုန်းက ... သူ့ရဲ့ တော်ဝင် ဓားကျမ်းက ဧကရာဇ် မဖြစ်သေးတဲ့ ငါ့ကို နှိမ်နှင်းနိုင်တယ်။ ”

အနီဝတ် လူငယ်က သွေးလမင်း ရောင်ဝါများ လွှမ်းခြုံလျက် ယဲ့ကူဟန်ထံ ကြည့် လေသည်။ ယဲ့ကူဟန်က နှုတ်ခမ်းမှ သွေးများ သုတ်ကာ ပြုံးလိုက်ပြီး၊

“ သွေးလ ဂိုဏ်းချုပ်ရဲ့ ခွန်အားကို ... ငါခံစားခွင့် ရခဲ့ပြီ။ ”

-ဟု တုန့်ပြန် တော့၏။

“ မင်း ရှုံးနိမ့်တာကို ဝန်မခံဘူးလား၊ ဒါမှမဟုတ် ငါ့ကို အစုလိုက် အပြုံလိုက် လူသတ် စေချင်လို့လား။ ”

“ ရှုံးနိမ့်မှုကို ဝန်ခံရမှာလား ... ၊ အဟား ငါမသေသရွေ့ မရှုံးပါဘူး၊ မင်းက ကိုယ်ပွားလေး တစ်ယောက်ပါ၊ ဒါဆို ဘာလို့ ငါက ရှုံးရမှာလဲ။ ”

“ မင်းရဲ့ တော်ဝင် ဓားကျမ်းကို ... ငါ ချိုးဖြတ်လိုက်ပြီ ... မင်းမှာ တခြား ဝှက်ဖဲတွေ ရှိသေးလို့လား။ ”

“ ငါ့မှာ ... မဟာ တော်ဝင် ဓားကျမ်းပဲ ရှိတယ်လို့ ... မင်းကို ဘယ်သူပြောလဲ။ ”

စကားဆုံးသည်နှင့် ယဲ့ကူဟန် ခန္ဓာကိုယ်မှ အလင်းစက်ဝန်းများ လွင့်ထွက်လာပြီး မတ်တပ် ထရပ် လာတော့သည်။

ပြိုကျနေသော ဓားရောင်ဝါများက တဖန် ပြန်၍ မြင့်တက်လာ၏။ များမကြာခင် ရောင်စုံ အလင်းစက်ဝန်း ငါးလုံး ပေါ်လာသည်။

“ ရွှပ် ... ။ ”

ဓား ရည်ရွယ်ချက်မှာ ဆတိုးပွားလာ ပြီးနောက် ကောင်းကင်ပေါ် ထိုးတက်သွားပြီး (၃၆)လွှာကို ခွဲပစ် လိုက်လေသည်။

“ ကောင်းကင် ကျမ်း ... ။ ”

ဤသည်မှာ တျန်ရွှမ်ဇီ၏ ကျင့်ကြံမှု နည်းစနစ် ဖြစ်ချေ၏။ သွေးလ ဂိုဏ်းချုပ် ခမျာ မျက်ခုံး ပင့်လိုက်မိတော့သည်။

***

All Chapters