← Chapters

သူက လူယုတ်မာ။

Vol. 158 Ch. 2203

သူက လူယုတ်မာ။

Vol. 158 Ch. 2203

အလင်းစက်ဝန်း (၇)လုံးသည် ခွေးသွားစိတ်များ သဖွယ် အချင်းချင်း ထောက်ပံ့ ချိတ်ဆက်ကာ စွမ်းအား ပေးသည်။

ကောင်းကင်ကျမ်း (၁၉)ဆင့်ကို အောင်မြင်ပြီးနောက် ခန္ဓာကိုယ်အတွင်း၌ စကြာဝဠာ ဖြစ်ပေါ်လာပေမည်။

ထိုအဆင့်သည် နဂါးဝိညာဉ် ပညာရပ် အဆင့်ကို ကျော်လွန်ကာ နတ်ဘုရား ပညာရပ် ဖြစ်လာနိုင်၏။

ယင်းကို နားလည်သော ယဲ့ကူဟန်ထံ ကြည့်ကာ လင်းယွန်ပင် တုန်လှုပ်နေခဲ့သည်။ ပိုင်ရှုရင်မှ မျက်လုံးပြူးလျက်၊

“ ဒါက ကောင်းကင်ကျမ်း မဟုတ်လား။ ”

-ဟု မေးမြန်းလာသည်။

အသူရာ မြစ်ဓား သူတော်စင်၏ အောင်မြင်မှုသည် တျန်ရွှမ်ဇီထက် နိမ့်ကျသည် မဟုတ်ချေ။ ဤရောင်ဝါမျိုး တျန်ရွှမ်ဇီ ထံမှ ထွက်ပေါ် ခဲ့ဖူးသည်။

အလင်းစက်ဝန်းများ၏ ချိတ်ဆက် ထောက်ပံ့မှုဖြင့် ယဲ့ကူဟန်က လေထဲ ပျံဝဲနေပြီး အနီဝတ် လူငယ်ထံ ငုံ့ကြည့်၏။

“ ကောင်းကင် ကျမ်းလား ... စိတ်ဝင်စားစရာပဲ … ။ ”

အနီဝတ် လူငယ်က အံ့အားသင့်သွား သော်လည်း ချက်ချင်း စိတ်လှုပ်ရှား လာသည်။

“ ဒီထက်ပိုပြီး ... စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခု ရှိသေးတယ်။ ”

ယဲ့ကူဟန်က ဓားကို မြှောက်ကာ ပြုံးလိုက်သည်။ ဓားဖျားသည် အာကာသထဲသို့ ထိုးဖောက် ဝင်ရောက်သွား၏။

“ ဝှစ် ... ။ ”

ယင်းသည် ယဲ့ကူဟန် နှင့်အတူ အရိပ်တစ်ခုလို လိုက်ပါလာသည်။ မှော်ဆန် လွန်းချေ၏။

“ ထန် ... ။ ”

အနီဝတ် လူငယ်က ထိုတိုက်ခိုက်မှုကို တားဆီးလိုက် သော်လည်း အသူရာ မြစ်ဓားမှ ထွက်လာသော အဟုန်ကြောင့် လွင့်ဝဲသွား ရသည်။

“ မင်းလို ဧကရာဇ် ကိုယ်ပွား တစ်ယောက်က ... ဘယ်လောက် အထိ စွမ်းဆောင် နိုင်မလဲ ကြည့်ရအောင်။ ”

အသူရာ မြစ်ဓားသည် ထိန်းချုပ်သူ မရှိတော့ဘဲ အနီဝတ် လူငယ်ထံသို့ ပြေးဝင် တိုက်ခိုက် နေခဲ့သည်။

“ ဟိတ် ... ။ ”

ဤအခိုက်တွင် ယဲ့ကူဟန် နှစ်ယောက် ကွဲထွက်သွား၏။ တစ်ယောက်က ကောင်းကင် ကျမ်းကို ထုတ်ဖော်လျက် ကျန်တစ်ယောက်မှာ တော်ဝင် ဓားကျမ်းကို ဖန်တီးနေခဲ့သည်။

၎င်းတို့ နှစ်ခုကို ပေါင်းစပ်လိုက်ချိန်၌ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပြသလာ၏။

ခဏလေးအတွင်းမှာပင် အနီဝတ် လူငယ် ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရရှိ သွားလေသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

ကျန်းနှင့် ပိုင်မိသားစုမှာ အံ့သြသွား၏။ အနီဝတ် လူငယ်၏ အထောက်အထားကို သိပြီး သူတို့ စိတ်ပျက် အားငယ် နေခဲ့ကြသည်။

ယခုမူ ယဲ့ကူဟန်မှ မျှော်လင့်ချက် ရောင်ခြည်များ ပေးစွမ်းလာ၏။ ၎င်းတို့ကြား တိုက်ပွဲမှာ အနည်းငယ် ဖိနှိမ်ထား ချေပြီ။

“ ခရစ် ... ။ ”

မြေပြင်ပေါ်တွင် အက်ကြောင်းများ ပျံ့နှံ့လာပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမ များပင် ဖျက်ဆီးခံ လိုက်ရ၏။

အတိတ်နှင့် ပစ္စုပ္ပန် ရောထွေးလျက် ရှုပ်ထွေးစေသော မြင်ကွင်းမျိုး ပေါက်ဖွား လာသည်။ ပရမ်းပတာ ဖြစ်၏။

ဤသည်မှာ ဧကရာဇ် တစ်ပါး၏ ဖြစ်ရပ်ဆန်း နိယာမများ ဖြစ်သောကြောင့် လူတိုင်း ထိတ်လန့်ကုန်သည်။

အနီဝတ် လူငယ်သည် ကိုယ်ပွား ဖြစ်သော်လည်း ဧကရာဇ် ကိုးပါးထက် မနိမ့်ကျ သည့် ရောင်ဝါမျိုး ပြသလာ၏။

တစ်ချိန်က သွေးလ ဂိုဏ်းချုပ်သည် ဧကရီနှင့် တိုက်ခိုက်ကာ သေဆုံး လုနီးပါး ခံစား သွားရကြောင်း ကောလဟာလများ ထွက်ပေါ် ဖူးသည်။

ဧကရီ သည်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ထိုတိုက်ပွဲ အပြီး၌ ထွက်ပေါ်လာခြင်း မရှိ တော့ချေ။

“ လမင်း အကြွေကောက်တဲ့ လက် ... ။ ”

အနီဝတ် လူငယ်၏ အော်ငေါက်သံများ နှင့်အတူ ကြက်သွေးရောင်လမင်းကြီး ထိုးတက် လာပြန်၏။

လမင်းက နာရီလက်တံ အတိုင်း လည်ပတ်ကာ အာကာပြင်ကို တိုက်စားနေ ခဲ့သည်။ ထို့ကြောင့် တော်ဝင် ဓားကျမ်း၏ ရောင်ဝါမှာ ကွဲအက်စ ပြုလာ၏။

ပြိုင်ဘက်မှ ဤလှုပ်ရှားမှုကိုပင် ထပ်မံ အသုံးပြု လာသဖြင့် လူတိုင်း၏ အမူအရာများ ပြောင်းလဲ သွားသည်။

ထိုစဉ်က ယဲ့ကူဟန်၏ တောင်ကြီး (၇)လုံးကို ပြိုချ နိုင်ခဲ့ဖူး၏။ ဤတစ်ကြိမ် တွင်မှု ကွာဟချက်မှာ အနည်းငယ်သာ ရှိသည်။

“ ဟိတ် ... ။ ”

အနီဝတ် လူငယ်က သွေးလမင်းပေါ် ခုန်တက်ကာ ဧကရာဇ် ရောင်ဝါကို ထုတ်ဖော် လျက်၊

“ ငါက ကိုယ်ပွား ဖြစ်နေရင်တောင် ... ဧကရာဇ် တစ်ပါးကို ... မင်း အရှက်ခွဲလို့ မရဘူး၊ သက်တံဓား သူတော်စင်ရဲ့ တပည့်ကြီး ... မင်းအခု သေနိုင်ပြီ။ ”

-ဟု ခြိမ်းခြောက် လိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် ယဲ့ကူဟန်မှ ပြုံးလျက် ကောင်းကင်ပေါ် ခုန်တက်လာ၏။ အာကာပြင် ခမျာ မှန်တစ်ချပ် ကဲ့သို့ ကွဲကြေလျက် သူ့နောက် လိုက်ပါလာသည်။

ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်ပြီး အနီဝတ် လူငယ်၏ ဧကရာဇ် ရောင်ဝါကို ဂရု မစိုက်ဘဲ ရင်ဆိုင်တော့၏။

“ လာ ပြီ ... ။ ”

“ ဝှစ် ... ။ ”

ထို့နောက် အသူရာ မြစ်ဓားကို လက်ဖြင့် ဆုပ်ကိုင်လျက် ကြောက်မက်ဖွယ် ကောင်းသော အာကာသ အက်ကွဲကြောင်း များစွာကို ရှောင်တိမ်းပစ် လိုက်သည်။

တစ်ချိန်တည်းမှာပင် မဟာ တော်ဝင် ဓားကျမ်းနှင့် ကောင်းကင်ကျမ်းက တစ်စထက် တစ်စ ပေါင်းစပ်နေခဲ့သည်။

ကိုယ်လုံး ကိုယ်ပေါက်သည် သူ့ ကန့်သတ်ချက်သို့ ရောက်ရှိလာပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်၏။

“ ဟား ဟား ဟား ... ။ ”

ဖြစ်စဉ်သည် အန္တရာယ်များ သဖြင့် ယဲ့ကူဟန်ကို အရူး တစ်ယောက်လို ရယ်မော လာစေခဲ့သည်။ သူ သေသွားခဲ့ လျှင်ပင် ရယ်မောလျက် သေဆုံး လို၏။

“ ရှေးဟောင်း ကောင်းကင်ယံ- အနန္တ ဓားများ ပေါင်းစည်း။ ”

ဤသည်မှာ စွမ်းအင် ကျင့်ကြံမှု ပညာရပ်နှစ်ခု၏ စွမ်းအင်များ ပေါင်းစည်းခြင်း မည်ချေ၏။

သည့်နောက်တွင် အာကာသ တာအို အသုံးပြုကာ သူနှင့် အနီဝတ် လူငယ်ကြား အကွာအဝေးကို ဆွဲယူလိုက်သည်။

ဤတစ်ကြိမ်တွင် အနီဝတ် လူငယ်၏ မျက်ဝန်းများ၌ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှု များကို ပထမဆုံး အကြိမ် မြင်လိုက်ရ၏။

အာကာသ တာအိုသည် ထာဝရ တာအို ဖြစ်သည်။ လွယ်လွယ် ကူကူ ဆုပ်ကိုင်နိုင်သော အရာမျိုး မဟုတ်ချေ။

“ ရွှပ် ... ။ ”

ဓားရောင်ခြည်များ ထွက်ပေါ်လာပြီး ကြက်သွေးရောင် လမင်းကို နှစ်ခြမ်းခွဲပစ်လိုက် တော့သည်။

“ ဘောင်း ... ။ ”

ထို့နောက် ထောင်ပေါင်း များစွာသော မီးရှူးမီးပန်းများ ကောင်းကင်၌ ထွက်ပေါ်လာ နေစဉ်၊ ဓားရောင်ခြည်က အနီဝတ် လူငယ်ထံ ဆက်၍ တိုးဝင်သွားသည်။

ချက်ချင်း ဧကရာဇ် ရောင်ဝါ ပြိုကျလျက် ဒူးတစ်ဖက် ထောက်ကာ သွေးများ ပျို့တက်ပြီး ပြုတ်ကျ သွားတော့၏။

“ ဝေါ့ ... ။ ”

များမကြာမီ ရောင်ဝါများ ဆက်တိုက် ကျဆင်းနေကာ မဟာ သူတော်စင် နယ်ပယ်သို့ ပြန်ရောက် လာခဲ့သည်။

“ ငါ့ဆရာက အနိုင်ယူ နိုင်ခဲ့တဲ့ အတွက် သဘာဝအတိုင်း ငါလည်း လုပ်နိုင်တယ်၊ မင်းက သက်တံဓား မျိုးရိုးကို အရှက် မခွဲနိုင်ပါဘူး၊ ဟား ... ဟား ... ဟား ... ။ ”

ယဲ့ကူဟန်က ဟက်ဟက် ပက်ပက် ရယ်မောကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်စဉ် ပါးစပ်မှ သွေးများ စီးကျလာတော့သည်။

ဤမြင်ကွင်းကြောင့် လင်းယွန်မှ ပြေးသွားကာ ယဲ့ကူဟန်ကေျာပြင်ထံ လက်ဖဝါး ဖိကပ်ရန် ပြင်လိုက်သည်။ နဂါးပြာ စွမ်းအင်ကို ပေးပို့လို၏။

သို့သော် ယဲ့ကူဟန်မှ တောက်ပသော အပြုံးဖြင့် သွေးများသုတ်ကာ လင်းယွန်ကို တွန်းဖယ် လိုက်သည်။

“ လူမိုက် ... ထာဝရ တာအိုကြောင့် ရတဲ့ ဒဏ်ရာတွေက ကုသဖို့ မလွယ်ဘူး၊ ဒါပေမယ့် ငါ မကြာခင် သေတော့မှာ မဟုတ်ပါဘူး။ ”

“ မလိမ်နဲ့ ... ။ ”

လင်းယွန် တစ်ယောက် မျက်ရည်များ စီးကျလာသည်။ သူသည် ကောင်းကင် လမ်း၌ တစ်ယောက်တည်း အံကြိတ်ခဲ့ရ၏။

သက်တံဓား သူတော်စင်မှ တပည့် အဖြစ် လက်ခံပြီး နောက်၌ အိမ်တစ်လုံး ရှာတွေ့ကာ မိသားစု တစ်ခုကို ပိုင်ဆိုင်လာသည်။

ထို့ကြောင့် အစ်ကိုကြီး၏ ဒဏ်ရာများ မြင်သောအခါ ရှင်းဂျူကို ပြန်၍ သတိရမိ စေ၏။ ဤအခိုက်တွင် ထပ်မံ ဆုံးရှုံးရမည်ကို တကယ် ကြောက်လန့် လာပေသည်။

“ ငါ ... တကယ် မသေတော့ပါဘူး၊ နတ်နဂါး သစ်သီး စားလိုက်ရင် ကောင်းသွားမှာပါ။ ”

ယဲ့ကူဟန်က ပြုံးပြီး နတ်နဂါး သစ်သီး ထုတ်ယူလိုက်သည်။ ပိုင်ရှုရင်မှ လင်းယွန်ထံ ကြည့်ကာ၊

“ မဟာ သူတော်စင် တစ်ပါးကို ... သတ်ဖို့က ဒီလောက် မလွယ်ပါဘူး။ ”

-ဟု နှစ်သိမ့်လာ၏။

“ ကြည့်စမ်း ... ငါတို့ရဲ့ သန့်ရှင်းသော သမီးတော်တောင် မင်းထက် ပိုသိနေသေးတယ်၊ ဒါကို မင်းက ကိုယ့်ကိုကိုယ် သန့်ရှင်းသော သမီးတော် သတ်သူလို့၊ ...

... ခေါ်ချင်နေသေး တာလား၊ အခု မင်း ငိုနေတဲ့ ပုံက ... လူယုတ်မာ တစ်ယောက်နဲ့ မတူတော့ဘူး။ ”

ယဲ့ကူဟန်က လင်းယွန်၏ ခေါင်းကို ပုတ်လိုက်သည်။

“ အသူရာ မြစ်ဓား သူတော်စင်... ၊ ဒီဆိတ်အိုကြီးရဲ့ အသက်ကို ငါ အဆုံးသတ် ပေးပါရစေ။ ”

ကျန်းမိသားစု သူတော်စင် တစ်ပါးက အမည်ခံ သူတော်စင် နယ်ပယ်အထိ လျော့ကျ နေသော အနီဝတ် လူငယ်ကို ကြည့်ကာ လှုပ်ရှားလိုက်သည်။

“ မလုပ်နဲ့ ... ။ ”

နတ်နဂါး သစ်သီးစားရန် ပြင်နေသော ယဲ့ကူဟန်မှာ ထိတ်လန့်စွာ အော်ဟစ်တော့၏။ ထို့သော် နောက်ကျသွား ချေပြီ။

“ ဝှစ် ... ။ ”

အနီဝတ် လူငယ်က သူ့ထံ ဝင်လာသော ကျန်းသူတော်စင်ကို လည်ပင်း ဆွဲကိုင်လိုက်ပြီး ကောင်းကင်ပေါ် မြှောက်တင်လိုက်၏။

“ ဘယ်သူ မိုလို့ ... မင်းက ဝင်စွက်ဖက် ချင်နေရတာလဲ ... မင်းကိုယ်မင်း သက်တံဓားရဲ့ တပည့် တစ်ယောက်လို့ ထင်နေ တာလား၊ ဟမ့်... ။ ”

သူ့လေသံတွင် ဒေါသနှင့် လူသတ်လိုသော ဆန္ဒများ ပြည့်နှက်လာ၏။ ကျန်းသူတော်စင်မှာ ရုန်းကန်လျက် တဖြည်းဖြည်း ရှုံ့တွသွား တော့သည်။

“ ထာဝရ ဖီးနစ်ကျမ်း ... ။ ”

ယဲ့ကူဟန်မှ သက်ပြင်းချ လိုက်သည်။ ထို့နောက် သူက လေးနက်သော အမူအရာဖြင့်၊

“ သွားရအောင် ... ငါတို့ ဒီမှာ ဆက်နေလို့ မရတော့ဘူး။ ”

-ဟု သတိပေး လိုက်သည်။

“ ဘယ်ကို သွားကြမလဲ။ ”

လူတိုင်း ကူကယ်ရာမဲ့ ကုန်တော့၏။ အရိုးစု အဖြစ် ပြန်လည် ပြုတ်ကျလာသော သူတော်စင် သခင်ကို ကြည့်ကာ၊ အနီဝတ် လူငယ်အနား မသွားရဲ တော့ချေ။

“ ယဇ်ပလ္လင် ... ။ ”

ယဲ့ကူဟန်မှ ပြန်ဖြေ၏။ ထာဝရ ဖီးနစ်ကျမ်းသည် အသက် စွမ်းအင်နှင့် ကျင့်ကြံမှုကို ဝါးမြိုနိုင်သည်။

မျက်မြင်အရ အနီဝတ် လူငယ်သည် ကောင်းမွန်လာခြင်း မရှိခဲ့ သော်လည်း (၅၀%) သက်သာသွားပြီ ဖြစ်၏။

ထို့ကြောင့် ယဇ်ပလ္လင်ထံ ဆုတ်ခွာပြီး အစီရင်ဖွင့်လှစ်ကာ နောင်တော်များ၏ အကာ အကွယ် ခံယူရုံသာ ရှိပေမည်။

ဤသည်မှာ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ဆုတ်ခွာရန် နောက်ဆုံးနည်းလမ်း ဖြစ်ပေ၏။

“ မြန်မြန် ... ။ ”

“ ဝှစ် ... ။ ”

အဖွဲ့လိုက် ယဇ်ပလ္လင်ဆီသို့ ဦးတည် လိုက်ကြသည်။ အနီဝတ် လူငယ်မှ ဒဏ်ရာများ သက်သာလာခြင်း မရှိသေးသည့် အတွက် လူအုပ်ကို အေးစက်စွာ ကြည့်နေရ၏။

“ မင်းတို့လည်း လိုက်လာခဲ့ကြ ... ကောင်းကင် တာအိုဂိုဏ်းမှာ လုံခြုံတဲ့ နေရာက နှစ်ခုပဲ ကျန်တော့တယ် ... ဒီယဇ်ပလ္လင်က အဲဒီနှစ်ခုထဲက တစ်ခုပဲ။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်နှင့် ပိုင်ရှုရင်က ခေါင်းညိတ်ပြီး ယဲ့ကူဟန်နောက် လိုက်ပါလာခဲ့သည်။ လမ်း၌ ပိုင်ရှုရင် တစ်ယောက် သူမ၏ သိချင်စိတ်ကို မနည်းထိန်းထားရ၏။ အဆုံးတွင် မထိန်းနိုင်တော့ချေ။

“ ယဲ့ချင်းရှန် ... နင်ဘယ်သူလဲ ဆိုတာ ငါ့ကို မပြောရ သေးဘူးနော်။ ”

“ မေး မနေနဲ့ ... သူက လူယုတ်မာ ... ။ ”

ရုတ်တရက် ခရမ်းငယ်က ပြုံးပြီး ဝင်ဖြေ လိုက်တော့သည်။

ထိုအချိန်တွင် ကောင်းကင် ရေကန်၏ အစီရင်ကို သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်မှ ဖြေရှင်း ပေးခဲ့သည်။

လေးယောက်သား ဝမ်းသာ အားရဖြင့် နေလနတ်ရူရ်ထံ လှမ်းကြည့် လိုက်သော်လည်း ချက်ချင်း မျက်နှာများ ပြောင်းသွား၏။

ဤသည်မှာ အုပ်စိုးရှင် နေလ နတ်ရူရ် မဟုတ်ချေ။ နှစ်ခြမ်းခွဲ ခံထားရသော လနတ်ရူရ် တစ်လုံးမျှသာ ဖြစ်နေခဲ့ လေသည်။

***

All Chapters