← Chapters

ဧကရာဇ်ဓား အစီရင်။

Vol. 158 Ch. 2204

ဧကရာဇ်ဓား အစီရင်။

Vol. 158 Ch. 2204

“ ဟမ့် ... နေ-နတ်ရူရ် ဘယ်မှာလဲ။ ”

ကူရှင်းယွီမှ ထိတ်လန့်စွာ မေးလိုက်၏။ ကောင်းကင် ရေကန်၏ ကန့်သတ်ချက်သည် သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော် အတွက်ပင် ချိုးဖျက်ရန် အချိန် အနည်းငယ် ယူခဲ့ရသည်။

တောင်ပိုင်း ဧကရာဇ် ကျန်ရစ် ခဲ့သော တံဆိပ်ကို ဖျက်၍ မရပါက သွေးလဂိုဏ်းနှင့် ဝိညာဉ် နတ်မိစ္ဆာ မိသားစုသည် နတ်ဘုရား သင်္ချိုင်း တောင်တန်းကြီးမှ လွတ်မြောက် နိုင်မည် မဟုတ်ချေ။

သူ့မေးခွန်းကြောင့် ကျောက်တျန်းယွီနှင့် သန့်ရှင်းသော ဝိညာဉ်တော်ခြံဝင်း သားတော်က ဝမ်မူယန်ထံ လှည့်ကြည့် လိုက်သည်။

“ ပိုင် ရှု ရင် ... ။ ”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်မူယန်က အဝေးကို မျှော်ကြည့်ကာ ပြန်ဖြေ၏။

“ ဟမ် ... ဘာလဲ၊ ပိုင်ရှုရင် ဆီမှာလား။ ”

“ ဟုတ်တယ် ... ပိုင်ရှုရင် ခန္ဓာကိုယ်ထဲမှာ ရှိရမယ်၊ သူ ဘာလို့ ကောင်းကင် ရေကန်ထဲမှာ ကျင့်ကြံရလဲ ငါ အမြဲတွေးနေတာ ... အခုတော့ အားလုံးက အဓိပ္ပါယ် ရှိလာပြီ၊ ...

... နေလ နတ်ရူရ်ကို နှစ်ပိုင်း ခွဲထားပြီး သူ့ခန္ဓာကိုယ်နဲ့ ကောင်းကင် ရေကန်မှာ ထားခဲ့ တာပဲ၊ ကျင့်ကြံမှု တိုးလာတာနဲ့ နတ်ရူရ်က သူ့ ခန္ဓာကိုယ်မှာ ပေါင်းစပ်လိမ့်မယ်။ ”

“ ဒါဆို ပိုင်ရှုရင်ကို ရှာရအောင်။ ”

“ အရင်ဆုံး ဂိုဏ်းချုပ်နဲ့ ပူးပေါင်းရမယ်။ ”

ကျောက်တျန်းယွီမှ အကြံပြုသည်။ လနတ်ရူရ်ကို သိမ်းယူ လိုက်ကြပြီး ဝမ်မူယန်ထံ လှည့်ကြည့်ကာ၊

“ မူယန် ... မင်း ဒီလို ထိန်းထားလို့ မရတော့ဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အရာများစွာက မူလတည်းက ဆုံးဖြတ်ထားပြီး သားပါ၊ အချို့သော လူတွေက၊ ...

... မိတ်ဆွေ မဖြစ်နိုင်ဘူး ... နေလ နတ်ရူရ်ကို ပြီးပြည့်အောင် မပေါင်းစပ်နိုင်ရင် အကျိုးဆက် အပေါ် မင်းသိသင့်ပါတယ်။ ”

ဝမ်မူယန်မှ သူ့စကား တုန့်ပြန်ခြင်း မရှိသေးချေ။ သို့သော် သူမ ဆုံးဖြတ်ချက် ချလိုက်ပြီမှန်း ကျောက်တျန်းယွီ သိသည်။

လေးယောက်သား ကောင်းကင် ရေကန်မှ ထွက်ခွာကာ ငရဲသစ်ခွခြံဝင်း တိုက်ပွဲ မြေပြင်သို့ ဦးတည် လိုက်သည်။ စောင့်ကြို နေသော မြင်ကွင်းက အံ့အားသင့် စေ၏။

“ ဒါဟာ ထာဝရ ဖီးနစ် ကျမ်းစာပဲ ... ဂိုဏ်းချုပ် အဆင်ပြေမှာပါ ဒါပေမယ့် ဂိုဏ်းချုပ် အပေါ် ... ဘယ်သူက ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရစေ လဲလို့ တွေးမိတယ်။ ”

ကျောက်တျန်းယွီမှာ တုန်လှုပ်စွာဖြင့် ညည်းတွားမိသည်။ အဘယ်ကြောင့် ဆိုသော် ထာဝရ ဖီးနစ် ကျမ်းစာကို အောင်မြင်ပါက သက်တမ်းမှာ ဖီးနစ်ကဲ့သို့ အဆုံး မရှိချေ။

မြင့်မားသော အဆင့်သို့ ရောက်ရှိသော အခါတွင် ဖီးနစ်ကဲ့သို့ မီးတောက်များမှ တစ်ဆင့် ပြန်လည် မွေးဖွားနိုင်သည်။

သို့သော် အတင်းအကြပ် မခံရပါက မည်သူမျှ ထိုသို့ပြု လုပ်မည် မဟုတ်ကြောင်း သိထား၏။

ပြန်လည် မွေးဖွားခြင်း ဟူသည် အန္တရာယ်များပြီး အချိန်အတော် ကြာအောင် ထပ်မံ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

လူတစ်ဦးသည် သူ့သက်တမ်း တစ်လျှောက်တွင် ပြန်လည် မွေးဖွားခြင်း (၉) ကြိမ်သာ ပြုလုပ်နိုင်သည်။

ဂိုဏ်းချုပ်သည် ကိုယ်ပွား တစ်ခုအတွက် ပြန်လည် မွေးဖွားခြင်းကို အသုံးပြုခဲ့ရ သည်မှာ နှမျောစရာ ကောင်းချေ၏။

တစ်နာရီ အကြာတွင် မီးတောက်များ ငြိမ်းသွားကာ ဧကရာဇ် ရောင်ဝါ သိုင်းခြုံလျက် အနီ၀တ် လူငယ် ပြန်ပေါ်လာသည်။

“ ဂိုဏ်းချုပ် ... ။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော် အပါအဝင် လူတိုင်းက လျင်မြန်စွာ ဦးညွှတ် လိုက်ကြသည်။

အနီဝတ် လူငယ်က သူတို့ လူအုပ်ထံ ဝေ့ကြည့်ကာ ‘မင်းတို့ နေလ နတ်ရူရ်ကို ပြန်ရ ပြီလား’ -ဟု မေးလာသည်။

ဤအချက်က ကျောက်တျန်းယွီ တို့ကို ဖိအားကြီးစွာ ခံစားလိုက်ရစေ၏။ အဆုံးတွင် ကျောက်တျန်းယွီမှ ဖြစ်ပျက်ခဲ့သည် များကို အမြန် ရှင်းပြ လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ရွှေကျောက်တုံး၌ တံဆိပ်ခတ်ထားသော လနတ်ရူရ်ကို လွှဲပြောင်း ပေးအပ် ခဲ့သည်။

အနီဝတ် လူငယ်က ရွှေကျောက်တုံးကို ယူပြီးနောက် မျက်စိ စုံမှိတ်ကာ အာရုံခံလိုက် လေသည်။

ကျန်ရှိနေသော နေနတ်ရူရ်သည် ကောင်းကင် တာအို ဂိုဏ်းတွင် ရှိပြီး ဖြစ်သည်။ ထိုအရပ်သို့ အနီဝတ် လူငယ်မှ မျက်လုံးဖွင့်ကာ လှမ်းကြည့် လိုက်၏။

“ နတ်သမီးတော် ပြောတာ မှန်တယ်၊ လနတ်ရူရ်က အဲဒီမိန်းကလေးမှာ ရှိနေတယ်။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က မျက်မှောင်ကြုတ်လျက်၊

“ ဟိုမှာ ယဇ်ပလ္လင်ရှိတယ်၊ သူတို့က ဧကရာဇ် ဓားအခင်းအကျင်းကို အသက်သွင်း နိုင်တယ်။ ”

-ဟု သတိ ဝင်ပေးသည်။

“ ဧကရာဇ် ဓားအစီရင်ကို ဧကရာဇ်ဓား မပါဘဲ အသက်သွင်း နိုင်လို့လား။ ”

ကျောက်တျန်းယွီမှ မေး၏။

“ လုပ်နိုင်တယ် ... ဧကရာဇ်ဓား အနီးမှာ ရှိနေရင် ဒါက ဧကရာဇ် တွေကို သတ်နိုင်တယ် အခု သူ မရှိရင်တောင် လျှော့တွက်လို့ မရဘူး။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က ရှင်းပြသည်။

“ ဒါဆို ... ငါတို့ အဲဒါကို အတင်းအကြပ် တားရမယ်။ ”

အနီဝတ် လူငယ်က ယဇ်ပလ္လင်ဆီသို့ မျှော်ကြည့်ကာ ကြီးစိုးသော လေသံဖြင့် ပြော ကြား လိုက်တော့သည်။

ယဲ့မျိုးနွယ်စုသည် ကေျာက်ဆောင် သူတော်စင် ဘုရင်၏ ဦးဆောင်မှု အောက်တွင် ယဇ်ပလ္လင်ထံ ဦးတည် သွားခဲ့၏။ သူတို့တွင် ဆုတ်ခွာရန် လမ်းမရှိချေ။

ကျောက်တျန်းယွီက လမ်းခရီးတွင် ဂိုဏ်းချုပ်၏ ပြန်လည် မွေးဖွားခွင့် သုံးခဲ့ရသည့် အကြောင်းအရင်း အပေါ် မေးမြန်းမိ၏။

“ ယဲ့ကူဟန်ရဲ့ ဓားက ထက်တယ်။ ”

-ဟုသာ ဂိုဏ်းချုပ်မှ အဖြေ ပြန်ပေးလာသည်။

သူသည် သူတော်စင် သခင် တစ်ပါးကို စားသုံးပြီးနောက် ဒဏ်ရာ အများစုမှ ပြန်လည် ကုသနိုင် ခဲ့သော်လည်း ပြန်လည် မွေးဖွားရန် တွန်းအားပေး ခံရသည်။

“ ငါမသေဘူး ဆိုပေမယ့် ... သူက ငါ့ကို ခြိမ်းခြောက်မှုတွေ ပေးနိုင်ခဲ့တယ်၊ သက်တံဓား သူတော်စင်ရဲ့ တပည့်တွေကို ... အထင် မသေးမိစေနဲ့။ ”

ထိုအချိန်တွင် ပိုင်ရှုရင်က အခြေအနေကို ရှင်းပြနေ၏။

“ ငါမမွေးခင်မှာ တည်းက ဆရာက နေ-နတ်ရူရ်ကို ငါနဲ့ ပေါင်းစပ်ပေးပြီး လနတ်ရူရ်ကို အပြင်မှာ ထားခဲ့တယ်၊ ...

... သူတော်စင် သခင် နယ်ပယ် ရောက်ရှိပြီးတဲ့ အချိန်မှာ ... အပြင်က လ-နတ် ရူရ်နဲ့ ပြန်ပေါင်းပေးဖို့ စီစဉ်ထားတယ်။ ”

ခရမ်းငယ်မှ ခေါင်းညိမ့်၏။

“ ဒါဆို အံ့သြစရာ မရှိတော့ပါဘူး။ ”

နောက်ဆုံးတွင် ကောင်းကင် ရေကန်၌ ပိုင်ရှုရင် ကျင့်ကြံနေချိန်တွင်သာ နေလ နတ်ရူရ် အပေါ် အာရုံခံနိုင်ခဲ့၏။

သူမ ထွက်ခွာသွားချိန်၌ အရိပ်အယောင် မျှကိုသာ ခံစားရတော့သည်။ ယင်းက သူမကို စိတ်ရှုပ်စေသော အချက် ပေပင်။

“ နင့်ဆရာက နေနတ်ရူရ်ကို ဘာလို့ နင့်ခန္ဓာကိုယ်ထဲမှာ ထည့်ထားခဲ့ရတာလဲ။ ”

“ ငါ မသိဘူး၊ ဒါဆို နင်တို့ နှစ်ယောက်က နေလ နတ်ရူရ်အတွက် တကယ်ပဲ ရောက်လာ တာပေါ့ ဟုတ်လား။ ”

ခရမ်းငယ်က ပြန်မဖြေဘဲ လင်းယွန်ကို ကြည့်ကာ၊

“ လူယုတ်မာ ... နင့်ရဲ့ လျှို့ဝှက်ချက် အကြောင်း .. ပြောဖို့ အချိန်တန်ပြီ မဟုတ်လား။ ”

-ဟု အော်ငေါက် လိုက်သည်။

“ ငါ့ လျှို့ဝှက်ချက်လား ... ။ ”

လင်းယွန်မှ အသက်ပြင်းပြင်း ရှူလျက် စကားပြောတော့မည့် အချိန်တွင် ယဲ့ကူဟန် တစ်ယောက် ကောင်းကင်မှ ဆင်းသက် လိုက်သည်။

“ ယဇ်ပလ္လင်ပေါ် မြန်မြန်သွား ... ။ ”

ဒဏ်ရာများ ဆိုးရွားလှ သဖြင့် ရင်ဘတ်ကို တင်းတင်း ဆုပ်ကိုင်ထားကာ အလောတကြီး အော်ဟစ်လိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်၊ ပိုင်ရှုရင်နှင့် ယဲ့ကူဟန်မှာ စကားဖြတ်ပြီး အရှိန်မြှင့် ပျံသန်း လိုက်ကြတော့ သည်။

ယဇ်ပလ္လင်သို့ ရောက်ရန် အချိန် အတော်ကြာချေ၏။ အခမ်းအနား ပစ္စည်းများ အားလုံး အနားတွင် ရှိနေသေးသည်။

ပိုင်မိသားစုနှင့် ရွှေအစောင့်များက ရင်ပြင်၌ စုဝေးနေပြီ ဖြစ်သည်။

ထိုအချိန်တွင် တာအို ယန်နန်းတော်မှ ဓားရောင်ခြည် တစ်စင်းက ကောင်းကင်ထိတိုင် ထိုးတက်လာပြီး ရင်ပြင်ပေါ် ဖြတ်ခနဲ ပြုတ်ကျ လာ၏။

“ ကျောက်စိမ်းဓား သူတော်စင် ... ။ ”

ဓားရောင်ဝါ အတွင်း မူလနဂါး မဟာ သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ လက်သီး တစ်ထောင် မဟာ သူတော်စင်နှင့် သူတော်စင် သခင်များ ပါရှိသည်။

သူတို့အားလုံး ဒဏ်ရာ ရရှိနေ၏။ ကျောင်စိမ်းဓား သူတော်စင်က ယဲ့ကူဟန်နှင့် အဖွဲ့ကို ကြည့်ပြီး၊

“ မင်းတို့ ဘာလို့ ... ဒီလို အခြေအနေမျိုး ဖြစ်လာရတာလဲ။ ”

-ဟု မေးမြန်းလာသည်။

“ သွေးလ ဂိုဏ်းချုပ် ရောက်လာတယ်၊ သူ့ကိုသတ်ပစ်နိုင်ပေမယ့် ထာဝရဖီးနစ်ကျမ်းနဲ့ ပြန်လည် မွေးဖွားနေပြီ၊ တစ်နာရီအတွင်း လိုက်လာမယ် ထင်တယ်။ ”

ယဲ့ကူဟန်မှ ကူကယ်ရာမဲ့စွာ ပြန်ဖြေ လိုက်လေသည်။

“ ဝေါ့ ... ။ ”

မူလနဂါး မဟာ သူတော်စင်မှ သွေးတစ်လုတ် အန်ထုတ်ပြီး၊

“ ဝမ်မိသားစုက ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုနဲ့ ပူးပေါင်းပြီး ရွှေမျက်လုံး တစ်ကောင် ခေါ်လာတယ်၊ ဒီကောင်က မဟာ သူတော်စင် အထွတ်အထိပ်မှာ ရှိနေတယ်၊ ...

... ကျောက်စိမ်းဓားသာ သူ့ကို ဒဏ်ရာ မပေးနိုင်ခဲ့ရင် ငါတို့ ဒီကို ရောက်လာမှာတောင် မဟုတ်ဘူး၊ ဒါပေမယ့် ဒီမိစ္ဆာက ပြန်ကောင်း လာဖို့ အချိန် သိပ်ကြာဦးမယ် ထင်တယ်။ ”

ထိုသတင်း စကားကြောင့် ပိုင်နှင့်ကျန့် မိသားစုဝင်များမှာ စိတ်ပျက်လက်ပျက် ဖြစ်ကုန် ကြသည်။

သူတို့ဘက်တွင် ကျောက်စိမ်းဓား သူတော်စင် တစ်ပါးသာ တိုက်ပွဲ ဝင်နိုင်စွမ်း အပြည့် ကျန်ရှိေန၏။

ကျန် မဟာ သူတော်စင်များ အားလုံး ဒဏ်ရာ ရရှိခဲ့ကြသည်။ ရန်သူများ ရောက်လာ ပါက အကျိုးဆက်မှာ ဆိုးရွားနိုင်၏။

“ ဧကရာဇ် ဓားအစီရင်ကို သုံးပြီး နည်းနည်းလောက် တောင့်ခံ ကြရအောင်၊ မိုးသောက်ချိန်လောက် ဆိုရင် နတ်နဂါး အင်ပါယာရဲ့ စစ်ကူတွေ ရောက်လာမယ်။ ”

ကျန်းဘိုးဘေးမှ ဝင်ရောက် အကြံပြု ပြောကြားလိုက်၏။ သာမန် အခြေအနေမျိုးတွင် ဆိုက လက်သီး တစ်ထောင် မဟာ သူတော်စင် သည် ထိုစစ်ကူ အတွက် ကြိုဆိုမည် မဟုတ်ချေ။

“ မြင့်မြတ်သော မဟာမိတ်အဖွဲ့ ကိုလည်း အသိပေးထားတယ် သူတို့လည်း မိုးသောက်ချိန် အရောက် လာပေးလိမ့်မယ်။ ”

ပိုင်ဘိုးဘေးမှ ဝင်ရောက် ပြောကြား လာပြန်၏။ ၎င်းက လက်သီး တစ်ထောင် မဟာ သူတော်စင်ကို ကြည့်ကာ၊

“ လက်သီး တစ်ထောင် မဟာ သူတော်စင် ဓားအစီရင်ကို မြန်မြန် အသက်သွင်းရအောင်။ ”

-ဟု ထပ်လောင်း ပြောကြားလိုက်သည်။

သူ့လေသံသည် မာကျောခြင်း မရှိသော်လည်း အတင်းအကျပ် စေခိုင်းနေမှန်း မြင်သာ၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်ခမျာ မိမိကိုယ်ကို လှောင်ပြောင် လိုသော လေသံဖြင့်၊

“ ဒါကြောင့် ကောင်းကင် တာအိုဂိုဏ်းက ပြိုကွဲရတာပဲ။ ”

-ဟု ညည်းတွား လိုက်တော့သည်။

“ ငါတို့ အချိန်မရှိဘူး၊ ဓားအစီရင်ကို မြန်မြန် အသက်သွင်းပါ လက်သီး တစ်ထောင်။ ”

ကျန်းဘိုးဘေးမှာ စိတ်မရှည် တော့ချေ။ ကျောက်စိမ်းဓား သူတော်စင်မှ ရှေ့လှမ်းတက် လာခဲ့သည်။

“ လက်သီး တစ်ထောင်က ဒဏ်ရာ ရနေတယ်၊ ဒါကြောင့် ကိုယ်စား ငါလုပ်ပေးမယ် ကောင်းကင် တာအိုဂိုဏ်းရဲ့ ဒီအကျပ်အတည်း ကနေ လွတ်မြောက်ချင်ရင် ငါတို့ အတူတူ လက်တွဲရမယ်။ ”

ဓားကို ဆွဲထုတ်ကာ ဘယ်ဘက် လက်ဖဝါးပေါ် လှီးဖြတ် ပစ်လိုက်၏။ သွေးများ မြေပြင်ပေါ် ကျလာကာ ယဇ်ပလ္လင် ပတ်လည်ရှိ ဓားအစီရင် အသက် ဝင်လာသည်။

ဤအစီရင်ကို နေ့ခင်းဘက်တွင် နတ်ဆိုးသားရဲများ၏ သွေးဖြင့် အသက်သွင်း ခဲ့ဖူးကြောင်း လင်းယွန် မှတ်မိလိုက်၏။

“ အားလုံး ... ငါ့ကို ကူညီပါ ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က ကောင်းကင်ပေါ် ပျံတက်သွားပြီ ဖြစ်သဖြင့် သူတော်စင် များက အားလုံးက လက်ဖဝါးကို လှီးဖြတ်ပြီး သွေးများ သွန်းလောင်းသည်။

အစီရင် အသက် ဝင်မှုနှုန်း မြန်ဆန် လာသည်။ ကျောက်စိမ်းဓား သူတော်စင် ထံမှ ပြိုးပြိုး ပြက်ပြက် အလင်းများ ထွက်လာ၏။

ကျောက်စိမ်းဓား သူတော်စင်က လက်နှစ်ဖက်ကို လေထဲ ဆန့်ကားလျက် ပလ္လင်အထက်တွင် လွင့်မျောနေခဲ့သည်။

သူမ၏ မဟာ သူတော်စင် ရောင်ဝါကို လွှတ်လိုက်သော အခါတွင် အချိန်နှင့် အာကာသ အပေါ် ဖြတ်သန်းပြီး၊ ရွှေဓား တစ်လက် လက်ထဲပေါ်လာ၏။

ဤသည်မှာ ဧကရာဇ်ဓား ဖြစ်သည်။ ၎င်းရောင်ဝါက ပလ္လင်ပေါ်ရှိ လူတိုင်းကို ဖုံးအုပ် ပေးထားသည်။

ထိုအချိန်တွင် အဝေးမှ အနီဝတ် လူငယ်၊ ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ၊ ဝမ်ဘိုးဘေးနှင့် ယဲ့ဘိုးဘေး တို့က အလင်းတန်းများသဖွယ် ပျံသန်းလာနေ သည်ကို မြင်လိုက်ရ၏။

***

All Chapters