← Chapters

ကြောက်စရာ အကြောင်း မရှိချေ။

Vol. 158 Ch. 2205

ကြောက်စရာ အကြောင်း မရှိချေ။

Vol. 158 Ch. 2205

ကျောက်စိမ်းဓား သူတော်စင်က ယဇ်ပလ္လင်အထက်တွင် ပျံဝဲလျက် အစီရင်ကို အသက် သွင်းထားသည်။

ကြီးကျယ် ခမ်းနားသော မြင်ကွင်းမျိုး ပြန်ပေါ်လာပေသည်။ သို့သော် ဤတစ်ကြိမ်၌ အခြေအနေ မတူတော့ချေ။

ရွှေရောင်တိမ်တိုက်များ အောက်တွင်၊ လူတိုင်းကို လွှမ်းခြုံ ပေးထားနိုင်သော စွမ်းအင် အတားအဆီး တစ်ခု ဖြစ်သည်။

သူတော်စင် များ၏ သွေးဖြင့် အသက်သွင်းခဲ့ပြီ သဘာဝအတိုင်း အစွမ်းထက် ချေ၏။

ယဲ့မိသားစုနှင့် ဝမ်မိသားစုက ရောက်သည်နှင့် အစီရင်ကို ဖျက်ဆီးရန် ကြိုးစား လာသည်။

“ ထန် ... ။ ”

အစီရင်မှ ဓားရောင်ခြည်များ ပေါက်ကွဲသွားပြီး ရွှေရောင် အတားအဆီးသို့ မရောက်ရှိမီ ၎င်းတို့၏ တိုက်ခိုက်မှုတိုင်း ပျက်ပြယ် စေကုန်၏။

“ တိုက် ... ။ ”

ကျောက်ဆောင် သူတော်စင် ဘုရင်က နက္ခတ် ဆင့်ခေါ်၏။ သူ့မျက်လုံး၌ အလင်းများ တောက်ပနေသည်။

အစီရင် အနား ရောက်သောအခါ ကျောက်စိမ်းဓား သူတော်စင်မှ မျက်လုံးများ ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။

သူမ မျက်လုံး ဖွင့်ကြည့်လိုက်သည်နှင့် ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သော ဓားရောင်ဝါ အော်မြည်သံများ ပဲ့တင်ထပ် သွား၏။

“ ဝေါ့ ... ။ ”

အကြည့် တစ်ချက်ဖြင့် သူတော်စင် ဘုရင်များကို သွေးများအန်လျက် မျက်နှာ ဖြူဖျော့ကာ လွင့်စင်စေကုန်သည်။

သို့မှသာ ဒဏ်ရာရ ထားသော မဟာ သူတော်စင် လေးဦးမှာ သက်ပြင်း ချနိုင်ခဲ့၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်က၊

“ လူတိုင်း ... ကျေးဇူးပြုပြီး ဆုံမှတ် တွေမှာ နေရာယူပါ ... လုံးဝ မလှုပ်ပါနဲ့။ ”

-ဟု ပြောကြားလိုက်သည်။

နေ့ခင်းဘက် တိုက်ပွဲတွင် သူသည် သေဆုံးလုနီးပါး ဖြစ်ပြီး သူတော်စင် ဝိညာဉ်၌ ဒဏ်ရာ ရရှိခဲ့၏။

သို့သော် ဝိညာဉ် မပြိုကွဲသဖြင့် အသက်မသေဘဲ မုန်တိုင်း မဟာ သူတော်စင်ကို ရင်ဆိုင်ရန် ထောက်ချောက် ဆင်မိသည်။

ရန်သူသည် ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ တစ်ပါးနှင့် ပူးပေါင်း လိမ့်မည်ဟု မထင် သဖြင့် အစီအစဉ် ပျက်စီးရသည်။

ကျောက်စိမ်းဓား သူတော်စင် သည်သာ ထိုရွှေမျက်လုံး ဝိညာဉ် နတ်မိစ္တာကို မထိန်းထား နိုင်သော်၊ သူတို့ မဟာ သူတော်စင်များ အားလုံး တာအို နန်းတော်၌ အလောင်းဖြစ်ကုန်ကြ ပေမည်။

ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာသည် အစွမ်းထက် လွန်းပြီး ထျန်ရွှမ်ဇီထက် လုံးဝ အားမနည်း ခဲ့ချေ။

ကြောက်စရာကောင်းချေ၏။ တစ်ဖက်တွင် သွေးလဂိုဏ်းချုပ် သည်လည်း သူ့ကိုယ်ပွားကို စေလွှတ် လာသည်။

၎င်းတို့ အင်အားစု နှစ်ခု ပူးပေါင်းခြင်းသည် ဖိအားများ ဖြစ်စေ၏။ အစီရင် အပြင်ဘက်တွင် အနီဝတ်လူငယ်နှင့် ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာတို့ တွေ့ဆုံကာ ဧကရာဇ် ဓားအစီရင်ထံ ကြည့်နေသည်။

သူတော်စင် အရေအတွက် အားသာချက် ရှိသော်လည်း အနားမကပ်နိုင်ချေ။ သူတော်စင် ဘုရင်များပင် ကူကယ်ရာမဲ့ နေခဲ့သည်။

“ အသူရာ ကြယ်ဘုရင် ... မင်း သွားမလား ... ငါလား။ ”

အနီဝတ် လူငယ်မှ စိတ်မရှည် တော့ချေ။ ဤသည်မှာ ရွှေမျက်ဝန်း ဝိညာဉ် နတ်မိစ္ဆာ၏ ဘွဲ့အမည် ဖြစ်၏။

အသူရာ ကြယ်ဘုရင်သည် တော်ဝင် မျိုးနွယ်ဖြစ်ကာ မြင့်မြတ်သော သွေးကြောင့် ထိုဘွဲ့ကို ရရှိထားခြင်း ဖြစ်သည်။

သူ့အထက်တွင် မျိုးရိုး၏ ဧကရာဇ် မိသားစု သည်သာ ရာထူး အမြင့်ဆုံး ရှိသည်။ အသူရာ ကြယ်ဘုရင်က ပြုံးလျက်၊

“ မင်း သွားလို့ ရတယ် ... အစီရင် သော့ချက်က ကျောက်စိမ်းဓား သူတော်စင်ပဲ။ ”

-ဟု ပြန်၍ တုန့်ပြန်လာသည်။

“ ကျောက်စိမ်းဓား သူတော်စင်ကို လျှော့တွက်လို့ မရဘူး ... သူက သက်တံဓား သူတော်စင်နဲ့ ... အဆင့် တူမှာ ရှိတယ်။ ”

အနီဝတ်လူငယ်မှ ညည်းတွား လိုက်၏။ သက်တံဓားနှင့် ပတ်သက်သည့် အရာတိုင်းက သူ့ကို ခေါင်းကိုက်စေသည်။

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ဓားသူတော်စင် သုံးပါးထဲမှာ ... သက်တံဓားက ခွန်အားက အမြင့်ဆုံး ရောက်နေတာ ကြာပြီ၊ ရည်မှန်းချက် ကြီးလွန်းလို့သာ ... သက်တမ်း ကုန်သွားတာ မဟုတ်ရင် ... ။ ”

ဧကရာဇ် ဖြစ်နေပြီဟူသော စကားကို အသူရာ ကြယ်ဘုရင်မှ ဆက်မပြော တော့ချေ။ သွေးလ ဂိုဏ်းချုပ်သည် သက်တံဓားနှင့် မျိုးဆက်တူ ဖြစ်၏။

ထို့ကြောင့် အနီဝတ် လူငယ်မှ ဧကရာဇ် ဖြစ်လာသော်လည်း သက်တံဓားမှာ သူ့ဒုက္ခပင် ရှာမတွေ့ ဖြစ်နေခဲ့သည်။

“ အစီရင်ကို ဖျက်ဖို့ ... ဘယ်လို ရည်ရွယ်ထားလဲ ။ ”

သူ့စကားကြောင့် တိတ်ဆိတ်သွားသော အနီဝတ် လူငယ်ကို လှည့်ကြည့်ကာ အသူရာ ကြယ်ဘုရင်မှ စူးစမ်းလိုက်သည်။

“ ဓားကို ဓားနဲ့ ခုတ်မယ်။ ”

စကားဆုံး သည်နှင့် အနီဝတ် လူငယ်က လက်ချောင်းများကို ဓားအဖြစ် အသုံး ပြုလိုက် လေသည်။

လက်ချောင်းထိပ်၌ ကြက်သွေးရောင် အဆင်းများ တောက်ပလာပြီး မိုင်တစ်ထောင် ပတ်လည်ကို အနီရောင် ပြောင်းလိုက်၏။

ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်လက်က သူ့လက်ချောင်း များမှ ထွက်ပေါ် လာသည်။

ကောင်းကင်နှင့် မြေကြီး တုန်လှုပ်လာပြီး ဆုံမှတ်ရှိ သူတော်စင်များ အပါအဝင် လူတိုင်း ဖိအားများ ခံစားလာရ၏။

“ ဧကရာဇ် ရောင်ဝါ ... ။ ”

ဧကရာဇ်သည် သူတော်စင် များကို အလွယ်တကူ နှိပ်စက်နိုင်သည်။ ထို့ကြောင့် တုန်လှုပ် ခြောက်ခြား ကုန်၏။

အနီဝတ် လူငယ်သည် ကိုယ်ပွားသာ ဖြစ်သော်လည်း မဟာ သူတော်စင် များကို မသက်မသာ ဖြစ်စေသည်။

ဆုံမှတ်တွင် မရှိပါက ထိုဖိအားကို ခံစားနိုင်ကြမည် မဟုတ်ချေ။ ဤသည်မှာ ဧကရာဇ်၏ တန်ခိုး ပေပင်။

ရုတ်တရက် ယုချင်းဖန်ကို လင်းယွန်မှ တွေးမိလိုက်သည်။ ကိုယ်ပွား တစ်ခု သည်ပင် အလွန် အစွမ်းထက်နေပြီ ဖြစ်သောကြောင့် ဓားဧကရာဇ် ဟူသည် မည်မျှ အစွမ်းထက် နေမည်နည်း။

ဆရာ သခင်သည် ထိုယုချင်းဖန်ကို တိုက်ချင်နေ၏။ အဆိုပါ ဒုက္ခသည် မည်မျှ ကြောက်စရာ ကောင်းမှန်း မတွေးဆ နိုင်တော့ချေ။

“ ကျောက်စိမ်းဓား သူတော်စင် ... ငါ့မှာ မင်းအတွက် ဓားတစ်လက် ရှိတယ်။ ”

အနီဝတ် လူငယ်က ကြီးစိုးလွန်းသော ရောင်ဝါဖြင့် ဖုံးအုပ်ထားပြီး လေထဲဆံပင်များ တဖျပ်ဖျပ် ခတ်လာသည်။

“ ရွှပ် ... ။ ”

လက်ချောင်းထိပ်ရှိ ကြက်သွေးရောင် အဆင်းများက ဓားပုံသဏ္ဍာန် ကောင်းကင်ပေါ် ထိုးတက်သွားခဲ့၏။

ကောင်းကင် သုံးဆယ့်ခြောက်လွှာ ကွဲအက်ကာ ဆုံမှတ်များရှိ သူတော်စင်များကို သွေးအန် လွင့်စဉ်ကုန်စေသည်။

အစီရင် အတားအဆီးမှ ဟန့်တားပေး သော်ငြားလည်း ဧကရာဇ် ရောင်ဝါ ဟူသည် အားကောင်း လွန်းချေပြီ။

“ ဝှစ် ... ။ ”

ဤအခိုက်တွင် ကျောက်စိမ်းဓား သူတော်စင်ထံမှ လက်ဆန့်ပြီး ကောင်းကင်ပေါ် ပျံတက်နေသော အရိပ်ကြီး ထွက်လာသည်။

ထိုအသွင်မှာ တောက်ပပြီး ဖြူစင်၏။ မြင့်မြတ်ပြီး လှပသည်။ ဤသည်မှာ ပေတစ်ရာ အရွယ်အစား ရှိသော သူမ၏ သူတော်စင် ဝိညာဉ် ဖြစ်၏။

သူတော်စင် ဝိညာဉ်မှ လက်ဆန့်ပြီး ဓားကို ဖမ်းကိုင်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဧကရာဇ် ရောင်ဝါကို ထိုအလင်းဓားဖြင့် ပိတ်ဆို့ လိုက်တော့သည်။

“ ..... ။ ”

ဓားရောင်ခြည် နှစ်စင်း တွေ့လိုက်သော အခါတွင် အာကာပြင်၌ အက်ကြောင်းကြီးငယ် ထွက်ပေါ် လာသည်။

“ ဒါက ဧကရာဇ် ဓားလား ... ။ ”

လင်းယွန်မှ ထိတ်လန့် တုန်လှုပ်သော အသွင်အပြင်ဖြင့် ဓားထံ လှမ်းကြည့်နေမိသည်။

“ ဟုတ်တယ် .. ဒါကို ဧကရာဇ်ဓားရဲ့ ကိုယ်ပွားလို့ မှတ်ယူနိုင်တယ်။ ”

သူ့ဘေးရှိ လီတာ့ယန်က လေးနက်သော အမူအရာနှင့် ခေါင်းငြိမ့် လာ၏။ ထိုအချိန်တွင် အသူရာ ကြယ်ဘုရင်မှ လှုပ်ရှားမှုကို ပြုလုပ် လာသည်။

သူ၏ ဒေါင်လိုက် မျက်လုံးကို ဖွင့်လိုက်ရာ ရွှေရောင် မျက်လုံးထဲရှိ ရူရ်များ လောင်ကျွမ်း လာတော့၏။

ပေတစ်ရာ နီးပါး ရှိသော ဒေါင်လိုက် ရွှေမျက်လုံးကြီး တစ်လုံး ကောင်းကင်အထက်၌ ပေါ်လာ၏။

“ ရွှပ် ... ။ ”

နောက်တစက္ကန့်တွင် ရွှေမျက်လုံးထဲမှ ရွှေရောင် အလင်းတန်း တစ်ခု ထွက်ကျလာကာ သူတော်စင် ဝိညာဉ်ထံ တည့်တည့် တိုးဝင် သွားသည်။

“ ပိုးစုန်းကြူး ရောင်ခြည်တော် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပိုးစုန်းကြူး နတ်ဓားကို ဖန်တီး လိုက်ရသည်။ ဧကရာဇ်ဓားမှ အလင်း အမှုန်အမွှားများ ထွက်ပေါ်လာ၏။

မိုင်တစ်ထောင်ကို လွှမ်းခြုံ ထားသည့် ကြက်သွေးရောင် အဆင်းများ နေရာ၌ ရွှေရောင် အလင်းများ အစားထိုး ကုန်သည်။

“ ဖျပ် ... ဖျပ် ... ။ ”

ယင်းက အာကာသ အတွင်း ပွင့်နေသော ရွှေမျက်လုံး ထဲသို့ ညင်သာစွာ တိုးဝင် သွားခဲ့၏။ မျက်လုံး အမြန်မှိတ်ပြီး အသူရာ ကြယ်ဘုရင်က နောက်ပြန်ဆုတ် လိုက်တော့သည်။

သို့သော် ခြေတစ်လှမ်း နောက်ကျ နေသေး၏။ နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွပြီး ငြိမ်သက် သွားမိသည်။

“ ကြည့်ရတာ အလုပ် မဖြစ်ဘူး ထင်တယ်၊ ဓကရာဇ် ဓားပုံရိပ် ဖြစ်တာတောင် ... ချိုးဖျက်ဖို့ အရမ်းခက်နေတယ်။ ”

အနီဝတ်လူငယ်က အံ့အားသင့်ခြင်း မရှိဘဲ အသူရာ ကြယ်ဘုရင် အနားသို့ ပြန်၍ဆင်းသက် လာခဲ့၏။

“ အခု ဘာလုပ်ကြမလဲ ... ။ ”

နဖူးမှ တောက်လောင် နေသော ဝေဒနာသည် ကြောက်မက်ဖွယ် ကောင်းသဖြင့် အသူရာ ကြယ်ဘုရင်၏ နှုတ်ခမ်းများ တုန်ယင် နေခဲ့သည်။

“ ကောင်းကင် တာအို ဂိုဏ်းကို ငါတို့ ဖြုတ်ချလို့ မရဘူး ဒါပေမယ့် အဲဒီ ကောင်မလေး ခေါ်သွားချင်တယ် ဆိုရင်တော့ အဆင်ပြေ ပါတယ်။ ”

အနီဝတ် လူငယ်က ရွှေအတား အဆီးကိုဖြတ်၍ လှမ်းကြည့် လိုက်လေသည်။ သူ့အကြည့် လမ်းပေါ်ရှိ သူတော်စင် ဘုရင် လေးပါးမှာ ကူကယ်ရာမဲ့ ကုန်၏။

သူတော်စင် သခင်များ မှာမူ စောစောက ဖြစ်ပျက်ခဲ့သည့် အတိုင်း မူးမေ့လဲကျ လုနီးပါး ယိမ်းထိုးလာသည်။ ဧကရာဇ် အကြည့်သည် သူတော်စင်များ ခံနိုင်သော အရာ မဟုတ်ချေ။

“ မင်းသွားပြီး ... ကျောက်စိမ်းဓား သူတော်စင်ရဲ့ သူတော်စင် ဝိညာဉ်ကို ထိန်းထား လိုက်ပါ၊ ငါ ... အပေါက် တစ်ပေါက်ဖြဲပြီး သူတော်စင် သခင်တွေ ဝင်ခိုင်းမယ်။ ”

အနီဝတ် လူငယ်က အစီအစဉ်ကို ပြောကြား လိုက်သည်။ အသူရာ ကြယ်ဘုရင်မှာ ချက်ချင်း သဘော မတူနိုင် သေးချေ။ ကျောက်စိမ်းဓား သူတော်စင်ကို အနည်းငယ် ကြောက်ရွံ့မိ၏။

နောက်ဆုံးတွင် ကျောက်စိမ်းဓား သူတော်စင်သည် မဟာ သူတော်စင် တစ်ပါး ဖြစ်ပြီး ဧကရာဇ်ဓားပုံရိပ်ကို ကိုင်ထားသည်။

“ အပေါက်ဖြဲ ... ပြီးရင် မင်းကို ငါချက်ချင်း လာကူမယ်။ ”

“ ကောင်းပြီ ... ။ ”

သို့မှသာ သဘောတူပြီး ဒေါင်လိုက် ရွှေမျက်လုံးကို ဖွင့်လျက် တိုက်ပွဲဝင်ရန် ပြင်လိုက် တော့သည်။

အနီဝတ် လူငယ်က မျက်လုံးမှိတ်ကာ ဧကရာဇ် ရောင်ဝါကို အကန့်အသတ် အထိ စုစည်း နေခဲ့၏။

မိနစ်အနည်းငယ် အကြာ၌ မျက်လုံး ပြန်ဖွင့်လာပြီး လက်နှစ်ဖက်ကို လေထဲ ကုပ်ဆွဲ လိုက်လေသည်။

“ လမင်း အကြွေကောက်တဲ့ လက် ... ။ ”

သူ့လက်ဖဝါးမှ ကြက်သွေးရောင် လရောင်ခြည်များ ဖြာထွက်ကာ အတားအဆီး အလွှာ ပြဲသွား၏။

“ သွား ... ။ ”

အနီဝတ်လူငယ်က လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် ကောင်းကင်ရှိ ကြက်သွေးရောင် လမင်းထံမှ အလင်းများ ပြေးထွက်လာ၏။

၎င်းက ကြယ်ကြွေသည့် အလား ရွှေအတားအဆီးထဲ ထိုးဖောက် ဝင်ရောက်သွား လေသည်။

“ အခု စတော့ ... ။ ”

အသင့် အနေအထားဖြင့် စောင့်ဆိုင်း နေခဲ့ရသော ဝမ်မိသားစု၏ သူတော်စင်များက ယဇ်ပလ္လင်ထံ ဦးတည် ပြေးထွက်သွား၏။

“ ခရစ် ... ။ ”

ကြက်သွေးရောင် လရောင်ခြည်၏ ရိုက်ခတ်မှု အောက်တွင် ရွှေရောင် အကာအရံရှိ အက်ကြောင်းများက ပြန်ပိတ်လာ၏။

အနီဝတ် လူငယ်က သူ့လက်မှ တဆင့် ဧကရာဇ် ရောင်ဝါ ထိုးသွင်းကာ အက်ကြောင်း ပြန်ဖွင့်ပေး မိသည်။

ယင်းကြောင့် ဆုံမှတ်ရှိ သူတော်စင်များ အပြင်းအထန် ဒဏ်ရာ ရရှိကုန်ပြီး သက်တမ်းကို တိုက်စား ခံလာရသည်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် အစီရင်အတွင်း တိုးဝင်နေသော လရောင်ခြည်ကို ဓားရောင်ခြည် တစ်စင်းက ဖြတ်တောက်ပစ် လိုက်သည်။

သို့မှသာ အစီရင်၏ အရေးကြီးသော ဆုံမှတ်များရှိ သူတော်စင် သခင်များ အားလုံး ဖိအား သက်သာသွား၏။

ဤဓားရောင်ခြည်သည် ကျောက်စိမ်းဓား သူတော်စင်၏ နှလုံးသားမှ လာသော အလိုဆန္ဒ ဖြစ်သည်။ ဆိုလိုသည်မှာ ခွန်အားကို နှစ်ပိုင်း ခွဲလိုက်ခြင်း ဖြစ်၏။

“ ဟား ဟား ဟား ... ဒါဆို လုံလောက်ပြီ။ ”

အနီဝတ်လူငယ်က ကျေနပ်စွာ ရယ်မောတော့သည်။ အက်ကြောင်း ပြန်ပိတ် သွားသော်လည်း ဝမ်သူတော်စင် သခင်များ ဝင်ရောက်နိုင်ခဲ့၏။

“ အသူရာ ကြယ်ဘုရင် ... မင်းကို လာကူပြီ။ ”

ဤတစ်ကြိမ်တွင် ရန်သူ နှစ်ယောက် ဖြစ်လာသဖြင့် ကျောက်စိမ်းဓား သူတော်စင်က အာရုံခွဲထုတ်ခြင်း မပြုနိုင် တော့ချေ။

“ ဖယ်စမ်း ... ။ ”

ဝင်ရောက်လာသော ဝမ်သူတော်စင် သခင်များက သူတို့ကို တားမည့်လူ မရှိတော့ဘဲ ပြေးဝင်လာ ကြသည်။

လမ်းကြောင်းပေါ်ရှိ သူတော်စင် သခင်များက သူတို့ကို တားချင်သော်လည်း ဆုံမှတ်မှ မရွေ့ဝံ့ချေ။

ပိုင်မိသားစု၏ သူတော်စင်များမှာ ဒဏ်ရာများ သက်သာလာခြင်း မရှိသေး သဖြင့် အံကြိတ်ကာ ကြည့်နေရသည်။

“ သိမ်းငှက် သူတော်စင် သခင် ... မင်းက ဂိုဏ်းမှာ နေခဲ့တာ နှစ်ပေါင်း ရာနဲ့ချီ ရှိနေပါပြီ တကယ်ပဲ ရန်သူလား။ ”

ပိုင်သူတော်စင် တစ်ပါးက သိမ်းငှက် သူတော်စင် သခင်ကို ဒေါသအရိပ် အယောင်ဖြင့် ကြည့်ကာ အော်ဟစ် မေးမြန်းတော့၏။

“ တောင်းပန်ပါတယ် ... ငါက သွေးလဂိုဏ်းရဲ့ ... သူတော်စင် အကြီးအကဲ တစ်ယောက်ပဲ။ ”

သိမ်းငှက် သူတော်စင် သခင်က ထိုသူတော်စင် သခင်၏ ရင်ဘတ်ကို ထိုးချ လိုက်သည်။

“ ဘုန်း ... ”

“ ကောင်မလေး လာ ... ။ ”

ထို့နောက် ပိုင်ရှုရင်ထံ လက်လှမ်း လိုက်သည်။ သို့သော် ဓားမြည်သံ တစ်သံနှင့် အတူ ပိုင်ရှုရင်ရှေ့၌ ပုံရိပ် တစ်ရိပ် ရုတ်ချည်း ထွက်ပေါ်လာ၏။

သိမ်းငှက် သူတော်စင် သခင်က ပြုံးလျက် လက်ဖဝါးကို လက်သီးပြောင်းကာ ထိုးဖယ်ပစ် လိုက်သည်။

“ ဘုန်း ... ။ ”

လူရိပ်မှာ လင်းယွန် ဖြစ်ပြီး ဓားရောင်ဝါ မစုစည်းနိုင်မီ သိမ်းငှက် သူတော်စင် သခင်၏ ရိုက်ထုတ်ခြင်း ခံလိုက်ရတော့သည်။

“ ဝေါ့ ... ။ ”

အဝေးသို့ လွင့်စဉ်လျက် ဒူးတစ်ဖက် ထောက်ကျ သွားသည်။ ပါးစပ်အပြည့် သွေးများ အန်ထွက်လာ၏။

“ ကောင်းကင် နဂါးသခင် ဖြစ်တာနဲ့ပဲ သူတော်စင်တစ်ပါးရဲ့ လမ်းကို ဟန့်တားနိုင်မယ် ထင်နေတာလား၊ ဟမ့် ... ဘယ်လိုများ မသိတတ်လိုက်လဲ။ ”

အမည်ခံ သူတော်စင် အားကောင်းနေ လျှင်ပင် အမည်ခံ သူတော်စင်သည် အမည်ခံ သူတော်စင် မျှသာ ဖြစ်သည်။

ထို့ကြောင့် အာရုံစိုက်ရန် မလိုအပ်ဟု ယူဆကာ သိမ်ငှက် သူတော်စင် သခင်မှ သူ့ကို လျစ်လျူရှု လိုက်သည်။ လက်လှိုင်းဖြင့် ပိုင်ရှုရင်ကို ထပ်မံ လှမ်းဆွဲ၏။

သို့သော် လင်းယွန်၏ ရူးသွပ်မှုကို သူ လျော့တွက် မိချေပြီ။ ၎င်းက နတ်ခန္ဓာ အသက် သွင်းကာ တံဆိပ် တစ်ခုကို ဖန်တီးလျက် အပြေးအလွှား ဝင်ရောက်လာ၏။

နဂါးပြာ တံဆိပ်၊ ငွေနဂါး တံဆိပ်၊ ရွှေနဂါး တံဆိပ်၊ မရဏနဂါးတံဆိပ်၊ နဂါးစိမ်း တံဆိပ်နှင့် နဂါးနီ တံဆိပ်တို့ ဖြစ်သည်။

သူတော်စင် များပင် ကြောက်လန့်စေမည့် ပေါက်ကွဲ စွမ်းအားများ ပါဝင်သော ရောင်ဝါများ သူ့လက်သီး၌ ရစ်သိုင်းလာသည်။

“ ထွက် သွား စမ်း ... ။ ”

ကောင်းကင်သို့ ခုန်တက်ပြီး နောက်ဆုံး ပေါင်းစပ်မှု ဖြစ်သော အဓိပတိ နဂါး တံဆိပ်ကို ပစ်ထုတ် လိုက်သည်။ သူ့အကြည့်များက အေးစက်ပြီး ရူးသွပ်မှု အပြည့် ဖြစ်နေ၏။

ဤသည်မှာ သူတော်စင် သခင်ပင်လော။ နဂါးသွေးလွှတ်ကြော နယ်ပယ်ဖြင့် သူတော်စင် သခင် တစ်ပါးကို သူ သတ်ခဲ့ဖူးသည်။

ထို့ကြောင့် လက်ရှိ ကျင့်ကြံမှုဖြင့် သူတော်စင် သခင် အပေါ် ကြောက်နေစရာ အကြောင်း မရှိချေ။

***

All Chapters