← Chapters

ငါ ဘယ်သူလို့ မင်းထင်လဲ။

Vol. 158 Ch. 2206

ငါ ဘယ်သူလို့ မင်းထင်လဲ။

Vol. 158 Ch. 2206

“ အဓိပတိ နဂါး လက်သီး။ ”

လင်းယွန်က ကိုယ်လုံး ကိုယ်ပေါက်၊ ဓားရည်ရွယ်ချက်နှင့် အဓိပတိ နဂါးတံဆိပ်ကို အသုံးပြုကာ ထိုးနှက်လိုက်၏။ သူ ဟူသည် သူတော်စင် သခင်ကို မသတ်ဖူး သူမျိုး မဟုတ်ချေ။

ထိုအချိန်တွင် သိမ်းငှက် သူတော်စင် သခင်ခမျာ နာကျင်မှုကြောင့် မျက်နှာ ပုံပျက် နေခဲ့သည်။ နှုတ်ခမ်းမှ သွေးများပင် စီးထွက် လာ၏။

အမည်ခံ သူတော်စင် တစ်ပါးသည် သူတော်စင် သခင်ကို ဒဏ်ရာ ပေးနိုင်သည်မှာ ယုံနိုင်စရာ မရှိချေ။

“ သေ လိုက် စမ်း ... ။ ”

ထို့ကြောင့် သိမ်းငှက် သူတော်စင် သခင်မှ ဒေါသထွက်လာပြီး သူတော်စင်မူလ ဖြန့်ကျက် လိုက်၏။

“ ဝှစ် ... ။ ”

ပြီးနောက် အဓိပတိ နဂါးတံဆိပ်ထံ လက်ဖဝါးတစ်ချက် ပြန်၍ ပစ်လွှတ်လိုက်သည်။ သူတော်စင်မူလ ဟူသည် သူတော်စင်ရောင်ဝါ များထက် ဆယ်ဆ ပိုမိုသိပ်သည်း၏။

ဤသည်မှာ နားမလည်နိုင်သော အသွင် ကူးပြောင်းမှု တစ်ရပ် ဖြစ်ပြီး၊ သေမျိုးများနှင့် သူတော်စင်ကြား ခြားနားချက် ပေပင်။

“ ခရစ် ... ။ ”

အဓိပတိ နဂါးတံဆိပ်သည် လျင်မြန်စွာ ကွဲအက်သွားပြီး ကြက်သွေးရောင် လက်ဖဝါးက လင်းယွန်ထံ တိုးဝင်သွား၏။

လင်းယွန်မှ ရှောင်တိမ်း နိုင်သော်လည်း မရှောင်သာချေ။ ရှောင်တိမ်းခဲ့သော် သူ့နောက်ရှိ အမည်ခံ သူတော်စင်များ အသတ် ခံရနိုင်မည်။ သို့မဟုတ် ဒဏ်ရာ ရရှိသွားနိုင်မည်။

“ မင်း ဒီတိုက်ခိုက်မှုကို ... ဘယ်လို တားဆီးမလဲ ဆိုတာ ... ငါ ကြည့်ရအောင်။ ”

ထိုအချင်းအရာကို မြင်သော သိမ်းငှက် သူတော်စင် သခင်မှ ကောက်ကျစ်စွာ ပြုံးလျက် ပြောကြား လာ၏။

“ ရှောင်လို့ မရဘူးလား ... ဒါဆို ငါ မရှောင်ဘူး ... ။ ”

လင်းယွန်မှ မဆိုင်းမတွပင် အဓိပတိ နဂါး လက်သီး၏ ပထမဆုံး ပုံစံကို အကောင်အထည် ဖော်လိုက်သည်။

နတ်ခန္ဓာ၏ စွမ်းဆောင်မှု အောက်၌ လက်တွေ့ဆန်ပုံ ပေါက်နေသည့် နဂါးကြီး တစ်ရာကျော် ပေါ်လာ၏။

ထိုနဂါး တစ်ရာက သူ့လက်သီးထဲ ဝင်ရောက်လာစဉ်၊ ခန္ဓာကိုယ် အတွင်းရှိ နဂါး သွေးများ ပွက်ပွက် ဆူလာတော့သည်။

“ ဟိတ် ... ။ ”

ဧရာမ လက်ဖဝါးကို မျက်နှာမူကာ နဂါးတစ်ရာက နဂါးခေါင်း အဖြစ် ပြန်လည် ထွက်ပေါ် လာ၏။

“ ဝုန်း ... ။ ”

“ ခရစ် ... ။ ”

နဂါး ဦးခေါင်းသည် ကြက်သွေးရောင် လက်ဖဝါးနှင့် ထိမိပြီး၊ လက်ဖဝါးကို အက်ကွဲ စေတော့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သိမ်ငှက် သူတော်စင် သခင် ခမျာ မြေပြင်ပေါ် ပြန်လည် ဆင်းသက်ပြီး ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်လိုက်ရသည်။ တုန်လှုပ် သွားမိ၏။

အဘယ်ကြောင့် ဆိုသော် ကြယ်ဓား ရည်ရွယ်ချက်အပေါ် သူ၏ သူတော်စင်မူလမှ အလုံးစုံ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ချေ။

သို့သော် သူ့လက်ဖဝါးသည် သူတော်စင် မူလဖြင့် ထင်ရှား စေခဲ့ခြင်း ဖြစ်သောကြောင့် လင်းယွန်ထံ ဆက်လက် ပျံသန်းသွား၏။

“ နဂါးနေနှင့် လတံဆိပ်— ယင်ယန် ပြောင်းပြန်။ ”

စွမ်းအင် အကြွင်းအကျန် လက်ဖဝါးကို ကြည့်ကာ လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ တံဆိပ်များ ထပ်မံ ဖော်ဆောင်လိုက်၏။

ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လှန်သွားပြီး အာကာပြင် ပုံပျက် သွားသည်။ ယင်းက လက်ဖဝါးကို အပိုင်းပိုင်း ခွဲပစ်ပြီး လှိုင်းအဖြစ်သာ သူ့ထံ ရောက်ရှိလာစေ၏။

ယင်းသည် ရန်သူ စွမ်းအား၏ ဆယ်ပုံ တစ်ပုံမျှသာ ဖြစ်သော်လည်း သူ့နတ်ခန္ဓာကို များစွာ ထိခိုက်စေသည်။

“ အ ... ။ ”

ညည်းတွားသံ ပြုလျက် အံကြိတ် လိုက်ရသည်။ ဤမြင်ကွင်းက လူတိုင်းကို မျက်လုံးပြူး စေ၏။

“ ရွှပ် ... ။ ”

အမည်ခံ သူတော်စင် တစ်ပါးသည် သူတော်စင် တစ်ပါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနေ၏။ သည့်ပြင် ကြယ်ဓားကို လက်ညှိုးဖြင့် တောက်ထုတ် နေပြန်သည်။

“ ..... ။ ”

သို့သော် ဓားရောင်ခြည်က သိမ်းငှက် သူတော်စင်ပေါ် ထိမှန်ပြီး လှိုင်းလုံးအဖြစ် ပျံ့ကျဲ ပျောက်ကွယ်သွားသည်။

“ ကြယ်ဓားက အစွမ်းထက် ပါတယ်၊ ဒါပေမယ့် မင်းငါ့ကို ဒဏ်ရာပေးဖို့ ကတော့ အိပ်မက် မက်နိုင်တယ်။ ”

သိမ်းငှက် သူတော်စင် သခင်မှ ပြုံးကာ ပြောသည်။ အတွင်းအင်္ဂါများ တုန်ခါ လာသဖြင့် လင်းယွန်က မျက်မှောင်ကြုတ်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက် လာသော သူတော်စင် စွမ်းအင် များကို ချေဖျက်ပစ်လိုက်၏။

သိမ်းငှက် သူတော်စင် သခင် တစ်ဝိုက် ထူးခြားသော ရေမှုန်ရေမွှား အလွှားလိုက်ကြီး ဖြစ်ပေါ်နေ သည်ကို မြင်လိုက်ရသည်။

ဤသည်မှာ သူတော်စင် တာအိုများ ဖြစ်ချေ၏၊ သူတော်စင် နယ်ပယ် အောက်ရှိ မည်သူမျှ မဖြေရှင်း နိုင်ချေ။

“ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင် တော့ဘူး။ ”

အစီရင် အတွင်းရှိ သူတော်စင်များမှာ ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီး အချို့မှ သတိပင် လစ်သွားပြီ ဖြစ်သည်။

ကျောက်စိမ်းဓား သူတော်စင် တစ်ပါး တည်းသာ တိုက်ပွဲ ဝင်နိုင်စွမ်း ရှိနေသေး၏။ သို့တိုင် ရန်သူ နှစ်ဦးကို ရန်ဆိုင်နေရသည်။

“ ဒါဆို မင်းဘာလို့ ... လာ မစမ်းကြည့်ရတာလဲ၊ မင်းရဲ့ လက်ဖဝါးက ငါ့ကို ကုပ်ပေး သလောက်ပဲ ရှိပါတယ်။ ”

လင်းယွန်မှ မကြောက်မရွံ့ စိန်ခေါ် လိုက်သည်။ နာကျင်မှုများသည် ကြောက်စရာ ကောင်းသော်လည်း ခံနိုင်ရည် ရှိရမည်ဟု အားတင်းလိုက်၏။

သိမ်းငှက် သူတော်စင်ကို အနိုင်ရရန် အလားအလာ မရှိသော်လည်း အရှိန်အဟုန်ကို ဟန့်တားရပေမည်။

လီတာ့ယန်၊ ပိုင်ရှုရင်၊ ရွှေကိုယ်ရံတော် များနှင့် သိမ်းငှက် သူတော်စင် သခင်ကပင် သူ့ကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်၏။

“ ယဲ့ချင်းရှန် ... မိုက်မဲ မနေနဲ့။ ”

လီတာ့ယန်မှ သတိပေး၏။ လင်းယွန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပို့လျက် ပြုံးပြီး၊

“ အစ်ကိုလီ အနားယူပါ ... သူ့ကို ဘယ်လို သတ်မလဲ ကြည့်နေ။ ”

-ဟု ပြန်ပြောလိုက်သည်။

“ ဟား ဟား ဟား ... မင်းက ငါ့ကို သတ်ချင်နေတာလား၊ ငါ မင်းကို လက်တစ်ဖက် တည်းနဲ့ သတ်နိုင်တယ်။ ”

သူ့စကားကြောင့် သိမ်းငှက် သူတော်စင် သခင်မှ သည်းမခံနိုင်တော့ဘဲ ပြေးတက်လာ ခဲ့သည်။

“ သူတော်စင်ကို အရှက်ခွဲလို့ မရဘူး။ ”

လင်းယွန်ရှေ့ ရုတ်တရက် ပေါ်လာပြီး ဆုပ်ကိုင်၏။ နတ်ခန္ဓာ ဖြစ်လျှင်ပင် သူတော်စင် အောက်ရှိ လူတိုင်း ပုရွက်ဆိတ်များသာ ဖြစ်၏။

လင်းယွန်က အစီအစဉ်များ ရှိသဖြင့် ပြိုင်ဘက် သူတော်စင် သခင်ကို ချဉ်းကပ်ခွင့် ပြုလိုက်သည်။

“ ချွင် .... ။ ”

ရှောင်လွှဲ၍ မရသော အနေအထားသို့ ရောက်ရှိ လာသောအခါတွင် လိပ်နက် မိုးကြိုး သံကြိုးများဖြင့် ပစ်လွှတ် လိုက်၏။

“ ချွင် ... ချွင် ... ချွင် ... ။ ”

သံကြိုးများက သိမ်းငှက် သူတော်စင်သခင်ကို ကန့်သတ်မှု တစ်ခု ချက်ချင်း ပြုလုပ်လာသည်။

ရုတ်တရက် သံကြိုးများ ပေါ်လာပြီး သူတော်စင် စွမ်းအင်ကို တိုက်စားနေ သဖြင့် သိမ်းငှက် သူတော်စင် သခင်မှ ပြုံး၏။

ယင်းသည် ကြောက်စရာ ကောင်းပုံ ပေါက်သော်လည်း သူတော်စင် တာအိုကို မဖြတ်နိုင်ချေ။

“ မင်းရဲ့ ဝှက်ဖဲက ... ဘုန်းဝိညာဉ် သူတော်စင် သုံးပါး လက်ရာလား၊ အဟား ဒါက ရတနာပဲ သူတော်စင်တစ်ပါးရဲ့ လက်ထဲမှာသာ ဆိုရင် ... ငါဒူးထောက် ရလိမ့်မယ်၊ ဒါပေမယ့် မင်းကတော့ သူတော်စင် မဟုတ်သေးဘူး၊ ဒါဆိုငါ့ကို ပေးလိုက် ဟား ဟား ဟား ... ။ ”

သိမ်းငှက် သူတော်စင် သခင် တစ်ယောက် စိတ်လှုပ်ရှား လာ၏။ သို့သော် သူပြုံး၍ မဆုံးမီ သံကြိုးများ အသက်ဝင်လာပြီး လျှပ်စီး မြွေ ကိုးကောင် ထွက်လာသည်။

“ ရွှပ် ... ။ ”

မြွေတစ်ကောင်က ဦးစွာ ပေါက်သည်။

“ အား ... ။ ”

အလွန် နာကျင်ရ သဖြင့် အော်ဟစ် လိုက်မိ၏။ ထို့နောက် ဆက်တိုက်ဆိုသလို မြွေ များက သူ့သူတော်စင်စွမ်းအင် အလွှာကို ဆုတ်ဖြဲ ကိုက်တော့သည်။

“ အား ... ။ ”

“ ထွက်သွားစမ်း ... ။ ”

လင်းယွန်မှ အော်ဟစ်နေသော တစ်ဖက်လူကို ကန်ထုတ် ပစ်၏။ သူတော်စင် သခင်ခမျာ ရှက်စိတ်ကြောင့် မျက်နှာ နီရဲပြီး ဟန်ချက်ထိန်းကာ မြေပြင်ပေါ် ပြန်ဆင်း သွားသည်။

“ ငါ မင်းကို သတ်မယ် ... ။ ”

“ ကောင်းပြီ လာခဲ့ ... ။ ”

သံကြိုးများမှ လွတ်သည်နှင့် သိမ်းငှက် သူတော်စင် သခင်မှ အော်ဟစ်လျက် ပြေးဝင် တိုက်ခိုက်လိုက် ပြန်သည်။

လင်းယွန်က မိုးကြိုး လျှပ်စီးပုတီးကို ထုတ်ယူကာ ဂါထာ ရွတ်ဆိုနေ၏။ ပုတီးထံမှ ကျမ်းစာ ရွတ်သံများ နှင့်အတူ သေးငယ်သော ဘုန်းကြီးကျောင်း တစ်ကျောင်း လေထဲ ပေါ်လာသည်။

“ ဂျိန်း ... ။ ”

ကောင်းကင်၌ မိုးခြိမ်းသံများ မြည်ဟည်းလျက် လင်းယွန်၏ ခံနိုင်ရည်ကို ကန့်သတ်ချက် အထိ ရောက်ရှိသွားစေ၏။

“ ဝှစ် ... ။ ”

ပုတီးခမျာ အရွယ် ကြီးမားလာပြီး ဝင်လာသော သိမ်းငှက် သူတော်စင် သခင်ကို ရိုက်နှက်တော့သည်။

၎င်းသည် ကြာပွတ်နှင့် တူနေ၏။ သိမ်းငှက် သူတော်စင် သခင်ခမျာ စွမ်းအင်အလွှာ ကွဲထွက် သွားပြီး ကြီးမားသော သက်ရောက်မှုကို ခံလိုက်ရသည်။

“ ဝေါ့ ... ။ ”

သွေးတစ်လုတ် အန်ကာ မြေပြင်ပေါ် ပြန်လည်ပြုကျ သွား၏။ သူ ပြန်ထလာသော အခါ လင်းယွန်မှ လှောင်ပြုံးဖြင့် ကြည့်နေ သည်ကို မြင်လိုက်ရသည်။

လီတာ့ယန်နှင့် သူတော်စင် တပည့်များ အားလုံးက လင်းယွန်ထံ အံသြစွာ ပြန်ကြည့် လိုက်မိ၏။

သိမ်းငှက် သူတော်စင် သခင်သည် ဒဏ်ရာများ ပြင်းထန်ခြင်း မရှိချေ။ သို့သော် လင်းယွန်ရှေ့၌ ဂုဏ်ကျက်သရေ ရှိသော အသွင်အပြင်မျိုး ပျောက်ဆုံးသွား၏။

“ သူတော်စင် တစ်ပါးကို အရှက်ခွဲလို့ မရဘူးလား ... ဟမ့် ... မင်းက မင်းကိုယ်မင်း သိပ်ပြီး အထင်ကြီး နေတာပဲ။ ”

အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထား သကဲ့သို့ လင်းယွန်မှ တည်ငြိမ်ပြီး အေးစက်နေ ခဲ့၏။

“ ကောင်လေး မင်းမှာ ... ဘုန်းဝိညာည် သူတော်စင် လက်ရာတွေ အများကြီး ရှိတာပဲ၊ နောက်ထပ် ဘယ်လောက် များများ ရှိမလဲ ဆိုတာ ... ငါ ကြည့်ပါရစေ။ ”

တစ်ဖက်လူသည် အဖိုးတန် ရတနာ နှစ်ပါးကို အလွယ်တကူ ထုတ်ယူနိုင်ခဲ့၏။ လောဘ ဖြစ်စရာ ပေပင်။

ထို့ကြောင့် ဤတစ်ကြိမ်၌ သူတော်စင် ဆေးအိုးကြီး တစ်လုံးကို ထုတ်ယူ အသက်သွင်း ပစ်လိုက်သည်။

“ ဝှီး ... ။ ”

ဘုန်းဝိညာဉ်များ နိုးကြား လာပြီး တန်ခိုးကြီးသော သူတော်စင် ရောင်ဝါများ နှင့်အတူ လင်းယွန်ထံ ပျံသန်းသွား၏။

လင်းယွန်က ပြုံးပြီး ထီးကြီး တစ်လက်ကို ထုတ်ယူ လိုက်ပြန်သည်။ ထီးကို မြင်သောအခါ သိမ်းငှက် သူတော်စင်မှ ဆိုးရွားသော ခံစားချက်များ ရရှိလာ၏။

အကန့်အသတ်မဲ့ စွမ်းအား တစ်ခု ထွက်လာပြီး ကောင်းကင်နှင့်မြေကြီး ပြိုကျကာ အချိန်များ ရပ်တန့် သွားသည်။

လွှမ်းမိုး ကြီးစိုးသော ရောင်ဝါဖြင့် ဝင်လာသော ဆေးမီးအိုးကြီးကို တွန်းထုတ် ပစ်၏။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် လင်းယွန်က ထီးဖျားဖြင့် သိမ်းငှက် သူတော်စင် သခင်ထံ လှမ်းထိုးချလိုက်သည်။

ထီးဖျားက သူတော်စင် မူလ အကာ အကွယ်ကို ဓားတစ်လက် ကဲ့သို့ ဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။

“ အား ... ။ ”

နံရိုးများ ကျိုးကုန်သဖြင့် နာကျင်စွာ အော်ဟစ် လိုက်သည်။

“ အုပ်စိုးရှင် သူတော်စင် လက်ရာ ... ၊ မင်း ... မင်း ဘယ်သူလဲ။ ”

“ နဂါး သွေးလွှတ်ကြော နယ်ပယ်နဲ့ သူတော်စင် သခင် တစ်ပါးကို ငါသတ်ခဲ့ဖူးတယ်၊ ဒါဆို ငါဘယ်သူလို့ မင်းထင်လဲ။ ”

လင်းယွန်က လေထုအလယ် ပျံဝဲလျက် နေလထီးကို ဖြတ်ခနဲ ဖွင့်ဆောင်းကာ ဟန်ပါပါ ဖြေကြား လိုက်လေသည်။

“ ဖရူး ... ။ ”

“ ဝေါ့ ... ။ ”

မိုးပြာနဂါး နေလထီးမှ စွမ်းအားများ ပျံ့ကားလာသဖြင့် သိမ်းငှက် သူတော်စင် သခင် တစ်ယောက် သွေးအန်ပြီး ဒူးတစ်ဖက် ထောက်ချ လိုက်ရ၏။

ထိုအချိန်တွင် လင်းယွန်က လိပ်နက် အသွင်ပြောင်းနည်းကို ဖျက်သိမ်းပြီး သူ၏မူလ ရုပ်သွင်မျိုး ခံယူလိုက် တော့သည်။

ပြေပြစ်သော ရုပ်သွင်နှင့် နဖူးပေါ်ရှိ ရွမ်းဗက်ပုံ ခရမ်းရောင် အမှတ်က နေလထီး ရောင်ဝါ အောက်၌ မှော်ဆန်နေ၏။

မိုးပြာရောင် ဝတ်စုံက သူ့ကို အနားသပ် ပေးပြီး ဓားသေတ္တာ တစ်လုံး ထမ်းပိုးထားသော ဤရုပ်သွင်မှာ လူတိုင်းအတွက် ရင်းနှီးဖွယ် ဖြစ်ချေပြီ။

“ ငါ့နာမည် ပန်းသင်္ချိုင်း ... ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေးတယ်။ ”

***

All Chapters