← Chapters

ပန်းသင်္ချိုင်း ... ။

Vol. 158 Ch. 2207

ပန်းသင်္ချိုင်း ... ။

Vol. 158 Ch. 2207

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အနီရောင်ဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင်ပင် လှည့်ကြည့်လာ၏။

“ အဲဒါ သူလား ... ။ ”

လီတာ့ယန်မှ အံ့ဩသွားသည်။ သို့သော် အဓိပ္ပါယ်ရှိ၏။ ကမ္ဘာပေါ်တွင် ဓားတာအို၌ ဤမျှ အရည်အချင်းရှိသော လူနှစ်ယောက် မရှိနိုင်ချေ။

“ ယဲ့ချင်းရှန်က ပန်းသင်္ချိုင်းလား ... ။ ”

“ ဒါဆို သူဘာလို့ ... ထွက်မသွား သေးတာလဲ၊ ဓားဂိုဏ်းရဲ့ တပည့်ပဲ ကောင်းကင် တာအိုဂိုဏ်းမှာ ဆက်နေစရာ မလိုပါဘူး။ ”

“ သူက ပန်းသင်္ချိုင်းပဲ၊ ဘယ်သူမှ ယှဉ်လို့မရတဲ့ သတ္တိတွေ သူ့မှာ ရှိတယ်။ ”

ကောင်းကင် တာအို ဂိုဏ်းရှိ လူတိုင်းက နေရစ်ရန် ရွေးချယ်ထားခဲ့သော လင်းယွန်ကို ကြည့်ကာ ကျေနပ်ကုန်၏။

ဆယ်မီတာ အကွာတွင် ရှိသော ပိုင်ရှုရင် သာလျှင် လင်းယွန် ကျောပြင်ကို ကြည့်လျက် ထိတ်လန့်နေသည်။

မျက်ရည်များ စီးကျကာ အဆုံး၌ မျိုသိပ်ထားသော ခံစားချက်များ ပွင့်ထွက်လာ တော့၏။

“ ကောင်းကင် တာအို ဂိုဏ်းကို ... လာမယ်လို့ ပြောခဲ့တယ်၊ တကယ်လည်း ငါ့ အနားမှာ တစ်ချိန်လုံး ရှိနေတယ် ဒါပေမယ့် ... ။ ”

အေးစက်နေသော သူမ မျက်နှာမှာ အရည်ပျော်သွားသော ရေခဲပြင်ကြီး ကဲ့သို့ နူးညံ့သော အပြုံးများ ဝေနေခဲ့သည်။

“ ထွီ ... ။ ”

သိမ်းငှက် သူတော်စင် သခင်မှ ကုန်ရုန်းထကာ သွေးတစ်လုတ် ထွေးထုတ်ပစ် လိုက်သည်။

မိုးကြိုး လိပ်နက် သံကြိုးနှင့် မိုးကြိုး ပုတီးသည် သူ့ကို အရှက်ရစေပြီး နေလထီးမှာ ဒဏ်ရာ ပေးနိုင်၏။

အစီရင်အတွင်း ဝင်လာသည့် သူတော်စင် သခင်လေးပါးတွင် နှစ်ဦး၌ ဒဏ်ရာ အနည်းငယ် ရခဲ့သဖြင့် ကုသနေသည်။

ကျန်သူတော်စင် သခင် တစ်ပါးသည် ပိုင်မိသားစု၏ ဒဏ်ရာရ သူတော်စင် များ၏ ပိတ်ဆို့ခြင်း ခံထားရ၏။

ထို့ကြောင့် သူ့ကို ကူပေးမည့် လူ မရှိသေးချေ။ သိမ်းငှက် သူတော်စင် သခင်မှ၊

“ မင်းဟာ သက်တံဓား သူတော်စင်ရဲ့ တပည့်ပဲ၊ ဒါဆို ကောင်းကင် တာအို ဂိုဏ်းရဲ့ ကိစ္စတွေကို ဘာလို့ စွက်ဖက် ရတာလာလဲ၊ သေွးလဂိုဏ်းက ဓားဂိုဏ်းနဲ့ ရန်ငြိုးမရှိဘူး။ ”

-ဟု နေလ ထီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ ဒါက ငါ့ကိစ္စပါ ... ။ ”

“ ခေါင်းတလားကို မတွေ့မချင်း မင်းက အရှုံးမပေးဘူး ထင်တယ် ... မင်းမှာ အုပ်စိုးရှင် ရတနာ ရှိနေရင်တောင် စွမ်းအား ဘယ်လောက် ထုတ်နိုင်မှာ မို့လဲ။ ”

“ သိချင် လာခဲ့ ... ။ ”

“ ဟမ့် ... ငါမဝံ့ဘူး မင်းထင်လား။ ”

သိမ်းငှက် သူတော်စင် သခင်က သူ့ရောင်ဝါကို ကန့်သတ်ချက်အထိ ဖြန့်ကျက် လိုက်လေသည်။

ထို့နောက် မီးတောက်နေသော နတ်ဆိုး ဆေးအိုးကြီးကို ထုတ်ယူကာ နက္ခတ် ဆင့်ခေါ် လိုက်၏။

သည့်ပြင် သူတော်စင် ရောင်ဝါအတွင်း သူတော်စင် တာအို ဆယ်ပါးကိုလည်း ပေါင်းစပ် ထားလေသည်။

“ အခု မင်းမှာ အုပ်စိုးရှင် သူတော်စင် လက်ရာ ရှိနေမှန်း ငါသိတဲ့အတွက် အခွင့်အရေး ရလိမ့်မယ် မထင်နဲ့တော့။ ”

ယခင်အချိန်က လင်းယွန် သတ်ခဲ့သော သူတော်စင် သခင်သည် ထိုအဆင့် ရတနာကို မမျှော်လင့် ထားသောကြောင့် အငိုက်မိ သွားခြင်း ဖြစ်ပေမည်။

၎င်းထံမှ ဖိအားသည် လင်းယွန်ကို နောက်ပြန်ဆုတ် သွားစေ၏။ နေလ ထီးသာ မရှိသော် သုံးကြိမ် အတွင်း ရှုံးနိမ့်သွားမည် ဖြစ်သည်။

သို့တိုင် နတ်ဆိုး ဆေးအိုးကြီးပေါ်၌ မီးလျှံများ တောက်လောင်လာ သဖြင့် လင်းယွန် ခမျာ ဒူးနှစ်ဖက်လုံး ညွှတ်သွား၏။

“ ပန်းသင်္ချိုင်း ... မင်းက သက်တံဓား သူတော်စင်ရဲ့ တပည့် မဟုတ်ဘူးလား ... ငါ့ကို ဒူးထောက်ချင်တာလား၊ မင်းမှာ အထင်ကြီးစရာ ဘာမှလည်း မရှိပါဘူး။ ”

“ သူတော်စင် သခင်တစ်ပါးက ... ငါ့ကို ပြိုင်ဘက်အဖြစ် ရှုမြင် ... ဖိအားပေးတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ”

လင်းယွန်က ပြုံးပြီး တုန့်ပြန်လာသဖြင့် သိမ်းငှက် သူတော်စင် သခင်မှာ ရုတ်တရက် သံသယ ဝင်လာသည်။

နေလထီးရှိ ရူရ်များ လင်းလက်လာ၏။ ထီးရှိတံဆိပ်ကို ချိုးဖျက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ မင်း ငါ့ရှေ့မှာ လုပ်ဝံ့လား။ ”

မီးလျှံ ဆေးကြိုအိုးကြီးနှင့် လင်းယွန်ထံ ပစ်ပေါက်ကာ တပြိုင်နက်တည်း ပြေးဝင်လိုက် တော့၏။

တန်ခိုးကြီးသော သူတော်စင် ရောင်ဝါများ လွင့်ထွက်လာ သဖြင့် မိုးပြာနဂါး နတ်ခန္ဓာပင် ဖိအားများ ခံစားခဲ့ရသည်။

နှုတ်ခမ်းမှ သွေးများ စီးကျလာပြီး ထိုဖိအားဒဏ်ကြောင့် ဒူးနှစ်ဘက် မြေပြင်ပေါ် ထောက်လုဆဲဆဲ ဖြစ်လာ၏။

ဤအခိုက်တွင် သူသည် ဂုဏ်သရေ ရှိသော ပန်းသင်္ချိုင်း မဟုတ်တော့ချေ။ အံကြိတ်တောင့်ခံ နေသူ တစ်ယောက်မျှသာ ဖြစ်သည်။

“ ဟား ဟား ဟား ... ။ ”

“ ဒုန်း ... ။ ”

ထိုခံစားချက်က သူ့ကို ရူးသွပ်စေသည်။ တံဆိပ်ပြေ သွားချိန်၌ ဒူးတစ်ဖက် သည်လည်း ထောက်ကျသွား၏။

ထို့နောက် ကောင်းကင်ပေါ် ချက်ချင်း ပျံတက်လိုက်ကာ၊

“ မိုးပြာ နဂါး ... ။ ”

-ဟု အော်ခေါ် လိုက်သည်။

ရူရ်များ တောက်ပနေသော ထီးကြီးဖြင့် မီးလျှံ ဆေးကြိုအိုး၏ ခြေထောက် လေးချောင်း အပေါ် ရိုက်ချိုး ပစ်တော့၏။

ဤအရာက သိမ်းငှက် သူတော်စင် သခင်ကို အံ့အားသင့် စေခဲ့သည်။ ထိုအချိန်၌ ကောင်းကင် အက်ကွဲလာ၏။

(၃၆)လွှာလုံး အက်ကွဲ ပြီးနောက် နဂါးခေါင်းကြီး ထွက်ပေါ်လာသည်။ ၎င်းထံမှ ကြောက်မက်ဖွယ် ရောင်ဝါများ ဖြာကျနေ၏။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်မောလျက်၊

“ ငါက ပန်းသင်္ချိုင်း ... ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေးတယ်။ ”

-ဟု ဒေါသတကြီး အော်ဟစ် လိုက်သည်။

နဂါး မျက်ဝန်းတစ်စုံက ကောင်းကင် အက်ကွဲကြောင်း အတွင်းမှ လှမ်းကြည့် ခဲ့၏။ ဘုရင်တစ်ပါး ကျေးရွာများထံ လှည့်လည် နေပုံနှင့် ဆင်တူသည်။

ဤသည်မှာ ပန်းသင်္ချိုင်း သူတော်စင် သခင်ကို သတ်ပစ်ခဲ့သည့် ဒဏ္ဍာရီမျိုး ပြန်၍ မြင်ခွင့် ရပေတော့မည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ ပြေးတက်ပြီး သိမ်းငှက် သူတော်စင် သခင်ကို တိုက်ခိုက် လိုက်တော့၏။ နေလ ထီးသည် လေဟာနယ်ကို လှံတစ်စင်း ကဲ့သို့ ခွဲထုတ်သွားသည်။

ဤအရာကြောင့် သိမ်းငှက် သူတော်စင် သခင် မျက်နှာ ပြောင်းလဲ သွား၏။ လင်းယွန်မှ အမှန်ပင် အုပ်စိုးရှင် ရတနာအစွမ်းကို ငှားယူ သုံးစွဲနိုင်ချေပြီ။

“ ဟိတ် ... ။ ”

ငေးငိုင် တုန့်ဆိုင်းဝံ့ခြင်း မရှိတော့ဘဲ လက်ဖဝါး တစ်ချက်ဖြင့် ချက်ချင်း ပြန်လည် ရိုက်ချ လိုက်သည်။

သူ့ရင်ဘတ် ပေါ်ရှိ ကြက်သွေးရောင် ကြာပန်းတစ်ပွင့်က ဧရာမ လက်ဖဝါး အဖြစ်သို့ ပြောင်းလဲ ပြေးထွက်လာ၏။

ထိုလက်ဖဝါးပေါ်၌ ကြက်သွေးရောင် မီးလျှံများ တောက်လောင်လာကာ နေလထီး၏ အဟုန်ကို ချေဖြတ်တော့သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ရလာဒ်ကို မကြည့်ဝံ့သေးဘဲ ချက်ချင်း တိမ်းရှောင် လိုက် ရ၏။

“ မင်း လွတ်မြောက်နိုင်မယ် ထင်လား။ ”

လင်းယွန်က အေးစက်စွာ အော်ငေါက် လိုက်သည်။ ဤတံဆိပ်ကို ချိုးဖြတ်ရန် တန်ဖိုး တစ်ခု သူ ပေးဆောင် ထားရသည်။ လွယ်လွယ်နှင့် ခွင့်မပြု နိုင်ချေ။

စွမ်းအင်များ သူ့ခန္ဓာကိုယ် အတွင်း ပြည့်လျှံလာ ပြီးနောက် သိမ်းငှက် သူတော်စင် သခင်နောက် အပြေး လိုက်ပါသွားသည်။

“ သေစမ်း ... ။ ”

သူ့ကို စိုက်ကြည့်နေသော မျက်ဝန်း တစ်စုံကြောင့် သိမ်းငှက် သူတော်စင်သခင် ခမျာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်လာ၏။

ထို့ကြောင့် အကြည့်များ အောက်တွင် လျင်မြန်လွန်းသော လင်းယွန်ထံ ပြန်လှည့်ပြီး ရင်ဆိုင် လိုက်ရတော့သည်။

“ ဟိတ် ... ။ ”

“ ..... ။ ”

မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားမှု (၁၀) ကြိမ် ဖလှယ်ခဲ့၏။ အမျိုးမျိုးသော သူတော်စင် တာအိုများ ကွဲအက် ပျက်စီးကုန်သည်။

အထူးသဖြင့် သိမ်းငှက် သူတော်စင် သခင်အနားရှိ သူတော်စင် တာအိုများ ကွဲပြီး၊ ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့၏။

“ သေ လိုက် တော့ ... ။ ”

ဤသည်မှာ အုပ်စိုးရှင် ရတနာ တန်ခိုးဖြစ်သည်။ လင်းယွန်မှ လက်ဝှေ့ယမ်းကာ ကောင်းကင်မှ တဟုန်ထိုး ဆင်းသက်လာ၏။

သိမ်းငှက် သူတော်စင် သခင်က သူ့နက္ခတ်ကို ဆင့်ခေါ်ကာ မီးတောက် နတ်ဆိုး ဆေးကြိုအိုးဖြင့် ခုခံလိုက်သည်။

“ ဘောင်း ... ။ ”

“ ဝေါ့ ... ။ ”

ကောင်းကင် နှင့်မြေကြီး တုန်ခါလျက် နတ်ဆိုးဆေးအိုးကြီးက မီးရှူးမီးပန်းများ ကဲ့သို့ ပေါက်ကွဲ သွားပြီး မီတာ တစ်ရာကျော် အကွာသို့ လွင့်စဉ် ပြုတ်ကျသွား၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ပိုင်မိသားစု ပိတ်ဆို့ခြင်းမှ လွတ်လာသော အသူရာ လက်သီး သူတော်စင် သခင်မှ ကောင်းကင်ပေါ် ပျံတက်ပြီး ပိုင်ရှုရင်ထံ ခုန်ဆင်းလာသည်။ လင်းယွန် မျက်နှာ ပြောင်းလဲသွား၏။

“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း၊ ငါနဲ့အတူနေပါ။ ”

သိမ်းငှက် သူတော်စင် သခင်မှ သွေးများ စွန်းထင်းလျက် အရူး တစ်ယောက်လို ပနြ်၍ ပြေးဝင်ဟန့်တား လာတော့သည်။

“ မိုးပြာ နဂါး ... ကျေးဇူးပြုပြီး ကူညီပါ။

“ ဖရူး ... ။ ”

လင်းယွန်က စွမ်းအားကို တောင်းခံကာ နေလထီးကို ဖွင့်ပြီး ပိုင်ရှုရင်ထံ ပစ်ထုတ်လိုက် လေသည်။

ထီးပွင့်လာသော အခါ ကြယ်ရောင်များ စီးဝင်လျက် ပတ်ဝန်းကျင် တစ်ခုလုံး ဆိတ်သုဉ်း သွား၏။

ခေါင်းမော့ ကြည့်လိုက်သော အခါ၊ နဂါးဦးခေါင်းကြီးက ကောင်းကင် အက်ကြောင်း အတွင်း ပြူထွက်လာသည်ကို မြင်နေရသည်။

“ ဖရူး ... ။ ”

လင်းယွန်တို့ အပေါ်မှ ဖြတ်ကျော် ပျံသန်းနေသော အသူရာ လက်သီး သူတော်စင် သခင်မှာ ထီးမှန်ကာ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျသွား၏။

“ ဝေါ့ ... ။ ”

လူးလှိမ့် ကုန်းထလျက် သွေးများ ထွေးထုတ်တော့သည်။ ထို့နောက် နေလထီးက လှည့်ပတ်လျက် ပိုင်ရှင်ထံ ပြန်ရောက် သွား၏။

“ ဟိတ် ... ။ ”

“ ဖပ် ... ။ ”

လင်းယွန်က ဖမ်းယူခြင်း မပြုခဲ့ဘဲ၊ သူ့ခန္ဓာကိုယ်ကို လေထုထဲ ပက်လက်လှန်ချကာ ခြေဖြင့် ခတ်ပစ်လိုက်သည်။

“ ဝူး ... ။ ”

နေလထီးက တစ်ဟုန်ထိုး ပြေးဝင် လာနေသည့် သိမ်းငှက် သူတော်စင် သခင်ထံ ဆက်၍ ပျံသန်းသွားတော့၏။

သိမ်ငှက် သူတော်စင် သခင်က ထီးကို ဖမ်းယူရန် အတွေး ပေါ်လာခဲ့သည်။ သို့သော် ထိလိုက်သည်နှင့် သူ မည်မျှ မိုက်မဲခဲ့ကြောင်း နားလည်သွား၏။

“ အ ... ။ ”

တောင်ကြီးတစ်လုံးနှင့် တိုက်မိ သကဲ့သို့ စွမ်းအားတစ်ခု ရင်ဘတ်ထံ စီးဝင်လာလေရာ ညည်းတွားလျက် လွင့်စဉ် သွားပြန်သည်။

“ ကျာ့ ... ။ ”

လင်းယွန်က ပက်လက် အနေအထားမှ ဂျွမ်းပစ်ပြီး နေလထီးပေါ် ဆင်းသက် လိုက်၏။ ထို့နောက် ပိုင်ရှုရင် အနား ခုန်ဆင်းကာ ထီးကို ဖမ်းယူ ပိတ်သိမ်းလိုက်သည်။

“ ဝှစ် ... ။ ”

နေလထီး ဦးခေါင်းကို ကြမ်းပြင်ပေါ် ထောက်ကိုင်လျက် သူတော်စင် သခင် နှစ်ပါးထံ မျက်ခုံးပင့် စိန်ခေါ် ပြလိုက်တော့၏။

“ ဝေါ့ ... ။ ”

“ မင်း ... ။ ”

ဤအမူအရာက ချက်ချင်း မတ်တပ် ထရပ်လာသော သူတော်စင် သခင် နှစ်ပါးကို သွေးအန်သွားစေသည်။

***

All Chapters