← Chapters

နင် ... လာမယ်ဆိုတာ ငါသိတယ်။

Vol. 158 Ch. 2208

နင် ... လာမယ်ဆိုတာ ငါသိတယ်။

Vol. 158 Ch. 2208

နေလ ထီးကို ကိုင်ကာ လေထဲ လမ်းလျှောက်ပြီး သူတော်စင် သခင် နှစ်ဦးကို တိုက်ခိုက်သော မြင်ကွင်းက လူများစွာ အတွက် မယုံနိုင်လောက်အောင် ဖြစ်စေသည်။

အုပ်စိုးရှင် သူတော်စင် လက်ရာသည် လွယ်ကူသော အရာ မဟုတ်ဘဲ အစွမ်းပိုထုတ် မိလေ တုံ့ပြန်မှု ပိုပြင်းလေ ဖြစ်၏။

သို့သော် လင်းယွန် လက်ထဲ၌ လုံးဝကို ကွဲပြားနေသည်။

“ လင်းယွန် ... နင် အဆင်ပြေရဲ့လား။ ”

ပိုင်ရှုရင်မှ မကူညီနိုင် သဖြင့် မေးမြန်း လိုက်သည်။ သူမသည် ကလေး တစ်ယောက် မဟုတ်ချေ။ သူမ ခံစားချက် အတွက် နေရာ မရှိမှန်း သိထားသည်။

“ ပြေတယ် ... ။ ”

လင်းယွန်က ပြုံး၏။ သူ့အခြေအနေသည် လူတိုင်း ထင်ထားသည်ထက် ပို၍ ကောင်းမွန် ချေပြီ။

ရှေးဟောင်း စစ်မြေပြင်တွင် နဂါးသွေး လွှတ်ကြော နယ်ပယ်တွင်သာ ရှိသဖြင့် သဘာဝ အတိုင်း ကောင်းစွာ အသုံးမပြုနိုင်ချေ။

နောက်ဆုံးတွင် တံဆိပ် သုံးခု ဖြုတ်ပြီး ထိုသူတော်စင် သခင် အသက်ကို ယူကာ သူ့ အားအင် ကုန်ခမ်းသွားခဲ့သည်။

“ မင်း ဆက်နိုင်သေးလား ... ။ ”

မူလနဂါး မဟာ သူတော်စင်က ဧကရာဇ် ဓားအစီရင်အတွင်း သူ၏ သွေးသားစွမ်းအင်များ ပေးပို့လျက်မှ မေး၏။ မျက်နှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေသည်။

အစီရင်၏ အရေးကြီးသော ဆုံမှတ်များရှိ သူတော်စင်များ အားလုံး ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကြောင့် ဒဏ်ရာများ ရရှိကုန်ကာ အစီရင်ကို ထောက်ပံ့နိုင်ခြင်း မရှိတော့ချေ။

“ မင်း ဆက်မထိန်းနိုင်ရင် ငါ့ကိုပြော ... ။ ”

ထို့ကြောင့် လင်းယွန်ကို အကူညီ မပေးနိုင်သေးဘဲ အစီရင်ထံသာ အာရုံစိုက်ထား ရသည်။ အစီရင်ကွဲ ပါက အားလုံး ပြီးသွား ပေလိမ့်မည်။

“ ဆရာ စိတ်မပူနဲ့ ... ။ ”

လင်းယွန်က သူ့ဆရာကို မျက်စိမှိတ်ပြ လိုက်သည်။

“ ညီလေး ... မင်းက ငါတို့ဆရာနဲ့ ပိုတူလာပြီ။ ”

ယဲ့ကူဟန်က ပြုံးကာ မှတ်ချက်ပေး လိုက်သည်။ လင်းယွန်တွင် ဒဏ်ရာ မရှိဟု သူ ပြောနိုင်၏။ သွေးသား စွမ်းအင်နှင့် သူတော်စင် ရောင်ဝါ ကုန်ကြမှု အတွက်သာ ပင်ပန်း နွမ်းနယ် နေခြင်းဖြစ်သည်။ သို့သော် ဤသည်ကပင် ဒုက္ခ ဖြစ်စေ၏။

၎င်းကို သူ့ရန်သူ နှစ်ယောက် မှလည်း သတိပြုမိသည်။ နေလထီး၏ အစွမ်းကြောင့် သူတို့၏ ဝိညာဉ်များ မူးဝေ တုန်ခါနေ၏။

“ အချိန် ဆွဲပါ ... သူကြာကြာ မခံနိုင်ဘူး။ ”

သိမ်းငှက် သူတေယ်စင် သခင်မှ သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး အံကြိတ် ပြောကြား လိုက်သည်။

သူ့ဒဏ်ရာသည် အသူရာ လက်သီး သူတော်စင် သခင်ထက် ပို၍ ပြင်းထန်သည်။ သူ့ ပေါ့လျော့မှု တန်ကြေးဖြစ်၏။

“ ဒီကောင်က ပြဿနာကောင်ပဲ။ ”

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ ကောင်းကင်ပေါ် ခုန်တက် လိုက်ကြသည်။

“ ကောင်းကင် တစ္ဆေ လက်သည်း ... ။ ”

“ မီးလျှံ ကြာပန်း ... ။ ”

သူတို့၏ နောက်ကွယ်တွင် တာအို ပန်းများဖြင့် အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ပေး လာခဲ့၏။

ဤတစ်ကြိမ်၌ ယခင် ကဲ့သို့ အမြန် အဆုံးသတ်လိုခြင်း မရှိဘဲ အတွေးအမြင်များ ပြောင်းလဲကုန်သည်။

သိမ်းငှက် သူတော်စင် သခင်မှ ကောင်းကင် တစ္ဆေ လက်သည်းကို ထုတ်လွှတ်သောအခါတွင် မီးတောက်နှင့် လျှပ်စီးကြောင်းများက မဟာ တာအိုဖြင့် ပေါင်းစပ်ကုန်၏။

တစ်ဖက်တွင် အသူရာ လက်သီးက လက်ဝှေ့ယမ်းပြီး သွေးလဂိုဏ်း၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုကို လွှတ်တင်လိုက်သည်။ ဤသည်မှာ နီညိုရောင် ကြာပန်း ဖြစ်၏။

တိုက်ခိုက်မှု နှစ်ခုသည် ကြောက်စရာ ကောင်းပြီး ပတ်ဝန်းကျင်ရှိ လူအများ အပေါ် အသက်ရှူ ကျပ်စေသည်။

“ ဟား ဟား ဟား ... ။ ”

နှစ်ယောက်သား ရယ်မောလျက် ကောင်းကင်မှ ဆင်းသက် လာခဲ့ လေသည်။ လင်းယွန်ခမျာ တိုက်ခိုက်ရန် ကြိုးစားလိုက် သော်လည် သူတော်စင် သခင် နှစ်ပါးက ရှောင်တိမ်း သွား၏။

ဤနည်းဖြင့် သူတော်စင် ရောင်ဝါနှင့် သွေးသား စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးလာ တော့သည်။

“ ဒါက အလုပ် မဖြစ်ဘူး… ။ ”

လင်းယွန်မှ စိတ်ပျက်သွား၏။ သူ ပင်ပန်း နွမ်းနယ်လာ နေချိန်၌ ၎င်းတို့မှာ ဒဏ်ရာများပင် ပြန်လည် ကောင်းမွန်လာသည်။

ထိုအတိုင်းသာ ဆက်သွား နေသော် အန္တရာယ်ရှိသော အနေအထားသို့ မကြာခင် ရောက်ရှိ သွားနိုင်၏။

အတွေး မဆုံးခင် ကျောပြင် တစ်ခုလုံး အက်ကွဲကာ သွေးများ စီးကျလာ၏။ သွေးသား စွမ်းအင်များ ကုန်ဆုံးသွားသည့် လက္ခဏာမျိုး ပေပင်။ မိုးပြာနဂါး နတ်ခန္ဓာ ကြောင့်သာ မဟုတ်သော် ပြိုလဲ သွားနိုင်၏။

“ အချိန် ကျပြီ ... ။ ”

သူတော်စင် သခင်နှစ်ပါးက အကြည့်ချင်း ဖလှယ်ကာ လင်းယွန်ကို ဘယ်ညာ ညှပ်ပြီး တိုက်ခိုက် တော့သည်။

အမည်ခံ သူတော်စင် တစ်ပါးကို သူတော်စင် နှစ်ပါးမှ လက်တွဲပြီး ကိုင်တွယ် ဖြေရှင်းနေသော မြင်ကွင်းသည် အရှက်မဲ့ လွန်းချေ၏။

သူတော်စင် သခင် များသည် မည်သည့် ရွေးလျားမှု နည်းစနစ် ကိုမျှ အသုံးမပြု လျှင်ပင် အဆပေါင်း များစွာ မြန်ဆန်၏။

အန္တရာယ် နီးကပ်လာသဖြင့် လင်းယွန် ခန္ဓာကိုယ် တင်းမာလာပြီး နှလုံး ခုန်သံများ မြန်လာ လေသည်။

ဤတိုက်ခိုက်မှုကို ရှောင်လွှဲ၍ မရနိုင်ကြောင်း သိလိုက် သောကြောင့် အသက် ပြင်းပြင်းရှူ လိုက်မိ၏။

မျက်လုံးများ မှေးစင်းလျက် ထီးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူတော်စင် သခင် နှစ်ပါးကို အနားကပ်ခွင့် ပေးလိုက်သည်။

“ မိုးပြာ နဂါး .... ။ ”

ထို့နောက် နေလထီးက နောက်တစ်ကြိမ် ပွင့်လာသည်။ ဤတစ်ကြိမ်၌ ကွဲပြား၏။ နဂါး ဝိညာဉ်ကို အသက်သွင်း ထားသည်။

မုရွယ်လင်မှ နေလထီးထဲ ပေါင်းထည့် ပေးခဲ့သော နဂါးဝိညာဉ်ဖြစ်၏။ ထီးပွင့်လာသော အခါ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ကျ လာပြီး သူတော်စင် သခင် နှစ်ပါး၏ အဟုန်ကို ရပ်သွားစေသည်။

သူတို့သည် လင်းယွန်နှင့် ခြေတစ်လှမ်း မျှသာ လိုပြီး ပြင်းထန်သော ဖိအားများကြောင့် ရှေ့ဆက် မတိုးနိုင် တော့ချေ။

“ မကောင်းတော့ဘူး ... ။ ”

နှစ်ယောက်သား ဆိုးရွားသော ခံစားချက်များ ရလာကာ နောက်ပြန် ဆုတ်ချင် ကြ၏။

“ မင်းတို့ ပြေးနိုင်မယ် ထင်လား ... သေခြင်းကို ငါ ဘယ်တုန်းကမှ မကြောက်ခဲ့ ဖူးဘူး၊ အသက်ကို ရင်းရမယ် ဆိုရင်တောင် ဆုံးဖြတ်ပြီးရင် ငါလုပ်မယ်။ ”

လင်းယွန်က အော်ဟစ်လျက် ပြုံး၏။ သူ့မျက်နှာ၌ အက်ကွဲကြောင်းများ ဖုံးလွှမ်း လာ တော့သည်။

ထီးပေါ်ရှိ နေ-ဝိညာဉ်နှင့် လ-ဝိညာဉ်တို့ အသက် ဝင်လာပြီး ရောင်ခြည်တော် တစ်ခုက ဆုတ်ခွာလိုသော သူတော်စင် သခင် နှစ်ပါးကို ထိမှန် သွားလေသည်။

“ ခရစ် ... ။ ”

သူတို့ ပတ်ဝန်းကျင်ရှိ သူတော်စင် တာအိုများ၊ သူတော်စင် ရောင်ဝါနှင့် နက္ခတ်များ ပြိုကျသွား၏။

“ အွတ် ... ။ ”

သူတော်စင် သခင် နှစ်ပါး ခမျာ ကြယ်ကြွေသွား သကဲ့သို့ လွင့်စဉ် ပြုတ်ကျသွား တော့သည်။ အတွင်း အင်္ဂါများ ကွဲအက်ကာ တက်ကြွမှု ကင်းစင် သွား၏။

“ ဝှီး ... ။ ”

ဒဏ်ရာ အပြင်းအထန်ရရှိ သွားချေပြီ။ လင်းယွန်က ထီးကို ပြန်ပိတ်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်၏။

“ ဝေါ့ ... ။ ”

ထီးဖျားကို ထောက်လျက် ပါးစပ် အပြည့် သွေးများ ထွေးထုတ်လေသည်။ သူ၏ သွေးသား စွမ်အင်များ သည်လည်း ကုန်ဆုံးသွား၏။

နဂါးဝိညာဉ်နှင့် ဘုန်းဝိညာဉ်များကို အသက်သွင်းခြင်းသည် သူ့အတွက် အန္တရာယ် ရှိသော လုပ်ရပ်ပေပင်။ သို့တိုင် သူတော်စင် သခင် နှစ်ပါးမှ သူ့ကို သတ်ရန် လာနေသဖြင့် ရွေးချယ်ခွင့် မရှိခဲ့ချေ။

ကံကောင်း ထောက်မစွာဖြင့် သွေ့ခြောက်နေသော သူ့အသွင်သည် အသက် ရှင်သန် နေနိုင်သေးသည်။

“ ဝေါ့ ... ။ ”

သွေးများ ထပ်အန်မိ ပြန်သည်။ ပိုင်ရှုရင် မျက်နှာ ပြောင်းလဲသွားပြီး ရှေ့လှမ်းတက်လာ တော့၏။

ထိုအချိန်တွင် ထိုင်လျက် ဒဏ်ရာများ ကုသနေသော ကျန်သူတော်စင် သခင် နှစ်ပါးမှာ ပြန်လည် ကောင်းမွန်လာပြီး ပြိုကျနေသော လင်းယွန်ကို တိုက်ခိုက်တော့သည်။

“ သေစမ်း ... ။ ”

ဤမြင်ကွင်းကြောင့် ပိုင်ရှုရင် မျက်နှာ အေးစက် သွားလေသည်။ ဒေါသ ထွက်လာကာ တံဆိပ်တစ်ခု ချက်ချင်း ဖန်တီးလိုက်၏။

တောက်ပသော ရောင်ခြည်တော်များ ပွင့်လာပြီး နေနတ်ရူရ် ပေါ်လာသည်။ ၎င်းက အမြစ်များ ပေါက်လာသကဲ့သို့ လင်းယွန်၏ ကျောပြင်ကို ကုပ်တွယ်တော့၏။

ကျောက်စိမ်းဓား သူတော်စင် အပါအဝင် လူတိုင်း လှည့်ကြည့်သည်။ အဆုံးတွင် နေနတ် ရူရ်သည် လင်းယွန် ခန္ဓာကိုယ်ထဲသို့ ပြေးဝင် သွားတော့၏။

သွေးများ ပွက်ပွက်ဆူ လာသည်ကို လင်းယွန် တစ်ယောက် ချက်ချင်း ခံစားလိုက် ရသည်။ မတ်တတ် ထရပ်ပြီး ထိုစွမ်းအားကို ထုတ်ပစ်ရန် ပြင်မိ၏။

မဟုတ်သော် ပေါက်ကွဲ သွားနိုင်မည်။ ရွှေရည်များက ခန္ဓာကိုယ်အနှံ့ စီးဆင်း နေခဲ့ပြီး ဒဏ်ရာများကို လျင်မြန်စွာ ပြန်၍ ကောင်းမွန် လာစေခဲ့သည်။

ထိုအဆုံးမဲ့ စွမ်းအားကို နေလထီးထဲ သွန်းလောင်းလျက် ဘုန်းဝိညာဉ်များ အသက် သွင်းလိုက်သည်။

ဘုန်း နေဝိညာဉ်၊ ဘုန်း လဝိညာဉ်၊ ဘုန်းရွှေဝိညာဉ်နှင့် ဘုန်း သစ်သား ဝိညာဉ် စသည့် လေးပါးတို့ ဖြစ်သည်။

“ ခရစ် ... ။ ”

အာကာပြင် စတင် အက်ကွဲလာစဉ်၊ သူတော်စင် သခင် နှစ်ပါးထံ ဓားဖြင့် ခုတ်ပိုင်း ချလိုက်သည်။

ရလာဒ်ကို မကြည့်နိုင်သေးဘဲ ပိုင်ရှုရင်ထံ ချက်ချင်း ပြန်လှည့်ကြည့် မိ၏။ ပိုင်ရှုရင် ခမျာ မျက်နှာ ဖြူဖျော့လျက် လဲကျသွားသည်။

“ ဖျပ် ... ။ ”

ခြေတစ်လှမ်း လှမ်းကာ ရင်ခွင်ထဲ ပွေ့ယူလိုက်သည်။ ပိုင်ရှုရင်က ရင်ခွင်ထဲမှ ပြုံးရယ်လျက်၊

“ နင် ... လာမယ်ဆိုတာ ငါသိတယ်၊ ဒါက ကတိ ပဲလေ။ ”

-ဟု ပြောကြား လာတော့၏။

***

All Chapters