← Chapters

ဝှက်ဖဲ ... ။

Vol. 158 Ch. 2209

ဝှက်ဖဲ ... ။

Vol. 158 Ch. 2209

သူမ၏ အငွေ့အသက်များ ကျဆင်းလာ သည်နှင့် အမျှ လင်းယွန် သည်လည်း ငေးငိုင် သွားမိ၏။

ပိုင်ရှုရင် စောင့်နေသော လူသည် သူ ဖြစ်နေသည်။ လုံးဝ မျှော်လင့် မထားမိခဲ့ချေ။ ပိုင်ရှုရင်မှာ ပြုံးလျက် အိပ်ပျော်သွား၏။

“ စီနီယာ အစ်မ ... ။ ”

လင်းယွန်က သူမ ခန္ဓာကိုယ် ထဲသို့ နဂါးပြာစွမ်းအင်ကို ချက်ချင်း သွန်းလောင်းကာ အော်ခေါ် လိုက်သည်။

များမကြာခင် မျက်နှာပြင်၌ သွေးရောင် ပြန်လွှမ်းလာ သော်လည်း မနိုးထ နိုင်သေးချေ။ ခရမ်ငယ် ပြေးထွက်လာပြီး၊

“ ဖယ် ... ငါကြည့်ပေးမယ်။ ”

-ဟု ဆိုကာ လင်းယွန်ကို တွန်းထုတ် လိုက်သည်။

ထိုအချိန်တွင် ရင်ပြင်ရှိ လူတိုင်း မယုံကြည်နိုင်စွာ တုန်လှုပ် နေ၏။ သူတော်စင် သခင်နှစ်ပါး ထက်ခြမ်းကွဲကာ၊ နှစ်ပါးသည် မထနိုင်တော့ချေ။ တစ်ဝက် သေသည်ဟု ယူဆနိုင်၏။

“ ဒါက ပန်းသင်္ချိုင်းလား ။ ”

လီတာ့ယန်က လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။ ကြယ်ဓားသည် သူတော်စင် သခင် ရောင်ဝါကို မဖြတ်နိုင်ချေ။

မိုးပြာနဂါး နေလထီး ကြောင့်သာလျှင် ဤအရာအားလုံး ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှုရင်၏ ထောက်ပံ့မှုမှာ အရေးကြီးဆုံး ဖြစ်၏။

မဟုတ်သော် လင်းယွန် သေပြီး ဖြစ်ပေလိမ့်မည်။ သို့တိုင် သူတော်စင် သခင် လေးပါးကို သူပင် ရင်ဆိုင်ရဲသည့် သတ္တိမျိုး ရှိမည်ဟု မထင်ချေ။

ထို့ကြောင့် ပထမ ကောင်းကင်လမ်း၏ ချန်ပီယံ ကူရှယန်မှ ပန်းသင်္ချိုင်းကို လေးစားခဲ့ သည်မှာ သဘာဝ ပေပင်။

လူတိုင်း ထိတ်လန့် နေရာမှ ပျော်ရွှင် လာကြသည်။ ယဲ့-မိသားစုနှင့် ဝမ်-မိသားစုမှာ စိတ်ဓာတ်ကျ သွား၏။

“ ဒါ ... ။ ”

ကျောက်ဆောင် သူတော်စင် ဘုရင် ခမျာ ပါးစပ် အဟောင်းသား ဖြစ်သွား၏။ ယင်ကောင် တစ်ကောင်ပင် ယင်ချေး ဝင်ဥ၍ ရပေမည်။

“ အခြေအနေက ထိန်းချုပ်နိုင်မှုကို ကျော်လွန်သွားပြီ။ ”

ကျောက်စိမ်းဓား သူတော်စင်ကို တိုက်ခိုက်နေသော အသူရာ ကြယ်ဘုရင်မှ ထိုမြင်ကွင်းကြောင့် သက်ပြင်းချ လိုက်၏။

အနီဝတ် လူငယ်၏ အကြံအစည်သည် အလွန် သင့်လျော်၏။ ဆုံမှတ်ရှိ သူတော်စင်များ ဒဏ်ရာရသွားကာ ဧကရာဇ်ဓား၏ စွမ်းအား သည်လည်း ကျဆင်းနေပြီ ဖြစ်သည်။

မဟာ သူတော်စင်များ သည်ပင် ထိုဓားအစီရင်ကို ထောက်ပံ့ ပေးနေရ သဖြင့် သူတို့ကို အခက်တွေ့စေသော သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ ရွှေရောင် အဆင်းမှာ မှိန်ဖျော့သွားပြီ ဖြစ်သည်။ ယခုမူ။

“ သက်တံဓားရဲ့ တပည့်တွေက တကယ့်ကို ဒုက္ခပေးနိုင် လွန်းပါတယ်။ ”

အခြေအနေ ပြောင်းလဲ သွားသော်လည်း အနီဝတ် လူငယ်က အသူရာ ကြယ်ဘုရင်ထက် ပို၍ တည်ငြိမ်နေခဲ့သည်။

“ နေနတ်ရူရ်ကို ထုတ်ယူရတာ မလွယ်ဘူး၊ ဒါကြောင့် အဲဒီ ကောင်မလေးရဲ့ အခြေ အနေက ဆိုးရွားနေပြီ။ ”

အနီဝတ် လူငယ်က ကျောက်စိမ်းဓား သူတော်စင်ကို ကြည့်ကာ ပြောကြားလိုက်၏။ သူမနှင့် ထိုကလေးမလေးတွင် နက်ရှိုင်းသော ဆက်ဆံရေး ရှိ-မရှိကို စုံစမ်းနေခြင်း ပေပင်။

“ မင်း ... သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး၊ အဲဒီအစား မင်းကိုယ်မင်း စိတ်ပူပါ။ ”

သူမ စကားဆုံးသည်နှင့် ဓားလွှဲကာ အာကာပြင်ကို အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ပြင်းထန်သော စုပ်ဝဲကြီးက အနီဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင်ကို အပိုင်းအစ အထဲ ဆွဲငင် ဝါးမျိုရန် ကြိုးစားလာ၏။

နှစ်ဦးသား ဓားရောင်ခြည် စုပ်ဝဲ အတွင်းမှ ချက်ချင်း ရုန်းထွက်လိုက်သည်။

“ လူမိုက်တွေ ... ။ ”

ကျောက်စိမ်းဓား သူတော်စင် ဝိညာဉ်က ဓားအလင်းဖြင့် သူတို့ထံ ပစ်ခတ် လိုက်သည်။ လခြမ်းအသွင် ဓားအလင်းက ပြေးလမ်းကို ကန့်လန့်ဖြတ် ဝင်လာ၏။

လေဟာနယ် အပိုင်းအစများက ခွေးသွားစိတ်များ သဖွယ် သူတို့ကို ကြိတ်ချေရန် ကြိုးစားနေ သဖြင့် ရှောင်တိမ်းရန် နေရာ မရှိတော့ချေ။

“ အား ... ။ ”

အဆုံးတွင် နှစ်ယောက်သား ဓာအလင်း ထိမှန်ကာ အော်ဟစ် ညည်းတွားလျက် လွင့်စဉ် ကုန်တော့သည်။

“ ဝှစ် ... ။ ”

သို့သော် မြေပြင်ကို ခြေချမိ သည်နှင့် ခန္ဓာကိုယ်ကို စက်ဝိုင်းပုံ ဝှေ့ယမ်းပြီး အဟုန်များ ချေဖြတ်ကာ၊ ကျောက်စိမ်းဓား သူတော်စင် နောက်သို့ တည်နေရာ ရွေ့ပြောင်းလိုက်၏။

“ ဖြတ် ပစ် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ယင်းကို မျှော်လင့်ထားပြီး လှည့်မကြည့်တော့ဘဲ ဓားဖြင့် ခုတ်ပိုင်း ပစ်သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် သူမ သည်လည်း ခန္ဓာကိုယ်ကို စက်ဝိုင်းပုံ ရွေ့လျားပြီး အနီဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင်၏ လက်မှ ရုန်းထွက်တော့၏။

ဓားရောင်ခြည်မှာ မြန်လွန်းချေပြီ။ ယင်းကြောင့် ဗျူဟာခင်းကာ တိုက်ခိုက်သော အနီဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင်ခမျာ ဒဏ်ရာများ ရရှိသွားပြန်တော့သည်။

“ ဧကရာဇ်ဓား အစီရင်ကို ငါ မုန်းလာပြီ။ ”

အသူရာ ကြယ်ဘုရင်မှ ဒေါသ တကြီး ညည်းတွား၏။ အစမှ အဆုံးတိုင် သူတို့နှစ်ဦး အရိုက်ခံ နေရသည်။

အဝေးသို့ လွတ်မြောက်သွားသော ကျောက်စိမ်းဓား သူတော်စင်ထံ လှမ်းကြည့်ကာ အနီဝတ် လူငယ်က ပြုံးသည်။

အသူရာ ကြယ်ဘုရင် ကဲ့သို့ပင် သူသည်လည်း နာကျည်းလှချေ။ သို့သော် ခေါင်းညိတ်ကာ၊

“ ငါတို့မှာ ဝှက်ဖဲ ရှိပါသေးတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ မူယန် ... ။ ”

ကျောက်တျန်းယီက အနီဝတ် လူငယ်၏ အချက်ပြမှုကို ရရှိပြီးနောက် ဝမ်မူန်ထံ လှမ်း ကြည့်လိုက်သည်။

“ ဟိတ် ... ။ ”

ဝမ်မူယန် တစ်ယောက် မျက်ဝန်း၌ ရှုပ်ထွေးသော ခံစားချက်များ ရှိနေသော်လည်း ပျံတက် သွား၏။

ထို့နောက် ခံစားချက်များ အားလုံးကို လျစ်လျူရှုလိုက်ပြီး နတ်ဘုရား တစ်ပါးကဲ့သို့ တံဆိပ်ကို ဖြည်ချနေလေသည်။

သူမ၏ မျက်ဆန် နက်နက် အတွင်း ရွှေကြာပန်းများ ပွင့်လာကာ စိတ်ခံစားချက် ပျောက်ဆုံးကုန်၏။

“ ဝှစ် ... ။ ”

လက်ဝှေ့ယမ်း လိုက်သော အခါတွင် ငရဲသစ်ခွ ခြံဝင်းအတွင်းရှိ ကောင်းကင် စက်ဝန်း ဘုံကျောင်းကြီး မြင့်တက်လာတော့သည်။

“ ဝူး ... ။ ”

ကောင်းကင်နှင့် မြေကြီး တုန်ခါလျက် အချိန်နှင့် အာကာသ၏ ဖိနှိပ်မှုများ အောက်တွင် ဧကရာဇ်ဓား အစီရင်ရောင်ဝါမှာ ပြန်လည် ဆုတ်ခွာသွားလေသည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

“ ဒါက ကောင်းကင် စက်ဝန်း ဘုံကျောင်းကြီး မဟုတ်လား၊ တစ်ယောက် ယောက်က သူ့ကို ထိန်းချုပ်နိုင်တာလား။ ”

ကောင်းကင် စက်ဝန်း ဘုံကျောင်း၏ စွမ်းအားကို ခံစားဖူးသော ပိုင်မိသားစု ခမျာ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာပြီး အသံ မထွက်ဝံ့တော့ချေ။

မျက်နှာ ဖြူဖျော့လျက် ခန္ဓာကိုယ် အနှံ့ ကြောက်ရွံ့မှုများ ပျံ့နှံ့လာပြီး ဦးရေပြားများ ထုံကျင်ကုန်သည်။

သူတော်စင် ဘုရင် တစ်ပါး ဖြစ်သော်မှ ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ထပ်မံ မြင်လိုက်ရသော အခါတွင် ပိုင်ဘိုးဘေးမှာ စိတ်ပျက် အားငယ်သွား၏။

ငရဲသစ်ခွခြံဝင်း၏ အစီရင်သည် မူလက ကောင်းမွန်ခဲ့သော်လည်း ၎င်းကြောင့် ပျက်စီး သွားခဲ့သည်။

“ လောလောဆယ်တော့ ... သူ အဆင်ပြေပါတယ်၊ သူ့မှာ ထူးခြားတဲ့ နတ်ခန္ဓာ ရှိတယ်၊ ဒါက ရှေးဦးခေတ်မှာတောင် ရှားပါးတဲ့ အမျိုးအစားပဲ။ ”

ခရမ်းငယ်က သွေးကြောစမ်း နေရာမှ မျက်လုံးများ ပြန်ဖွင့်ကာ ပြောကြား လာသည်။ လင်းယွန်မှ ခေါင်းညိမ့်ပြီး၊

“ ဒါကြောင့် ... သူမ ခန္ဓာကိုယ်ထဲကို နေနတ်ရူရ် ထည့်ထားတာလား သူ့ကိုနိုးထစေဖို့ နည်းလမ်း ရှိလား။ ”

-ဟု ပြန်လည် မေးမြန်းလိုက်၏။

“ နည်းလမ်း တစ်ခုတော့ ရှိတယ် ... ဒါပေမယ့် အခုက အဲဒါကို ပြောရမယ့် အချိန် မဟုတ်သေးဘူး။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန်က လက်ရှိ အခြေအနေကို ပြန်၍ သတိရသွားပြီး ဝမ်မူယန်ထံ မော့ကြည့်၏။

ကောင်းကင် တာအို ဂိုဏ်း၏ အုတ်မြစ် ရတနာဖြင့် ဂိုဏ်းအစီရင်ကို တိုက်ခြင်း ဟူသည် ကမောက်ကမ နိုင်လွန်းချေပြီ။

“ ဧကရီ ... ဘယ်ဟာက ပိုအားကောင်းနိုင်မလဲ၊ အုပ်စိုးရှင် သူတော်စင် ရတနာနဲ့ ... အချိန်-အာကာသ ရတနာ။ ”

“ သူတို့က စွမ်းရည်တူ မဟုတ်ဘူး ... ဒါပေမယ့် အချို့သော အုပ်စိုးရှင် ရတနာ တွေက အချိန်-အာကာသ စွမ်းအင်ပါတယ်၊ ဒါကြောင့် ငါအဖြေ မပေးနိုင်ဘူး။ ”

“ ဒါဆို ငါ တိတိကျကျ မေးမယ်၊ မိုးပြာနဂါး နေ-လထီးနဲ့ ကောင်းကင် စက်ဝန်း ဘုံကျောင်း ဘယ်သူက ပိုသန်မာ နိုင်လဲ။ ”

အချိန် အတော်ကြာသည် အထိ ခရမ်းငယ်ထံမှ ပြန်ဖြေသံ မကြားသောကြောင့် ကောင်းကင် ဘုံကျောင်းထံ မော့ကြည့်နေသည့် လင်းယွန်က ပြန်လှည့် ကြည့်လိုက်မိသည်။

ခရမ်းငယ် မျက်ဝန်းများက အေးစက်စွာ သူ့ထံ စိုက်ကြည့်နေ၏။ ထို့ကြောင့် လင်းယွန်က ပြုံးပြ လိုက်ရသည်။

“ ငါ နားလည်ပြီ ... ။ ”

“ ဒီစုန်းမက ... ကောင်းကင် တာအိုဂိုဏ်းကို ဖျက်ဆီးတော့မယ် ။ ”

ယဇ်ပလ္လင်ပေါ်ရှိ မူလနဂါး မဟာ သူတော်စင်က ဒေါသတကြီး အော်ဟစ် ကျိန်ဆဲ တော့သည်။

“ ငါ ... စဉ်းစားပါရစေ။ ”

လက်သီး တစ်ထောင် သူတော်စင်က ချက်ချင်း တွေးတော လိုက်၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ သူမ၏ လျှို့ဝှက် ရတနာကို အသက်သွင်းကာ သူတို့၏ ဒဏ်ရာများ ကုသနိုင်ရန် ကူညီပေးထားသည်။

ထိုရတနာကို မိုးပြာ ကျောက်စိမ်း သန့်စင်ခြင်းပန်းအိုး -ဟု ခေါ်ပြီး သူတော်စင် ဝိညာဉ်အပေါ် အာဟာရ ဖြစ်စေ၏။

နက္ခတ်ကို သန့်စင်ပေးကာ ပြတ်တောက် နေသော ခြေလက်အင်္ဂါများ ကိုလည်း ပြန်လည် ပေါက်စေနိုင်သည်။

ယင်းကြောင့် သူတို့ လေးပါးလုံးမှာ အကြမ်းဖျင်းအားဖြင့် ခွန်အား ထက်ဝက်ခန့် ပြန်လည် ရရှိနေပြီ ဖြစ်၏။

အနီဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင် လက်ပမ်းကျမည့် အချိန်ကို အငိုက်ဖမ်းတိုက်ရန် စောင့်မျှော်နေခြင်း ပေပင်။

သို့သော် ကောင်းကင် စက်ဝန်း ဘုံကျောင်းသည် သူတို့၏ အကြံအစည်ကို ပျက်စီး သွားစေပြီ။

“ ကောင်းကင် စက်ဝန်း ဘုံကျောင်း ... ။ ”

ယဲ့ကူဟန်မှ သက်ပြင်းချ လိုက်သည်။ ၎င်းသည် ဧကရာဇ်ဓား အစီရင် အတွင်းသို့ သူ၏ စွမ်းအင်များကို စိမ့်ဝင်နိုင်စေ၏။

အချိန်နှင့် အာကာသ ဟူသည် ထာဝရ တာအို ဖြစ်သည်။ လက်သီး တစ်ထောင် မဟာ သူတော်စင် သည်သာ အထွတ်အထိပ်၌ ရှိနေက ၎င်း၏ တန်ခိုးကို တားဆီးနိုင်ပေ၏။ ယခုမူ။

“ ငါ့ကို သွားခွင့်ပြုပါ ... ။ ”

မူလနဂါး မဟာ သူတော်စင်မှ ပြောသည်။

“ နင် ဒဏ်ရာ ထပ်ရရင် ... မိုးပြာ ကျောက်စိမ်း သန့်စင်ခြင်း ပန်းအိုးက ထိရောက် တော့မှာ မဟုတ်ဘူး။ ”

မူလနဂါး မဟာ သူတော်စင်သည် အားကောင်း မောင်းသန် ကိုယ်လုံး ကိုယ်ပေါက် ရှိပြီး ဘုံကျောင်းကို ပိတ်ဆို့ရန် အကောင်းဆုံး ဖြစ်သည်။

သို့သော် သူ့သွေးသည် ရာနှင့်ချီသော သူတော်စင်သခင်များ ထောက်ပံပေး သကဲ့သို့ ဧကရာဇ်ဓား အစီရင်အပေါ် အကျိုး သက်ရောက်မှု ရှိချေပြီ။

သူ တစ်ယောက် တည်းနှင့် အစီရင် တစ်ခုလုံးကို ပံ့ပိုးပေးနိုင်၏။ ထွက်သွားသော် ဧကရာဇ်ဓား အစီရင်၏ စွမ်းအားများ လျော့ကျသွား ပေလိမ့်မည်။

လူတိုင်း အကျပ်ရိုက် ကုန်ပြီး လေဟာနယ်ကို ခွဲလျက် ပျံသန်းလာ နေသော ဘုံကျောင်းထံ ကြည့်နေမိကြသည်။

“ ဝှီး ... ။ ”

စွမ်းအားများ ကန့်သတ်ချက် အထိ ရောက်ရှိသောအခါ ဘုံကျောင်းက ကောင်းကင် ပေါ်မှ အရှိန်ဖြင့် ပြုတ်ကျ လာတော့၏။

မူလနဂါး မဟာသူတော်စင်၊ လက်သီး တစ်ထောင် မဟာသူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် ယဲ့ကူဟန်မှာ ဖြေရှင်းရန် နည်းလမ်း ရှာမတွေ့သေးချေ။

ထို့ကြောင့် ပြုတ်ကျ လာသော ဘုံကျောင်းထံ စိတ်ပျက် လက်ပျက်ဖြင့် ကြည့် နေမိတော့သည်။

***

All Chapters