ခေတ်တွေ ပြောင်းကုန်ပြီ။
Vol. 158 Ch. 2210
“ ခရစ် ... ။ ”
“ ဝေါ့ ... ။ ”
ကောင်းကင် စက်ဝန်း ဘုံကျောင်းသည် ဧကရာဇ်ဓား အစီရင်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။
စိမ့်ဝင်လာသော ဖိအားကြောင့် လူများစွာအတွက် ထိုးနှက်ချက်များ ဖြစ်လာပြီး သွေးအန်ကုန်၏။
“ မကောင်းတော့ဘူး။ ”
မဟာ သူတော်စင်များက မျက်နှာများ ပြောင်းသွားသော်လည်း ဖြေရှင်းစရာ နည်းလမ်း မတွေ့သေးချေ။
“ မိုးပြာနဂါး ငါ့ကို ကူညီပါ ... ။ ”
ဤအခိုက်တွင် အော်ငေါက်သံ တစ်သံ ပဲ့တင်ထပ်လာ၏။ အသံလှိုင်းသည် လူတိုင်း၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွား စေသည်။
ကောင်းကင်၌ လျှပ်စီးများ လက်လာကာ၊ ဧကရာဇ်ဓား အခင်းအကျင်း၏ ထိပ်၌ နဂါးကြီး တစ်ကောင် ပေါ်လာသည်။ ဤသည်မှာ ထီး၏ နဂါးဝိညာဉ် ဖြစ်သည်။
လျှပ်စီးများ လက်လျက် နေလထီးကို ဖွင့်သောအခါ ဘုန်းဝိညာဉ် ငါးပါး အသက်ဝင် လာ၏။
“ ဝုန်း ... ။ ”
ကြီးမားသော ပေါက်ကွဲမှု တစ်ခုနှင့်အတူ ကောင်းကင် ဘုံကျောင်းမှာ ရပ်တန့်သွားတော့ သည်။
အချိန်-အာကာသ ရတနာ တစ်ခု၏ စွမ်းအားကို ခံနိုင်ရည် ရှိစေရန် နေ-လထီးထံသို့ သွေးသား စွမ်းအင်များ ဆက်လက် ထောက်ပံ့ ပေးလိုက်သည်။ ဤအရာက လင်းယွန်အပေါ် လူတိုင်း၏ ခံစားချက်များ ပြောင်းကုန်၏။
“ ယဲ့ချင်းရှန် ... ။ ”
ဝမ်မူယန်က အော်ဟစ် လိုက်သည်။ ဤလူငယ်သည် လင်းယွန် ဖြစ်သော်လည်း ယဲ့ချင်းရှန် အဖြစ်သာ ခေါ်လို၏။
အဘယ့်ကြောင့် ဆိုသော ယဲ့ချင်းရှန် ဟူသည် တစ်ချိန်က သူမထံသို့ နည်းမျိုးစုံသုံးပြီး ချည်းကပ်လိုသူ ဖြစ်လေသည်။
လင်းယွန်က ဝမ်မူယန်ထံ မော့ကြည့် လိုက်သည်။ နှစ်ယောက်သား အကြည့်ချင်းဆုံ သွားတော့သည်။
( ယဲ့ချင်းရှန် ... နင် မထိန်းနိုင်ဘူး၊ ဘေးဖယ်နေပါ။ )
ဝမ်မူယန် အသံက လင်းယွန် နားစည်သို့ တိုးညှင်းစွာ ဝင်လာသည်။ အချိန်-အာကာသ ရတနာတစ်ခု အနေဖြင့် ဘုံကျောင်းမှာ နေလ ထီးထက် အားကောင်းချေ၏။
“ ခရစ် ... ။ ”
ထီး၏ ဘုန်းဝိညာဉ် ငါးပါးကို အသက်သွင်း ပြီးနောက်တွင်ပင် ၎င်းအပေါ် ခံနိုင်ရည် မရှိနိုင် ဖြစ်လာသည်။
( မစမ်းကြည့်ဘဲ ငါဘယ်လိုလုပ် သိမှာလဲ။ )
လင်းယွန်မှ အသံကို ပြန်လည် ပေးပို့ လိုက်သည်။ မည်သည့် ရတနာမှ ပို၍ သန်မာ သည်ကို သူ စိတ်မဝင်စားချေ။ လုပ်စရာ ရှိသည်ကို လုပ်ခြင်း သည်သာ သူ့ပုံစံ ဖြစ်၏။
“ အိုး ... မိုးပြာနဂါး ငါ့ကို ကူညီပါ ... ။ ”
ကောင်းကင်ကြီး ကွဲကာ နဂါးဦးခေါင်း ပြူထွက်လာ သောကြောင့် ဝမ်မူယန် နှုတ်ခမ်းမှ သွေးများစီးကျလျက် မျက်နှာ ဖြူဖျော့လာ၏။
ချက်ချင်းပင် ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ဖိချတော့မည့် အချိန်၌ သွေးများ ဖုံးလွှမ်းနေသည့် လင်းယွန်ထံ ပြန်ကြည့် လိုက်မိ၏။
မိုးပြာ နဂါး နေလထီးသည် ရှေးဦးခေတ် အုပ်စိုးရှင် ရတနာ ဖြစ်သော်လည်း အနည်းငယ် ပျက်စီးမှုများ ရှိနေသည်။
ယခု လင်းယွန်မှ အတင်းအကြပ် ခုခံလိုသောအခါတွင် ထီးက မခံနိုင်တော့ချေ။ အချိန်-အာကာသ ဟူသည် ထာဝရ တည်၏။
၎င်းတို့၏ စွမ်းအားမှာ အတုမဲ့ ဖြစ်ချေပြီ။ ထို့ကြောင့် သေလမ်းကို ရွေးနေသော လင်းယွန် အပေါ် သူမ ဒေါသထွက်သွားသည်။
၎င်းနှင့် ကောင်းကင် တာအိုဂိုဏ်းမှာ သက်ဆိုင်ခြင်း မရှိချေ။ ပိုင်ရှုရင်ကို ခေါ်ပြီး ထွက်သွား သင့်၏။
သေခြင်းတရား အပေါ် အမှန်ပင် တောင်းဆိုနေသည်။ အဓိပ္ပါယ်မဲ့သော ရူးသွပ်မှု ဖြစ်ချေ၏။
ထိုအတွေးက သူမကို ဒေါသထွက် မျက်ရည်ဝဲ လာစေသည်။ သေချင် သည်လော။ ကောင်းပြီ။ သေအောင် သတ်ပေး ပေမည်။
ဂရုဏာ ဒေါသနှင့် အတူ၊ ခန္ဓာကိုယ် အတွင်းမှ ဆန်းကြယ်သော စွမ်းအား တံဆိပ်ကို နောက်တစ်ကြိမ် ဖြည်ချလိုက်၏။
“ နောက်ဆုံးတော့ နတ်သမီးတော်က လေးနက်သွားပြီ ... ဒါက မလွယ်ဘူး။ ”
အနီဝတ် လူငယ်က ဝမ်မူယန်ကို လှည့်ကြည့်၏။ သူမသည် ဂိုဏ်း၌ မြင့်မားသော ရာထူးတစ်ခု ရှိသည်။
ထို့ကြောင့် ဂိုဏ်းချုပ် ဖြစ်နေ လျှင်ပင် ဤမိန်းကလေး မကြိုက်သည့် အရာကို လုပ်ရန် မတောင်းဆို ဝံ့ချေ။ ယခုမူ တိုက်ပွဲများ ပြီးဆုံးသွားပြီ ဖြစ်၏။
“ ဖျောင်း ... ။ ”
ဘုံကျောင်းက ပို၍ နိမ့်ဆင်းပြီး နေလထီးကို ချိုးပစ်လိုက်တော့သည်။ ဤတစ်ကြိမ် စွမ်းအင် ပျံကားမှု လှိုင်းမှာ ပို၍ ကြီးမားလေသည်။
အကြွင်းအကျန် လှုပ်ခတ်မှု လှိုင်းများက ဧကရာဇ်ဓား အစီရင်ကို အပေါက်များ ဖြစ်ပေါ် လာစေ၏။
သို့သော် ဘုံကေျာင်းမှာ ဆက်၍ ဆင်းသက်လာခြင်း မရှိဘဲ လေထဲ၌ ခဏတာ ရပ်တန့်သွားသည်။
“ လူမိုက် ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော အသွင်အပြင်မျိုးဖြင့် ဘုံကေျာင်း အောက်၌ ပြိုလဲသွားသော လင်းယွန်ကြောင့် ယဲ့ကူဟန် မျက်နှာ ပြောင်းသွားသည်။
“ ဝုန်း ... ။ ”
“ ဝေါ့ ... ။ ”
အဆုံးတွင် နေလထီး ပေါက်ကွဲသွားပြီး ဘုန်းဝိညာဉ်တော်များ မှိန်ဖျော့ သွားတော့၏။ လင်းယွန်ခမျာ သွေးတစ်လုတ် အန်လျက် ပျော့ခွေသွားသည်။
“ ဝူး ... ။ ”
ဤတစ်ကြိမ်တွင် နေလထီး၏ နဂါး ဝိညာဉ်သည်ပင် ဝမ်းနည်းဖွယ် အော်မြည်လာ တော့၏။
ဤမြင်ကွင်းကြောင့် ဘုံကျောင်းကို လေထဲ ရပ်တန့်ထားသော ဝမ်မူယန်၏ နှလုံးသားများ တင်းကြပ်လာသည်။
နေလထီး မရှိသော် ဘုံကေျာင်း ပြုတ်ကျ ခြင်းဖြင့် သူတော်စင် ဘုရင် တစ်ပါး သည်ပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိမည် ဖြစ်သည်။
“ ဝူး ... ။ ”
အဆုံးတွင် မျက်ဝန်းများ မှိတ်ကာ ဘုံကျောင်းကို ဆက်၍ ဖိချ ပစ်လိုက်တော့၏။
“ ဝှစ် ... ။ ”
ခရမ်းငယ်က ချက်ချင်း ပြေးထွက်လာပြီး လင်းယွန်ကို ဆွဲထုတ် လိုက်ရသည်။
“ ငါ မတားနိုင် တော့ဘူး ... သူက အရမ်း ရက်စက်တယ်။ ”
လင်းယွန် ပါးစပ်မှ သွေးများ စီးကျလျက် အပျက်အစီး နယ်မြေအဖြစ် ပြောင်းလဲနေသည့် မြင်ကွင်းမျိုး မြင်ယောင်လာကာ ခရမ်းငယ်ကို ပြောကြား လိုက်မိ၏။
“ နင့်ကိုယ်နင် ဂရုစိုက်ပါ ... သူသာ သက်ညှာမှု မရှိရင် ... နင်အမှုန့် ဖြစ်နေပြီ။ ”
ခရမ်းငယ်မှ နာကျင် ခံစားရဟန်ဖြင့် လင်းယွန်၏ ဒဏ်ရာများကို စစ်ဆေးနေခဲ့သည်၊။ ဝမ်မူယန် ခန္ဓာကိုယ်ထဲရှိ စွမ်းအား အကြောင်း သူမထက် မည်သူမျှ ပို၍ မသိနိုင်ချေ။
ထိုစွမ်းအားသည် ဤခေတ်ကို ပျက်သုဉ်းသွားစေ နိုင်၏။ ဘုံကျောင်းသည် လျင်မြန်စွာ ကျဆင်းနေဆဲ ဖြစ်သည်။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
ဤတစ်ကြိမ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး လူတိုင်းကို ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားစေခဲ့၏။
အနီဝတ်လူငယ်နှင့် အသူရာ ကြယ်ဘုရင် တို့ကို ဟန့်တားထားသော ကျောက်စိမ်းဓား သူတော်စင်၏ သူတော်စင် ဝိညာဉ်မှာ ချက်ချင်း မှိန်ဖျော့လျက် သွေးအန်လာသည်။
“ ဝေါ့ ... ။ ”
အဆုံးတွင် ကျောက်စိမ်းဓား သူတော်စင် ခန္ဓာကိုယ်သို့ ပြန်လာပြီး သူမ၏ နှုတ်ခမ်းများမှ သွေးများ စီးကျကုန်၏။
“ ဟား ဟား ဟား ... အားလုံးပဲ နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲကြရအောင်။ ”
အနီ၀တ် လူငယ်မှ ရယ်မောလျက် အမိန့်ပေး လိုက်တော့သည်။
“ လမင်း အကြွေ ကောက်တဲ့ လက်။ ”
“ ဖပ် ... ။ ”
“ ဝုန်း ... ။ ”
ဟောက်သံနှင့်အတူ ကြက်သွေးရောင် လမင်းက သူ့လက်ဖဝါးပေါ်၌ တဖန် ပြန်ပေါ် လာပြီး ရွှေရောင် အတားအဆီးကို ဖြိုချပစ် လိုက်သည်။
မဟာ သူတော်စင် ငါးပါးက ဝင်လာသော လှိုင်းလုံးများ ခံယူပြီး သူတို့ နောက်ကျောထံသို့ တပည့်တိုင်းကို ဆွဲယူလိုက်ရ၏။
“ ဝှစ် ... ။ ”
ဘုံကျောင်းက ဆက်၍ ကျမလာတော့ဘဲ လေထဲ ရပ်တန့်သွားသည်။ အနီဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင် ဦးဆောင်ပြီး ရင်ပြင်ပေါ် ခြေချလာခဲ့၏။
“ ..... ။ ”
ဝမ်မိသားစုနှင့် ယဲ့မိသားစုက နောက်မှ လိုက်ဝင်လာသည်။ အနီဝတ်လူငယ်က ပြုံးနေ ခဲ့၏။
“ ငါတို့ ဆက်သွားဦးမှာလား ... ။ ”
သူ့မေးခွန်းကြောင့် မဟာ သူတော်စင် ငါးပါးမှာ မျက်မှောင်ကြုတ် လိုက်မိတော့သည်။ သူတို့ ခွန်အားမှာ တစ်ဝက်မျှသာ ပြန်လည် ရရှိ နေသေး၏။ ခုခံနိုင်ရန် နည်းလမ်း မရှိချေ။
“ ကောင်းပြီ ... ကောင်လေးကို ပေးပါ ... သွေးလဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ သူ့ကို မသတ်ဘဲ ပြီးတာနဲ့ ပြန်ပို့ပေးမယ်လို့ ... ငါကတိပေးတယ် ပြီးတော့ ...
... ကျန်းနဲ့ ပိုင်မိသားစုတွေ အားလုံး ... ဒီကနေ ထွက်သွားပါ၊ ငါရဲ့ သွေးလ ဂိုဏ်းလည်း ကောင်းကင် တာအိုဂိုဏ်း ကနေ ထွက်သွား ပေးမယ်။ ”
မျိုးနွယ်စု နှစ်စုနှင့် ဝမ်-မိသားစုသာ ထွက်ခွာသွားပါက ကောင်းကင် တာအိုဂိုဏ်း ကြီးသည် ယဲ့မိသားစု လက်ထဲ၌ ကျန်ရစ် ခဲ့ပေမည်။ ထို့ကြောင့် ယဲ့ဘိုးဘေးမှာ ရွှင်မြူးလာ၏။
“ အိပ်မက် မက်မနေနဲ့ ... မင်းက ကောင်းကင်တာအို ဂိုဏ်းကို ဒီလောက် ရှုပ်ပွ သွားအောင်လုပ်ပြီး ထွက်သွားချင်သလား။ ”
ဒေါသဖြင့် လက်သီး တစ်ထောင် မဟာ သူတော်စင်က အော်ဟစ် လိုက်တော့သည်။ အနီဝတ် လူငယ်မှ ဂရုမစိုက်ဘဲ ပြုံးပြီး၊
“ ငါ ညှိနှိုင်းနေတာ မဟုတ်ဘူး ... မင်းသဘော မတူရင် ... ဒီလူ အားလုံး သေရ လိမ့်မယ်၊ အထူးသဖြင့် သက်တံဓား သူတော်စင်ရဲ့ ...
... တပည့် နှစ်ယောက်က ဉာဏ်ကြီးရှင်တွေမို့ သေသွားရင် နှမျောစရာ ကောင်းလိမ့်မယ်၊ ...
... ကျောက်စိမ်းဓား သူတော်စင်လည်း သူရဲကောင်း တစ်ယောက်ပါ၊ သူသာ ဧကရာဇ် ဖြစ်သွားရင် ငါလာမှာ မဟုတ်ဘူး။ ”
“ ဝှစ် ... ။ ”
အနီဝတ် လူငယ်က ကြက်သွေးရောင် အလင်းတန်း သဖွယ် ပြောင်းလဲကာ ပြေးထွက် လာတော့သည်။
ဤမြင်ကွင်းကြောင့် မဟာ သူတော်စင် ငါးပါးခမျာ ချက်ချင်း မျက်လုံး ပြူးသွားသည်။ လက်သီး တစ်ထောင် မဟာ သူတော်စင်က ဦးစွာ လှုပ်ရှားလာ၏။
“ ဟမ့် ... ဧကရာဇ်ဓား အစီရင် မပါဘဲ မင်းတို့က ငါ့ကို ဘယ်လို တိုက်ခိုက်ကြမှာလဲ၊ ငါ့မှာ ဒေါသ မရှိဘူးလို့ ထင်နေတာလား။ ”
အနီဝတ်လူငယ်၏ အကြည့်များ အေးစက် သွားပြီး လက်ဖဝါး တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို ဦးစွာ ရိုက်ထုတ်ပစ် လိုက်၏။
သူမသည် ဤအဖွဲ့ အတွက် စွမ်းအင် အရင်းအမြစ် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများ၌ ကြက်သွေးရောင် လမင်း ထွက်ပေါ် လာတော့၏။
“ ဖပ် ... ။ ”
သည့်နောက် အနား ရောက်လာသော လက်သီး တစ်ထောင် မဟာ သူတော်စင်၏ ပခုံးပေါ် လက်ဖြင့် ပုတ်ချလိုက်သည်။
ပခုံးရိုး ကြေမွှသွားကာ မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်ကျသွား၏။ နာကျင်လွန်း သဖြင့် မျက်နှာ ပုံပျက်နေသည်။
“ မင်းက ... ငါနဲ့ အကြိမ်ရေ အနည်းငယ် ဖလှယ်နိုင်ပေမယ့် ... လက်ရှိ အခြေအနေမျိုးနဲ့ မဟုတ်ဘူး၊ အခု မင်းက ပုရွက်ဆိတ်ထက် မပိုတော့ပါဘူး၊ လက်သီးတစ်ထောင် မဟာ သူတော်စင် ... မင်း အသက်ကြီးနေပြီ၊ ...
... မင်းရဲ့ ခေတ်ကုန်သွားပြီ ... ငါနဲ့သာ မတွေ့ရင် ဒီတစ်သက် မင်းမှာ ဧကရာဇ်ဖြစ်ခွင့် ရှိလာတော့မှာ မဟုတ်ဘူး။ ”
အနီဝတ် လူငယ်က လက်သီး တစ်ထောင် မဟာသူတော်စင်၏ လည်ပင်းကို လက်ဖဝါးဖြင့် ခုတ်ထစ်လျက်မှ ပြောကြားလိုက်သည်။
“ ရပ် ... ။ ”
ယဲ့ကူဟန်က သူ့ဓားကို လှည့်၍ လမ်းကြောင်း အသီးသီးမှ ဓားရိပ်ပေါင်း များစွာ ပစ်လွှတ်တော့၏။
“ ရွှပ် ... ။ ”
ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ကွဲကြေလျက် တုန်ခါလာ လေသည်။
အနီဝတ် လူငယ်က လက်နှစ်ဖက်ကို နောက်ပို့ကာ၊
“ ခေတ်တွေ ... တကယ် ပြောင်းသွားခဲ့ တာပဲ၊ မင်းလို လူကသာ ကျွမ်းကျင်သူ အစစ်ပါ၊ အာကာသ တာအိုကို ဆုပ်ကိုင်ပြီး ကောင်းကင် ကျမ်းနဲ့ တော်ဝင် ဓားကျမ်းကို ...
... ပေါင်းစပ်နိုင်တယ်၊ ဒါပေမယ့် ... ကံကောင်းတာက အာကာသတာအိုကို ငါလည်း သိနေတယ်၊ မဟုတ်ရင် ငါ့ကိုယ်ပွားက မင်း လက်မှာ ကူကယ်ရာမဲ့ သွားလိမ့်မယ်။ ”
ပြောပြီးသည်နှင့် ညာလက် ဆန့်ထုတ် လိုက်သည်။ အသူရာ မြစ်ဓားမှာ ဖမ်းဆီးခြင်း ခံလိုက်ရ၏။
ယဲ့ကူဟန်မှ အေးစက်သော အသွင်ဖြင့် ဓားကို ဆွဲထုတ်သည်။ သို့သော် တစ်လက်မပင် မရွေ့နိုင်တော့ချေ။
“ အခု ... မင်းရဲ့ ... စွမ်းအင် ကျင့်ကြံမှု ပညာရပ်နှစ်မျိုးကို ထပ်ပြီး ပြနိုင်ဦးမလား ... ငါ သိချင်တယ်။ ”
***