အချိန်က ရေလို စီးဆင်းနေတယ်။
Vol. 158 Ch. 2211
အနီဝတ် လူငယ်က ကျောက်စိမ်းဓား သူတော်စင်ထံ သူ့လက်ဖဝါးကို တွန်းထုတ် ပစ်ပြီး၊
“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ဓားသူတော်စင် သုံးပါးက ရိုးရှင်းပုံ မပေါ်ဘူး ... မင်း ဧကရာဇ်မဟုတ်တာ ငါကံကောင်းတယ်၊ မဟုတ်ရင် ငါကြောက်မိမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ကျောက်စိမ်းဓား သူတော်စင်သည် ဆယ်နှစ်အတွင်း ဧကရာဇ်ဘုံသို့ တက်ရောက် လာနိုင်ပေမည်။
မူလနဂါး မဟာ သူတော်စင်မှ လှုပ်ရှားလိုသော အခါ အသူရာ ကြယ်ဘုရင်က လက်သီးဖြင့် ဝင်ရောက် ပိတ်ဆို့ လိုက်၏။
“ ခွပ် ... ။ ”
လက်သီး နှစ်လုံး ထိမိသွားချိန်၌ သားရဲနှစ်ကောင် တိုက်မိ သကဲ့သို့ ဖြစ်လာ၏။
“ မင်းက ကိုယ်လုံး ကိုယ်ပေါက်ကို ကျင့်ကြံပြီး သူတော်စင် တစ်ပါး ဖြစ်လာတာ မဟုတ်လား၊ ဒါဆို ... ဘာလို့ ငါနဲ့ မတိုက်ရတာလဲ။ ”
ဝိညာဉ် နတ်မိစ္ဆာ မိသားစုသည် အသက် စွမ်းအားကြောင့် ကျော်ကြား ခဲ့ရပြီး မွေးရာပါ မြင့်မြတ်သော သူတော်စင် ခန္ဓာကိုယ်များ ပိုင်ဆိုင်ကြသည်။
“ မင်းရဲ့ ... မြင့်မြတ်တဲ့ ခန္ဓာကိုယ်က နေရာတိုင်း ချို့ယွင်းချက်တွေနဲ့ ပြည့်နေတယ်။ ”
ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက လှောင်ပြောင်လိုက်၏။ ထိပ်တိုက် တွေ့ဆုံမှု အပြီးတွင် မူလနဂါး မဟာ သူတော်စင် လက်မောင်း ကျိုးသွားတော့သည်။
“ ကစားပွဲ ပြီးပြီ ... ။ ”
တစ်ဖက်တွင် အနီဝတ် လူငယ် မှလည်း အသူရာ မြစ်ဓားကို ပုတ်ထုတ်သဖြင့် ယဲ့ကူဟန် တစ်ယောက် လွင့်စဉ် ဒဏ်ရာရရှိ သွား၏။
ဧကရာဇ်ဓား အစီရင် အကာအကွယ် ဆုံးရှုံးပြီး နောက်တွင် အနီဝတ် လူငယ်သည် မည်မျှ အစွမ်းထက်ကြောင်း လူတိုင်း သိရှိ လာကုန်သည်။
ကိုယ်ပွား ဖြစ်လျှင်ပင် အသူရာ မြစ်ဓားကို ပုတ်ထုတ်ရုံဖြင့် ယဲ့ကုဟန် ဒဏ်ရာ ရရှိသွား၏။ ယုံနိုင်စရာ မရှိချေ။
“ ပန်းသင်္ချိုင်း ... ဒါက မင်းနာမည် မဟုတ်လား၊ မင်း ငါနဲ့အတူ လိုက်ခဲ့ပါ ကတိကို ငါ စောင့်ထိန်းမယ်၊ နေနတ်ရူရ်ကို ယူပြီးရင် မင်းကို ငါ့တပည့်အဖြစ် လိုချင်တယ်။ ”
အနီဝတ်လူငယ်က မဟာသူတော်စင် များကို ဖြေရှင်းပြီးနောက် ပြုံးပြီး လျှောက်လှမ်း လာသည်။ ရန်သူ ဖြစ်လျှင်ပင် ခွန်အားနှင့် အရည်အချင်း ရှိသူများကို လေးစားမှု အပြည့်ရှိချေ၏။
ထို့ကြောင့် သွေးလဂိုဏ်းမှ သူတော်စင် သခင် လေးပါးကို သတ်ပြီးသည့်တိုင် လင်းယွန် အပေါ် မျက်စိကျနေခဲ့၏။
“ ကျန်တဲ့ လူတွေိ ကိုရော ... ။ ”
အသူရာ ကြယ်ဘုရင်မှ မေးသည်။
“ သတ်လိုက် ... ။ ”
“ ကောင်းတယ် ... ။ ”
သို့သော် ရွှင်ပြုံးနေသော သူတို့ မျက်နှာမှာ ချက်ချင်း ရုပ်ဆိုးသွား၏။ မမြင်ရသော တံတိုင်း တစ်ခု သူတို့နှစ်ဦးရှေ့၌ ထွက်ပေါ်လာသည်။
ခြေတစ်လှမ်းပင် ထပ်တိုး မရတော့ချေ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ မျက်လုံးပြူးသွား၏။
“ ဧကရာဇ် နယ်ပယ် ။ ”
“ ငါက သက်ရှိတိုင်းကို ... မြင်နိုင်တဲ့ နေမင်းကြီးပဲ၊ ငှက်တေွကြားက ဖီးနစ်လို ကောင်းကင်ပေါ် ပျံမယ်။ ”
ကဗျာ ရွတ်သံကို ကြားချိန်၌ လင်းယွန်၏ မျက်ဝန်းများ တောက်ပလာခဲ့၏။ ဤသည်မှာ စီနီယာ တျန်ရှင်း၏ နားဝင်ဆိုးသော အသံ ဝါကြီး ဖြစ်သည်။
စာပေပညာရှင် တစ်ယောက်လို ၀တ်ဆင်ထားသည့် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး အလင်းတန်း ကဲ့သို့ လင်းယွန်အနား ဆင်းသက်လာသည်။
သူက အသူရာ ကြယ်ဘုရင်နှင့် အနီဝတ် လူငယ်ကို တင်းမာအေးစက်သော အမူအရာဖြင့် ကြည့်လိုက်၏။
“ ဂိုဏ်းချုပ် ... ။ ”
ကောင်းကင် တာအိုဂိုဏ်းမှ မဟာ သူတော်စင်များ အားလုံး ရှက်ရွံ့စွာ ခေါင်းငုံ့သွား ကြသည်။
ဤလူလတ်ပိုင်း အရွယ် အမျိုးသားသည် ယခင်ဂိုဏ်းချုပ် ဖြစ်ပြီး လက်ရှိ ဝိညာဉ်အဖြစ် တည်ရှိနေသူ ဖြစ်၏။
သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်း မြင်ရကာ နှလုံးနေရာ၌ အနီရောင် မီးလျှံလေး ရှိနေသည်။ အနီဝတ် လူငယ်က လှောင်ပြုံးဖြင့်၊
“ ဒါဆို ... ဓားဧကရာဇ်ပေါ့ ... ။ ”
-ဟု အသိအမှတ် ပြုလိုက်သည်။
“ ငါက သေပြီးသား ဝိညာဉ်ပါ ... ။ ”
ဓားဧကရာဇ် ဟူသော ဘွဲ့ဟောင်းဖြင့် သူ့အပေါ် လှောင်ပြောင်လာသော အနီဝတ် လူငယ်ကို ဖြည့်စွက် ပြောကြားလိုက်၏။
သို့မှာသာ အသူရာ ကြယ်ဘုရင် တစ်ယောက် သက်ပြင်းချနိုင်သည်။
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ယုချင်းဖန်က ကောင်းကင် တာအိုဂိုဏ်း ကနေ မထွက်နိုင်လို့ ... တောင်ပိုင်း ဧကရာဇ် ကိုယ်တိုင် လာကယ်ခဲ့ရတယ်၊ ...
... နှစ်သုံးထောင် ကြာပြီးတဲ့ နောက်မှာ ငါလည်း ကောင်းကင် တာအိုဂိုဏ်းကို ရောက်ပြီ၊ ဒါဆို ဘယ်သူ ပိုသန်မာတယ်လို့ မင်းထင်လဲ။ ငါလား ... သူလား ... ။ ”
အနီဝတ် လူငယ်မှ ဂုဏ်ယူဖွယ် အပြုံးဖြင့် မေးလိုက်သည်။ တျန်ရှင်းက သူ့မေးခွန်း အပေါ် စိတ်မဝင်စားချေ။ လျစ်လျူရှု ဟန်ဖြင့်၊
“ ယုချင်းဖန်က ငါ့ဆီကို ကိုယ်တိုင်လာ ဝံ့တယ် ... ဒါဆို ကိုယ်ပွားပဲ လာဝံ့တဲ့ ... မင်းက သူ့ကို ယှဉ်နိုင်မယ် ထင်လား ... ဘယ်သူ ပို သတ္တိရှိလဲဆိုတာ မေးနေစရာ မလိုပါဘူး။ ”
-ဟု ပြန်လည် ဖြေကြားလိုက်၏။
“ ဟား ဟား ဟား ... ။ ”
အနီဝတ် လူငယ်က ရယ်မောတော့သည်။
“ မင်းဟာ အကြွင်းအကျန် ဝိညာဉ် တစ်ခုပဲလေ ... မင်းအတွက် အကောင်းဆုံးက ဘာလဲ ဆိုတာ မသိသေးဘူး ထင်တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ...
... အရှုံးသမား လေးပါ၊ ယုချင်းဖန်ကို ရှုံးနိမ့်ပြီး ခွေးအို တစ်ကောင်လို ကောင်းကင် သန့်စင်ခြင်း တောင်ပေါ်မှာ နေထိုင်နေရတာ ဘယ်လို ခံစားရလဲ ... ကောင်းလား၊ ...
... အသက်ရှိစဉ် ကတောင် မင်းဘာမှ မလုပ်နိုင်ခဲ့ တာတောင် အခု ဘာလို့ ထွက်လာ တာလဲ ... ငါက မင်းကို ကြောက်နေမယ် ထင်နေတာလား၊ ဟမ့် ... ။ ”
“ ဖပ် ... ။ ”
“ ..... ။ ”
အနီဝတ် လူငယ်က လက်ဖဝါး တစ်ချက် ရိုက်ချပစ်၏။ သို့သော် တျန်ရှင်း ရင်ဘတ်ပေါ်ရှိ မီးလျှံ တောက်ပလာပြီး၊ မီတာ တစ်ရာ အကွာ လွင့်စဉ်သွားစေသည်။
တျန်ရှင်းက သူ့ကို ဂရုမစိုက်ဘဲ လင်းယွန်ထံ လှည့်ကြည့်ကာ၊
“ ကောင်လေး ... မင်းဓားကို ငါ ငှားရင် စိတ်ဆိုးမှာလား၊ ဒီဓားရဲ့ မူလကို ငါသတိထားမိ နေခဲ့တာ ကြာပြီ။ ”
-ဟု ပြုံးပြီး ပြောလာ၏။
“ စီနီယာ ... ယူပါ။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို ပစ်ပေး လိုက်သည်။
“ ဒါက ဓားကောင်း တစ်လက်ပဲ ... ၊ သူ့အစွမ်း ဘယ်လောက် ကျန်သေးလဲ ... ငါ သိချင်တယ်။ ”
ပန်းသင်္ချိုင်းကို ဖမ်းယူလျက် တျန်ရှင်း၏ မျက်လုံးများ တောက်ပ လာတော့သည်။
“ ခွေးအိုကြီး ... မင်းကို ငါလျှော့တွက် လိုက်မိပုံရတယ်။ ”
အနီဝတ် လူငယ်က သူ့ရင်ဘတ်ကို တင်းတင်း ဆုပ်ကိုင်ကာ လျှောက်လှမ်းလာ၏။ ပြီးနောက် အသူရာ ကြယ်ဘုရင်နှင့် အကြည့်ချင်း ဖလှယ်ကာ ပြေးဝင် တိုက်ခိုက်လိုက်သည်။
သို့သော် တျန်ရှင်းက ခြေတစ်လှမ်း လှမ်းပြီး သူတို့ရှေ့မှ ပျောက်ကွယ်သွား၏။
“ ငါတို့ နောက်မှာ ... ။ ”
ပြန်ပေါ်လာချိန်၌ ယဲ့-မိသားစုနှင့် ဝမ်မိသားစု ကြားတွင် ဖြစ်သည်။ ယဲ့မိသားစု သူတော်စင်များမှာ ဓားဧကရာဇ် ရောင်ဝါ များကြောင့် သွေးများ စီးကျလာ၏။
တျန်ရှင်း ပတ်ဝန်းကျင်၌ ယင်နှင့်ယန် နန်းတော်၏ ပုံရိပ်များ လှည့်ပတ်ပြီး ရင်ဘတ်ရှိ အနီရောင် မီးတောက်မှာ တဖြည်းဖြည်း ပို၍ လောင်ကျွမ်းလာနေသည်။
“ ရွှပ် ... ။ ”
“ ဖောက် ... ။ ”
တျန်ရှင်းက ပန်းသင်္ချိုင်းဖြင့် နီးစပ်ရာ သူတော်စင် သခင်၏ နဖူးထံ လှမ်းထိုးပစ်ကာ ဝိညာဉ်ကို ငြိမ်းသတ်လိုက်၏။
“ ဟား ဟား ဟား ... ဒါ ကျေနပ်စရာပဲ။ ”
ထို့နောက် ဓားရောင် တစ်ချက် ထပ်မံ လင်းလက်လာပြီး ဦးခေါင်း ပြုတ်ကျသွား၏။ တစ်ဆက်တည်းမှာပင် ကျန်ရှိနေသော ခန္ဓာ ကိုယ်ကို နှစ်ခြမ်း ခွဲပစ်လိုက်ပြန်သည်။
“ ရွှပ် ... ။ ”
အဆုံးတွင် တအိအိ ပြိုလဲနေသော အလောင်းကို ကျောခိုင်းလျက်မှ မကျေနပ်သေး ဟန်ဖြင့် ပြန်လှည့်ကြည့်ကာ လေးပိုင်း ထပ်မံ ဖြတ်တောက် ပစ်လိုက်၏။
( ဘာလဲ ... ။ )
ယင်းသည် သူတော်စင် သခင်၏ ခန္ဓာကိုယ်မျိုး မဟုတ်ဘဲ၊ ဂေါ်ဖီထုပ် တစ်ထုပ်ကို ခုတ်ပိုင်းနေ သကဲ့သို့ ခံစားလာရ စေ၏။
ထိုမြင်ကွင်းကြောင့် အနီဝတ် လူငယ်နှင့် အသူရာ ကြယ်ဘုရင်မှာ အံကြိတ်ပြီး စကား မပြောနိုင် တော့ချေ။
သူတို့ မျက်စိအောက်၌ပင် သူတော်စင် တစ်ပါး အပေါ် ဟင်းသီးဟင်းရွက်များ ကဲ့သို့ ချက်ချင်း လှီးဖြတ် သတ်ပစ်ခဲ့သည်။
ယင်-ယန် ဓားရောင်ဝါက လူတိုင်းကို ကန့်သတ်ထားခဲ့ပြီး ဖြစ်သောကြောင့် သူတို့ မလွတ်မြောက် နိုင်ကြချေ။
“ ဝုန်း ... ။ ”
အမည်ခံ သူတော်စင်များ ကိုမူ မထိုက်တန်သဖြင့် အဝေးသို့ တွန်းထုတ်ပစ်ပြီး သူတော်စင်များ အပေါ်သာ သတ်ပစ် နေခဲ့၏။
“ အား ... ။ ”
“ ဂိုဏ်းချုပ် ... ကယ်ပါဦး ... ။ ”
“ မသတ်ပါနဲ့ ... ကျွန်တော်တို့က ... ကောင်းကင် တာအို ဂိုဏ်းသား တွေပါ အမှားကို နားလည်ပါပြီ။ ”
ယဲ့မိသားစု သူတော်စင်များ ထံမှ သွေးပျက်နေသော အော်ဟစ်သံများ ထွက်ပေါ် လာတော့သည်။
“ ဂိုဏ်း ... ။ ”
ကျောက်ဆောင် သူတော်စင် ဘုရင်မှာ စကားမဆုံးခင် အသားစများ ကဲ့သို့ အပိုင်းပိုင်း ခုတ်ဖြတ်ခြင်း ခံလိုက်ရ၏။
“ ရပ်လိုက် ... ။ ”
အနီဝတ် လူငယ်မှ အသိစိတ် ပြန်ရပြီး အော်ဟစ်လိုက်သည်။ ဤသည်မှာ သူတော်စင် အဆင့် တန်ခိုးရှင်များ ဖြစ်၏။
မိနစ် အနည်းငယ် အကြာတွင် သူတို့ လိုက်လံတိုက်ခိုက်မှုများ ကြားမှပင် တျန်ရှင်းက သစ္စာဖောက် သူတော်စင် တိုင်းကို သတ်ပစ် လိုက်သည်။
မြေပြင်သည် သွေးများ စွန်းထင်းနေပြီး အနီဝတ်လူငယ်နှင့် အသူရာ ကြယ်ဘုရင်မှှ လွဲ၍ အခြားမည်သည့် သူတော်စင်မှ မတ်တပ်ရပ် ကျန်မနေ တော့ချေ။
“ ဘယ်သူက ... ဉာဏ်ကြီးရှင် မဟုတ်လို့လဲ ... ။ ”
ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ ယဲ့ကူဟန်မှ ကေျနပ်အားရစွာဖြင့် ညည်းတွား လိုက်သည်။
“ ခွေးအိုကြီး ... မင်းရဲ့ ဝိညာဉ်ကို နှိပ်စက်ပြီး သေတာထက် ဆိုးရွားသွားအောင် ငါ လုပ်ပြမယ်။ ”
အနီဝတ် လူငယ်မှာ ဒေါသကြောင့် ရူးသွပ်သွားခဲ့သည်။
“ မင်းက ငါ့ကိုဘာများ လုပ်နိုင်မှာ မို့လဲ။ ”
တျန်ရှင်း၏ အပြုံးသည် လတ်ဆတ်ပြီး သူငယ်ရွယ်စဉ် မည်မျှ မောက်မာနေခဲ့မည်ကို မြင်ရ သူတိုင်း မှန်းဆေ၏။
“ ဟား ဟား ဟား ... ။ ”
ရယ်မောလျက် သူ့ရင်ဘတ် နေရာရှိ မီးတောက်မှာ ပို၍လောင်ကျွမ်း လာတော့သည်။ ထိုအချိန်တွင် တျန်ရှင်းသည် အမှန် တကယ်ပင် ငယ်ရွယ်သော လူငယ်လေး ပြန်ဖြစ်လာ၏။
အသွင်အပြင်အရ ရည်မှန်းချက် ကြီးမားသော လူငယ်တစ်ဦး ဖြစ်ပြီး ကမ္ဘာပေါ်၌ အကောင်းဆုံးသော ဓားသမား ဖြစ်ချေပြီ။
အနီဝတ် လူငယ်မှ လှုပ်ရှားတော့မည့် အချိန်တွင် တျန်ရှင်းက ကောင်ကင်ပေါ် ဓားကို မြှောက်ကာ၊
“ ငါ တျန်ရှင်း ... ကောင်းကင် တာအို အမွေကို ဆက်ခံတဲ့ (၇၆၅) ဆက်မြောက် ဂိုဏ်းချုပ်။ ”
-ဟု ကြွေးကြော်ပြီး ဓားဖြင့် ခုတ်ချပစ် လိုက်သည်။ တစ်ဆက်တည်း မှာပင်။
“ ကောင်းကင်ဓား ဘယ်မှာလဲ ... ”
ကောင်းကင်ဘုံ ယင်တောင်တန်းကြီးမှ ဓားအလင်းများ တောက်ပပြီး အာကာသဖြင့် ဓားအလင်းကို ပေါင်းစပ်ပေး လိုက်သည်။
“ ဝုန်း ... ။ ”
များမကြာခင် တောင်တန်းကြီး တစ်ခု လေထဲပျံဝဲလျက် အနီဝတ်လူငယ်ထံ ဝင်လာ၏။ သွေးမြူများ အဖြစ် ချက်ချင်း ပေါက်ကွဲပြီး ပျောက်ကွယ် သွားတော့သည်။
အသူရာ ကြယ်ဘုရင် ခမျာ ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား ချက်ချင်း လှည့်ပြေးမိ၏။
“ တာအိုဓား ဘယ်မှာလဲ ... ။ ”
ပန်းသင်္ချိုင်းနှင့် အတူ တာအို ယန်တောင်တန်း ပုံရိပ်ကြီး လိုက်ပါလာပြန်၏။ အသူရာ ကြယ်ဘုရင် သည်လည်း လုံးဝ ပျောက်ကွယ် သွားတော့သည်။
“ အူး ... ။ ”
လေထဲ ကျန်ရစ်သော ရွှေမျက်လုံးမှာ အော်သံပြုလျက် မီးလောင် ပြာကျ သွားခဲ့၏။ ထိုအချိန်တွင် နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်း အစပ်မှ စတင် မြင့်တက်လာပြီ ဖြစ်သည်။
“ အချိန်က ရေကဲ့သို့ စီးဆင်းနေတယ်။ ”
နေရောင်များ သူ့ဝိညာဉ်ကို ဖောက်ထွင်း ကျရောက်လာသဖြင့် တျန်ရှင်းမှ ငုံ့ကြည့်လျက် ပြုံးကာ ရေရွတ်လိုက်သည်။
ထို့နောက် နေရောင် ထိမှန်ရာ နေရာ၌ ပိုးစုန်းကြူးများ အလား တစ်စ-တစ်စ ပဲ့ကြွေ ပျံလွင့်ကုန်၏။
သို့တိုင် သူ့မျက်ဝန်းများက ပန်းသင်္ချိုင်းကို လွမ်းဆွတ်စွာ ကြည့်ရှု နေခဲ့သည်။ ဤသည်မှာ ဓားကောင်း တစ်လက် ဖြစ်ချေပြီ။
***