ဒီကောင်မလေး ဆိုတာ ... ဘယ်သူ့ကို ပြောတာလဲ ... ။
Vol. 158 Ch. 2212
နေရောင်ခြည်များက ကောင်းကင် တာအို ဂိုဏ်း၏ ထောင့်တိုင်းကို ပြန့်ကျဲ ဝင်ရောက်လာ ခဲ့သည်။
လူတိုင်း သတိ ဝင်လာချိန်၌ တျန်ရှင်း တစ်ယောက်ပြုံးလျက် ပျောက်ကွယ်သွားချေပြီ။ အရာအားလုံး မြန်ဆန်လွန်း၏။
နေ့သစ် နှင့်အတူ ကောင်းကင် သန့်စင်ခြင်းတောင် သည်လည်း ဆိတ်သုဉ်း သွားပြီ ဖြစ်သည်။ ဆိုးရွားသော ဗျပ်စောင်းသံ မကြားနိုင် တော့ချေ။ ကြိုးကြာ နတ်သမီး၏ ရယ်သံများ ပျောက်ကွယ်သွားနိုင်၏။
အကြွင်း ဝိညာဉ် တစ်ခုသည် ပြင်ပသို့ ရောက်ရှိပါက အချိန်အကြာကြီး နေနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဆုံးဖြတ်ပြီး သည်နှင့် တျန်ရှင်းမှ ပတ်သတ်သူ အားလုံးကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
အရိုးကို ခြစ်ကာ အဆိပ်များ ဖယ်ရှားခြင်း မည်၏။ ဂိုဏ်း၏ ပိုးမွှားများ အားလုံးကို သန့်စင် ပေးသွားခြင်း ပေပင်။
ဤဖြစ်ရပ်ကြောင့် ကြီးမားသော အကျိုး သက်ရောက်မှုများ ရှိလာပေမည်။ ဂိုဏ်းအတွက် နာမည်နှင့် ဂုဏ်သတင်းများ ကျဆင်းသွား တော့မည် ဖြစ်၏။
“ ဖျစ် ... ။ ”
အနီဝတ် လူငယ်၏ အသားပုံ အတွင်းမှ တဖျတ်ဖျတ် အလင်းများ တောက်ပလာသည်။ သူသည် ဧကရာဇ် ကိုယ်ပွားဖြစ် သော်လည်း ကောင်းကင်ဓားဖြင့် သတ်ခြင်းခံခဲ့ရသည်။
သည့်အတွက် တျန်ရှင်းသည် ကောင်းကင်ဓား ကိုင်သူကို ဆင့်ခေါ်ရန် သူ့ ဂုဏ်ပုဒ် ကြေငြာခဲ့ရသည်။
“ ထာဝရ ဖီးနစ်ကျမ်း ... မြန်မြန် ပြန်ဆုတ်ကြ။ ”
ယဲ့ကူဟန်၏ မျက်နှာ ပြောင်းသွားပြီး အော်ဟစ်လိုက်သည်။ အနီဝတ် လူငယ်၏ လျှို့ဝှက်ချက်ကို သူ သိထား၏။
လူတိုင်း ဆုတ်ခွာနေစဉ် တောက်ပသော ရောင်ခြည်တော်များနှင့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ လွင့်ပျံလာခဲ့သည်။
ထိုစဉ် လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ နေနတ်ရူရ် သည်လည်း အနည်းငယ် လှုပ်ရွလာ သဖြင့်၊
“ အစ်ကိုကြီး ... အဲဒါ လနတ်ရူရ်ပဲ။ ”
-ဟု အသိ ပေးလိုက်မိ၏။
၎င်းသည် ထာဝရ ဖီးနစ်ကျမ်း မဟုတ်ဘဲ အနီဝတ် လူငယ်နှင့် အတူ ရှိနေသည့် လနတ်ရူရ် ဖြစ်လေသည်။
“ ဝှစ် ... ။ ”
သို့သော် သတိပေးချက်သည် နောက်ကျ နေပြီဖြစ်၏။ အနီဝတ် လူငယ်၏ အသားပုံထဲမှ နတ်ရူရ်တစ်လုံး ကောင်းကင်ပေါ် ပျံတက်လာ တော့သည်။
ဝမ်မူယန်က လက်လှိုင်းဖြင့် ၎င်းကို လှမ်းခေါ်ယူလိုက်ကာ စိတ်ဓာတ်ကျ နေသော ကျောက်တျန်းယွီထံ လှည့်ကြည့်ပြီး၊
“ သွားရအောင် ... ။ ”
-ဟု ပြောကြား လိုက်၏။
ကျောက်တျန်းယွီ၏ အုပ်ထိန်းသူ သူတော်စင် ဘုရင် အမျိုးသမီးသည် တျန်ရှင်း၏ သတ်ခြင်းမှ လွတ်မြောက်ခဲ့သည်။၏
“ ဝှစ် ... ။ ”
ထို့ကြောင့် သုံးယောက်သား ဘုံကေျာင်း အတွင်းသို့ ပျံသန်း ဝင်ရောက်ကာ အသက်သွင်း လိုက်၏။ များမကြာခင် လေစုပ်ဝဲ တစ်ခု ဖြစ်ပေါ်လာသည်။
၎င်းသည် အာကာသ အတွင်း အချိန် အတက်အကျ လှိုင်းများကို ပတ်ဝန်းကျင်သို့ ထုတ်လွှတ်ပေး၏။
ရင်ပြင် တစ်ခုလုံး ရှုပ်ပွနေပြီး၊ ကောင်းကင် တာအိုးဂိုဏ်း၏ သူတော်စင် အားလုံး ဒဏ်ရာ အပြင်းအထန် ရရှိထားချေသည်။ ထို့ကြောင့် ဝမ်မူယန်တို့ကို ရပ်ကြည့်နေခဲ့ရ၏။
“ ကောင်းကင်ဓားနဲ့ တာအိုဓားက အရေး မယူဘူးလား။ ”
လီတာ့ယန်မှ ဒေါသဖြင့် အော်ဟစ်၏။ နောက်ဆုံးတွင် ဤသည်မှာ အချိန်-အာကာသ ရတနာ ပေပင်။
ဂိုဏ်းမှ နှစ်ထောင်ပေါင်း များစွာ စုဆောင်းထားခဲ့သည့် ရတနာများ ပါဝင်သော အခြေခံအုတ်မြစ် ဖြစ်ချေ၏။
မဟာ သူတော်စင်များက တိတ်ဆိတ်စွာ ကြည့်နေသည်။ ကျောက်စိမ်းဓား သူတော်စင် သည်ပင် ဒဏ်ရာ ရရှိထား၏။
ဤသို့ဖြင့် မုန်တိုင်းမှာ အာရုဏ်ဦး ရောက်ခြည်များ နှင့်အတူ ပျက်ပြယ်သွားချေပြီ။ တစ်ညအတွင်း ကောင်းကင် တာအို ဂိုဏ်းသည် အသေအပျောက် များပြားသွားခဲ့၏။
ဘုံကေျာင်း နှုတ်ယူခံရကာ မဟာ သူတော်စင် ငါးပါး ဒဏ်ရာရသည်။ ငရဲသစ်ခွ ခြံဝင်း သည်လည်း ပျက်စီးသွား၏။
အရုဏ်ဦး ရောင်ခြည်သည် ကောင်းကင် တာအို ဂိုဏ်းကို အဖြစ်ဆိုးမှ လွတ်မြောက်စေ ခဲ့သော်လည်း၊ ပေးချေရသည့် တန်ဖိုးမှာ များစွာ မြင့်မားသည်။ မည်သူမျှ မပျော်ရွှင်ချေ။
လူတိုင်းက လင်းယွန်ကို သတိရကာ ပြန်ကြည့်ကြ၏။ အရှေ့ဘက် ပျက်စီးမြေ၏ သူရဲကောင်း ပန်းသင်္ချိုင်းသည် ကောင်းကင် တာအို ဂိုဏ်းအတွင်း ပုန်းအောင်း နေလိမ့် မည်ဟု သူတို့ မထင်မိချေ။
“ ကောင်လေး ... ဒီနေ့ အတွက် ကျေးဇူးတင်ပါတယ် ... ကောင်းကင် တာအို ဂိုဏ်းက မင်းအပေါ် အကြွေး တင်သွားပြီ၊ မဟုတ်ရင် ...
... ငါတို့ အသေအပျောက် ဘယ်လောက် အထိ ရှိလာမယ် မသိဘူး၊ ဘာပဲဖြစ်ဖြစ် မင်းက ငါ့မျက်လုံးထဲ မှာတော့ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... သူတော်စင်တပည့် ပါပဲ။ ”
လင်းယွန်ကို ကြည့်ပြီး လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြောကြားလိုက်၏။
“ ကျေးဇူးတင်ပါတယ် ပန်းသင်္ချိုင်း ... ။ ”
အခြားသော သူတော်စင်များကလည်း လက်ဝှေ့ယမ်းကာ အသိအမှတ် ပြုလာသည်။ သူတော်စင်များနှင့် တပည့်များမှ လင်းယွန်ကို အရိုအသေ ပေးနေသော မြင်ကွင်းမျိုးသည် ထိတ်လန့်ဖွယ်ရာ ဖြစ်၏။
“ ဒါပေမယ့် ကောင်းကင် တာအိုဂိုဏ်းက အရမ်း ရှုပ်ပွနေပြီ၊ ငါမှာ စကားပြောဖို့ ... အချိန် မရှိသေးဘူး၊ ယဲ့ကူဟန် ... ။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်မှ နာမည် ခေါ်ကာ လှည့်ကြည့် လိုက်သော်လည်း ယဲ့ကူဟန်ကို မတွေ့ချေ။
“ ကျွန်တော် ဒီမှာပါ ... ။ ”
လူအုပ်အဆုံးတွင် နတ်နဂါး သစ်သီးကို ကိုက်ဝါးနေသော ယဲ့ကူဟန်မှ ရှက်ပြုံးမျိုးဖြင့် ပြန်ထူး၏။
ထိုမြင်ကွင်းကြောင့် လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ဒေါသထွက်လာသည်။
“ ဟမ့် ... ဘာလုပ်နေတာလဲ၊ မင်းက သူ့ရဲ့ စီနီယာ အစ်ကို မဟုတ်ဘူးလား ... ခေါ်သွားပြီး ဒဏ်ရာတွေ ကုပေးလိုက် ... ။ ”
“ အဟဲ ... ဒီအတွက် စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ သူ့အတွက် အချစ်တွေ အပြည့် ရှိပါတယ်၊ ဘယ်သူမှ စိတ်ကူးဝံ့မယ် မထင်ပါဘူး။ ”
ယဲ့ကူဟန်မှ ပြုံးပြီး ပြန်ဖြေလိုက်၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်က သူ့ကို လျစ်လျူရှု လိုက်ကာ တဖြည်းဖြည်း အေးစက် လာတော့သည်။
“ ကဲ ... ယဲ့မိသားစုနဲ့ သွေးလဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို ရှင်းဖို့ အချိန်ရောက်ပြီ။”
ကျောက်စိမ်းဓား သူတော်စင်က လက်လှိုင်းဖြင့် ပိုင်ရှုရင်ကို သူ့အနား ခေါ်ယူ ထားလိုက်သည်။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ပန်းအိုးတစ်လုံးကိုင်ကာ လင်းယွန် အနားသို့ ရောက်ရှိလာ၏။
ပန်းအိုးမှ ထွက်လာသော ရွှေရောင် အလင်းများသည် လင်းယွန်ကို ဖုံးလွှမ်းကာ နွေးထွေး စေသည်။
“ သောက် လိုက် ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လင်းယွန်ပါးစပ်သို့ ပန်းအိုးကို တေ့ပေးလိုက်၏။ ရွှေရောင် အရည်များ စီးဝင်လာပြီး ချက်ချင်း သက်တောင့် သက်သာ ဖြစ်သွားသည်။
အတွင်း-အပြင် ဒဏ်ရာများ အားလုံး ပြန်လည် ကောင်းမွန်လာသည်။ အကန့်အသတ် မရှိသော အသက်စွမ်းအားများ တိုးလာသကဲ့သို့ ခံစားလိုက်ရ၏။
“ သခင်မ ... ဒါက ဘာရတနာလဲ၊ သက်တောင့်သက်သာ ရှိပြီး ... ဒဏ်ရာတွေ ချက်ချင်း ပြန်ကောင်း လာနေပြီ။ ”
လင်းယွန်က ပြုံးကာ စူးစမ်းလိုက်သည်။ မိုးပြာနဂါး နေ-လ ထီးကြောင့် သူ၏သွေးသား စွမ်းအင်များ ကုန်ဆုံးသွားခဲ့၏။
အရှေ့ဘက် စစ်မြေပြင်မှာ ကဲ့သို့ အန္တရာယ်များခြင်း မရှိသော်လည်း အနည်းငယ် ပြင်းထန်နေဆဲ ဖြစ်သည်။ အနည်းဆုံး တစ်လခွဲခန့် အနားယူ ရနိုင်၏။
ဤပန်းအိုးမှ အရည်သည် ထိုအချိန်ကို သက်သာစေကာ ပုန်းကွယ်နေသော ဒဏ်ရာ များကိုပင် ပျောက်ကွယ်စေသည်။
“ ဒါက မိုးပြာ ကျောက်စိမ်း သူတော်စင် အရည်ပဲ၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ငါတို့ကိုတောင် မပေးခဲ့ဘူး၊ မင်း မကြိုက်ရင် ဘာလို့ ငါ့ကို အစား မပေးရတာလဲ။ ”
ယဲ့ကူဟန်က ပြုံးပြီး ဝင်ပြောလာ၏။
“ ထွက်သွားစမ်း ... မင်းက စီနီယာ အစ်ကို တစ်ယောက်ဖြစ်ပြီး အသုံးမဝင်ဘူး၊ ဘယ်လိုစား ရမလဲ ဆိုတာပဲ ... သိတယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အော်ငေါက်လိုက်၏။ ထို့နောက် လင်းယွန်ကို ပြုံးကြည့်ကာ၊
“ ဒီကလေးက မင်းထက် ကောင်းတယ်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ပိတ်ဆို့ပြီး သူတော်စင် သခင် လေးပါးကို သတ်ခဲ့တယ်၊ သူ့လိုလူသာ သက်တံဓားရဲ့ တပည့်။ ”
“ ကျေးဇူးတင်ပါတယ် သခင်မ ... ။ ”
“ ကြည့်ပါလား သူရဲ့ နှုတ်ထွက် စကားတိုင်းက အရမ်း ချိုမြိန်တယ်။ ”
“ သခင်မ ... ကျွန်တော့်ကို ဘာလို့ မစွန့်ကျဲရတာလဲ ကျွန်တော့် ဒဏ်ရာတွေလည်း အရမ်း ပြင်းထန်ပါတယ်။ ”
ယဲ့ကူဟန်မှ လက်မလျော့သေးချေ။
“ မင်းက တကယ် အရှက်ကင်းမဲ့တာပဲ ... မဟာ သူတော်စင် တစ်ပါးက ဒီလောက်တောင် မခံနိုင်ဘူးလား။ ”
ထို့နောက် သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ငရဲသစ်ခွခြံသို့ ထွက်ခွာသွား တော့သည်။
ငရဲသစ်ခွခြံတွင် ဒဏ်ရာ ရရှိသူ အများအပြား ရှိသေးသည်။ သူတို့ အားလုံးသည် ရွှေအစောင့်များ ဖြစ်၏။
ရှင်းယန်နှင့် အဖွဲ့သည် အချိန်မီ ရောက်ရှိသွားပြီး သေလုမြောပါး ဖြစ်နေသော ထိုရွှေအစောင့် များကို ကယ်တင်ပေး ထားသည်။
“ ဆရာ အဆင်ပြေရဲ့လား ... ။ ”
လင်းယွန်မှ မေးမြန်း လိုက်သည်။ မူလနဂါး မဟာ သူတော်စင်က ချက်ချင်း မဖြေနိုင်သေးဘဲ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ထံ မျှော်ကြည့်ကာ၊
“ တော်သေးတယ်၊ သူ ထွက်သွားခဲ့လို့ မဟုတ်ရင် မင်းငါ့ကို ဆရာ ခေါ်တာက ... ငါ့ကို ဒုက္ခပေးတာနဲ့ အတူတူ ဖြစ်လိမ့်မယ်။ ”
-ဟု ပြန်လည် ပြောကြားလာ၏။
လင်းယွန်မှ သူ့ကို ‘ဆရာ’-ဟု ခေါ်လိုက်သည့် အပေါ် ဤလူကြီး များစွာ ပျော်ရွှင်သွား ခဲ့ကြောင်း မည်သူမဆို ပြောနိုင်သည်။
“ ဘာဖြစ်လို့လဲ ... ဆရာက ဆရာပဲလေ။ ”
“ မင်းက ပန်းသင်္ချိုင်း အဖြစ် ထုတ်ဖော် ပြီးတာတောင် ငါ့ကို ဆရာ အဖြစ် သတ်မှတ် ချင်သေး တာလား။ ”
“ ဟုတ်ကဲ့ ... ။ ”
မူလနဂါး မဟာ သူတော်စင်သည် သူ့ကို ကောင်းမွန်စွာ ဆက်ဆံ၏။ ထိုအရာများ အပေါ် တန်ဖိုးထားရပေမည်။
“ သတ်တံဓားက မင်းကို တပည့်အဖြစ် ရခဲ့တာ တကယ် ကံကောင်းပါတယ်၊ ဒါပေမယ့် အခု မင်းက ငါ့တပည့်ဆိုတော့ အရေးမကြီး တော့ပါဘူး၊ ဟား ဟား ဟား ... ။ ”
သူ့ရယ်သံသည် များစွာ ကြည်နူးစရာ ကောင်းချေပြီ။ သို့သော် စိတ်ဓာတ်ကျ နေမှန်း မြင်သာ၏။
အဆုံးတွင် ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို ကိုယ်လုံး ကိုယ်ပေါက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သူက လင်းယွန် ပခုံးကို ပွတ်သပ်ကာ၊
“ ကောင်းကင် တာအိုဂိုဏ်းမှာ နေပါ၊ မင်းထွက်သွားမယ် ဆိုရင် ... ငါ့ကို လာရှာ၊ ငါက သက်တံဓားနဲ့ မယှဉ်နိုင်ပေမယ့် ... ခန္ဓာကိုယ် သန့်စင်တဲ့ နေရာမှာ ... လမ်းညွှန် နိုင်ပါသေးတယ်။ ”
-ဟု ပြောကြား လိုက်၏။
“ ဒီလူကြီးက တကယ်ကို အံ့သြစရာ ကောင်းလွန်း ပါတယ် ... ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို ရှုံးနိမ့်ရတာ ... ရှက်စရာမှ မဟုတ်တာ ... ဒါက ရုပ်ခန္ဓာပြိုင်တာပဲ၊ ရှုံးပွဲ အဖြစ်တောင် ယူဆလို့ မရသေးဘူး။ ”
ယဲ့ကူဟန်မှ သက်ပြင်းချကာ မှတ်ချက် ပေးလိုက်သည်။ မူလနဂါး မဟာ သူတော်စင်၏ စိတ်အားငယ် နေရသည့် အကြောင်းရင်း အပေါ် သူ နားလည်ချေပြီ။
ယနေ့မှ စပြီး ကောင်းကင် တာအိုဂိုဏ်း ဟူသည် မြင့်မြတ်မြေများ ကြား၌ အသန်မာဆုံး ဘွဲ့ကို ဆုံးရှုံးသွားပြီ ဖြစ်၏။
အတိတ်တွင် ရှိခဲ့သော ‘ဂုဏ်ကျက်သရေ’ မှန်သမျှ လုံးလုံးလျားလျား ပျက်စီး သွားခြင်း ‘မည်’ချေပြီ။ ယဲ့ကူဟန်က ခရမ်းငယ်ကို လှည့်ကြည့်ကာ၊
“ ညီလေး ... မင်းငါ့ကို ဒီကောင်မလေးနဲ့ မိတ်ဆက်ပေးရမဲ့ အချိန်ရောက်ပြီ။ ”
-ဟု ပြုံးကာ မေးမြန်း လိုက်သည်။
“ ဒီကောင်မလေး ဆိုတာ ဘယ်သူ့ကို ပြောတာလဲ၊ ဟမ့် ... သေချာ နားထောင် ငါက သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး ... ”